ဒေါင်းန်ဆင်ဒရုန်းဖြစ်နေတာကြောင့် မိသားစု ၂၀လောက်က ပယ်ချခဲ့တဲ့ သမီးလေးကို မွေးစားခဲ့သော Single Dad

0
1705

အီတလီမှ အသက် ၄၁နှစ်အရွယ် Luca Trapanese ဟာ တစ်ကိုယ်ရေ တစ်ကာယ အမျိုးသားတစ်ယောက်ဖြစ်ပြီး ၁၃ရက်သာရှိသေးတဲ့ Alba ကိုမွေးစားခဲ့ပါတယ်။ ကလေးမလေးဟာ ဒေါင်းန်ဆင်ဒရုန်း(Down’s Syndrome ) ရောဂါရှိနေပြီး သူမရဲ့မိခင်က မမွေးနိုင်လို့ စွန့်လွှတ်ထားတာ ဖြစ်ပါတယ်။ ကလေးမလေးအယ်လ်ဘာ အတွက်တော့ မိသားစုအသစ်ကို ရှာဖို့ မလွယ်ပါဘူး။ မိသားစု ၂၀က ဒီမွေးကင်းစကလေးရဲ့ အခြေအနေကြောင့် မွေးစားဖို့ ငြင်းပယ်ခဲ့ကြပါတယ်။ သို့သော် ကံကောင်းထောက်မစွာပဲ Luca နှင့်တွေ့ပြီး အယ်လ်ဘာလေးရဲ့ ဘဝဟာ ထာဝရပြောင်းလဲသွားခဲ့ပါတယ်။

-Advertisement-

လူးကပ်ဟာ အသက် ၁၄နှစ်ကတည်းက အထူးစောင့်ရှောက်မှုလိုအပ်တဲ့ ကလေးတွေအပေါ် အဓိကထားလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့သူပါ။ သူဟာ အမြဲတမ်း ဖခင်တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတာကြောင့် တစ်ကိုယ်ရေဘဝနဲ့ပဲ ရှိနေဆဲပါ။ သူဟာ ကံကောင်းထောက်မစွာပဲ ၂၀၁၇ခုနှစ်မှာ ဒီကလေးလေးကို မွေးစားခွင့် ရရှိခဲ့ပါတယ်။

သူဟာ ရှေးရိုးစွဲမိသားစုတွေမှ ငြင်းပယ်ခံရပြီး အထူးဂရုစိုက်မှုလိုအပ်တဲ့ ကလေးတွေကိုသာ မွေးစားနိုင်ပါတယ်။ နောက်ဆုံးမှာ သူအမြဲအိမ်မက်မက်ခဲ့သလို ဖခင်တစ်ယောက်ဖြစ်လာတော့မှာကို သူသိခဲ့ပါတယ်။ “ကျွန်တော် အသက် ၁၄နှစ်အရွယ် ကတည်းက မသန်စွမ်းတွေနဲ့အတူ လုပ်အားပေးခဲ့ရတာကြောင့် ဗဟုသုတနှင့် အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်” လို့လူကာက မီဒီယာကို ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ၊ဇူလိုင်လမှာ သူအကြာကြီး စောင့်ဆိုင်းနေခဲ့တဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပါတယ်။ ကလေးတစ်ယောက်ကို မွေးစားလို့ရပြီ ဆိုတဲ့အကြောင်း အကြောင်းကြားပေးခဲ့ပါတယ်။ လူကာဟာ ကလေးမလေးရဲ့အဖြစ်အပျက်ကို နားထောင်ခဲ့ပြီးနောက်မှာ ဘာမှမတွေးဘဲ ချက်ချင်းပဲ ကလေးလေးနဲ့ တွေ့ဆုံဖို့ ဆေးရုံကို အမြန်သွားခဲ့ပါတယ်။ “သမီးလေးက ကျွန်တော်ရဲ့ လက်မောင်းကို ပထမဆုံး ဖက်လိုက်တဲ့အချိန်မှာ အရမ်းပျော်သွားပါတယ်၊ သူမက ကျွန်တော်ရဲ့ သမီးဖြစ်တယ်လို့ ချက်ချင်းခံစားမိပါတယ်”လို့ လူးကပ်က ဆိုပါတယ်။

လူးကပ်ဟာ အယ်လ်ဘာလေးကို ပြုစုပျိုးထောင်စဉ်မှာ သူရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို မကြောက်ခဲ့ပါဘူး။ သူ့မှာ ကလေးလေးကို မွေးဖို့ မှန်ကန်တဲ့ အသိပညာနှင့် အတွေ့အကြုံရှိကြောင်း သူသိပါတယ်။ သူ့သမီးက သူ့ဘဝကို ပြောင်းလဲစေပြီး အရာအားလုံး သူ့ပတ်ဝန်းကျင်မှာ ရှိနေသလို ခံစားရစေပါတယ်။ သူမက ကျွန်တော့ကို ပျော်ရွင်စေပြီး ကျေနပ်ရောင့်ရဲမှု ခံစားရစေပါတယ်။ “သူမရဲ့အဖေဖြစ်ရတာ ဂုဏ်ယူပါတယ်”လို့ လူးကပ်က ပြောကြားခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-boredPanda

Zawgyi

ေဒါင္းန္ဆင္ဒ႐ုန္းျဖစ္ေနတာေၾကာင့္ မိသားစု ၂၀ေလာက္က ပယ္ခ်ခဲ့တဲ့ သမီးေလးကို ေမြးစားခဲ့ေသာ Single Dad
အီတလီမွ အသက္ ၄၁ႏွစ္အ႐ြယ္ Luca Trapanese ဟာ တစ္ကိုယ္ေရ တစ္ကာယ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ၁၃ရက္သာရွိေသးတဲ့ Alba ကိုေမြးစားခဲ့ပါတယ္။ ကေလးမေလးဟာ ေဒါင္းန္ဆင္ဒ႐ုန္း(Down’s Syndrome ) ေရာဂါရွိေနၿပီး သူမရဲ႕မိခင္က မေမြးႏိုင္လို႔ စြန္႔လႊတ္ထားတာ ျဖစ္ပါတယ္။ ကေလးမေလးအယ္လ္ဘာ အတြက္ေတာ့ မိသားစုအသစ္ကို ရွာဖို႔ မလြယ္ပါဘူး။ မိသားစု ၂၀က ဒီေမြးကင္းစကေလးရဲ႕ အေျခအေနေၾကာင့္ ေမြးစားဖို႔ ျငင္းပယ္ခဲ့ၾကပါတယ္။ သို႔ေသာ္ ကံေကာင္းေထာက္မစြာပဲ Luca ႏွင့္ေတြ႕ၿပီး အယ္လ္ဘာေလးရဲ႕ ဘဝဟာ ထာဝရေျပာင္းလဲသြားခဲ့ပါတယ္။

လူးကပ္ဟာ အသက္ ၁၄ႏွစ္ကတည္းက အထူးေစာင့္ေရွာက္မႈလိုအပ္တဲ့ ကေလးေတြအေပၚ အဓိကထားလုပ္ေဆာင္တဲ့ အဖြဲ႕အစည္းေတြမွာ ေစတနာ့ဝန္ထမ္း လုပ္ခဲ့သူပါ။ သူဟာ အၿမဲတမ္း ဖခင္တစ္ေယာက္ျဖစ္ခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ခဲ့ရတာေၾကာင့္ တစ္ကိုယ္ေရဘဝနဲ႔ပဲ ရွိေနဆဲပါ။ သူဟာ ကံေကာင္းေထာက္မစြာပဲ ၂၀၁၇ခုႏွစ္မွာ ဒီကေလးေလးကို ေမြးစားခြင့္ ရရွိခဲ့ပါတယ္။

သူဟာ ေရွး႐ိုးစြဲမိသားစုေတြမွ ျငင္းပယ္ခံရၿပီး အထူးဂ႐ုစိုက္မႈလိုအပ္တဲ့ ကေလးေတြကိုသာ ေမြးစားႏိုင္ပါတယ္။ ေနာက္ဆုံးမွာ သူအၿမဲအိမ္မက္မက္ခဲ့သလို ဖခင္တစ္ေယာက္ျဖစ္လာေတာ့မွာကို သူသိခဲ့ပါတယ္။ “ကြၽန္ေတာ္ အသက္ ၁၄ႏွစ္အ႐ြယ္ ကတည္းက မသန္စြမ္းေတြနဲ႔အတူ လုပ္အားေပးခဲ့ရတာေၾကာင့္ ဗဟုသုတႏွင့္ အေတြ႕အႀကဳံေကာင္းေတြ ရခဲ့ပါတယ္” လို႔လူကာက မီဒီယာကို ေျပာၾကားခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ ၊ဇူလိုင္လမွာ သူအၾကာႀကီး ေစာင့္ဆိုင္းေနခဲ့တဲ့ ဖုန္းေခၚဆိုမႈကို ရရွိခဲ့ပါတယ္။ ကေလးတစ္ေယာက္ကို ေမြးစားလို႔ရၿပီ ဆိုတဲ့အေၾကာင္း အေၾကာင္းၾကားေပးခဲ့ပါတယ္။ လူကာဟာ ကေလးမေလးရဲ႕အျဖစ္အပ်က္ကို နားေထာင္ခဲ့ၿပီးေနာက္မွာ ဘာမွမေတြးဘဲ ခ်က္ခ်င္းပဲ ကေလးေလးနဲ႔ ေတြ႕ဆုံဖို႔ ေဆး႐ုံကို အျမန္သြားခဲ့ပါတယ္။ “သမီးေလးက ကြၽန္ေတာ္ရဲ႕ လက္ေမာင္းကို ပထမဆုံး ဖက္လိုက္တဲ့အခ်ိန္မွာ အရမ္းေပ်ာ္သြားပါတယ္၊ သူမက ကြၽန္ေတာ္ရဲ႕ သမီးျဖစ္တယ္လို႔ ခ်က္ခ်င္းခံစားမိပါတယ္”လို႔ လူးကပ္က ဆိုပါတယ္။

လူးကပ္ဟာ အယ္လ္ဘာေလးကို ျပဳစုပ်ိဳးေထာင္စဥ္မွာ သူရင္ဆိုင္ရတဲ့ စိန္ေခၚမႈေတြကို မေၾကာက္ခဲ့ပါဘူး။ သူ႔မွာ ကေလးေလးကို ေမြးဖို႔ မွန္ကန္တဲ့ အသိပညာႏွင့္ အေတြ႕အႀကဳံရွိေၾကာင္း သူသိပါတယ္။ သူ႔သမီးက သူ႔ဘဝကို ေျပာင္းလဲေစၿပီး အရာအားလုံး သူ႔ပတ္ဝန္းက်င္မွာ ရွိေနသလို ခံစားရေစပါတယ္။ သူမက ကြၽန္ေတာ့ကို ေပ်ာ္႐ြင္ေစၿပီး ေက်နပ္ေရာင့္ရဲမႈ ခံစားရေစပါတယ္။ “သူမရဲ႕အေဖျဖစ္ရတာ ဂုဏ္ယူပါတယ္”လို႔ လူးကပ္က ေျပာၾကားခဲ့ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-boredPanda

LEAVE A REPLY

Please enter your comment!
Please enter your name here