ဒေါက်မြင့်ဖိနပ်တွေ မကြာမကြာစီးခြင်းကြောင့် အန္တရာယ်ရှိလာနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၃) ခု

0
81

American Podiatric Medical Association မှ ဖော်ပြချက်တွေအရ ၇၁ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ်တွေ စီးနင်းခြင်းကြောင့် နာကျင်ဝေဒနာများကို ခံစားနေကြရပါတယ်။ ဒီလိုဒဏ်ရာက ခြေထောက်မှာသာဖြစ်တာမဟုတ်ဘဲ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း သက်ရောက်နိုင်ပြီးတော့ အခန့်မသင့်ပါက စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကိုလည်း ကြုံတွေ့လာရစေနိုင်ပါတယ်။

-Advertisement-

ဒါကြောင့် ဘယ်လောက်ပဲ အလှကြိုက်တယ်ပြောပြော၊ ခန္ဓာကိုယ်အချိုးအစားလှချင်လို့ပဲဖြစ်ဖြစ် ဒေါက်ဖိနပ်တွေကို လိုတာထက်ပိုပြီး စီးမိမယ်ဆိုရင်တော့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

တင်ပါး

ဒေါက်ဖိနပ်တွေစီးထားချိန်မှာ ခန္ဓာကိုယ်က ဟန်ချက်ညီအောင်ထိန်းထားဖို့လိုအပ်ပါတယ်။ ဒီလိုဟန်ချက်ညီစေဖို့ နောက်ကျောအောက်ပိုင်းက အရှေ့ကိုကော့တွန်းထားသလိုဖြစ်တာကြောင့် တင်ပါးနဲ့ ကျောရိုးဖြောင့်တန်းမှုက ပြောင်းလဲသွားပါတယ်။ ဒေါက်ဖိနပ်တွေကို မကြာခဏစီးတာ၊ အချိန်အကြာကြီးစီးတာမျိုးကို ပြုလုပ်မယ်ဆိုရင်တော့ ကြွက်သားတွေကို ကျုံ့သွားစေပြီး တိုသွားစေရာကနေ တင်ပါးနာကျင်မှုကို ဖြစ်လာစေနိုင်ပါတယ်။

ဒူး

ဒေါက်ဖိနပ်စီးထားတဲ့အခါ ခန္ဓာကိုယ်အလေးချိန်က ခြေချောင်းလေးတွေအပေါ် ရောက်သွားပါတယ်။ ဒါကြောင့်လည်း ဟန်ချက်ကိုထိန်းထားနိုင်ဖို့ ဒူးတွေက အရှေ့ကိုတိမ်းယိုင်သွားသည့်အတွက် ပိုပြီးတော့ ဖိအားရောက်စေလို့ အရိုးအဆစ်ရောင်ရမ်းနာတွေကို ဖြစ်လာစေနိုင်ပါတယ်။

ကျောရိုး

ပုံမှန်အားဖြင့် သင့်ကျောရိုးက ညှင်သာတဲ့အကွေးအကောက်လေးရှိပါတယ်။ ဒါမှသာ ကိုယ်ခန္ဓာလှုပ်ရှားမှုရဲ့ ဖိစီးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်စီးလိုက်ချိန်မှာ နောက်ကျောအောက်ပိုင်းရဲ့ အကွေးက ပိုကော့သွားသည့်အတွက် ခါးရိုးကလည်း ရွေ့စောင်းသွားပါတယ်။ ထိုအခါ နာကျင်မှု၊ ကြွက်သားအားနည်းမှု၊ ဖျတ်ခနဲဆိုသလို အကြောဆွဲသလို၊ ကြွက်တက်ခြင်းတို့လိုကို ဖြစ်စေနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- brightside

LEAVE A REPLY

Please enter your comment!
Please enter your name here