စကတ္၊ ေဘာင္းဘီအတို၀တ္ခ်င္ေပမယ့္ ဒူးေခါင္းေတြမည္းေနလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြအတြက္ သဘာ၀အတိုင္း ျဖဴ၀င္းေစမယ့္ နည္းလမ္းေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။ ဒီနည္းလမ္းက 100%ထိေရာက္ၿပီး 10ရက္အတြင္းမွာ ရလဒ္ေကာင္းေတြကို ရလာပါလိမ့္မယ္။
ပ်ိဳေမတို႔အတြက္ အသံုး၀င္မယ့္ အလွအပဆိုင္ရာ နည္းလမ္းေလးေတြ
အဆင့္ ၁ သန္႔စင္ျခင္း
လိုအပ္တဲ့ပစၥည္းေတြကေတာ့
လိေမၼာ္/သံပုရာ ၁လံုး
နည္းလမ္း
လိေမၼာ္သီးတစ္လံုးကို ႏွစ္ျခမ္းျခမ္းပါ။ ဒူးေခါင္း သို႔ တံေတာင္ဆစ္ကဲ့သို႔ မည္းေနတဲ့ ေနရာေတြေပၚမွာ လိေမၼာ္သီးျခမ္းနဲ႔ ပြတ္ေပးပါ။
လိေမၼာ္သီးမွာ ဗီတာမင္ စီႏွင့္ citric acid တို႔ပါ၀င္ၿပီး အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္။
အဆင့္၂ Scrub
လိုအပ္တဲ့ပစၥည္းမ်ား
ဆန္မႈန္႔ လက္ဖက္ရည္ဇြန္း ၃ဇြန္း
မုန္လာဥနီရည္ လက္ဖက္ရည္ဇြန္း ၄ဇြန္း
နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္း
နည္းလမ္း
ပန္းကန္လံုးသန္႔သန္႔ တစ္လံုးထဲမွာ ဆန္မႈန္႔၊ မုန္လာဥနီရည္ႏွင့္ နႏြင္းမႈန္႔ကို ေရာပါ။ ခပ္ပ်စ္ပ်စ္ေလးျဖစ္ေအာင္ ေမႊေပးၿပီး မည္းေနတဲ့ တံေတာင္ဆစ္ေတြ၊ ဒူးေတြမွာ လိမ္းေပးပါ။ ၂မိနစ္ေလာက္ ညင္သာစြာ ပြတ္တိုက္ေပးၿပီး ၅မိနစ္ေလာက္ေနလို႔ ေျခာက္ေသြ႕သြားလွ်င္ ေရႏွင့္ေဆးေၾကာေပးပါ။
အဆင့္၃ moisturizing
လိုအပ္တဲ့ ပါ၀င္ပစၥည္းမ်ား
ႏို႕မႈန္႔ လက္ဖက္ရည္ဇြန္း ၂ဇြန္း
နႏြင္စစ္စစ္အရည္ လက္ဖက္ရည္ဇြန္း ၂ဇြန္း
နည္းလမ္း
ပါ၀င္ပစၥည္းအားလံုးကို ေကာင္းစြာေရာေႏွာပါ။ ဒါဆိုရင္ သင့္ရဲ႕ moisturizing cream အဆင္သင့္ျဖစ္ပါၿပီ။
မည္းေနတဲ့ေနရာေတြကို လိမ္းၿပီး ၃မိနစ္ေလာက္ ႏွိပ္ေပးပါ။ တစ္ညေလာက္ထားၿပီးေနာက္ေန႔မနက္မွ ေရျဖင့္ ေဆးေၾကာေပးပါ။
#Lifestyle_Myanmar
#TB_Nandar
Unicode
ဒူးခေါင်းနှင့် တံတောင်ဆစ်မည်းတာတွေကို သဘာဝအတိုင်း ဖြူစေဖို့
စကတ်၊ ဘောင်းဘီအတိုဝတ်ချင်ပေမယ့် ဒူးခေါင်းတွေမည်းနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် သဘာဝအတိုင်း ဖြူဝင်းစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းက 100%ထိရောက်ပြီး 10ရက်အတွင်းမှာ ရလဒ်ကောင်းတွေကို ရလာပါလိမ့်မယ်။
အဆင့် ၁ သန့်စင်ခြင်း
လိုအပ်တဲ့ပစ္စည်းတွေကတော့
လိမ္မော်/သံပုရာ ၁လုံး
နည်းလမ်း
လိမ္မော်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပါ။ ဒူးခေါင်း သို့ တံတောင်ဆစ်ကဲ့သို့ မည်းနေတဲ့ နေရာတွေပေါ်မှာ လိမ္မော်သီးခြမ်းနဲ့ ပွတ်ပေးပါ။
လိမ္မော်သီးမှာ ဗီတာမင် စီနှင့် citric acid တို့ပါဝင်ပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။
အဆင့်၂ Scrub
လိုအပ်တဲ့ပစ္စည်းများ
ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၃ဇွန်း
မုန်လာဥနီရည် လက်ဖက်ရည်ဇွန်း ၄ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
နည်းလမ်း
ပန်းကန်လုံးသန့်သန့် တစ်လုံးထဲမှာ ဆန်မှုန့်၊ မုန်လာဥနီရည်နှင့် နနွင်းမှုန့်ကို ရောပါ။ ခပ်ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပြီး မည်းနေတဲ့ တံတောင်ဆစ်တွေ၊ ဒူးတွေမှာ လိမ်းပေးပါ။ ၂မိနစ်လောက် ညင်သာစွာ ပွတ်တိုက်ပေးပြီး ၅မိနစ်လောက်နေလို့ ခြောက်သွေ့သွားလျှင် ရေနှင့်ဆေးကြောပေးပါ။
အဆင့်၃ moisturizing
လိုအပ်တဲ့ ပါဝင်ပစ္စည်းများ
နို့မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း
နနွင်စစ်စစ်အရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
နည်းလမ်း
ပါဝင်ပစ္စည်းအားလုံးကို ကောင်းစွာရောနှောပါ။ ဒါဆိုရင် သင့်ရဲ့ moisturizing cream အဆင်သင့်ဖြစ်ပါပြီ။
မည်းနေတဲ့နေရာတွေကို လိမ်းပြီး ၃မိနစ်လောက် နှိပ်ပေးပါ။ တစ်ညလောက်ထားပြီးနောက်နေ့မနက်မှ ရေဖြင့် ဆေးကြောပေးပါ။
#Lifestyle_Myanmar
#TB_Nandar