ဒူးရင်းသီးခိုးစားလို့ မျောက်ကို ကြိုးတုတ် ဆေးမှုတ်ပြီး ညစ်ပန်းနှိပ်စက်တဲ့ ခြံရှင်

0
98
ဒူးရင်းသီးခိုးစားတဲ့ မျောက်

အချို့လူတွေက အခြားသူ ပစ္စည်းထိခိုက်ရင်သာ သွေးအေးနေတတ်ကြပေမဲ့ ကိုယ့်ပိုင်ဆိုင်တဲ့ အရာတစ်ခုခုကို ထိခိုက်လာရင်တော့ ဆက်ဆက်ထိ မခံတတ်ကျပါဘူး။ ထိုအချိန်ရောက်ရင် လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွမ်းပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပေါ်တတ်ကြပါတယ်။

-Advertisement-

ယခုလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိ ဒူးရင်းသီးစိုက်တဲ့ ခြံတစ်ခြံမှာ မျောက်တွေက မကြာခဏဆိုသလို ဒူးရင်းသီး ခိုးစားနေတာကြောင့် ခြံရှင်က ကျော့ကွင်းနဲ့ စောင့်ပြီးဖမ်းခဲ့ပါတယ်။ ထိုအချိန်မှာတော့ ကံမကောင်းစွာပဲ မျောက်တစ်ကောင်ရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်မိပြီး ဖမ်းမိခဲ့ပါတယ်။

အဆိုပါခြံရှင်ဟာ မျောက်ကို ဖမ်းမိတဲ့အခါမှာတော့ ခြေထောက်တွေ လက်တွေကို ဒူးရင်းသီးနဲ့ တွဲချည်တုတ်ပြီး မျောက်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အနီးရောင် spray ဗူးနဲ့ ဖြန်းကာ အပြစ်ပေးခဲ့ပါတယ်။ ပြီးတဲ့အခါမှာ “ဒီနေရာနောက်ထပ် ထပ်မလာနဲ့၊ မင်းရဲ့ အပေါင်းအသင်းတွေကိုလည်းပြောပြလိုက်၊ ငါပြောတာ နားလည်လားဆိုပြီး” ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်။

https://www.facebook.com/thereporterchannel/videos/708862216230778

အဲ့ဒီနောက် ဒီအဖြစ်အပျက်ကို သူကိုယ်တိုင်ပဲ ဗီဒီယိုရိုက် ခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ အဆိုပါ ဗီဒီယိုထွက်ပေါ်လာပြီးနောက် အွန်လိုင်းသုံးစွဲသူတွေက အဆိုပါ ခြံရှင်ရဲ့ လုပ်ရပ်ဟာ လူမဆန်ဘူးလို့ အပြစ်တင်ပြောဆိုဝေဖန်ခဲ့ကြပါတယ်။ အချို့သူတွေကလည်း ဖမ်းစည်းချုပ်နှောင်းထားတဲ့ မျောက်ကိုသေသွားမလားဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။

#Lifestyle_Myanmar

#Thr_Nage

ခြေနှစ်ဖက်ဆုံးရှုံးသွားလို့ ခင်ပွန်းသည်က စွန့်ပစ်သွားပေမဲ့ အကဆရာမ အလုပ်နဲ့ အောင်မြင်နေတဲ့ကောင်မလေး

Zawgyi Fonts

ဒူးရင္းသီးခိုးစားလို႔ ေမ်ာက္ကို ႀကိဳးတုတ္ ေဆးမွုတ္ၿပီး ညစ္ပန္းႏွိပ္စက္တဲ့ ၿခံရွင္
အခ်ိဳ႕လူေတြက အျခားသူ ပစၥည္းထိခိုက္ရင္သာ ေသြးေအးေနတတ္ၾကေပမဲ့ ကိုယ့္ပိုင္ဆိုင္တဲ့ အရာတစ္ခုခုကို ထိခိုက္လာရင္ေတာ့ ဆက္ဆက္ထိ မခံတတ္က်ပါဘူး။ ထိုအခ်ိန္ေရာက္ရင္ ေလာဘ၊ ေဒါသ၊ ေမာဟေတြ ဖုံးလြမ္းၿပီး ရက္စက္ၾကမ္းၾကဳတ္မွုေတြ ျဖစ္ေပၚတတ္ၾကပါတယ္။

ယခုလည္း မေလးရွားနိုင္ငံ ကြာလာလမ္ပူမွာရွိ ဒူးရင္းသီးစိုက္တဲ့ ၿခံတစ္ၿခံမွာ ေမ်ာက္ေတြက မၾကာခဏဆိုသလို ဒူးရင္းသီး ခိုးစားေနတာေၾကာင့္ ၿခံရွင္က ေက်ာ့ကြင္းနဲ႔ ေစာင့္ၿပီးဖမ္းခဲ့ပါတယ္။
ထိုအခ်ိန္မွာေတာ့ ကံမေကာင္းစြာပဲ ေမ်ာက္တစ္ေကာင္ရဲ့ လည္ပင္းကို ႀကိဳးကြင္းစြပ္မိၿပီး ဖမ္းမိခဲ့ပါတယ္။

အဆိုပါၿခံရွင္ဟာ ေမ်ာက္ကို ဖမ္းမိတဲ့အခါမွာေတာ့ ေျခေထာက္ေတြ လက္ေတြကို ဒူးရင္းသီးနဲ႔ တြဲခ်ည္တုတ္ၿပီး ေမ်ာက္ရဲ့ ခႏၶာကိုယ္တစ္ခုလုံးကို အနီးေရာင္ spray ဗူးနဲ႔ ျဖန္းကာ အျပစ္ေပးခဲ့ပါတယ္။ ၿပီးတဲ့အခါမွာ “ဒီေနရာေနာက္ထပ္ ထပ္မလာနဲ႔၊ မင္းရဲ့ အေပါင္းအသင္းေတြကိုလည္းေျပာျပလိုက္၊ ငါေျပာတာ နားလည္လားဆိုၿပီး” က်ိန္းေမာင္း ေျပာဆိုခဲ့ပါတယ္။

အဲ့ဒီေနာက္ ဒီအျဖစ္အပ်က္ကို သူကိုယ္တိုင္ပဲ ဗီဒီယိုရိုက္ ခဲ့ပါတယ္။ အြန္လိုင္းေပၚမွာ အဆိုပါ ဗီဒီယိုထြက္ေပၚလာၿပီးေနာက္ အြန္လိုင္းသုံးစြဲသူေတြက အဆိုပါ ၿခံရွင္ရဲ့ လုပ္ရပ္ဟာ လူမဆန္ဘူးလို႔ အျပစ္တင္ေျပာဆိုေဝဖန္ခဲ့ၾကပါတယ္။ အခ်ိဳ႕သူေတြကလည္း ဖမ္းစည္းခ်ဳပ္ေႏွာင္းထားတဲ့ ေမ်ာက္ကိုေသသြားမလားဆိုၿပီး စိုးရိမ္ပူပန္ေနၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here