ဒီအစာ၁၀မျိုးကို ဘာကြောင့်ရေခဲသေတ္တာထဲမှာ သိမ်းမထားသင့်တာလဲ

0
37
- Advertisement -

အစားအစာတွေအာလုံးဟာ တန်းတူဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်မတို့ဟာ ပျက်စီးနေတဲ့ ကုန်ပစ္စည်းတွေကို ၎င်းတို့ရဲ့ ကျန်းမာသောအရည်အသွေးများကို ထိန်းသိမ်းဖို့အတွက် ကောင်းမွန်စွာသိုလှောင်ဖို့ စဥ်းစားသောအခါ ရေခဲသေတ္တာထက်ပိုကောင်းသောနေရာတွေများစွာ ရှိပါတယ်။ အဲ့သလိုအေးသော ရာသီဥတုကို မကြိုက်နှစ်သက်သော၊ မတူညီသော ပတ်၀န်းကျင်ကို လိုအပ်တဲ့အစားအစာများစွာရှိပါတယ်။ အောက်မှာ ဖော်ပြပေးမယ့် ပစ္စည်းတွေကတော့ ရေခဲသေတ္တာထဲမှာ မထားသင့်တဲ့ ပစ္စည်း၁၀မျိုးဖြစ်ပါတယ်။

-Advertisement-

၁။ ပင်စိမ်းရွက်

နူးညံ့သိမ်မွေ့သော ပင်စိမ်းရွက်များကို သင့်ရဲ့ မီးဖိုချောင်စားပွဲပေါ်က ရေခွက်ထဲမှာ သိုလှောင်ထားနိုင်ပါတယ်။ ရေခဲသတ္တာထဲမှာရှိတဲ့ အခြားပစ္စည်းများမှ အနံ့ကို မြန်ဆန်စွာ စုပ်ယူနိုင်ပါတယ်။ သင့်အနေနဲ့ ပင်စိမ်းကို အချိန်ကြာမြင့်စွာ သိမ်းဆည်းချင်တယ်ဆိုရင် သီးသန့်ကွက်လပ်လေးလုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။

၂။ခရမ်းချဥ်သီး

အတွင်းပိုင်းအမြှေးပါးများပျက်စီးသွားတဲ့အတွက် အေးသော အပူချိန်များမှာ ခရမ်းသီးများကို သိမ်းထားခြင်းဟာ အရသာနဲ့ အနံ့ကို ပြောင်းလဲစေပါတယ်။ ရေခဲသေတ္တာထဲမှာ ရှိနေတုန်း ဒီအသီးရဲ့ အရသာကို ပိုမိုပြင်းထန်စေတဲ့ ရင့်မှည့်ဖြစ်စဥ်တွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ခရမ်းချဥ်သီးက အရသာမရှိတော့တဲ့ အသီးတွေအဖြစ် တွေ့ရှိရတာဟာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး။

၃။ ကြက်သွန်နီ

ကြက်သွန်နီကို အကောင်းဆုံးသိုလှောင်ခန်းဖြစ်ပြီးတော့ အေးမြတဲ့နေရာမှာ ထားသင့်ပါတယ်။ သို့သော်လည်း ရေခဲသေတ္တာထဲမှာတော့ မဟုတ်ပါဘူး။ အတွင်းပိုင်းမှာရှိတဲ့ အစိုဓာတ်နှင့် လျင်မြန်စွာယိုယွင်းပျက်စီးနိုင်တာကြောင့် မှိုတက်ပြီးတော့ ပျော့အိသွားပါလိမ့်မယ်။

၄။ ကြက်သွန်ဖြူ

ရေခဲသေတ္တာထဲမှာ သိုလှောင်တဲ့အခါ ကြက်သွန်ဖြူက သူ့ရဲ့ အစွမ်းထက်အရည်အသွေးတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ စိုထိုင်းသော ပတ်၀န်းကျင်က ကြက်သွန်ဖြူကို ပျော့ကျစေနိုင်ပါတယ်။ နောက်ပြီး မှိုတက်စေနိုင်တာကြောင့် ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ စကားမစပ် ရေခဲသေတ္တာထဲမှာ ကြက်သွန်ဖြူအညှောက်ပေါက်တာမျိုး သတိထားမိပါသလား။

၅။ အာလူး

သင်အနေနဲ့ ရေခဲသေတ္တာထဲမှာ အာလူးကို သိုလှောင်ထားမယ်ဆိုရင် အအေးအပူချိန်မှာ အာလူးဟာ အရသာနှင့် သကြားဓာတ်တွေ ပြောင်းလဲသွားပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်တွေဟာ အအေးဓာတ်ကို လိုအပ်တယ်ဆိုပေမယ့် အအေးခန်းထဲမှာ အပူချိန်နဲ့ မှောင်မိုက်တဲ့နေရာမဟုတ်ပါဘူး။ ပလပ်စတစ်အစား စက္ကူအိတ်ကို ရွေးချယ်ပါ။

၆။ထောပတ်သီး

သင့်အနေနဲ့ ထောပတ်သီးကို ၀ယ်တဲ့အခါ လှပပြီး အရသာရှိသော နူးညံ့သောအရာင်လေးနဲ့ ရင့်မှည့်လာမယ်လို့ မျှော်လင့်ပါလိမ့်မယ်။ ရေခဲသေတ္တာအတွင်းမှာရှိတဲ့ ရာသီဥတုဟာ ရင့်မှည့်ခြင်းကို ရပ်တန့်စေပြီး အသီးကို ပိုမိုမာစေပါတယ်။

၇။ ပေါင်မုန့်

ရေခဲသေတ္တာထဲမှာ ပေါင်မုန့်ကို ထည့်ထားမယ်ဆိုရင် ချက်ချင်းခြောက်သွားပါလိမ့်မယ်။ သင့်အနေနဲ့ အဲ့ဒီ့လိုမဖြစ်စေချင်ဘူး။ နောက်နေ့ (သို့) နှစ်ရက်အတွင်းမှာ သင်စားမယ်ဆိုရင် ၎င်းကို ကောင်တာပေါ်မှာရှိတဲ့ စက္ကူအိတ်ထဲမှာ ထားပါ။ သင်အချိန်ကြာမြင့်စွာ အသုံးပြုဖို့ စီစဥ်ထားတယ်ဆိုရင်တော့ ပေါင်မုန့်ကို အစိုဓာတ်ထိန်းသိမ်းနိုင်စေဖို့ ရေခဲသေတ္တာထဲမှာ တင်းကျပ်စွာ ထုတ်ပြီးမှ သိမ်းပါ။

၈။ ပျားရည်

ပျားရည်ဆိုတာ သက်တမ်းကုန်ဆုံးတဲ့နေ့ရက်ဆိုတာ မရှိတဲ့အတွက်ကြောင့်အလွန်ကောင်းမွန်သော အစားအစာဖြစ်ပါတယ်။ ၎င်းကို ရေခဲသေတ္တာထဲမှာ တင်းတင်းကျပ်ကျပ်ပိတ်ထားလိုက်ရုံဖြင့် ၎င်းရဲ့ အရသာနှင့် အကျိုးဖြစ်ထွန်းစေသော အရည်အသွေးများကို ကြာရှည်စွာခံစားနိုင်မှာ ဖြစ်ပါတယ်။ သို့သော်အေးသောရာသီဥတုကြောင့် ကျဲတောက်ပြီး ရေတွေလို ဖြစ်တတ်ပါတယ်။

၉။ ကော်ဖီ

ရေခဲသေတ္တာထဲမှာ ကော်ဖီပမာဏများများသိမ်းထားတာက ပိုကောင်းပေမယ့် ရေခဲသေတ္တာထဲကို ရောက်တဲ့အခါ ၎င်းကအရသာတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါ့အပြင် ၎င်းက အခြားအနံ့များကိုလည်း စုပ်ယူနိုင်ပါတယ်။

၁၀။ သံလွင်ဆီ

သံလွင်ဆီကို အေးမြခြောက်သွေ့သောနေရာမှာ ထားသင့်ပါတယ်။ ရေခဲသေတ္တာထဲမှာရှိနေမယ်ဆိုရင် ၎င်းရဲ့ အနံ့နှင့် အရောင်များကို ပြောင်းလဲစေပါလိမ့်မယ်။ ၎င်းကို ပျစ်ခဲစေပြီး ထောပတ်အရောအနှောအဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

sources-mambee

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here