ဒီလိုအခ်က္ေတြနဲ႔ ျပည့္စံုေနၿပီဆိုရင္ ေရာင္းရင္းတို႔ႏွစ္ေယာက္ ေစ့စပ္ဖို႔ အသင့္ျဖစ္ေနၿပီေနာ္

0
95

 

-Advertisement-

ႏွစ္ေယာက္သား ခ်စ္သူဘဝနဲ႔ တြဲလာတာလည္း ၾကာေနၿပီ အခုခ်ိန္ထိ ေစ့စပ္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ထင္ေနတုန္းလား။ ဒါမွမဟုတ္ တြဲတာသိပ္မၾကာေသးလို႔ တစ္ေယာက္အေျခအေနကို တစ္ေယာက္ေစာင့္ၾကည့္ဖို႔အတြက္ အခ်ိန္ေတြထပ္လိုအပ္ေသးတယ္လို႔ ထင္ေနတုန္းလား။ ယခုအခ်ိန္မွာ သင္ခ်စ္ရတဲ့သူနဲ႔ ေပ်ာ္ရြင္မႈေတြ၊ တစ္ေယာက္ကိုတစ္ေယာက္ ျမတ္ႏိုးမႈ၊ ေလးစားမႈ ေတြနဲ႔ အဆင္ေျပေနၾကတဲ့အတြက္ ဘာေၾကာင့္ေစ့စပ္ဖို႔ လိုအပ္တာလဲ။ ႏွစ္ေယာက္စလံုး အဆင္သင့္ျဖစ္တဲ့အခ်ိန္မွ တခါတည္းလက္ထပ္လိုက္ရင္လည္း ရတာပဲ စသျဖင့္ သင္ေစာဒကတက္ႏိုင္ပါတယ္။

ဒါကေတာ့ သင္တို႔ခ်စ္သူႏွစ္ေယာက္ရဲ႕ စိတ္သေဘာထားျဖစ္လို႔ အဆင္ေျပမယ္ဆိုရင္ အားေပးပါတယ္။ ဒါေပမယ့္ လက္မထပ္ေသးခင္စပ္ၾကား တစ္ေယာက္ကိုတစ္ေယာက္ ပိုၿပီးယံုၾကည္မႈရွိရွိနဲ႔ ပိုခ်စ္ႏိုင္ၿပီး ကတိသစၥာထားတဲ့ ဓေလ့အျဖစ္ ေစ့စပ္ေၾကာင္းလမ္းျခင္းဟာ အဓိပၸာယ္ရွိၿပီး romantic ဆန္တဲ့ အရာတစ္ခုပါ။ ဒီအဆင့္ကေလးကလည္း relationship အတြက္ အေရးႀကီးေၾကာင္း ေျပာျပခ်င္ပါတယ္။ ဒါေၾကာင့္ သင္တို႔ႏွစ္ေယာက္ ေစ့စပ္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီ ဆိုတာကို ရွင္းလင္းစြာသိရွိႏိုင္ဖို႔ အၾကံေပးခ်င္ပါတယ္။

၁။ သင္တို႔ႏွစ္ေယာက္စလံုးမွာ ျပည့္ဝတဲ့ဘဝေတြရွိတယ္
Relationship တစ္ခုလံုးကို တည္ေဆာက္ဖို႔ဆိုတာ သင္တို႔ႏွစ္ဦးသားလံုး ႀကိဳးစားရမယ့္အရာပါ။ သင္တို႔ႏွစ္ေယာက္မွာ ျပည့္ဝတဲ့ဘဝေတြ ရွိတယ္ဆိုတာက သင့္ရဲ႕သူငယ္ခ်င္းေတြ၊ မိသားစု၊ အလုပ္နဲ႔ ဆိုရွယ္ဘဝမွာ သင္ေပ်ာ္ရြင္ေနၿပီး လက္ထပ္ျခင္းဟာ သင့္ရဲ႕ျပႆနာေတြကို ခ်က္ခ်င္းေျဖရွင္းႏိုင္မယ့္အရာအျဖစ္ သင္ကေမွ်ာ္လင့္ထားမႈ မရွိပဲ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ အျပည့္ရွိေနရင္၊ သင့္ခ်စ္သူမွာလည္း ယခုလိုစိတ္ထားမ်ိဳးနဲ႔ အေျခအေနမ်ိဳး ရွိရင္ ေစ့စပ္ဖို႔ အဆင္သင္ျဖစ္ေနတဲဲ့ အဆင့္တစ္ခုျဖစ္ေၾကာင္း ဆိုလိုတာပါ။
လူတခ်ိဳ႕က ေစာေစာစီးစီး ေစ့စပ္တာဟာ ႏွလံုးသားနဲ႔ ဘဝမွာ ဟာေနတဲ့ကြက္လပ္ကို ျဖည့္ဖို႔အတြက္လို႔ ေတြးေတာတတ္ၾကပါတယ္။ ဒါကိုေတာ့ မွားပါတယ္လို႔ ေျပာပါရေစ။ ေစ့စပ္တာဟာ လက္ထပ္ျခင္းအတြက္ နိမိတ္ေကာင္းတစ္ခုျဖစ္ၿပီး ယံုၾကည္မႈနဲ႔ လြတ္လပ္မႈပိုရွိသလိုပါပဲ။ အမ်ားအျမင္မွာလည္း သင္တို႔ဘယ္ေလာက္တြဲတြဲ ေလးစားမႈရွိေစပါတယ္။

၂။ သူ႕ကိုဘာေၾကာင့္ႏွစ္သက္တာလဲဆိုေတာ့ သူျဖစ္ေနလို႔ပါပဲ
ရွင္းရွင္းေလးပါ။ သင္သူ႕ကိုခ်စ္ရတဲ့ အေၾကာင္းရင္းက သူ႕မွာဘယ္ေလာက္ေကာင္းတဲ့ စ႐ိုက္ေတြနဲ႔ ဘယ္ေလာက္ထိဆိုးတဲ့ စ႐ိုက္ေတြရွိပါေစ။ သင္ကလက္ခံႏိုင္ၿပီးေတာ့ ဘယ္သူနဲ႔မွမတူပဲ သူျဖစ္ေနတာေလးတစ္ခုတည္းကို ႏွစ္သက္တာဆိုရင္ေတာ့ ေစ့စပ္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ ဆိုလို႔ရပါတယ္။ သင့္ခ်စ္သူမွာလည္း ယခုလိုစိတ္ထားမ်ိဳး ရွိေနပါေစ။
ေစ့စပ္လိုက္တာဟာ ေမွာ္ပညာနဲ႔ေျပာင္းလဲလိုက္တာ မဟုတ္ပါဘူး။ သင္တို႔ႏွစ္ေယာက္ ခ်က္ခ်င္းပဲ လက္ထပ္ပြဲအတြက္ အစီအစဥ္ခ်မႈေတြ ရွိလာေစၿပီး ဆိုးရြားတဲ့စိတ္ကူးတခ်ိဳ႕လည္း လြင့္စင္သြားပါလိမ့္မယ္။ အရင္ကထက္ တစ္ေယာက္ကိုတစ္ေယာက္ ေလးစားမႈ၊ အေရးပါမႈေတြ တိုးလာေစၿပီး ဘဝကိုတူတူေလွ်ာက္လွမ္းဖို႔အတြက္ ညွိႏိႈင္းတဲ့အခ်ိန္ေတြ ပိုတိုးလာေစပါတယ္။ ဒါေၾကာင့္ သင့္ကိုယ္သင္ေသခ်ာျပန္ေမးသင့္တဲ့ေမးခြန္းက ” ငါသူ႔ကိုတကယ္ ခ်စ္ႏိုင္ရဲ႕လား” ဆိုတာပါပဲ။ လက္ထပ္ၿပီးရင္ ၾကံဳလာမယ့္ ဆိုးက်ိဳးေတြလည္း ေသခ်ာစဥ္းစားဖို႔ မေမ့ပါနဲ႔။ သင္လက္မခံႏိုင္တဲ့ ကိစၥမ်ိဳးေတြဆိုရင္ အခက္ေတြ႕ေနပါဦးမယ္။ ဥပမာ- သူကအရာရာမွာ အပ်င္းႀကီးသူတစ္ေယာက္လား၊ ဒါမွမဟုတ္ သင္ကမနက္ေစာေစာထတတ္တဲ့ ငွက္ကေလးျဖစ္ေနၿပီး သူမကေတာ့ ညဖက္မွာမွထြက္တတ္တဲ့ ဇီးကြက္လို ေကာင္မေလးမ်ိဳးလား။ ဒီလိုအျဖစ္မ်ိဳးေတြ ရွိရင္ေတာ့ လက္ေတြ႕က်က်စဥ္းစားဖို႔ လိုလာပါၿပီ။

၃။ အခိုက္အတန္႔တိုင္းကို သင္ေပ်ာ္ရြင္ေနၿပီလား
ဒါဟာလက္မထပ္ခင္ အခ်ိန္ေလးမွာပဲ ထည့္သြင္းစဥ္းစားသင့္တဲ့ အရာေလးတစ္ခု ျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ လင္နဲ႔မယားျဖစ္လာရင္ သက္ဆံုးတိုင္အတူတူရွိေနမယ္၊ ရင္ခုန္စရာေတြကို အျမဲၾကံဳေတြ႕ရမယ္လို႔ အဓိပၸာယ္မရပါဘူး။ ဘဝမွာ အနိမ့္အျမင့္ေတြကအျပည့္၊ ပိတ္ဆို႔မႈ စီးဆင္းမႈေတြ၊ သည္းခံျခင္းေတြ၊ ကတိေတြ၊ အေျပာင္းအလဲေတြ နဲ႔ မေရတြက္ႏိုင္ေလာက္တဲ့ အေတြ႕အၾကံဳေပါင္းမ်ားစြာ ၾကံဳဆံုရမွာပါ။ ဒီလိုအရာေတြကို ခ်စ္သူဘဝမွာတည္းက ဘယ္ေလာက္ပဲၾကံဳပါေစ သူေဘးမွာရွိေနသမွ် ရင္ဆိုင္ရဲၿပီး ၊ ထာဝရအားအင္ေတြ၊ၾကည္ႏူးမႈေတြ၊ ေပ်ာ္ရြင္မႈေတြကို ဒုကၡေတြၾကားကေန အခိုက္အတန္႔တိုင္း ရရွိေနတယ္ ဆိုရင္ေတာ့ Wow သင္ဟာကမာၻမွာ ကံအေကာင္းဆံုး သူတစ္ေယာက္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ စစ္မွန္တဲ့လက္တြဲေဖာ္ကို ရွာေဖြေတြ႕ရွိခဲ့လို႔ျဖစ္ပါတယ္။ သင္တို႔ႏွစ္ေယာက္ ထာဝရေပါင္းသင္းႏိုင္ပါေစ။

၄။ သင္တို႔ႏွစ္ေယာက္က တစ္ေယာက္ရဲ႕ေကာင္းျခင္းေတြကို တစ္ေယာက္ကဖန္တီးေပးႏိုင္တယ္
တကယ့္ကို Amazing အျဖစ္ေလးလို႔ ၾကိဳေျပာပါရေစ။ သင့္ရဲ႕ခ်စ္သူက သင့္ကိုအျပံဳးေတြ ဖန္တီးေပးႏိုင္ရဲ႕လား၊ သင့္ကိုပိုေကာင္းၿပီး လူသားဆန္သူတစ္ေယာက္ ျဖစ္လာေအာင္ ကူညီေပးႏိုင္ရဲ႕လား၊ သင့္အေပၚအျမဲလိုလို ႐ိုးသားၿပီး ၾကင္နာတတ္သူလား၊ ဒီလိုအရာေတြနဲ႔ ျပည့္စံုေနသူဆိုရင္ေတာ့ သူကသင့္ရဲ႕အေတာင္ပံတစ္စံု၊ ဒါမွမဟုတ္သင့္ရဲ႕ ႏွလံုးသားတျခမ္းပါ။ ေစ့စပ္လိုက္ၿပီးေတာ့မွ သင္ကသည္းခံေနရမယ္၊ စိတ္ပ်က္မႈေတြ ၾကံဳေနရမယ္၊ ဒါမွမဟုတ္စိတ္႐ႈပ္ေထြးမႈေတြ အထီးက်န္မႈေတြ ခံစားေနရမယ္ဆိုရင္ သင့္ဘဝအတြက္လံုးဝအဓိပၸာယ္ကင္းမဲ့သြားပါလိမ့္မယ္။
သင္ႏွလံုးသားတျခမ္းကေတာ့ ဒီအရာေတြနဲ႔ ဆန္႔က်င္ဖက္ျဖစ္ေနၿပီး ထူးျခားမႈေလးေတြကို မေစ့စပ္ခင္မွာတင္ သင္ခံစားၾကည့္ႏိုင္ပါတယ္။


၅။ သင္တို႔ႏွစ္ေယာက္ စိတ္တူကိုယ္တူျဖစ္ၿပီလား
ဒီတစ္ခုကေတာ့ အျမဲတမ္း ၅၀/၅၀ မျဖစ္တတ္ပါဘူး။ တစ္ခါတစ္ေလေတြမွာေတာ့ ၁၀၀/၀ ျဖစ္ေနပါတယ္။ အားလပ္ရက္မွာ အပန္းေျဖစရာအျဖစ္ သင္က ပန္းျခံတစ္ခုမွာ ႏွစ္ေယာက္သား အနားယူခ်င္ေနၿပီး သူကေတာ့ ႐ုပ္ရွင္႐ံုမွာျပေနတဲ့ Action ကားကိုၾကည့္ဖို႕ စိတ္ထက္သန္ေနခဲ့ရင္ ဘယ္လိုလုပ္မလဲ။ ကၽြန္ေတာ့္သေဘာကေတာ့ ႏွစ္ေယာက္စလံုး ႐ႈံးျခင္းႏိုင္ျခင္း မျဖစ္ေစရေအာင္ ႏွစ္ေယာက္စလံုးစိတ္ဝင္စားေစမယ့္ ေနာက္ထပ္တစ္ေနရာကို ညွိႏႈိင္းၿပီး သြားေစခ်င္ပါတယ္။ ဒီလိုကိစၥေတြမွာ ႏွစ္ေယာက္သားစိတ္တူကိုယ္တူျဖစ္ၿပီလား၊ ငါဆိုတ့ဲ အသံုးအစား ငါတို႔ ဆိုတဲ့အသံုးကို အျမဲသံုးေနၿပီလား၊ ဘယ္ေနရာမွာ မဆိုႏွစ္ေယာက္အတူတူစိတ္တူကိုယ္တူ ေဆာင္ရြက္လိုတဲ့ ဆႏၵရွိေနၿပီဆိုရင္ေတာ့ ေစ့စပ္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ ဆိုလို႔ရပါတယ္။ 

 

#LM_Naung_Naung
#Lifestyle_Myanmar

သင္က ဗဟုသုတ ၾကြယ္ဝသူလား ဒါမွမဟုတ္ မ်က္စိလ်င္သူလား။ စမ္းၾကည့္မယ္ေနာ္။

Unicode

ဒီလိုအချက်တွေနဲ့ ပြည့်စုံနေပြီဆိုရင် ရောင်းရင်းတို့နှစ်ယောက် စေ့စပ်ဖို့ အသင့်ဖြစ်နေပြီနော်

နှစ်ယောက်သား ချစ်သူဘဝနဲ့ တွဲလာတာလည်း ကြာနေပြီ အခုချိန်ထိ စေ့စပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်နေတုန်လား။ ဒါမှမဟုတ် တွဲတာသိပ်မကြာသေးလို့ တစ်ယောက်အခြေအနေကို တစ်ယောက်စောင့်ကြည့်ဖို့အတွက် အချိန်တွေထပ်လိုအပ်သေးတယ်လို့ ထင်နေတုန်းလား။ ယခုအချိန်မှာ သင်ချစ်ရတဲ့သူနဲ့ ပျော်ရွင်မှုတွေ၊ တစ်ယောက်ကိုတစ်ယောက် မြတ်နိုးမှု၊ လေးစားမှု တွေနဲ့ အဆင်ပြေနေကြတဲ့အတွက် ဘာကြောင့်စေ့စပ်ဖို့ လိုအပ်တာလဲ။ နှစ်ယောက်စလုံး အဆင်သင့်ဖြစ်တဲ့အချိန်မှ တခါတည်းလက်ထပ်လိုက်ရင်လည်း ရတာပဲလို့ စောဒကတက်နိုင်ပါတယ်။

ဒါကတော့ သင်တို့ချစ်သူနှစ်ယောက်ရဲ့ စိတ်သဘောထားဖြစ်လို့ အဆင်ပြေမယ်ဆိုရင် အားပေးပါတယ်။ ဒါပေမယ့် လက်မထပ်သေးခင်စပ်ကြား တစ်ယောက်ကိုတစ်ယောက် ပိုပြီးယုံကြည်မှုရှိရှိနဲ့ ပိုချစ်နိုင်ပြီး ကတိသစ္စာထားတဲ့ ဓလေ့အဖြစ် စေ့စပ်ကြောင်းလမ်းခြင်းဟာ အဓိပ္ပာယ်ရှိပြီး romantic ဆန်တဲ့ အရာတစ်ခုပါ။ ဒီအဆင့်ကလေးကလည်း relationship အတွက် အရေးကြီးကြောင်း ပြောပြချင်ပါတယ်။ ဒါကြောင့် သင်တို့နှစ်ယောက် စေ့စပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတာကို ရှင်းလင်းစွာသိရှိနိုင်ဖို့ အကြံပေးချင်ပါတယ်။

၁။ သင်တို့နှစ်ယောက်စလုံးမှာ ပြည့်ဝတဲ့ဘဝတွေရှိတယ်
Relationship တစ်ခုလုံးကို တည်ဆောက်ဖို့ဆိုတာ သင်တို့နှစ်ဦးသားလုံး ကြိုးစားရမယ့်အရာပါ။ သင်တို့နှစ်ယောက်မှာ ပြည့်ဝတဲ့ဘဝတွေ ရှိတယ်ဆိုတာက သင့်ရဲ့သူငယ်ချင်းတွေ၊ မိသားစု၊ အလုပ်နဲ့ ဆိုရှယ်ဘဝမှာ သင်ပျော်ရွင်နေပြီး လက်ထပ်ခြင်းဟာ သင့်ရဲ့ပြဿနာတွေကို ချက်ချင်းဖြေရှင်းနိုင်မယ့်အရာအဖြစ် သင်ကမျှော်လင့်ထားမှု မရှိပဲ ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိနေရင်၊ သင့်ချစ်သူမှာလည်း ယခုလိုစိတ်ထားမျိုးနဲ့ အခြေအနေမျိုး ရှိရင် စေ့စပ်ဖို့ အဆင်သင်ဖြစ်နေတဲ့ အဆင့်တစ်ခုဖြစ်ကြောင်း ဆိုလိုတာပါ။
လူတချို့က စောစောစီးစီး စေ့စပ်တာဟာ နှလုံးသားနဲ့ ဘဝမှာ ဟာနေတဲ့ကွက်လပ်ကို ဖြည့်ဖို့အတွက်လို့ တွေးတောတတ်ကြပါတယ်။ ဒါကိုတော့ မှားပါတယ်လို့ ပြောပါရစေ။ စေ့စပ်တာဟာ လက်ထပ်ခြင်းအတွက် နိမိတ်ကောင်းတစ်ခုဖြစ်ပြီး ယုံကြည်မှုနဲ့ လွတ်လပ်မှုပိုရှိသလိုပါပဲ။ အများအမြင်မှာလည်း သင်တို့ဘယ်လောက်တွဲတွဲ လေးစားမှုရှိစေပါတယ်။

၂။ သူ့ကိုဘာကြောင့်နှစ်သက်တာလဲဆိုတော့ သူဖြစ်နေလို့ပါပဲ
ရှင်းရှင်းလေးပါ။ သင်သူ့ကိုချစ်ရတဲ့ အကြောင်းရင်းက သူ့မှာဘယ်လောက်ကောင်းတဲ့ စရိုက်တွေနဲ့ ဘယ်လောက်ထိဆိုးတဲ့ စရိုက်တွေရှိပါစေ။ သင်ကလက်ခံနိုင်ပြီးတော့ ဘယ်သူနဲ့မှမတူပဲ သူဖြစ်နေတာလေးတစ်ခုတည်းကို နှစ်သက်တာဆိုရင်တော့ စေ့စပ်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုလို့ရပါတယ်။ သင့်ချစ်သူမှာလည်း ယခုလိုစိတ်ထားမျိုး ရှိနေပါစေ။
စေ့စပ်လိုက်တာဟာ မှော်ပညာနဲ့ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး။ သင်တို့နှစ်ယောက် ချက်ချင်းပဲ လက်ထပ်ပွဲအတွက် အစီအစဉ်ချမှုတွေ ရှိလာစေပြီး ဆိုးရွားတဲ့စိတ်ကူးတချို့လည်း လွင့်စင်သွားပါလိမ့်မယ်။ အရင်ကထက် တစ်ယောက်ကိုတစ်ယောက် လေးစားမှု၊ အရေးပါမှုတွေ တိုးလာစေပြီး ဘဝကိုတူတူလျှောက်လှမ်းဖို့အတွက် ညှိနှိုင်းတဲ့အချိန်တွေ ပိုတိုးလာစေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင်သေချာပြန်မေးသင့်တဲ့မေးခွန်းက ” ငါသူ့ကိုတကယ် ချစ်နိုင်ရဲ့လား” ဆိုတာပါပဲ။ လက်ထပ်ပြီးရင် ကြုံလာမယ့် ဆိုးကျိုးတွေလည်း သေချာစဉ်းစားဖို့ မမေ့ပါနဲ့။ သင်လက်မခံနိုင်တဲ့ ကိစ္စမျိုးတွေဆိုရင် အခက်တွေ့နေပါဦးမယ်။ ဥပမာ- သူကအရာရာမှာ အပျင်းကြီးသူတစ်ယောက်လား၊ ဒါမှမဟုတ် သင်ကမနက်စောစောထတတ်တဲ့ ငှက်ကလေးဖြစ်နေပြီး သူမကတော့ ညဖက်မှာမှထွက်တတ်တဲ့ ဇီးကွက်လို ကောင်မလေးမျိုးလား။ ဒီလိုအဖြစ်မျိုးတွေ ရှိရင်တော့ လက်တွေ့ကျကျစဉ်းစားဖို့ လိုလာပါပြီ။

၃။ အခိုက်အတန့်တိုင်းကို သင်ပျော်ရွင်နေပြီလား
ဒါဟာလက်မထပ်ခင် အချိန်လေးမှာပဲ ထည့်သွင်းစဉ်းစားသင့်တဲ့ အရာလေးတစ်ခု ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လင်နဲ့မယားဖြစ်လာရင် သက်ဆုံးတိုင်အတူတူရှိနေမယ်၊ ရင်ခုန်စရာတွေကို အမြဲကြုံတွေ့ရမယ်လို့ အဓိပ္ပာယ်မရပါဘူး။ ဘဝမှာ အနိမ့်အမြင့်တွေကအပြည့်၊ ပိတ်ဆို့မှု စီးဆင်းမှုတွေ၊ သည်းခံခြင်းတွေ၊ ကတိတွေ၊ အပြောင်းအလဲတွေ နဲ့ မရေတွက်နိုင်လောက်တဲ့ အတွေ့အကြုံပေါင်းများစွာ ကြုံဆုံရမှာပါ။ ဒီလိုအရာတွေကို ချစ်သူဘဝမှာတည်းက ဘယ်လောက်ပဲကြုံပါစေ သူဘေးမှာရှိနေသမျှ ရင်ဆိုင်ရဲပြီး ၊ ထာဝရအားအင်တွေ၊ကြည်နူးမှုတွေ၊ ပျော်ရွင်မှုတွေကို ဒုက္ခတွေကြားကနေ အခိုက်အတန့်တိုင်း ရရှိနေတယ် ဆိုရင်တော့ Wow သင်ဟာကမ္ဘာမှာ ကံအကောင်းဆုံး သူတစ်ယောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့လက်တွဲဖော်ကို ရှာဖွေတွေ့ရှိခဲ့လို့ဖြစ်ပါတယ်။ သင်တို့နှစ်ယောက် ထာဝရပေါင်းသင်းနိုင်ပါစေ။

၄။ သင်တို့နှစ်ယောက်က တစ်ယောက်ရဲ့ကောင်းခြင်းတွေကို တစ်ယောက်ကဖန်တီးပေးနိုင်တယ်
တကယ့်ကို Amazing အဖြစ်လေးလို့ ကြိုပြောပါရစေ။ သင့်ရဲ့ချစ်သူက သင့်ကိုအပြုံးတွေ ဖန်တီးပေးနိုင်ရဲ့လား၊ သင့်ကိုပိုကောင်းပြီး လူသားဆန်သူတစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်ရဲ့လား၊ သင့်အပေါ်အမြဲလိုလို ရိုးသားပြီး ကြင်နာတတ်သူလား၊ ဒီလိုအရာတွေနဲ့ ပြည့်စုံနေသူဆိုရင်တော့ သူကသင့်ရဲ့အတောင်ပံတစ်စုံ၊ ဒါမှမဟုတ်သင့်ရဲ့ နှလုံးသားတခြမ်းပါ။ စေ့စပ်လိုက်ပြီးတော့မှ သင်ကသည်းခံနေရမယ်၊ စိတ်ပျက်မှုတွေ ကြုံနေရမယ်၊ ဒါမှမဟုတ်စိတ်ရှုပ်ထွေးမှုတွေ အထီးကျန်မှုတွေ ခံစားနေရမယ်ဆိုရင် သင့်ဘဝအတွက်လုံးဝအဓိပ္ပာယ်ကင်းမဲ့သွားပါလိမ့်မယ်။ သင်နှလုံးသားတခြမ်းကတော့ ဒီအရာတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပြီး ထူးခြားမှုလေးတွေကို မစေ့စပ်ခင်မှာတင် သင်ခံစားကြည့်နိုင်ပါတယ်။

၅။ သင်တို့နှစ်ယောက် စိတ်တူကိုယ်တူဖြစ်ပြီလား
ဒီတစ်ခုကတော့ အမြဲတမ်း ၅၀/၅၀ မဖြစ်တတ်ပါဘူး။ တစ်ခါတစ်လေတွေမှာတော့ ၁၀၀/၀ ဖြစ်နေပါတယ်။ အားလပ်ရက်မှာ အပန်းဖြေစရာအဖြစ် သင်က ပန်းခြံတစ်ခုမှာ နှစ်ယောက်သား အနားယူချင်နေပြီး သူကတော့ ရုပ်ရှင်ရုံမှာပြနေတဲ့ Action ကားကိုကြည့်ဖို့ စိတ်ထက်သန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်သဘောကတော့ နှစ်ယောက်စလုံး ရှုံးခြင်းနိုင်ခြင်း မဖြစ်စေရအောင် နှစ်ယောက်စလုံးစိတ်ဝင်စားစေမယ့် နောက်ထပ်တစ်နေရာကို ညှိနှိုင်းပြီး သွားစေချင်ပါတယ်။ ဒီလိုကိစ္စတွေမှာ နှစ်ယောက်သားစိတ်တူကိုယ်တူဖြစ်ပြီလား၊ ငါဆိုတဲ့ အသုံးအစား ငါတို့ ဆိုတဲ့အသုံးကို အမြဲသုံးနေပြီလား၊ ဘယ်နေရာမှာ မဆိုနှစ်ယောက်အတူတူစိတ်တူကိုယ်တူ ဆောင်ရွက်လိုတဲ့ ဆန္ဒရှိနေပြီဆိုရင်တော့ စေ့စပ်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုလို့ရပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here