ဒီပုံတစ္ပုံရဲ႕ ယုတၱိမရွိတဲ့ အခ်က္ေတြ/ အမွားေတြကို ဉာဏ္စမ္းအေနနဲ႔ ရွာၾကည့္ရေအာင္ေနာ္။

0
1139
ဉာဏ္စမ္း
ဉာဏ္စမ္း

Lifestyle Myanmar ပရိတ္သတ္ႀကီးအတြက္ ေခါင္းစားစရာ ပေဟဠိ ပုံေလး တစ္ပုံကို ေဖာ္ျပေပးလိုက္ပါတယ္။ ဒီပုံဟာ ကၽြန္ေတာ္တို႔ အျပင္ေလာကနဲ႔ လက္ေတြ႕မက်တဲ့အခ်က္ေတြ၊ ယုတိၱမရွိတဲ့ အမွားေတြမ်ားစြာ ရွိပါတယ္။ သင့္အေနနဲ႔ ဒီအမွားကို ေထာက္ျပေပးႏိုင္တယ္ဆိုရင္ေတာ့ သင္ဟာ အရမ္းကို မ်က္စိလ်င္ ဉာဏ္ေကာင္းၿပီး တကယ့္ကို ဗဟုသုတၾကြယ္ဝတဲ့သူတစ္ေယာက္ ဆိုတာ အေသအခ်ာပါပဲ။ ကဲ ဒီပုံထဲက မွာ အမွား ၁၃ခ်က္ ရွိပါတယ္။ သင့္အေနနဲ႔ ေသေသခ်ာခ်ာ ရွာၾကည့္ေနာ္။

အေျဖ –
၁။ အိမ္နံပါတ္က သုည ျဖစ္ေနပါတယ္။
၂။ ေလတိုက္မႈေၾကာင့္ သစ္ပင္ယိမ္းတဲ့ ပုံစံနဲ႔ မီးခိုးေငြ႕ ေရြ႕လ်ားပုံဟာ ကြဲျပားေနပါတယ္။
၃။ ရာသီဥတု သတ္မွတ္လို႔ မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အပင္ေတြမွာ အရြက္ရွိတဲ့ အပင္က ရွိၿပီး အရြက္မရွိတဲ့အပင္က အရြက္လုံးဝမရွိပါဘူး။
၄။ ျမင္းရဲ႕ ေက်ာေပၚမွာ ကုန္းႏွီးပါရွိၿပီး ေကာ္လာမရွိပါဘူး။
၅။ ႏြားနဲ႔မဟုတ္ဘဲ ျမင္းျဖင့္ လယ္ထြန္ေနပါတယ္။
၆။ ျမင္းဟာ လယ္သမားမပါဘဲ သူ႔ဟာသူ တစ္ေကာင္ထဲ လယ္ထြန္ေနပါတယ္။
၇။ အိမ္ေရွ႕မွာ ေလွကားရွိေပမဲ့ တံခါးေပါက္ မရွိပါဘူး။
၈။ လိုက္ကာစဟာ ျပတင္းေပါက္ အတြင္းမွာ မရွိဘဲ အျပင္မွာ တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။
၉။ အျခားသစ္ပင္အမ်ိဳးအစားက ထြက္တဲ့ အကိုင္းအခက္ဟာ ထင္း႐ွဴးပင္အကိုင္းအခက္ေတြ ျဖစ္ေနပါတယ္။
၁၀။ ပုံမွာပါဝင္တဲ့ ေကာင္မေလးနဲ႔ ေခြးရဲ႕ အရိပ္ဟာ ဆန္႔က်င္ဘက္ေတြျဖစ္ေနပါတယ္။
၁၁။ ၿခံစည္း႐ိုး တံခါးမွာ ပ်ဥ္ျပား ေဒါင္လိုက္ ၅ျပားရွိေပမဲ့ အရိပ္ထဲမွာ ၄ခုပဲျမင္ရပါတယ္။
၁၂။ ေန႔လယ္ဘက္မွာ ၾကယ္အစုအေဝးကို ေတြ႕ျမင္ရပါတယ္။
၁၃။ သိုးအုပ္စုထဲမွာမွ သိုးတစ္ေကာင္ဟာ ေျခေထာက္ ၃ေခ်ာင္းပဲ ရွိပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေငြေၾကးအေျမာက္အမ်ားနဲ႔ ေလလံေအာင္ခဲ့တဲ့ ကမာၻေက်ာ္ Celebrity ၁၀ဦးရဲ႕ မႏွစ္ၿမိဳ႕ဖြယ္ ေပါက္ကရပစၥည္းအခ်ိဳ႕


Unicode

ဒီပုံတစ်ပုံရဲ့ လက်တွေ့မကျ၊ ယုတ္တိလဲ မရှိတဲ့ အချက်တွေကို ဉာဏ်စမ်းအနေနဲ့ ရှာကြည့်ရအောင်နော်။
Lifestyle Myanmar ပရိတ်သတ်ကြီးအတွက် ခေါင်းစားစရာ ပဟေဠိ ပုံလေး တစ်ပုံကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပုံဟာ ကျွန်တော်တို့ အပြင်လောကနဲ့ လက်တွေ့မကျတဲ့အချက်တွေ၊ ယုတ္တိမရှိတဲ့ အချက်တွေများစွာ ရှိပါတယ်။ သင့်အနေနဲ့ ဒီအမှားကို ထောက်ပြပေးနိုင်တယ်ဆိုရင်တော့ သင်ဟာ အရမ်းကို မျက်စိလျင် ဉာဏ်ကောင်းပြီး တကယ့်ကို ဗဟုသုတကြွယ်ဝတဲ့သူတစ်ယောက် ဆိုတာ အသေအချာပါပဲ။ ကဲ ဒီပုံထဲက မှာ အမှား ၁၃ချက် ရှိပါတယ်။ သင့်အနေနဲ့ သေသေချာချာ ရှာကြည့်နော်။
၁။ အိမ်နံပါတ်က သုည ဖြစ်နေပါတယ်။
၂။ လေတိုက်မှုကြောင့် သစ်ပင်ယိမ်းတဲ့ ပုံစံနဲ့ မီးခိုးငွေ့ ရွေ့လျားပုံဟာ ကွဲပြားနေပါတယ်။
၃။ ရာသီဥတု သတ်မှတ်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အပင်တွေမှာ အရွက်ရှိတဲ့ အပင်က ရှိပြီး အရွက်မရှိတဲ့အပင်က အရွက်လုံးဝမရှိပါဘူး။
၄။ မြင်းရဲ့ ကျောပေါ်မှာ ကုန်းနှီးပါရှိပြီး ကော်လာမရှိပါဘူး။
၅။ နွားနဲ့မဟုတ်ဘဲ မြင်းဖြင့် လယ်ထွန်နေပါတယ်။
၆။ မြင်းဟာ လယ်သမားမပါဘဲ သူ့ဟာသူ တစ်ကောင်ထဲ လယ်ထွန်နေပါတယ်။
၇။ အိမ်ရှေ့မှာ လှေကားရှိပေမဲ့ တံခါးပေါက် မရှိပါဘူး။
၈။ လိုက်ကာစဟာ ပြတင်းပေါက် အတွင်းမှာ မရှိဘဲ အပြင်မှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။
၉။ အခြားသစ်ပင်အမျိုးအစားက ထွက်တဲ့ အကိုင်းအခက်ဟာ ထင်းရှူးပင်အကိုင်းအခက်တွေ ဖြစ်နေပါတယ်။
၁၀။ ပုံမှာပါဝင်တဲ့ ကောင်မလေးနဲ့ ခွေးရဲ့ အရိပ်ဟာ ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်။
၁၁။ ခြံစည်းရိုး တံခါးမှာ ပျဉ်ပြား ဒေါင်လိုက် ၅ပြားရှိပေမဲ့ အရိပ်ထဲမှာ ၄ခုပဲမြင်ရပါတယ်။
၁၂။ နေ့လယ်ဘက်မှာ ကြယ်အစုအဝေးကို တွေ့မြင်ရပါတယ်။
၁၃။ သိုးအုပ်စုထဲမှာမှ သိုးတစ်ကောင်ဟာ ခြေထောက် ၃ချောင်းပဲ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here