ဒီနွေရာသီမှာ အဖြူရောင်ရှပ်အင်္ကျီကို ကိုရီးယားစတိုင်လေးတွေ ဝတ်ကြည့်ရအောင်

0
1

ပျိုမေတို့ရေ…ဒီနွေရာသီက အပူရှိန်အရမ်းပြင်းတယ်နော်။ ပျိုမေတို့ ဒီနှစ်မှာ အပူဒဏ်လည်း ခံနိုင်ပြီး အများနှင့်မတူတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေ ရှာဖွေနေမယ်လို့ ထင်ပါတယ်။ ပျိုမေတို့အနေနဲ့ အပူဒဏ်ကို အံတုနိုင်ဖို့ အဝတ်အစားရွေးချယ်တဲ့အခါ အသားအေးတဲ့ ချည်သားလေးတွေ၊ အဖြူရောင်ရှပ်အင်္ကျီပွပွလေးတွေ ရွေးချယ်ဝတ်ဆင်တာက ပိုပြီးကောင်းပါတယ်နော်။

အများနှင့် မတူတဲ့ ဖက်ရှင်ဒီဇိုင်း ဝတ်မယ်ဆိုရင်တော့ ကိုရီးယားမလေးတွေ ဝတ်ဆင်သလို အိုဗာဆိုဒ်ရှပ်အင်္ကျီလေးတွေ ဝတ်ဆင်ကြည့်ပါနော်။ အရောင်ကိုတော့ မျက်စိအေးတဲ့ အဖြူရောင်လေးတွေ၊ အရောင်ဖျော့ဖျော့လေးတွေ ရွေးချယ်နိုင်ပါတယ်။ သင်္ကြန်မှာတောင် ဒီ ဒီဇိုင်းလေးတွေနဲ့ အပြတ်လန်းလို့ ရမှာပါနော်။ အဖြူရောင် ရှပ်အင်္ကျီကို ကိုရီးယားစတိုင် ဘယ်လိုမျိုးလေးတွေ ဝတ်ဆင်လို့ရမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

၁။ ကော့ဆတ်ခါးပတ်တစ်ခု နှင့်အတူ တွဲဖက် ဝတ်ဆင်ပါ

ခါးသေး၊ ရင်ချီလေး ဖြစ်သွားအောင် အဖြူရောင် ဒူးဖုံးဂါဝန်ပေါ်မှာ အဖြူ/အနက်ရောင် corset ခါးပတ်လေးကို ဝတ်ဆင်ပါ။ အနက်နဲ့ အဖြူရောင်က ဘယ်တော့မှ ရိုးမသွားတဲ့ ကာလာ အတွဲအစပ်လေးဖြစ်ပါတယ်။

၂။ Leggings နှင့်အတူ တွဲဖက်ဝတ်ဆင်ပါ

အဖြူရောင် ရှပ်ဂါဝန်ကို Leggingsနှင့် ဖက်ရှင်ကျကျလေး တွဲဝတ်နိုင်ပါတယ်။ sneaker သို့မဟုတ် ဖိနပ်အပါးလေးနဲ့ တွဲဝတ်မယ်ဆိုရင် မိန်းကလေးဆန်တဲ့အပြင် ချစ်စရာကောင်းတဲ့ ဖက်ရှင်လေး ဖြစ်စေမှာပါ။

၃။ ဂျင်းနှင့်အတူ တွဲဝတ်ပါ

ဂျင်းတွေက အထူးသဖြင့် ပျိုမေတို့ခန္ဓာကိုယ်နဲ့ fitting ဖြစ်နေရင် အိုဗာဆိုဒ်တီရှပ်ဂါဝန်တွေနဲ့ လိုက်ဖက်ပါတယ်။

ကိုရီးယားအမျိုးသမီးတွေ/မိန်းကလေးတွေလို ခြားနားတဲ့အမြင်တစ်ခုကို ဖန်တီးဖို့ skinny jeansနှင့် ခပ်ပွပွရှပ်ဂါဝန်ကို ဒေါက်ဖိနပ်နဲ့ တွဲဝတ်ကြည့်ပါ။ ဂျင်းဘာင်းဘီထဲကို ရှပ်အင်္ကျီထည့်ဝတ်တာက ခြေထောက်တွေကို ရှည်သွယ်သယောင်ဖြစ်စေပြီး ခန္ဓာကိုယ်ကို ပိုပြီးသွယ်သွားစေပါတယ်။

ဒါမှမဟုတ် သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးစတိုင်လေး ဖြစ်နေစေဖို့ sneaker/ဖိနပ်အပါးလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

၄။ ဂျင်းဂျက်ကတ် တစ်ခုနှင့်အတူ တွဲဝတ်ပါ

အဖြူရောင်ဂါဝန်ဒီဇိုင်းက တော်တော်လေး ရိုးရှင်းပေမယ့် ဂျင်းJacket က သင့်ရဲ့အသွင်အပြင်ကို ခေတ်မှီစေဖို့ အထောက်အကူဖြစ်ပါတယ်။ ပိုပြီးလန်းသွားအောင် နာရီ၊ နေကာမျက်မှန်၊ လက်ကောက်တွေ၊ ခေါင်းစည်းလေးတွေကဲ့သို့ accessorize လေးတွေ ဖြည့်စွက်နိုင်ပါတယ်။

၅။ ဘလေဇာတစ်ထည်နှင့်အတူ တွဲဝတ်ပါ

ဘလေဇာတစ်ထည်က ရုံးသမားတွေနဲ့ သင့်တော်တဲ့ စတိုင်တစ်ခုဖြစ်ပါတယ်။

၆။ ခါးပတ်တစ်ခုနှင့် တွဲဝတ်ပါ

ခါးပတ်တစ်ခုနှင့်အတူ ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ခြင်းက သင့်ရဲ့ခါးကို သွယ်လျသွားစေပါတယ်။ ခြေထောက်ရှည်သွယ်တဲ့ မိန်းကလေးတွေအနေနဲ့ ပိုပြီးsexy ကျစေဖို့ ပေါင်ထိဘေးခွဲထားတဲ့ maxi shirt dress လေးတွေကို ရွေးချယ်နိုင်ပါတယ်။

ကျစ်လစ်သေးသွယ်တဲ့ လေဒီလေးတွေအတွက် သင့်ရဲ့ကောက်ကြောင်းကိုလည်း balance ဖြစ်စေပြီး နွေရာသီအဓိပ္ပာယ်တစ်ခုကို ဖန်တီးဖို့ ဒူးအထိရှည်တဲ့ ရှပ်ဂါဝန်ကို ခါးပတ်တစ်ခုနဲ့ ပတ်ပြီး ဝတ်ဆင်ပါ။

၇။ ဒေါက်တစ်ရံနှင့်အတူ ဝတ်ဆင်ပါ

အနက်ရောင်ဒေါက်ဖိနပ်က သိသာထင်ရှားတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပေမယ့် ပေါ့ပ်ကာလာတစ်ခု ဖန်တီးဖို့ အနီရောင်၊ အဝါရောင် ကဲ့သို့သော အရောင်တောက်တောက်လေးတွေ ရွေးချယ်နိုင်ပါတယ်။

၈။ Ankle Bootနှင့်အတူ တွဲဝတ်ပါ

Ankle Boot တွေက ခေတ်မီဆန်းသစ်တဲ့ အသွင်အပြင်တစ်ခုအတွက် တော်တော်လေး ကောင်းပါတယ်။ ဒေါက်အထူပါတဲ့ သားရေဘွတ်ဖိနပ်တွေ၊ ချစ်စရာကောင်းတဲ့ အိတ်လေးတွေ၊ ဖန်စီလက်ဝတ်ရတနာလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာက ပေါ့ပေါ့ပါးပါး နွေရာသီစတိုင်တစ်ခုကို ဖန်တီးပေးပါတယ်။

၉။ တီရှပ်တစ်ထည်နှင့်အတူ တွဲဝတ်ပါ

သင့်ရဲ့ အသွင်အပြင်ကို နောက်ထပ် ဆန်းသစ်နေစေဖို့ ရှပ်ဂါဝန်ကို ကြယ်သီးမတပ်ဘဲ တီရှပ်တစ်ထည်အောက်ခံပြီး ဝတ်ဆင်ကြည့်ပါ။ ဒီ Lookက နေ့စဉ်ဝတ်ဆင်လို့ရသလို ကမ်းခြေသွားရင်လည်း ဝတ်ဆင်နိုင်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိစေပါတယ်။

၁၀။ ဂျင်းOverall တစ်ထည်နှင့်အတူ တွဲဝတ်ပါ

overalls ဂျင်းဝတ်စုံထဲမှာ အိုဗာဆိုဒ် ရှပ်ဂါဝန် ထည့်ဝတ်ပြီး ကြိုးသိုင်းဒေါက်ဖိနပ်တစ်ရံစီးပါ။ ဒီပေါင်းစပ်မှုက သင့်ရဲ့ အသွင်အပြင်ကို နုပျိုစေပြီး ဘယ်ရာသီဝတ်ဝတ် ဝတ်ဆင်လို့ သင့်တော်ပါတယ်။

၁၁။ Vest တစ်ထည်နှင့် တွဲဝတ်ပါ

preppy-style look ဖြစ်စေဖို့ ရှပ်ဂါဝန်ပေါ်မှာ Vestတစ်ထည် ထပ်ဝတ်ပါ။ ဖိနပ်ကို ရှူးအနက်ရောင် သို့မဟုတ် သားရေပျော့ဖိနပ်တစ်ရံကို ရွေးချယ်နိုင်ပါတယ်။

Lifestyle_Myanmar

ဒီေႏြရာသီမွာ အျဖဴေရာင္ရွပ္အက်ႌကို ကိုရီးယားစတိုင္ေလးေတြ ဝတ္ၾကည့္ရေအာင္
ပ်ိဳေမတို႔ေရ…ဒီေႏြရာသီက အပူရွိန္အရမ္းျပင္းတယ္ေနာ္။ ပ်ိဳေမတို႔ ဒီႏွစ္မွာ အပူဒဏ္လည္း ခံႏိုင္ၿပီး အမ်ားႏွင့္မတူတဲ့ ဖက္ရွင္ဒီဇိုင္းေလးေတြ ရွာေဖြေနမယ္လို႔ ထင္ပါတယ္။ ပ်ိဳေမတို႔အေနနဲ႔ အပူဒဏ္ကို အံတုႏိုင္ဖို႔ အဝတ္အစားေ႐ြးခ်ယ္တဲ့အခါ အသားေအးတဲ့ ခ်ည္သားေလးေတြ၊ အျဖဴေရာင္ရွပ္အက်ႌပြပြေလးေတြ ေ႐ြးခ်ယ္ဝတ္ဆင္တာက ပိုၿပီးေကာင္းပါတယ္ေနာ္။ အမ်ားႏွင့္ မတူတဲ့ ဖက္ရွင္ဒီဇိုင္း ဝတ္မယ္ဆိုရင္ေတာ့ ကိုရီးယားမေလးေတြ ဝတ္ဆင္သလို အိုဗာဆိုဒ္ရွပ္အက်ႌေလးေတြ ဝတ္ဆင္ၾကည့္ပါေနာ္။ အေရာင္ကိုေတာ့ မ်က္စိေအးတဲ့ အျဖဴေရာင္ေလးေတြ၊ အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ သၾကၤန္မွာေတာင္ ဒီ ဒီဇိုင္းေလးေတြနဲ႔ အျပတ္လန္းလို႔ ရမွာပါေနာ္။ အျဖဴေရာင္ ရွပ္အက်ႌကို ကိုရီးယားစတိုင္ ဘယ္လိုမ်ိဳးေလးေတြ ဝတ္ဆင္လို႔ရမလဲဆိုတာ ၾကည့္လိုက္ပါဦးေနာ္။

၁။ ေကာ့ဆတ္ခါးပတ္တစ္ခု ႏွင့္အတူ တြဲဖက္ ဝတ္ဆင္ပါ

ခါးေသး၊ ရင္ခ်ီေလး ျဖစ္သြားေအာင္ အျဖဴေရာင္ ဒူးဖုံးဂါဝန္ေပၚမွာ အျဖဴ/အနက္ေရာင္ corset ခါးပတ္ေလးကို ဝတ္ဆင္ပါ။ အနက္နဲ႔ အျဖဴေရာင္က ဘယ္ေတာ့မွ ႐ိုးမသြားတဲ့ ကာလာ အတြဲအစပ္ေလးျဖစ္ပါတယ္။

၂။ Leggings ႏွင့္အတူ တြဲဖက္ဝတ္ဆင္ပါ

အျဖဴေရာင္ ရွပ္ဂါဝန္ကို Leggingsႏွင့္ ဖက္ရွင္က်က်ေလး တြဲဝတ္ႏိုင္ပါတယ္။ sneaker သို႔မဟုတ္ ဖိနပ္အပါးေလးနဲ႔ တြဲဝတ္မယ္ဆိုရင္ မိန္းကေလးဆန္တဲ့အျပင္ ခ်စ္စရာေကာင္းတဲ့ ဖက္ရွင္ေလး ျဖစ္ေစမွာပါ။

၃။ ဂ်င္းႏွင့္အတူ တြဲဝတ္ပါ

ဂ်င္းေတြက အထူးသျဖင့္ ပ်ိဳေမတို႔ခႏၶာကိုယ္နဲ႔ fitting ျဖစ္ေနရင္ အိုဗာဆိုဒ္တီရွပ္ဂါဝန္ေတြနဲ႔ လိုက္ဖက္ပါတယ္။

ကိုရီးယားအမ်ိဳးသမီးေတြ/မိန္းကေလးေတြလို ျခားနားတဲ့အျမင္တစ္ခုကို ဖန္တီးဖို႔ skinny jeansႏွင့္ ခပ္ပြပြရွပ္ဂါဝန္ကို ေဒါက္ဖိနပ္နဲ႔ တြဲဝတ္ၾကည့္ပါ။ ဂ်င္းဘာင္းဘီထဲကို ရွပ္အက်ႌထည့္ဝတ္တာက ေျခေထာက္ေတြကို ရွည္သြယ္သေယာင္ျဖစ္ေစၿပီး ခႏၶာကိုယ္ကို ပိုၿပီးသြယ္သြားေစပါတယ္။

ဒါမွမဟုတ္ သက္ေတာင့္သက္သာနဲ႔ ေပါ့ေပါ့ပါးပါးစတိုင္ေလး ျဖစ္ေနေစဖို႔ sneaker/ဖိနပ္အပါးေလးေတြနဲ႔ တြဲဝတ္ၾကည့္ပါ။

၄။ ဂ်င္းဂ်က္ကတ္ တစ္ခုႏွင့္အတူ တြဲဝတ္ပါ

အျဖဴေရာင္ဂါဝန္ဒီဇိုင္းက ေတာ္ေတာ္ေလး ႐ိုးရွင္းေပမယ့္ ဂ်င္းJacket က သင့္ရဲ႕အသြင္အျပင္ကို ေခတ္မွီေစဖို႔ အေထာက္အကူျဖစ္ပါတယ္။ ပိုၿပီးလန္းသြားေအာင္ နာရီ၊ ေနကာမ်က္မွန္၊ လက္ေကာက္ေတြ၊ ေခါင္းစည္းေလးေတြကဲ့သို႔ accessorize ေလးေတြ ျဖည့္စြက္ႏိုင္ပါတယ္။

၅။ ဘေလဇာတစ္ထည္ႏွင့္အတူ တြဲဝတ္ပါ

ဘေလဇာတစ္ထည္က ႐ုံးသမားေတြနဲ႔ သင့္ေတာ္တဲ့ စတိုင္တစ္ခုျဖစ္ပါတယ္။

၆။ ခါးပတ္တစ္ခုႏွင့္ တြဲဝတ္ပါ

ခါးပတ္တစ္ခုႏွင့္အတူ ရွပ္အက်ႌတစ္ထည္ကို ဝတ္ဆင္ျခင္းက သင့္ရဲ႕ခါးကို သြယ္လ်သြားေစပါတယ္။ ေျခေထာက္ရွည္သြယ္တဲ့ မိန္းကေလးေတြအေနနဲ႔ ပိုၿပီးsexy က်ေစဖို႔ ေပါင္ထိေဘးခြဲထားတဲ့ maxi shirt dress ေလးေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။

က်စ္လစ္ေသးသြယ္တဲ့ ေလဒီေလးေတြအတြက္ သင့္ရဲ႕ေကာက္ေၾကာင္းကိုလည္း balance ျဖစ္ေစၿပီး ေႏြရာသီအဓိပၸာယ္တစ္ခုကို ဖန္တီးဖို႔ ဒူးအထိရွည္တဲ့ ရွပ္ဂါဝန္ကို ခါးပတ္တစ္ခုနဲ႔ ပတ္ၿပီး ဝတ္ဆင္ပါ။

၇။ ေဒါက္တစ္ရံႏွင့္အတူ ဝတ္ဆင္ပါ

အနက္ေရာင္ေဒါက္ဖိနပ္က သိသာထင္ရွားတဲ့ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္ေပမယ့္ ေပါ့ပ္ကာလာတစ္ခု ဖန္တီးဖို႔ အနီေရာင္၊ အဝါေရာင္ ကဲ့သို႔ေသာ အေရာင္ေတာက္ေတာက္ေလးေတြ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

၈။ Ankle Bootႏွင့္အတူ တြဲဝတ္ပါ

Ankle Boot ေတြက ေခတ္မီဆန္းသစ္တဲ့ အသြင္အျပင္တစ္ခုအတြက္ ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ေဒါက္အထူပါတဲ့ သားေရဘြတ္ဖိနပ္ေတြ၊ ခ်စ္စရာေကာင္းတဲ့ အိတ္ေလးေတြ၊ ဖန္စီလက္ဝတ္ရတနာေလးေတြနဲ႔ တြဲဖက္ဝတ္ဆင္တာက ေပါ့ေပါ့ပါးပါး ေႏြရာသီစတိုင္တစ္ခုကို ဖန္တီးေပးပါတယ္။

၉။ တီရွပ္တစ္ထည္ႏွင့္အတူ တြဲဝတ္ပါ

သင့္ရဲ႕ အသြင္အျပင္ကို ေနာက္ထပ္ ဆန္းသစ္ေနေစဖို႔ ရွပ္ဂါဝန္ကို ၾကယ္သီးမတပ္ဘဲ တီရွပ္တစ္ထည္ေအာက္ခံၿပီး ဝတ္ဆင္ၾကည့္ပါ။ ဒီ Lookက ေန႔စဥ္ဝတ္ဆင္လို႔ရသလို ကမ္းေျခသြားရင္လည္း ဝတ္ဆင္ႏိုင္တဲ့ ဒီဇိုင္းျဖစ္ပါတယ္။ သင့္ကို ေပါ့ေပါ့ပါးပါးနဲ႔ သက္ေတာင့္သက္သာရွိေစပါတယ္။

၁၀။ ဂ်င္းOverall တစ္ထည္ႏွင့္အတူ တြဲဝတ္ပါ

overalls ဂ်င္းဝတ္စုံထဲမွာ အိုဗာဆိုဒ္ ရွပ္ဂါဝန္ ထည့္ဝတ္ၿပီး ႀကိဳးသိုင္းေဒါက္ဖိနပ္တစ္ရံစီးပါ။ ဒီေပါင္းစပ္မႈက သင့္ရဲ႕ အသြင္အျပင္ကို ႏုပ်ိဳေစၿပီး ဘယ္ရာသီဝတ္ဝတ္ ဝတ္ဆင္လို႔ သင့္ေတာ္ပါတယ္။

၁၁။ Vest တစ္ထည္ႏွင့္ တြဲဝတ္ပါ

preppy-style look ျဖစ္ေစဖို႔ ရွပ္ဂါဝန္ေပၚမွာ Vestတစ္ထည္ ထပ္ဝတ္ပါ။ ဖိနပ္ကို ရွဴးအနက္ေရာင္ သို႔မဟုတ္ သားေရေပ်ာ့ဖိနပ္တစ္ရံကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here