ဒရမ်မာဇာတ်ကားတွေထဲက ပတ်ခ်မင်ယောင်ရဲ့ ရုံးတတ် ဖက်ရှင်စတိုင်များ

0
78

ချစ်စရာအပြုံးချိုချိုလေးနဲ့ မင်းသမီးချော ပတ်ခ်မင်ယောင်ဟာ သူမရဲ့ အမှတ်တရဖြစ်စေတဲ့ ဇာတ်ကောင်တွေ၊ နာမည်ကြီး ဒရမ်မာတွေနှင့်အတူ ပရိတ်သတ် အာရုံစိုက်မှုကို ရရှိထားသူပါ။ သူမရဲ့ ခေတ်ဆန်ပြီး classic ဖြစ်တဲ့ ဖက်ရှင်စတိုင်က ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။

သူမရဲ့ နာမည်ကြီး ရိုမန့်တစ် ဒရမ်မာကားတစ်ခုဖြစ်တဲ့ What’s Wrong With Secretary Kim ဇာတ်ကားမှာ သူမဝတ်ဆင်သော ရုံးတတ်ဖက်ရှင်လေးတွေက မိန်းကလေးပရိတ်သတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ နောက်ဇာတ်လမ်းတွဲဖြစ်တဲ့ Her Private Life ဇာတ်ကားမှာလည်း သူမရဲ့ ရုံးတတ်ဖက်ရှင်လေးတွေကို တွေ့ရပါတယ်။

နေ့စဉ်ဝတ်နေရတဲ့ ရုံးအဝတ်အစားတွေကို ငြီးငွေ့စရာလို့မမြင်ဘဲ တကယ့်ကို ပရော်ဖက်ရှင်နယ်ပုံစံ ဖြစ်ချင်ရင် မင်းသမီးချောချောလေး ပတ်ခ်မင်ယောင်ရဲ့ ရုံးတတ်၊ အစည်းအဝးတတ်တဲ့အခါ ဝတ်လို့ အဆင်ပြေမယ့် ဖက်ရှင်စတိုင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

“Her Private Life”ဒရမ်မာကားမှာ အနုပညာပြတိုက်တာဝန်ခံ Sung Duk Mi အဖြစ် သူမသွားလာရင်း အမြဲတမ်းဝတ်တဲ့ Classic ဝတ်စုံလေးတွေ ဖြစ်ပါတယ်။

သူမရဲ့ အလုပ်ယူနီဖောင်းက တသတ်မတ်တည်းဖြစ်သလို သူမရဲ့ အသားအရောင်၊ မိတ်ကပ်ပါးပါးနဲ့လိုက်အောင် အရောင်ဖျော့ဖျော့လေးတွေကို မိန်းကလေးဆန်ဆန် ဝတ်ဆင်တာကို တွေ့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ခေတ်မီတဲ့ပုံစံလေးတွေ ဖြစ်ပါတယ်။

နွေရာသီမှာ အရောင်ဖျော့ဖျော့လေးတွေ ဝတ်တာက စိတ်ကို ပေါ့ပါးစေသလို အမြင်လည်းအေးစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပတ်ခ်မင်ယောင်ဝတ်တဲ့ အပြာရောင်ဖျော့လေးတွေ၊ မက်မွန်/သန္တာရောင်လေးတွေ၊ အဝါရောင်ဖျော့နှင့် လာဗင်ဒါပန်းရောင်လေးတွေက နေရာင်ခြည်လိုပဲ လှပနေတာ တွေ့ရပါတယ်။

ဒီဇတ်ကားမှာ ပတ်ခ်မင်ယော်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Sung Duk Mi ဟာ ရုံးသမားတွေ ဝတ်လေ့ဝတ်ထမရှိတဲ့ အစိမ်းပုပ်ရောင်၊ လိမ္မော်ရောင်၊ ပန်းခရမ်းရောင်စတဲ့ အရောင်တောက်တောက်လေးတွေ ဝတ်တာကို တွေ့ရပါတယ်။

သူမရဲ့ ဝတ်စုံနဲ့ လိုက်ဖက်အောင် စတိုင်ကျပြီး ချစ်စရာကောင်းတဲ့ လက်ဝတ်ရတနာလေးတွေ ဝတ်တာကို တွေ့ရပါတယ်။

သူမဟာ ရုံးတတ်ရင် pantsuitsတွေ ပုံမှန်ဝတ်ဆင်သလို flowy စကတ်လေးတွေလည်း ဝတ်ဆင်တာကို တွေ့ရပါတယ်။

“What’s Wrong With Secretary Kim” ဇာတ်လမ်းတွဲထဲက အတွင်းရေးမှူးကင်မ်(ပတ်ခ်မင်ယောင်) ဝတ်ဆင်တဲ့ ဘလောက်အင်္ကျီလေးတွေ ဖြစ်ပါတယ်။ ရိုးရိုးကော်လံ ဒါမှမဟုတ် ဖဲပြားကြိုးချည်လေးတွေ၊ အတွန့်အဖက်လေးတွေပါတဲ့ ဘလောက်အင်္ကျီလေးတွေကို စမတ်ကျကျနဲ့ ကြည်ကောင်းအောင်ဖန်တီးဖို့ pencil skirts လေးတွေနဲ့အတူ ဝတ်ဆင်နိုင်ပါတယ်။

အလုပ်ဂျူတီမရှိတဲ့နေ့၊ ချစ်သူနဲ့ ချိန်းတွေ့တဲ့နေ့တွေမှာ ဝတ်ဆင်တဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေပါ။

“Remember,”ဆိုတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးပတ်ခ်မင်ယောင်ရဲ့ ဆောင်းရာသီ ရုံးတတ်စတိုင်လေးတွေပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here