ထူးျခားတဲ့ညစာေလး ဖန္တီးဖို႔အတြက္ ထိုင္းေျမပဲေခါက္ဆြဲ (Instant Pot Thai Peanut Noodle)

0
22

ညစာကို ထမင္းမစားခ်င္ပဲ ထူးထူးျခားျခားနဲ႔ အရသာရွိတာေလး စားခ်င္တဲ့သူေတြ၊ သတ္သတ္လြတ္ပဲစားတဲ့ သူေတြအတြက္ အဆင္ေျပေစမယ့္ ထိုင္းေျမပဲေခါက္ဆြဲ ျပဳလုပ္နည္းေလးကို မွ်ေဝေပးခ်င္ပါတယ္။ လုပ္ရတာလြယ္ကူၿပီး မိနစ္သံုးဆယ္ေလာက္ပဲ အခ်ိန္ေပးလုပ္ရတာေၾကာင့္ အစားအေသာက္ခ်စ္သူေတြ အႀကိဳက္ေတြ႕ေစမွာပါ။ ထိုင္းေျမပဲေခါက္ဆြဲသုပ္ေလး ဖန္တီးဖို႔အတြက္ အိုးတလံုးသာလိုအပ္ၿပီး မိနစ္သံုးဆယ္အမ်ားဆံုးၾကာျမင့္တာေၾကာင့္ အလုပ္မ်ားတဲ့သူေတြအတြက္ အဆင္ေျပေစပါတယ္.။

ဒါ့အျပင္ ပဲငံျပာရည္၊ ပ်ားရည္၊ ေျမပဲေထာပတ္၊ ဆန္ရွာလကာရည္တို႔ပါဝင္တာေၾကာင့္ အရသာေရာ အာဟာရျပည့္ဝမႈပါ ေကာင္းမြန္ေစမွာျဖစ္ပါတယ္။ ပထမဆံုး ခ်က္မယ့္ဟင္းအိုးထဲမွာ ဆီပူထိုးၿပီး ၾကက္သြန္ျဖဴနဲ႔ ဂ်င္းကိုထည့္ၿပီးဆီသတ္ပါ။ ၾကက္သြန္ျဖဴနဲ႔ဂ်င္း အေရာင္ေျပာင္းလာတာနဲ႔ ဟင္းသီးဟင္းရြက္ေတြကို ထည့္ပါ။
ဟင္းသီးဟင္းရြက္ေတြကို မုန္လာဥနီ၊ ပန္းင႐ုတ္၊ ၾကက္သြန္စိမ္း တို႔ထည့္ၿပီး ေရာေမႊေပးပါ။ ၿပီးလွ်င္ ေဘးကိုကပ္ထားၿပီး အိုးရဲ႕အလယ္မွာ ပဲငံျပာရည္၊ ဆန္ရွာလကာရည္၊ ပ်ားရည္၊ ေျမပဲေထာပတ္နဲ႔ ဆားတို႔ကို ထည့္ပါ။ ေဆာ့ကိုရတာနဲ႔ အိုးရဲ႕အလယ္မွာပဲ စပါကတီေခါက္ဆြဲကိုထည့္ၿပီး ေမႊေပးပါ။ ၿပီးလွ်င္ ေရနည္းနည္းထည့္ၿပီး အဖံုးအုပ္ၿပီးေနာက္ ၄မိနစ္ေလာက္ ထားေပးပါ။ တကယ္လို႔ ေရမခန္းရင္ အဖံုးဖြင့္ၿပီးခဏထားေပးပါ။ က်က္ၿပီဆိုတာနဲ႔ ေထာင္းထားးတဲ့ ေျမပဲကိုအေပၚကျဖဴးၿပီး သံုးေဆာင္ႏိုင္ပါတယ္

ဗီဒီယိုမွတဆင့္ လြယ္ကူစြာေလ့လာပါ။

LM_Naung_Naung

Lifestyle_Myanmar

Ingredients

  • 2 tablespoons oil, I used vegetable oil
  • 4-5 garlic cloves, minced
  • 1 inch ginger, minced
  • 2 medium carrots, 100 grams, sliced thin
  • 1 medium red pepper, 200 grams, sliced thin
  • 3 stalks green onion, finely chopped
  • 2.5 tablespoons soy sauce
  • 1.5 tablespoons rice vinegar
  • 1.5 tablespoons honey, or to taste
  • 1 tablespoon sriracha, or to taste
  • 3 tabelspoons peanut butter
  • salt, to taste
  • 8 oz spaghetti, broken into half
  • 1.5 cups water, 12 oz
  • 2 tablespoons chopped cilantro
  • juice of 1 lime
  • crushed peanuts, to garnish

ထူးခြားတဲ့ညစာလေး ဖန်တီးဖို့အတွက် ထိုင်းမြေပဲခေါက်ဆွဲ (Instant Pot Thai Peanut Noodle)
ညစာကို ထမင်းမစားချင်ပဲ ထူးထူးခြားခြားနဲ့ အရသာရှိတာလေး စားချင်တဲ့သူတွေ၊ သတ်သတ်လွတ်ပဲစားတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် ထိုင်းမြေပဲခေါက်ဆွဲ ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလွယ်ကူပြီး မိနစ်သုံးဆယ်လောက်ပဲ အချိန်ပေးလုပ်ရတာကြောင့် အစားအသောက်ချစ်သူတွေ အကြိုက်တွေ့စေမှာပါ။ ထိုင်းမြေပဲခေါက်ဆွဲသုပ်လေး ဖန်တီးဖို့အတွက် အိုးတလုံးသာလိုအပ်ပြီး မိနစ်သုံးဆယ်အများဆုံးကြာမြင့်တာကြောင့် အလုပ်များတဲ့သူတွေအတွက် အဆင်ပြေစေပါတယ်.။ ဒါ့အပြင် ပဲငံပြာရည်၊ ပျားရည်၊ မြေပဲထောပတ်၊ ဆန်ရှာလကာရည်တို့ပါဝင်တာကြောင့် အရသာရော အာဟာရပြည့်ဝမှုပါ ကောင်းမွန်စေမှာဖြစ်ပါတယ်။
ပထမဆုံး ချက်မယ့်ဟင်းအိုးထဲမှာ ဆီပူထိုးပြီး ကြက်သွန်ဖြူနဲ့ ဂျင်းကိုထည့်ပြီးဆီသတ်ပါ။ ကြက်သွန်ဖြူနဲ့ဂျင်း အရောင်ပြောင်းလာတာနဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်ပါ။ ဟင်းသီးဟင်းရွက်တွေကို မုန်လာဥနီ၊ ပန်းငရုတ်၊ ကြက်သွန်စိမ်း တို့ထည့်ပြီး ရောမွှေပေးပါ။ ပြီးလျှင် ဘေးကိုကပ်ထားပြီး အိုးရဲ့အလယ်မှာ ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ ပျားရည်၊ မြေပဲထောပတ်နဲ့ ဆားတို့ကို ထည့်ပါ။ ဆော့ကိုရတာနဲ့ အိုးရဲ့အလယ်မှာပဲ စပါကတီခေါက်ဆွဲကိုထည့်ပြီး မွှေပေးပါ။
ပြီးလျှင် ရေနည်းနည်းထည့်ပြီး အဖုံးအုပ်ပြီးနောက် ၄မိနစ်လောက် ထားပေးပါ။ တကယ်လို့ ရေမခန်းရင် အဖုံးဖွင့်ပြီးခဏထားပေးပါ။ ကျက်ပြီဆိုတာနဲ့ ထောင်းထားးတဲ့ မြေပဲကိုအပေါ်ကဖြူးပြီး သုံးဆောင်နိုင်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here