ထူးခၽြန္တဲ့ကေလးေတြျဖစ္ေအာင္ေမြးထုတ္ေပးႏိုင္တဲ့ ႏိုင္ငံေက်ာ္ကိုယ္ပိုင္ေက်ာင္းဆရာေတြရဲ႕ အုပ္ထိန္းမႈနည္းစနစ္အခ်ိဳ႕

0
24
ထူးခၽြန္တဲ့ကေလးျဖစ္ေအာင္
ထူးခၽြန္တဲ့ကေလးျဖစ္ေအာင္

မာရီယာမြန္တက္ဆိုရီရဲ႕ အျမင္
မာရီယာမြန္တက္ဆိုရီ ဟာ ႏိုဘယ္ဆုအႀကိမ္ေပါင္းမ်ားစြာမွာ စာရင္းတင္သြင္းခံရသူျဖစ္ၿပီး ပညာေရးကိုအေလးထားတဲ့ႏိုင္ငံအမ်ားအျပားမွာ အခုထိေရပန္းစားျခင္းခံေနရတဲ့သူတစ္ဦးပဲျဖစ္ပါတယ္။ သူမရဲ႕ ကေလးေနမေကာင္းတဲ့ ၾကားထဲကေန အလုပ္လုပ္ၿပီးေဆးေက်ာင္းကို ၿပီးဆုံးေအာင္ တက္ခဲ့တဲ့ အီတလီႏိုင္ငံရဲ႕ ပထမဦးဆုံး အမ်ိဳးသမီးပဲျဖစ္ပါတယ္။ ကေလးေတြဟာ ေလးစားမႈနဲ႔ ထိုက္တန္တဲ့သူေတြပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိမိျပဳမူေစခ်င္တဲ့အရာကို အမိန္႔ေပးျခင္းထက္ ကေလးေတြကို ယဥ္ယဥ္ေက်းေက်းေတာင္းဆုိတာကပိုၿပီး သင့္ေတာ္ပါတယ္လို႔ဆိုပါတယ္။ အထက္က ကေလးေတြကိုမၾကည့္ပါနဲ႔။ ကိုယ္နဲ႔တန္းတူက်တဲ့ကေလးေတြနဲ႔သာႏိႈင္ယွဥ္ၾကည့္ႏိုင္ေအာင္ ႀကိဳးစားပါ။ ကေလးေတြကို သူတို႔ကိုယ္တိုင္အလုပ္လုပ္ေစခ်င္လွ်င္ သူတို႔ရဲ႕အလုပ္မွာ ကိုယ္က ေထာက္ပံ့မႈေပးဖို႔ အၿမဲလိုအပ္ပါတယ္။(ဥပမာ သင့္ကေလးဟာ ကိုယ္ဝတ္တဲ့အဝတ္ကို ဂ်ိတ္မွာ သူကိုယ္တိုင္ခ်ိတ္ေစခ်င္တယ္ပဲစိုပါေတာ့။ ဒါေပမဲ့ အက်ၤ ီခ်ိတ္မဲ့ ေနရာကသူ႔အရပ္နဲ႔အမွီဘူးဆို ဒီေနရာမွ သူအက်ီ ၤခ်ိတ္လို႔ရေအာင္ သင့္အေနနဲ႔ ခုံ/ ကုလားထိုင္ တစ္လုံးလုံးထားေပးတာပဲျဖစ္ျဖစ္ ျပဳလုပ္ေပးသင့္ပါတယ္။) သင္က သူတို႔ရဲ႕ ခံစားခ်က္ကို နားလည္ၿပီး ဒီလိုေထာက္ပံ့ေပးလိုက္တဲ့အတြက္ သူတို႔ရဲ႕ ဘဝကိုလည္းယုံၾကည္မႈရွိရွိနဲ႔ ႀကီးျပင္းႏိုင္မွာျဖစ္ပါတယ္။

အီတလီစိတ္ပညာရွင္ Loris Malaguzzi ရဲ႕အျမင္
Loris Malaguzzi ရဲ႕ ေလ့လာမႈအရ ကေလးတစ္ဦးတိုင္းဟာ သူတို႔ရဲ႕ဘာသာစကားကို ကၽြမ္းကၽြမ္းက်င္က်င္ ေျပာဆိုႏိုင္ၾကတယ္။ ဒါေပမဲ့ ကမာၻေပၚမွာ ဘာသာစကားမွ အဓိပၸာယ္အားလုံးကိုေဖာ္ေဆာင္ႏိုင္တာမဟုတ္ပါဘူး။ ဘာသာစကားတစ္ခုတတ္႐ုံနဲ႔ အဓိပၸာယ္အားလုံးျပည့္စုံသြားၿပီလို႔မထင္ပါနဲ႔။ ကေလးငယ္ေတြမွာ စိတ္ခံစားမႈအလုိက္ျဖစ္ေပၚလာတဲ့ ေျပာျပလို႔မရဘဲ အဓိပၸာယ္ေတြရွိတဲ့ အမူအက်င့္ေတြအမ်ားႀကီးရွိပါတယ္။ ဥပမာ ပုံဆြဲတာပဲျဖစ္ျဖစ္၊ သီခ်င္းဆိုတာပဲျဖစ္ျဖစ္၊ ကစားတာပဲျဖစ္ျဖစ္ ဒီအမူအက်င့္ေတြကေန ေဖာ္ျပေနတဲ့ အဓိပၸာယ္ေတြမ်ားစြာရွိပါတယ္။ ဒါေပမဲ့ အရြယ္ေရာက္တဲ့အခါ မိဘေတြက ဒီအက်င့္ေတြကို ေဖ်ာက္ျဖတ္ပစ္ဖို႔ႀကိဳးစားၾကပါတယ္။ မိဘေတြက မိမိတို႔သားသမီးေတြ မိမိတို႔ရဲ႕ စကားကို နားေထာင္ဖို႔အတြက္ သူတို႔ရဲ႕ ခံစားခ်က္ဘာသာစကားကို အရင္ဆုံးနားလည္သေဘာေပါက္ဖို႔လိုအပ္ပါတယ္။
အေျဖတစ္ခုမွားတဲ့အခါ မွားေၾကာင္းကို ေျပာဆိုေနတာထက္ ဘာေၾကာင့္ သူဒီအေျဖကို ဒီလိုေျဖလိုက္သလဲ ဘယ္လိုေတြးေခၚမႈနဲ႔ ဒီလိုလုပ္လိုက္သလဲဆိုတဲ့ ရင္းျမစ္ကို သိေအာင္အရင္ေလ့လာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္အျမင္ခ်င္းမတူညီႏိုင္သလိုေတြးေခၚမႈပိုင္းမွာလည္း ကြားျခားမႈရွိေနႏိုင္ပါတယ္။ သင့္အျမင္မွာ မွားေနတယ္လို႔ယူဆထားေပမဲ့ သူေနရာကဝင္ၾကည့္ရင္ေတာ့ မွန္ခ်င္မွန္ေနတတ္တာေၾကာင့္ သင့္အေနနဲ႔ ကိုယ့္အျမင္တစ္ခုတည္းနဲ႔ ဆုံးျဖတ္ၿပီး ေကာက္ခ်က္ခ်ဖို႔ မသင့္ေတာ္ဘူးလို႔ ထင္ပါတယ္။

Waldorf ေက်ာင္းရဲ႕ Rudoif Steiner အျမင္
Waldorf ေက်ာင္းေတြမွာဆို သူတို႔ခ်စ္ျမတ္ႏိုးတဲ့ စိတ္ကူးကို လက္ေတြ႕အေကာင္အထည္ေဖာ္ၿပီး ဖန္တီးႏိုင္မႈစြမ္းရည္ကို ရွာေဖြေပးတဲ့အျပင္ ယုံၾကည္မႈရွိတဲ့သူတစ္ဦးျဖစ္ေအာင္ျပဳစုပ်ိဳးေထာင္ေပးေနတာပဲျဖစ္ပါတယ္။ Rudoif Steiner ရဲ႕အျမင္အရ ကေလးငယ္ေတြအတြက္အိမ္တံခါးအျပင္ကေလာကမွာ ပိုၿပီး အခ်ိန္ေပးသင့္ပါတယ္။ အျပင္ေလာကမွာရွိတဲ့ သဘာဝအလွတရားေတြက စိတ္ကိုပိုမိုႏူးည့ံေစသလို ေနာက္ပိုင္းမွာလည္း ပတ္ဝန္းက်င္နဲ႔အညီ လိုက္ေလ်ာညီေထြ ေနႏိုင္ဖို႔အတြက္အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့အျပင္ ႐ုိးရွင္းတဲ့ ကစားစရာတစ္ခုကို ဝယ္ေပးလိုက္တာထက္သူကိုယ္တိုင္ သစ္သားတုံးတစ္တုံးကိုကစားစရာအျဖင့္ ကိုယ္တိုင္ဖန္တီးလိုက္တာ သူ႔ရဲ႕ စိတ္ကူးစိတ္သန္းနဲ႔ ဦးေႏွာက္ကို ပိုမိုဖြံ႕ၿဖိဳးေစပါတယ္။ ေနာင္အခါမွာ သူမ်ားဆီက ရတဲ့ အႀကံဉာဏ္ထက္ ကိုယ္ပိုင္အစြမ္းအစကို ပိုၿပီး အားကိုယ္ခ်င္စိတ္ျဖစ္ေပၚၿပီး ယုံၾကည္မႈလည္းရွိေစပါတယ္လို႔ဆိုပါတယ္။

John Dewey ရဲ႕ ကေလးေတြအေပၚပညာေရးအျမင္
အေမရိကန္မွာေတာ့ Dewey ဟာ တိုးတက္ေသာပညာေရးဖခင္လို႔ေတာင္ အမည္ေပးထားတဲ့သူတစ္ဦးပဲျဖစ္ပါတယ္။ ကေလးေတြရဲ႕ အႀကီးမားဆုံး ဆုံး႐ႈံးမႈကိုျဖစ္ေစႏိုင္တာ ရွက္ေၾကာက္ျခင္းေၾကာင့္ပါပဲ။ ရွက္ေၾကာက္ျခင္းဟာ သူတို႔ မေအာင္ျမင္ဖို႔အတြက္ မ်ားစြာေသာ အတားအဆီးတစ္ခုျဖစ္ပါတယ္။ ကေလးငယ္ေတြအတြက္ ကိုယ္တိုင္လိုက္လုပ္ေပးေနမဲ့အစား သူတို႔အတြက္ နည္းလမ္းခ်ျပေပးဖို႔တစ္ခုခုလုပ္သင့္ပါတယ္။ သူတို႔ရဲ႕ လႈပ္ရွားမႈအဆုံးသတ္ရလဒ္ဟာ သူတို႔ရဲ႕ အရည္အခ်င္း/သူတို႔ရဲ႕ ဦးေဆာင္မႈကိုလမ္းျပေပးပါလိမ့္မယ္။ သူတို႔ရဲ႕ စိတ္ကူးစိတ္သန္းကို အေကာင္အထည္ေဖာ္ႏိုင္ဖို႕အတြက္ ရွက္ေၾကာက္ျခင္းတရားကို မေမြးျမဴမိေအာင္ ကၽြန္ေတာ္တို႔အေနနဲ႔ ဝိုင္းဝန္း ထိန္းသိမ္းဖို႔လိုအပ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သင့္ကေလးကို သဘာဝအတိုင္း အဂၤလိပ္စာေလ့လာႏိုင္ရန္ အၾကံျပဳခ်က္မ်ား


Unicode

ထူးချွန်တဲ့ကလေးတွေဖြစ်အောင်မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံကျော်ကိုယ်ပိုင်ကျောင်းဆရာတွေရဲ့ အုပ်ထိန်းမှုနည်းစနစ်အချို့
မာရီယာမွန်တက်ဆိုရီရဲ့ အမြင်
မာရီယာမွန်တက်ဆိုရီ ဟာ နိုဘယ်ဆုအကြိမ်ပေါင်းများစွာမှာ စာရင်းတင်သွင်းခံရသူဖြစ်ပြီး ပညာရေးကိုအလေးထားတဲ့နိုင်ငံအများအပြားမှာ အခုထိရေပန်းစားခြင်းခံနေရတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ ကလေးနေမကောင်းတဲ့ ကြားထဲကနေ အလုပ်လုပ်ပြီးဆေးကျောင်းကို ပြီးဆုံးအောင် တက်ခဲ့တဲ့ အီတလီနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးပဲဖြစ်ပါတယ်။ ကလေးတွေဟာ လေးစားမှုနဲ့ ထိုက်တန်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိပြုမူစေချင်တဲ့အရာကို အမိန့်ပေးခြင်းထက် ကလေးတွေကို ယဉ်ယဉ်ကျေးကျေးတောင်းဆိုတာကပိုပြီး သင့်တော်ပါတယ်လို့ဆိုပါတယ်။ အထက်က ကလေးတွေကိုမကြည့်ပါနဲ့။ ကိုယ်နဲ့တန်းတူကျတဲ့ကလေးတွေနဲ့သာနှိုင်ယှဉ်ကြည့်နိုင်အောင် ကြိုးစားပါ။ ကလေးတွေကို သူတို့ကိုယ်တိုင်အလုပ်လုပ်စေချင်လျှင် သူတို့ရဲ့အလုပ်မှာ ကိုယ်က ထောက်ပံ့မှုပေးဖို့ အမြဲလိုအပ်ပါတယ်။(ဥပမာ သင့်ကလေးဟာ ကိုယ်ဝတ်တဲ့အဝတ်ကို ဂျိတ်မှာ သူကိုယ်တိုင်ချိတ်စေချင်တယ်ပဲစိုပါတော့။ ဒါပေမဲ့ အကျင်္ ီချိတ်မဲ့ နေရာကသူ့အရပ်နဲ့အမှီဘူးဆို ဒီနေရာမှ သူအကျီ င်္ချိတ်လို့ရအောင် သင့်အနေနဲ့ ခုံ/ ကုလားထိုင် တစ်လုံးလုံးထားပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးသင့်ပါတယ်။) သင်က သူတို့ရဲ့ ခံစားချက်ကို နားလည်ပြီး ဒီလိုထောက်ပံ့ပေးလိုက်တဲ့အတွက် သူတို့ရဲ့ ဘဝကိုလည်းယုံကြည်မှုရှိရှိနဲ့ ကြီးပြင်းနိုင်မှာဖြစ်ပါတယ်။

အီတလီစိတ်ပညာရှင် Loris Malaguzzi ရဲ့အမြင်
Loris Malaguzzi ရဲ့ လေ့လာမှုအရ ကလေးတစ်ဦးတိုင်းဟာ သူတို့ရဲ့ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ကြတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဘာသာစကားမှ အဓိပ္ပာယ်အားလုံးကိုဖော်ဆောင်နိုင်တာမဟုတ်ပါဘူး။ ဘာသာစကားတစ်ခုတတ်ရုံနဲ့ အဓိပ္ပာယ်အားလုံးပြည့်စုံသွားပြီလို့မထင်ပါနဲ့။ ကလေးငယ်တွေမှာ စိတ်ခံစားမှုအလိုက်ဖြစ်ပေါ်လာတဲ့ ပြောပြလို့မရဘဲ အဓိပ္ပာယ်တွေရှိတဲ့ အမူအကျင့်တွေအများကြီးရှိပါတယ်။ ဥပမာ ပုံဆွဲတာပဲဖြစ်ဖြစ်၊ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ ကစားတာပဲဖြစ်ဖြစ် ဒီအမူအကျင့်တွေကနေ ဖော်ပြနေတဲ့ အဓိပ္ပာယ်တွေများစွာရှိပါတယ်။ ဒါပေမဲ့ အရွယ်ရောက်တဲ့အခါ မိဘတွေက ဒီအကျင့်တွေကို ဖျောက်ဖြတ်ပစ်ဖို့ကြိုးစားကြပါတယ်။ မိဘတွေက မိမိတို့သားသမီးတွေ မိမိတို့ရဲ့ စကားကို နားထောင်ဖို့အတွက် သူတို့ရဲ့ ခံစားချက်ဘာသာစကားကို အရင်ဆုံးနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။
အဖြေတစ်ခုမှားတဲ့အခါ မှားကြောင်းကို ပြောဆိုနေတာထက် ဘာကြောင့် သူဒီအဖြေကို ဒီလိုဖြေလိုက်သလဲ ဘယ်လိုတွေးခေါ်မှုနဲ့ ဒီလိုလုပ်လိုက်သလဲဆိုတဲ့ ရင်းမြစ်ကို သိအောင်အရင်လေ့လာပါ။ တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းမတူညီနိုင်သလိုတွေးခေါ်မှုပိုင်းမှာလည်း ကွားခြားမှုရှိနေနိုင်ပါတယ်။ သင့်အမြင်မှာ မှားနေတယ်လို့ယူဆထားပေမဲ့ သူနေရာကဝင်ကြည့်ရင်တော့ မှန်ချင်မှန်နေတတ်တာကြောင့် သင့်အနေနဲ့ ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီး ကောက်ချက်ချဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်။

Waldorf ကျောင်းရဲ့ Rudoif Steiner အမြင်
Waldorf ကျောင်းတွေမှာဆို သူတို့ချစ်မြတ်နိုးတဲ့ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ပြီး ဖန်တီးနိုင်မှုစွမ်းရည်ကို ရှာဖွေပေးတဲ့အပြင် ယုံကြည်မှုရှိတဲ့သူတစ်ဦးဖြစ်အောင်ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။ Rudoif Steiner ရဲ့အမြင်အရ ကလေးငယ်တွေအတွက်အိမ်တံခါးအပြင်ကလောကမှာ ပိုပြီး အချိန်ပေးသင့်ပါတယ်။ အပြင်လောကမှာရှိတဲ့ သဘာဝအလှတရားတွေက စိတ်ကိုပိုမိုနူးည့ံစေသလို နောက်ပိုင်းမှာလည်း ပတ်ဝန်းကျင်နဲ့အညီ လိုက်လျောညီထွေ နေနိုင်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ရိုးရှင်းတဲ့ ကစားစရာတစ်ခုကို ဝယ်ပေးလိုက်တာထက်သူကိုယ်တိုင် သစ်သားတုံးတစ်တုံးကိုကစားစရာအဖြင့် ကိုယ်တိုင်ဖန်တီးလိုက်တာ သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဦးနှောက်ကို ပိုမိုဖွံ့ဖြိုးစေပါတယ်။ နောင်အခါမှာ သူများဆီက ရတဲ့ အကြံဉာဏ်ထက် ကိုယ်ပိုင်အစွမ်းအစကို ပိုပြီး အားကိုယ်ချင်စိတ်ဖြစ်ပေါ်ပြီး ယုံကြည်မှုလည်းရှိစေပါတယ်လို့ဆိုပါတယ်။

John Dewey ရဲ့ ကလေးတွေအပေါ်ပညာရေးအမြင်
အမေရိကန်မှာတော့ Dewey ဟာ တိုးတက်သောပညာရေးဖခင်လို့တောင် အမည်ပေးထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကိုဖြစ်စေနိုင်တာ ရှက်ကြောက်ခြင်းကြောင့်ပါပဲ။ ရှက်ကြောက်ခြင်းဟာ သူတို့ မအောင်မြင်ဖို့အတွက် များစွာသော အတားအဆီးတစ်ခုဖြစ်ပါတယ်။ ကလေးငယ်တွေအတွက် ကိုယ်တိုင်လိုက်လုပ်ပေးနေမဲ့အစား သူတို့အတွက် နည်းလမ်းချပြပေးဖို့တစ်ခုခုလုပ်သင့်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုအဆုံးသတ်ရလဒ်ဟာ သူတို့ရဲ့ အရည်အချင်း/သူတို့ရဲ့ ဦးဆောင်မှုကိုလမ်းပြပေးပါလိမ့်မယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရှက်ကြောက်ခြင်းတရားကို မမွေးမြူမိအောင် ကျွန်တော်တို့အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here