ထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေး ပိုင်ရှင်များအဖြစ် ဖော်ပြနေတဲ့လက္ခဏာ (၁၁) ချက်

0
599

လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ဖော်ထုတ်ဖို့အတွက် IQ test တွေနဲ့ အမြဲဖော်ထုတ်ဖို့ မလိုအပ်ပါဘူး။ သူတို့ရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကနေ အဆိုပါဉာဏ်ကြီးရှင်များကို ခန့်မှန်းနိုင်ကြောင်း သုတေသီများက ယုံကြည်ခဲ့ကြတာကြောင့် ယခုဖော်ပြမယ့် အချက် (၁၁) ချက်နဲ့တိုင်းတာနိုင်ကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် Lifestyle Myanmar ပရိသတ်တွေလည်း ကိုယ်တိုင်ခွဲခြားစိတ်ဖြာကြည့်ပြီး ကိုယ်ဟာ ထူးခြားတဲ့ဉာဏ်ရည်ပိုင်ရှင်လားဆိုတာ ဆန်းစစ်ကြည့်ရအောင်လား။

-Advertisement-

၁။ သင့်ကိုလိမ်လည်ရင် စိတ်ကအလိုလိုသိနေတတ်တယ်
တစ်စုံတစ်ယောက်က သင့်ကိုလှည့်စားဖို့ ကြိုးစားခဲ့ရင် စိတ်ကအလိုလိုရိပ်မိနေတတ်ပြီး သူတို့ကိုလှည့်စားခွင့်မပေးတတ်ပါဘူး။ သင်ဟာအမြဲတမ်း သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ ဆန္ဒတွေ၊ လှုံ့ဆော်မှုတော်ကီတွေကို အမြဲတမ်းခြေတလှမ်းအသာကနေ နားလည်သဘောပေါက်နေတာကြောင့် သူတို့ပါးစပ်ဟလိုက်တာနဲ့ ဘာကိုရည်ရွယ်တာလဲဆိုတာ သင်ကသိနေတာဖြစ်ပါတယ်။

၂။ သင်ဟာ ပြည့်ဝတဲ့လူတစ်တစ်ယောက်ပါ
သင်ဟာ သင့်ရဲ့ချစ်သူကို ဘယ်လောက်ပဲချစ်ချစ် သင့်ဘဝတစ်ခုလုံးကို သူ့ရဲ့ဘေးမှာပဲ လှည့်ပတ်နေခွင့်မပြုပါဘူး။ သင့်မှာကိုယ်ပိုင်ဘဝတစ်ခုရှိတာကြောင့် သင့်ရဲ့အလုပ်၊ ဆွေမျိုးများ နဲ့ဝါသနာအပေါ်ကို ဘယ်တော့မှ လစ်ဟင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်မှာချစ်သူပဲရှိရှိ၊ အိမ်ထောင်ပြုဖို့ပဲ စီစဉ်စီစဉ် သင့်ကိုယ်သင်အရာရာပြည့်စုံပြီးသား လူတစ်ယောက်လို့ခေါ်ဆိုနိုင်ပါတယ်။

၃။ တစ်ခါတစ်ရံတွေမှာ သင်ဟာရှုပ်ထွေးနေအောင် နေတယ်
သင့်ရဲ့တိုက်ခန်းဟာ အမြဲတမ်း သန့်ရှင်းပြီးသပ်ယပ်နေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ခါတစ်လေ ပွစာကြဲနေတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သန့်ရှင်းရေးလုပ်တာထက် ပိုပြီးအရေးကြီးတဲ့အရာတွေကိုပဲ လုပ်တတ်တာကြောင့် ရှုပ်ပွနေလည်း ဂရုမစိုက်တတ်တာပါ။

၄။ သင့်ကိုယ်သင် မညာတတ်ဘူး
လူအတော်များများဟာ မရှိတာကိုအရှိလုပ်တတ်ကြသလို ကိုယ့်ကိုကိုယ်ညာဖို့အတွက် ဝန်မလေးတတ်ကြပေမယ့် intelligent person တွေကတော့ အရာရာကို အမှန်အတိုင်းလက်ခံတတ်ကြပါတယ်။ ဒီလိုအမူအကျင့်တွေက သူတို့ဘဝအောင်မြင်မှုအတွက် ကောင်းမွန်တဲ့အားစိုက်မှုတွေဆီ တွန်းအားပေးတတ်ပါတယ်။

၅။သင်လိုအပ်တဲ့အချိန်တိုင်း သင့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တတ်တယ်
ဉာဏ်ရည်ထက်မြက်တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့စိတ်ရင်းအတိုင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ချိုးနှိမ်ချင်မှာ မဟုတ်သော်လည်း ခံစားချက်ကို အကောင်းဆုံးထိန်းချုပ်တတ်ကြပါတယ်။ ဒါကြောင့် အရှုံးတွေ၊ မကျေနပ်မှုတွေကိုကြုံလာတဲ့အခါ ထူးထူးခြားဖြစ်လောက်အောင် အမူအယာမပျက်ကြပဲ ဖြစ်သမျှအကြောင်း အကောင်းကြီးပဲဆိုတဲ့ ပုံစံမျိုးနဲ့ နေတတ်ကြပါတယ်။

၆။ အမြဲတမ်း အစီအစဉ်တွေကို ချမှတ်တတ်တယ်
သူတို့ဟာ အရေးကြီးတဲ့အချိန်တိုင်းမှာ ချက်ချင်းလက်ငင်းဆိုသလို စိတ်ကူးတွေကို အကောင်အထည်ဖော်ရတကို နှစ်သက်ကြပါတယ်။ ဒါကြောင့် အခြေအနေအရပ်ရပ်ကို မြန်ဆန်စွာသုံးသပ်တတ်ပြီး အဖြစ်နိုင်ဆုံး ရွေးချယ်ရာတစ်ခုခုကို လက်ငင်းဆုံးဖြတ်တတ်ကြပါတယ်။

၇။ တခါတလေမှာ အပျင်းတစ်ယောက်နဲ့ တူနေတယ်
သုတေသန အသစ်တစ်ခုကတော့ ဉာဏ်ရည်ထက်မြက်တဲ့လူတွေဟာ ကာယအားထက်ဉာဏအားကို ပိုအားကိုးတတ်တာကြောင့် ပတ်ဝန်းကျင်မှာ နည်းနည်းအပျင်းကြီးသလို ထင်ရစေပါတယ်လို့ ဆိုပါတယ်။ လေ့လာမှုအနေအနေနဲ့ အတွေးသမားအုပ်စုရယ် တက်ကြွတဲ့သူတွေရယ်ဆိုပြီး အုပ်စုနှစ်စုကို အခြေခံပြီး လေ့လာခဲ့ပါတယ်။ ဒုတိယအုပ်စုကတော့ သူ့တို့ရဲ့အလုပ်ကိုတက်ကြွစွာလုပ်ဆောင်ဖို့ စိတ်ကိုပိုပြီး လှုံ့ဆော်နိုင်ပါတယ်။ အတွေးသမားအုပ်စုကတော့ လှုပ်ရှားမှုနည်းပါးစွာနဲ့ အခြားသူတွေကနေတဆင့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့နှစ်သက်ကြပါတယ်။ ဒါကြောင့် တက်ကြွတဲ့သူတွေဟာ စိတ်ရှုပ်ဖို့ပိုမိုလွယ်ကူတတ်ပြီး ခံစားချက်တွေကို ပြန်လည်ဖြည့်တင်းဖို့ သူတို့အားလပ်ချိန်ရဲ့အခြားလှုပ်ရှားမှုတွေကို အသုံးချရပါတယ်။

၈။ သင်ဟာအတိတ်မှာပဲ ရပ်မနေတတ်ဖူး
သင်ဟာသင့်ရဲ့အတိတ်ကအတွေ့အကြုံတွေနဲ့ မှတ်ဉာဏ်တွေကို တန်ဖိုးထားတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပြောခဲ့တဲ့စကားတွေ၊ လုပ်ခဲ့တဲ့အရာတွေအပေါ်မှာ ပြန်လည်နေထိုင်ခြင်းကို မနှစ်သက်တတ်ပါဘူး။ ဒါကြောင့် လက်ရှိပစ္စုုပ္ပန်မှာသာ နေထိုင်တတ်ပြီး အနာဂတ်အတွက် စိတ်ကူးတွေ အစီအစဉ်တွေကို ချမှတ်နေတတ်ပါတယ်။ ဒီအတွက်လည်း သင်ပျော်နေပါလိမ့်မယ်။

၉။ အမှားတွေကို လုပ်တတ်တယ်
အရူးတွေသာ သင်အမှားလုပ်မိတဲ့အခါ အရှက်ရလိမ့်မယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် အမှားလုပ်တယ်ဆိုတာဟာ ဘဝကိုရှေ့ဆက်ဖို့အတွက် အစိတ်အပိုင်းတွေ ဖြစ်ကြောင်း သင်ကနားလည်ပြီး အမှားတွေကို ထပ်ခါမပြုလုပ်မိအောင် ရှောင်ကျဉ်ပါလိမ့်မယ်။

၁၀။ အခြားသူတွေကို သက်သေပြဖို့ မကြိုးစားတတ်ဖူး
သင်ဟာ သင့်ရဲ့ထူးချွန်မှုတွေကို အခြားသူတွေအားမကြွားဝါတတ်သလို သင်ဘယ်လောက်စမတ်ကျကြောင်းကို ဘယ်တော့မှမသိစေပါဘူး။ လူတွေကသာ သင့်လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်ခြင်းကို နှစ်သက်ပါတယ်။ အရှုးတွေကသာ အခြားသူတွေကို သူဘယ်လောက်တော်ကြောင်း တမင်ထုတ်ဖော်ပြတတ်ပြီး ကိုယ်ရည်သွေးတတ်ကြပါတယ်။

၁၁။ သင့်ရဲ့လက်ချောင်းတွေကလည်း ပြောပြနေတယ်
ဦးနှောက်နှင့်အပြုအမူသုတေသနရဲ့ ပုံနှိပ်ထုတ်ဝေမှု အဆိုအရ သင့်ရဲ့လက်ညှိုးနဲ့ လက်သူကြွယ်ကလည်း သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ဖော်ပြနေတယ်လို့ ဆိုထားပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Zawgyi Font

ထူးျခားတဲ့ဉာဏ္ရည္ဉာဏ္ေသြး ပိုင္ရွင္မ်ားအျဖစ္ ေဖာ္ျပေနတဲ့လကၡဏာ (၁၁) ခ်က္

လူတစ္ေယာက္ရဲ႕ စိတ္ပိုင္းဆိုင္ရာ စြမ္းရည္ေတြကို ေဖာ္ထုတ္ဖို႔အတြက္ IQ test ေတြနဲ႔ အၿမဲေဖာ္ထုတ္ဖို႔ မလိုအပ္ပါဘူး။ သူတို႔ရဲ႕ေန႔စဥ္ဘဝလႈပ္ရွားမႈေတြ၊ ေပါင္းသင္းဆက္ဆံေရးေတြကေန အဆိုပါဉာဏ္ႀကီးရွင္မ်ားကို ခန႔္မွန္းႏိုင္ေၾကာင္း သုေတသီမ်ားက ယုံၾကည္ခဲ့ၾကတာေၾကာင့္ ယခုေဖာ္ျပမယ့္ အခ်က္ (၁၁) ခ်က္နဲ႔တိုင္းတာႏိုင္ေၾကာင္း ေဖာ္ထုတ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ Lifestyle Myanmar ပရိသတ္ေတြလည္း ကိုယ္တိုင္ခြဲျခားစိတ္ျဖာၾကည့္ၿပီး ကိုယ္ဟာ ထူးျခားတဲ့ဉာဏ္ရည္ပိုင္ရွင္လားဆိုတာ ဆန္းစစ္ၾကည့္ရေအာင္လား။

၁။ သင့္ကိုလိမ္လည္ရင္ စိတ္ကအလိုလိုသိေနတတ္တယ္
တစ္စုံတစ္ေယာက္က သင့္ကိုလွည့္စားဖို႔ ႀကိဳးစားခဲ့ရင္ စိတ္ကအလိုလိုရိပ္မိေနတတ္ၿပီး သူတို႔ကိုလွည့္စားခြင့္မေပးတတ္ပါဘူး။ သင္ဟာအၿမဲတမ္း သူတို႔ရဲ႕ရည္႐ြယ္ခ်က္ေတြ၊ ဆႏၵေတြ၊ လႈံ႕ေဆာ္မႈေတာ္ကီေတြကို အၿမဲတမ္းေျခတလွမ္းအသာကေန နားလည္သေဘာေပါက္ေနတာေၾကာင့္ သူတို႔ပါးစပ္ဟလိုက္တာနဲ႔ ဘာကိုရည္႐ြယ္တာလဲဆိုတာ သင္ကသိေနတာျဖစ္ပါတယ္။

၂။ သင္ဟာ ျပည့္ဝတဲ့လူတစ္တစ္ေယာက္ပါ
သင္ဟာ သင့္ရဲ႕ခ်စ္သူကို ဘယ္ေလာက္ပဲခ်စ္ခ်စ္ သင့္ဘဝတစ္ခုလုံးကို သူ႔ရဲ႕ေဘးမွာပဲ လွည့္ပတ္ေနခြင့္မျပဳပါဘူး။ သင့္မွာကိုယ္ပိုင္ဘဝတစ္ခုရွိတာေၾကာင့္ သင့္ရဲ႕အလုပ္၊ ေဆြမ်ိဳးမ်ား နဲ႔ဝါသနာအေပၚကို ဘယ္ေတာ့မွ လစ္ဟင္းမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္မွာခ်စ္သူပဲရွိရွိ၊ အိမ္ေထာင္ျပဳဖို႔ပဲ စီစဥ္စီစဥ္ သင့္ကိုယ္သင္အရာရာျပည့္စုံၿပီးသား လူတစ္ေယာက္လို႔ေခၚဆိုႏိုင္ပါတယ္။

၃။ တစ္ခါတစ္ရံေတြမွာ သင္ဟာရႈပ္ေထြးေနေအာင္ ေနတယ္
သင့္ရဲ႕တိုက္ခန္းဟာ အၿမဲတမ္း သန႔္ရွင္းၿပီးသပ္ယပ္ေနမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ တစ္ခါတစ္ေလ ပြစာႀကဲေနတတ္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သန႔္ရွင္းေရးလုပ္တာထက္ ပိုၿပီးအေရးႀကီးတဲ့အရာေတြကိုပဲ လုပ္တတ္တာေၾကာင့္ ရႈပ္ပြေနလည္း ဂ႐ုမစိုက္တတ္တာပါ။

၄။ သင့္ကိုယ္သင္ မညာတတ္ဘူး
လူအေတာ္မ်ားမ်ားဟာ မရွိတာကိုအရွိလုပ္တတ္ၾကသလို ကိုယ့္ကိုကိုယ္ညာဖို႔အတြက္ ဝန္မေလးတတ္ၾကေပမယ့္ intelligent person ေတြကေတာ့ အရာရာကို အမွန္အတိုင္းလက္ခံတတ္ၾကပါတယ္။ ဒီလိုအမူအက်င့္ေတြက သူတို႔ဘဝေအာင္ျမင္မႈအတြက္ ေကာင္းမြန္တဲ့အားစိုက္မႈေတြဆီ တြန္းအားေပးတတ္ပါတယ္။

၅။သင္လိုအပ္တဲ့အခ်ိန္တိုင္း သင့္ရဲ႕စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္တတ္တယ္
ဉာဏ္ရည္ထက္ျမက္တဲ့ လူတစ္ေယာက္ဟာ သူ႔ရဲ႕စိတ္ရင္းအတိုင္း ျဖစ္ေပၚလာတဲ့ ခံစားခ်က္ကို ခ်ိဳးႏွိမ္ခ်င္မွာ မဟုတ္ေသာ္လည္း ခံစားခ်က္ကို အေကာင္းဆုံးထိန္းခ်ဳပ္တတ္ၾကပါတယ္။ ဒါေၾကာင့္ အရႈံးေတြ၊ မေက်နပ္မႈေတြကိုႀကဳံလာတဲ့အခါ ထူးထူးျခားျဖစ္ေလာက္ေအာင္ အမူအယာမပ်က္ၾကပဲ ျဖစ္သမွ်အေၾကာင္း အေကာင္းႀကီးပဲဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ေနတတ္ၾကပါတယ္။

၆။ အၿမဲတမ္း အစီအစဥ္ေတြကို ခ်မွတ္တတ္တယ္
သူတို႔ဟာ အေရးႀကီးတဲ့အခ်ိန္တိုင္းမွာ ခ်က္ခ်င္းလက္ငင္းဆိုသလို စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ရတကို ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ အေျခအေနအရပ္ရပ္ကို ျမန္ဆန္စြာသုံးသပ္တတ္ၿပီး အျဖစ္ႏိုင္ဆုံး ေ႐ြးခ်ယ္ရာတစ္ခုခုကို လက္ငင္းဆုံးျဖတ္တတ္ၾကပါတယ္။

၇။ တခါတေလမွာ အပ်င္းတစ္ေယာက္နဲ႔ တူေနတယ္
သုေတသန အသစ္တစ္ခုကေတာ့ ဉာဏ္ရည္ထက္ျမက္တဲ့လူေတြဟာ ကာယအားထက္ဉာဏအားကို ပိုအားကိုးတတ္တာေၾကာင့္ ပတ္ဝန္းက်င္မွာ နည္းနည္းအပ်င္းႀကီးသလို ထင္ရေစပါတယ္လို႔ ဆိုပါတယ္။ ေလ့လာမႈအေနအေနနဲ႔ အေတြးသမားအုပ္စုရယ္ တက္ႂကြတဲ့သူေတြရယ္ဆိုၿပီး အုပ္စုႏွစ္စုကို အေျခခံၿပီး ေလ့လာခဲ့ပါတယ္။ ဒုတိယအုပ္စုကေတာ့ သူ႔တို႔ရဲ႕အလုပ္ကိုတက္ႂကြစြာလုပ္ေဆာင္ဖို႔ စိတ္ကိုပိုၿပီး လႈံ႕ေဆာ္ႏိုင္ပါတယ္။ အေတြးသမားအုပ္စုကေတာ့ လႈပ္ရွားမႈနည္းပါးစြာနဲ႔ အျခားသူေတြကေနတဆင့္ ျပႆနာအရပ္ရပ္ကို ေျဖရွင္းဖို႔ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ တက္ႂကြတဲ့သူေတြဟာ စိတ္ရႈပ္ဖို႔ပိုမိုလြယ္ကူတတ္ၿပီး ခံစားခ်က္ေတြကို ျပန္လည္ျဖည့္တင္းဖို႔ သူတို႔အားလပ္ခ်ိန္ရဲ႕အျခားလႈပ္ရွားမႈေတြကို အသုံးခ်ရပါတယ္။

၈။ သင္ဟာအတိတ္မွာပဲ ရပ္မေနတတ္ဖူး
သင္ဟာသင့္ရဲ႕အတိတ္ကအေတြ႕အႀကဳံေတြနဲ႔ မွတ္ဉာဏ္ေတြကို တန္ဖိုးထားတတ္ပါတယ္။ ဒါေပမယ့္ ဘယ္လိုေျပာခဲ့တဲ့စကားေတြ၊ လုပ္ခဲ့တဲ့အရာေတြအေပၚမွာ ျပန္လည္ေနထိုင္ျခင္းကို မႏွစ္သက္တတ္ပါဘူး။ ဒါေၾကာင့္ လက္ရွိပစၥဳုပၸန္မွာသာ ေနထိုင္တတ္ၿပီး အနာဂတ္အတြက္ စိတ္ကူးေတြ အစီအစဥ္ေတြကို ခ်မွတ္ေနတတ္ပါတယ္။ ဒီအတြက္လည္း သင္ေပ်ာ္ေနပါလိမ့္မယ္။

၉။ အမွားေတြကို လုပ္တတ္တယ္
အ႐ူးေတြသာ သင္အမွားလုပ္မိတဲ့အခါ အရွက္ရလိမ့္မယ္လို႔ ထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ အမွားလုပ္တယ္ဆိုတာဟာ ဘဝကိုေရွ႕ဆက္ဖို႔အတြက္ အစိတ္အပိုင္းေတြ ျဖစ္ေၾကာင္း သင္ကနားလည္ၿပီး အမွားေတြကို ထပ္ခါမျပဳလုပ္မိေအာင္ ေရွာင္က်ဥ္ပါလိမ့္မယ္။

၁၀။ အျခားသူေတြကို သက္ေသျပဖို႔ မႀကိဳးစားတတ္ဖူး
သင္ဟာ သင့္ရဲ႕ထူးခြၽန္မႈေတြကို အျခားသူေတြအားမႂကြားဝါတတ္သလို သင္ဘယ္ေလာက္စမတ္က်ေၾကာင္းကို ဘယ္ေတာ့မွမသိေစပါဘူး။ လူေတြကသာ သင့္လုပ္ရပ္ကိုၾကည့္ၿပီး ဆုံးျဖတ္ျခင္းကို ႏွစ္သက္ပါတယ္။ အရႈးေတြကသာ အျခားသူေတြကို သူဘယ္ေလာက္ေတာ္ေၾကာင္း တမင္ထုတ္ေဖာ္ျပတတ္ၿပီး ကိုယ္ရည္ေသြးတတ္ၾကပါတယ္။

၁၁။ သင့္ရဲ႕လက္ေခ်ာင္းေတြကလည္း ေျပာျပေနတယ္
ဦးေႏွာက္ႏွင့္အျပဳအမူသုေတသနရဲ႕ ပုံႏွိပ္ထုတ္ေဝမႈ အဆိုအရ သင့္ရဲ႕လက္ညႇိဳးနဲ႔ လက္သူႂကြယ္ကလည္း သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာ စြမ္းရည္ေတြကို ေဖာ္ျပေနတယ္လို႔ ဆိုထားပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here