ထုံးတမ္းအစဥ္အလာကို လြန္ဆန္ၿပီး ထူးဆန္းစြာ သၿဂႋဳဟ္ၾကတဲ့ အသုဘ အခ်ိဳ႕

0
3732
ထူးဆန္းစြာ သၿဂႋဳဟ္ၾကတဲ့ အသုဘ
ထူးဆန္းစြာ သၿဂႋဳဟ္ၾကတဲ့ အသုဘ

အသုဘဆိုတာ မ်ားေသာအားျဖင့္ ထုံးတမ္းအစဥ္အလာတိုင္းသာ သၿဂႋဳဟ္ေလ့ရွိၿပီး ျမန္မာႏိုင္ငံမွာေတာင္ တစ္နယ္နဲ႔ တစ္နယ္ အသုဘခ်ပုံျခင္းက ကြာျခားပါတယ္။ ဒါေပမဲ့ ႏိုင္ငံျခားမွာေတာ့ ပုံမွန္ သၿဂႋဳဟ္ေနက်အတိုင္းမဟုတ္ဘဲ ေသးဆုံးသူေတြရဲ႕ ေနာက္ဆုံးဆႏၵကိုလုိက္ၿပီး သၿဂႋဳဟ္ေပးေလ့ရွိပါတယ္။ ယခင္ထဲက ဒီလို ထူးထူးဆန္းဆန္းေတြ အသုဘခ်ေလ့ရွိတယ္လူေတြသိပ့္မသိၾကေသးပါဘူး။ ယခု Jesus Diaz Beato ဆိုတဲ့ အမ်ိဳးသားအသုဘမွာ ထူးထူးျခားျခား ကုလားထိုင္ေပၚမွာထိုင္ေနတဲ့ဟန္နဲ႔ ဇာပနကို အခမ္းအနားကို ျပဳလုပ္ခဲ့တာေၾကာင့္ လူသိမ်ားခဲ့ၿပီး အရင္တုန္းကတည္းကလည္း ဒီလိုထူးထူးဆန္းဆန္းေတြ သၿဂႋဳဟ္ေလ့ရွိတယ္ဆိုတာသိရတာပါ။

-Advertisement-

Jesus Diaz Beato

Mr Beato ဟာ Villa Carolina ျပည္နယ္မွာျဖစ္ပြားခ့ဲတဲ့ ေသနတ္ပစ္ခတ္မႈမွာ ေသနတ္ ၁၅ခ်က္ထိမွန္ၿပီးေသဆုံးခဲ့တာျဖစ္ပါတယ္။ ယခုအခါ သူ႔ရဲ႕ အသုဘကို သၿဂႋဳဟ္ဖို႔အတြက္ Marin Funeral Home ဆိုတဲ့ အိမ္တိုင္ရာေရာက္ အသုဘဝန္ေဆာင္မႈလုပ္ငန္းကို ငွားရမ္းခဲ့ပါတယ္။ မိသားစုရဲ႕ဆႏၵအရ ေသဆုံးသူကို အသက္ရွိစဥ္က ေနခဲ့သလိုမ်ိဳး ကုလားထိုင္မွာ တင္ပုလႅင္ခ်ိတ္ထိုင္တဲ့ အေနအထားတိုင္းထိုင္လွ်က္ သၿဂႋဳဟ္ခဲ့ပါတယ္။ အေလာင္းေကာင္ရဲ႕ ပုံစံဟာ မ်က္လုံးကပြင့္ၿပီး တင္ပုလႅင္ခ်ိတ္ထိုင္ေနတဲ့အေနအထားဆိုေတာ့ သက္ရွိေသးတဲ့သူတစ္ေယာက္ မလႈပ္မယွက္ထိုင္ေနသလိုမ်ိဳးနဲ႔ ပုံစံတူပါတယ္။

Miriam Burbank

Miriam Burbank ရဲ႕ သၿဂႋဳဟ္ပုံကလည္း တကယ့္သက္ရွိတစ္ေယာက္လိုမ်ိဳး ကုထားထိုင္မွာထိုင္ခိုင္းထားၿပီး အရွ႕မွာ ဘီယာခြက္၊ ဝီစကီ နဲ႔ စီးကရက္တို႔ကို ေသာက္ေနတဲ့ဟန္မ်ိဳး ပုံေဖာ္ထားပါတယ္။ ဒါ့အျပင္ လက္သည္းကိုလည္း သူမအႀကိဳက္ဆုံးအေရာင္ကိုခ်ယ္သထားေပးပါတယ္။ သူမဟာ အသက္ ၅၃ႏွစ္မွာ ကြယ္လြန္သြားခဲ့ၿပီး မေသခင္မွာ အိမ္အတြက္ ႐ုန္းကန္ခဲ့ရတာေၾကာင့္ အျပည့္အဝ အနားမယူလိုက္ရပါဘူး။ ဒါ့ေၾကာင့္ သူမ ေသဆုံးသြားတဲ့အခါ ပါတီတစ္ခုမွာ ေအးေအးေဆးေဆးနဲ႔ အနားယူေနတဲ့ပုံစံမ်ိဳးက်န္တဲ့မိသားစုက ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

Lionel Batiste

Lionel Batiste ဟာ ၂၀၁၂မွာ ေသဆုံးခဲ့တဲ့ Jazz ဂီတပညာရွင္ တစ္ဦးျဖစ္ပါတယ္။ သူဟာ လူေတြရဲ႕ အထင္အျမင္ေသးတာကို မလိုလားသူတစ္ေယာက္ျဖစ္တဲ့အတြက္ သူေသဆုံးတဲ့အခါ သူ႔ရဲ႕ ဆႏၵအတိုင္း အသုဘကို သၿဂႋဳဟ္ခဲ့ပါတယ္။ သူ႔ရဲ႕ အသုဘကို မတ္တပ္ရပ္အေနအထားနဲ႔ လူေတြကို ၾသဝါဒေခၽြတဲ့ပုံစံမ်ိဳးျဖစ္ေအာင္ျပဳလုပ္ၿပီး သၿဂႋဳဟ္ေပးခဲ့တာျဖစ္ပါတယ္။

Mickey Easterling

Mickey Easterling ဟာ သူသိမ်ားတဲ့ ပရဟိတပုဂၢိဳလ္ႀကီးတစ္ဦးျဖစ္ၿပီး အသက္ ၈၃ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ အသုဘမွာ ဂါဝန္ကိုဝတ္ဆင္ေပးထားၿပီး ပန္းေရာင္အေမႊးပါတဲ့ ၿခံဳပုဝါကို ၿခံဳထားေပးပါတယ္။ ထိုင္ခုံမွာ ထိုင္ေနၿပီး လက္တစ္ဖက္က ဝိုင္ခြက္နဲ႔ က်န္လက္တစ္ဖက္က စီးကရက္ကို တပ္ဆင္ေပးထားၿပီး သၿဂႋဳဟ္ေပးခဲ့တာျဖစ္ပါတယ္။

Willie Stokes Jr

Willie Stokes Jr ဟာ အသက္ ၂၈ႏွစ္အရြယ္ ေလာင္းကစားသမားျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ေလာက္က Chicago ၿမိဳ႕ကေန မိုတယ္တစ္ခုကို ကားေမာင္းၿပီး သြားေနစဥ္ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူေသဆုံးသြားတဲ့အခါ အေခါင္းကို ကားပုံစံျပဳလုပ္ၿပီး ကားေမာင္းေနတဲ့ပုံစံ သၿဂႋဳဟ္ေပးခဲ့တာျဖစ္ပါတယ္။

David Morales

David Morales ဟာ ဆိုင္ကယ္ခ်စ္တဲ့ ဆိုင္ကယ္စီး Biker တစ္ဦးျဖစ္တဲ့အတြက္ သူေသဆုံးသြားတဲ့အခါ သူ႔ရဲ႕ ႐ုပ္အေလာင္းကို သူစီးေနက်ဆိုင္ကယ္ေပၚမွာတင္ၿပီး ဆိုင္ကယ္ေမာင္းေနတဲ့ဟန္နဲ႔ သၿဂႋဳဟ္ေပးခဲ့တာျဖစ္ပါတယ္။ မ်က္မွန္၊ ဦးထုပ္ေတြတပ္ဆင္ေပးၿပီး မ်က္ႏွာအေနအထားက ေရွ႕လမ္းကို ၾကည့္ၿပီး ေမာင္းေနတဲ့ပုံစံမ်ိဳးဖန္တီးထားတာေၾကာင့္ တကယ္သက္ရွိလူတစ္ေယာက္ ဆိုင္ကယ္ေမာင္းေနသလားလို႔ေတာင္ ထင္ရမလိုပါပဲ။

Christopher Rivera Amora

Christopher Rivera Amora ဆိုသူဟာ လက္ေဝွ႕သမားတစ္ဦးျဖစ္ၿပီး သူေသဆုံးတဲ့အခါ လက္ေဝွ႕စင္မွာ လက္ေဝွ႕ထိုးမဲ့ဟန္ေရးျပပုံစံ လက္အိတ္၊ မ်က္မွန္၊ ေခါင္းစြပ္အေႏြးထည္တို႔ဝတ္စဥ္ၿပီး သူရဲ႕ အသုဘကို တခမ္းတနား သၿဂႋဳဟ္ေပးခဲ့တာျဖစ္ပါတယ္။

Edgardo Velazquez

Edgardo Velazquez ဟာ မေသဆုံးခင္က လူနာတင္ယာဥ္ေမာင္းႏွင္တဲ့ အလုပ္ကို လုပ္ကိုင္တဲ့သူတစ္ဦးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူေသဆုံးသြားတဲ့အခါ လူနာတင္ကားေပၚမွာ ကားေမာင္းေပးေနတဲ့ပုံစံမ်ိဳးကို ဖန္တီးၿပီး အသုဘခ်ခဲ့တာျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

႐ုပ္ဆင္းအဂၤါ မလွပေပမဲ့ ထီေရာင္းၿပီး အသက္ ၈၀ ဖခင္ႀကီးကို အလုပ္ေကၽြးျပဳသူ

Unicode

ထုံးတမ်းအစဉ်အလာကို လွန်ဆန်ပြီး ထူးဆန်းစွာ သင်္ဂြိုဟ်ကြတဲ့ အသုဘ အချို့
အသုဘဆိုတာ များသောအားဖြင့် ထုံးတမ်းအစဉ်အလာတိုင်းသာ သင်္ဂြိုဟ်လေ့ရှိပြီး မြန်မာနိုင်ငံမှာတောင် တစ်နယ်နဲ့ တစ်နယ် အသုဘချပုံခြင်းက ကွာခြားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာတော့ ပုံမှန် သင်္ဂြိုဟ်နေကျအတိုင်းမဟုတ်ဘဲ သေးဆုံးသူတွေရဲ့ နောက်ဆုံးဆန္ဒကိုလိုက်ပြီး သင်္ဂြိုဟ်ပေးလေ့ရှိပါတယ်။ ယခင်ထဲက ဒီလို ထူးထူးဆန်းဆန်းတွေ အသုဘချလေ့ရှိတယ်လူတွေသိပ့်မသိကြသေးပါဘူး။ ယခု Jesus Diaz Beato ဆိုတဲ့ အမျိုးသားအသုဘမှာ ထူးထူးခြားခြား ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ဟန်နဲ့ ဇာပနကို အခမ်းအနားကို ပြုလုပ်ခဲ့တာကြောင့် လူသိများခဲ့ပြီး အရင်တုန်းကတည်းကလည်း ဒီလိုထူးထူးဆန်းဆန်းတွေ သင်္ဂြိုဟ်လေ့ရှိတယ်ဆိုတာသိရတာပါ။

Jesus Diaz Beato
Mr Beato ဟာ Villa Carolina ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ သေနတ် ၁၅ချက်ထိမှန်ပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။ ယခုအခါ သူ့ရဲ့ အသုဘကို သင်္ဂြိုဟ်ဖို့အတွက် Marin Funeral Home ဆိုတဲ့ အိမ်တိုင်ရာရောက် အသုဘဝန်ဆောင်မှုလုပ်ငန်းကို ငှားရမ်းခဲ့ပါတယ်။ မိသားစုရဲ့ဆန္ဒအရ သေဆုံးသူကို အသက်ရှိစဉ်က နေခဲ့သလိုမျိုး ကုလားထိုင်မှာ တင်ပုလ္လင်ချိတ်ထိုင်တဲ့ အနေအထားတိုင်းထိုင်လျှက် သင်္ဂြိုဟ်ခဲ့ပါတယ်။ အလောင်းကောင်ရဲ့ ပုံစံဟာ မျက်လုံးကပွင့်ပြီး တင်ပုလ္လင်ချိတ်ထိုင်နေတဲ့အနေအထားဆိုတော့ သက်ရှိသေးတဲ့သူတစ်ယောက် မလှုပ်မယှက်ထိုင်နေသလိုမျိုးနဲ့ ပုံစံတူပါတယ်။

Miriam Burbank
Miriam Burbank ရဲ့ သင်္ဂြိုဟ်ပုံကလည်း တကယ့်သက်ရှိတစ်ယောက်လိုမျိုး ကုထားထိုင်မှာထိုင်ခိုင်းထားပြီး အရှ့မှာ ဘီယာခွက်၊ ဝီစကီ နဲ့ စီးကရက်တို့ကို သောက်နေတဲ့ဟန်မျိုး ပုံဖော်ထားပါတယ်။ ဒါ့အပြင် လက်သည်းကိုလည်း သူမအကြိုက်ဆုံးအရောင်ကိုချယ်သထားပေးပါတယ်။ သူမဟာ အသက် ၅၃နှစ်မှာ ကွယ်လွန်သွားခဲ့ပြီး မသေခင်မှာ အိမ်အတွက် ရုန်းကန်ခဲ့ရတာကြောင့် အပြည့်အဝ အနားမယူလိုက်ရပါဘူး။ ဒါ့ကြောင့် သူမ သေဆုံးသွားတဲ့အခါ ပါတီတစ်ခုမှာ အေးအေးဆေးဆေးနဲ့ အနားယူနေတဲ့ပုံစံမျိုးကျန်တဲ့မိသားစုက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

Lionel Batiste
Lionel Batiste ဟာ ၂၀၁၂မှာ သေဆုံးခဲ့တဲ့ Jazz ဂီတပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူဟာ လူတွေရဲ့ အထင်အမြင်သေးတာကို မလိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် သူသေဆုံးတဲ့အခါ သူ့ရဲ့ ဆန္ဒအတိုင်း အသုဘကို သင်္ဂြိုဟ်ခဲ့ပါတယ်။ သူ့ရဲ့ အသုဘကို မတ်တပ်ရပ်အနေအထားနဲ့ လူတွေကို သြဝါဒချွေတဲ့ပုံစံမျိုးဖြစ်အောင်ပြုလုပ်ပြီး သင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။

Mickey Easterling
Mickey Easterling ဟာ သူသိများတဲ့ ပရဟိတပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး အသက် ၈၃နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အသုဘမှာ ဂါဝန်ကိုဝတ်ဆင်ပေးထားပြီး ပန်းရောင်အမွှေးပါတဲ့ ခြုံပုဝါကို ခြံုထားပေးပါတယ်။ ထိုင်ခုံမှာ ထိုင်နေပြီး လက်တစ်ဖက်က ဝိုင်ခွက်နဲ့ ကျန်လက်တစ်ဖက်က စီးကရက်ကို တပ်ဆင်ပေးထားပြီး သင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။

Willie Stokes Jr
Willie Stokes Jr ဟာ အသက် ၂၈နှစ်အရွယ် လောင်းကစားသမားဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က Chicago မြို့ကနေ မိုတယ်တစ်ခုကို ကားမောင်းပြီး သွားနေစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူသေဆုံးသွားတဲ့အခါ အခေါင်းကို ကားပုံစံပြုလုပ်ပြီး ကားမောင်းနေတဲ့ပုံစံ သင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။

David Morales
David Morales ဟာ ဆိုင်ကယ်ချစ်တဲ့ ဆိုင်ကယ်စီး Biker တစ်ဦးဖြစ်တဲ့အတွက် သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ ရုပ်အလောင်းကို သူစီးနေကျဆိုင်ကယ်ပေါ်မှာတင်ပြီး ဆိုင်ကယ်မောင်းနေတဲ့ဟန်နဲ့ သင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။ မျက်မှန်၊ ဦးထုပ်တွေတပ်ဆင်ပေးပြီး မျက်နှာအနေအထားက ရှေ့လမ်းကို ကြည့်ပြီး မောင်းနေတဲ့ပုံစံမျိုးဖန်တီးထားတာကြောင့် တကယ်သက်ရှိလူတစ်ယောက် ဆိုင်ကယ်မောင်းနေသလားလို့တောင် ထင်ရမလိုပါပဲ။

Christopher Rivera Amora
Christopher Rivera Amora ဆိုသူဟာ လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး သူသေဆုံးတဲ့အခါ လက်ဝှေ့စင်မှာ လက်ဝှေ့ထိုးမဲ့ဟန်ရေးပြပုံစံ လက်အိတ်၊ မျက်မှန်၊ ခေါင်းစွပ်အနွေးထည်တို့ဝတ်စဉ်ပြီး သူရဲ့ အသုဘကို တခမ်းတနား သင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။

Edgardo Velazquez
Edgardo Velazquez ဟာ မသေဆုံးခင်က လူနာတင်ယာဉ်မောင်းနှင်တဲ့ အလုပ်ကို လုပ်ကိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ကြောင့် သူသေဆုံးသွားတဲ့အခါ လူနာတင်ကားပေါ်မှာ ကားမောင်းပေးနေတဲ့ပုံစံမျိုးကို ဖန်တီးပြီး အသုဘချခဲ့တာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here