ထိုင်းမင်းသားချော Mario Maurer ရဲ့ လူကြိုက်အများဆုံး ရုပ်ရှင်နှင့် တီဗီဒရမ်မာ (၄)ခု

0
56

ထိုင်းမင်းသားချောလေး Mario Maurer ဟာ အသက် ၁၈နှစ်ကတည်းက သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ယခုဆိုရင် သူ့ရဲ့အနုပညာသက်တမ်းက ၁၂နှစ်ရှိပါပြီ။ သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်၊ တီဗီဒရမ်မာကားတွေ အများကြီးရှိပြီး လူသိများတဲ့ ဇာတ်ကားတွေကတော့ Pee Mak , First Love, The Love of Siam တို့ပဲဖြစ်ပါတယ်။

-Advertisement-

၁။ Love of Siam

မာရီယိုသည် ၂၀၀၇ခုနှစ်မှာ ‘Love of Siam’ဆိုတဲ့ဇာတ်ကားနှင့်အတူ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ချက်ချင်းနာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆုပေးပွဲအတော်များများမှာ ဆန်ကာတင်စာရင်းသွင်းခံခဲ့ရပြီး ဆုတွေအများကြီးလည်း ရရှိခဲ့ပါတယ်။

၂။ A Little Thing Call Love (First Love)

၂၀၁၀ခုနှစ်မှာ ထိုင်းမင်းသမီးချော Baifern Pimchanok နှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ သူ့ဇာတ်ကားအသစ် First Loveဟာ ထိုင်းနိုင်ငံနှင့် အခြားအာရှနိုင်ငံများက ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုကောင်းတွေ ရရှိခဲ့ပါတယ်။

၃။ Pee Mak

၂၀၁၃ခုနှစ်မှာ ထိုင်းမင်းသမီး Mai Davikaနှင့် မာရီယိုတို့သရုပ်ဆောင်ထားတဲ့ ‘Pee Mak’ရုပ်ရှင်ကားဟာ နာမည်ကြီးခဲ့ပြီး ဘတ်သန်း ၁၀၀၀ကျော် ဝင်ငွေရရှိခဲ့ပါတယ်၊

၄။ Thong Aek Mor Yah Tah Chalong

ဒီနှစ်မှာ ထိုင်းမင်းသမီးချော Kimberley Anne Tiamsiri နှင့်အတူ စုံတွဲသရုပ်ဆောင်ထားတဲ့ ‘Thong Aek Mor Yah Tah Chalong’ တီဗီဒရမ်မာကားသစ်ဟာ တုံ့ပြန်ချက်ကောင်းတွေ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here