Home Health & Beauty ထိုင်းနိုင်ငံရဲ့ အပူလှိုင်းကျရောက်မှုကြောင့် သေးဆုံးသွားတဲ့ အိမ်မွေးအလှခွေးလေးတွေ

ထိုင်းနိုင်ငံရဲ့ အပူလှိုင်းကျရောက်မှုကြောင့် သေးဆုံးသွားတဲ့ အိမ်မွေးအလှခွေးလေးတွေ

0
1403
အိမ်မွေးအလှခွေးလေးတွေ
အိမ်မွေးအလှခွေးလေးတွေ

ထိုင်းနိုင်ငံမှာ အပူလိုင်းကျရောက်မှုဟာ မေလတိုင်အောင် ကြာရှည်ဦးမယ်လို့ ခန့်မှန်ထားပါတယ်။ ဒီလို တစ်နှစ်ထက် တစ်နှစ်အပူရှိန်လွန်ကဲမှုကြောင့် လူတွေမက တိရိစ္ဆာန်တွေပါ သေဆုံးမှုတွေကြုံတွေနေရပါတယ်။

ကိုယ့်ကိုကိုယ် ကျန်းမာရေး မထိခိုက်အောင် မနည်းသတိထားနေရတဲ့အချိန်မှာ အိမ်မွေးတိရိစ္ဆာန်တွေကို စနစ်တကျ ဂရုမစိုက်နိုင်တာကြောင့် ဒီနှစ်ပိုင်းမှာ အပူရှိန်ကြောင့် သေဆုံးတဲ့ အိမ်မွေးတိရိစ္ဆာန်တွေအမြောက်အများကြုံတွေခဲ့ရပါတယ်။ ထိုသေဆုံးမှုတွေထဲကမှ နာမည်ကျော် rocker တစ်ဦးဖြစ်တဲ့ Athiwara ရဲ့ ပြင်သစ်အိမ်မွေး ခွေးဘီးလူးလေးလည်း ပြီးခဲ့တဲ့ သောကြာ နေ့က Heatstoke ကြောင့် ဆုံးပါသွားခဲ့ပါတယ်။

တိရိစ္ဆာန် ဆေးရုံတွေမှာလည်း အပူရှိန်ကြောင့် အရေးပေါ် ဆေးခန်းလာပြရတဲ့ ခွေးတွေအများအပြားရှိပြီး စီးပွားဖြစ် အလှမွေးခွေးတွေ ရောင်းနေတဲ့ အရောင်းဆိုင်မှာလည်း အပူရှိန်ကြောင့် ခွေးတွေ အလားတူ အနည်းနဲ့ အများ သေဆုံးနေတယ်လို့ သိရပါတယ်။

အလားတူး အိမ်မွေးတိရိစ္ဆာန်တွေ သေးဆုံးတဲ့အပေါ် ခွေးပိုင်ရှင်တွေက သူတို့ရဲ့ ခွေးလေးတွေ သေဆုံးတာကို အကောင့်ကိုယ်ဆီမှာ ” ကောင်းကင်မှာ ပျော်ရွှင်စွာ ကစားပါ၊ ကံကောင်းပါစေ၊ ငြိမ်းချမ်းစွာ အနားယူပါ စတဲ့ စာသားတွေနဲ့ တင်ထားတာတွေ့မြင်ရတဲ့အတွက် ခွေးချစ်သူတွေအတွက်တော့ တကယ့်ကို ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။

မျှဝေသူ သောင်းကျော်ရှိတာကြောင့် ဒီသတင်းဟာ အွန်လိုင်းပေါ်မှာ အခုလို ပျံနှံ့သွားခဲ့တာပဲဖြစ်ပြီး အိမ်မွေးခွေးလေးတွေသာမက အလှမွေး ကြောင်လေးတွ၊ ကြွက်လေးတွေလည်း အနည်းနဲ့ အများသေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။

စစ်ချက်တွေအရ အပူရှိန်လွန်ကဲမှုကြောင့် ခွေးတွေဟာ အေးမြတဲ့ နေရာတွေမှာ လိုက်လံနေပြီး တခါတလေမှာ ရေထဲ ဆင်းနေတတ်ကြပါတယ်။ သေဆုံးသူ ခွေးပိုင်ရှင်ရဲ့ စကားသံအရ သူတို့ရဲ့ ခွေးဟာ အပူဒဏ်ကို မခံနိုင်တဲ့အတွက် ရေကန်ထဲ ခဏခဏဆင်းနေတတ်ပြီး သိပ်မကြာခင်ရက်ပိုင်းမှာပဲ နှလုံးခုန်မမှန်တာတွေ၊ သွေးအန်၊ သွေးယိုတာတွေ၊ ဝမ်းလျှောတာတွေဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကားထဲမှာ ဖုန်းထိုင်သုံးနေတဲ့ ထိုင်းအမျိုးသမီးတစ်ဦး ဖုန်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို The Nation သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဖုန်းပေါက်ကွဲမှုကြောင့် သူမရဲ့ ကားအရှေ့မှန်တစ်ခုလုံး မီးဟက်ခံရပြီး ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အပူရှိန်မြင့်တက်မှုကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။

အာဏာပိုင်တွေအနေနဲ့လည်း Heatstoke အကြောင်း အများအပြားကို သတိပေးထုတ်ပြန်ခဲ့ပြီး အပူရှိန်များတဲ့ အချိန် နေပူထဲမှာ လှုပ်လှုပ်ရှားရှား မသွားလာကြဖို့ရယ်၊ အရိပ်ထဲမှာပဲ အေးအေးဆေးဆေး အလုပ်လုပ်ဖို့ရယ် အကြံပေး နှိုးဆော်ထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ခြေလက်တွေ မသန်စွမ်းပေမဲ့ တစ်အိမ်သားလုံးကို စျေးရောင်းပြီး အလုပ်အကျွေးပြုသူ

Zawgyi fonts

ထိုင္းနိုင္ငံရဲ့ အပူလွိုင္းက်ေရာက္မွုေၾကာင့္ ေသးဆုံးသြားတဲ့ အိမ္ေမြးအလွေခြးေလးေတြ
ထိုင္းနိုင္ငံမွာ အပူလိုင္းက်ေရာက္မွုဟာ ေမလတိုင္ေအာင္ ၾကာရွည္ဦးမယ္လို႔ ခန္႔မွန္ထားပါတယ္။ ဒီလို တစ္ႏွစ္ထက္ တစ္ႏွစ္အပူရွိန္လြန္ကဲမွုေၾကာင့္ လူေတြမက တိရိစၧာန္ေတြပါ ေသဆုံးမွုေတြၾကဳံေတြေနရပါတယ္။

ကိုယ့္ကိုကိုယ္ က်န္းမာေရး မထိခိုက္ေအာင္ မနည္းသတိထားေနရတဲ့အခ်ိန္မွာ အိမ္ေမြးတိရိစၧာန္ေတြကို စနစ္တက် ဂ႐ုမစိုက္နိုင္တာေၾကာင့္ ဒီႏွစ္ပိုင္းမွာ အပူရွိန္ေၾကာင့္ ေသဆုံးတဲ့ အိမ္ေမြးတိရိစၧာန္ေတြအေျမာက္အမ်ားၾကဳံေတြခဲ့ရပါတယ္။ ထိုေသဆုံးမွုေတြထဲကမွ နာမည္ေက်ာ္ rocker တစ္ဦးျဖစ္တဲ့ Athiwara ရဲ့ ျပင္သစ္အိမ္ေမြး ေခြးဘီးလူးေလးလည္း ၿပီးခဲ့တဲ့ ေသာၾကာ ေန႔က Heatstoke ေၾကာင့္ ဆုံးပါသြားခဲ့ပါတယ္။

တိရိစၧာန္ ေဆး႐ုံေတြမွာလည္း အပူရွိန္ေၾကာင့္ အေရးေပၚ ေဆးခန္းလာျပရတဲ့ ေခြးေတြအမ်ားအျပားရွိၿပီး စီးပြားျဖစ္ အလွေမြးေခြးေတြ ေရာင္းေနတဲ့ အေရာင္းဆိုင္မွာလည္း အပူရွိန္ေၾကာင့္ ေခြးေတြ အလားတူ အနည္းနဲ႔ အမ်ား ေသဆုံးေနတယ္လို႔ သိရပါတယ္။

အလားတူး အိမ္ေမြးတိရိစၧာန္ေတြ ေသးဆုံးတဲ့အေပၚ ေခြးပိုင္ရွင္ေတြက သူတို႔ရဲ့ ေခြးေလးေတြ ေသဆုံးတာကို အေကာင့္ကိုယ္ဆီမွာ ” ေကာင္းကင္မွာ ေပ်ာ္ရႊင္စြာ ကစားပါ၊ ကံေကာင္းပါေစ၊ ၿငိမ္းခ်မ္းစြာ အနားယူပါ စတဲ့ စာသားေတြနဲ႔ တင္ထားတာေတြ႕ျမင္ရတဲ့အတြက္ ေခြးခ်စ္သူေတြအတြက္ေတာ့ တကယ့္ကို ဝမ္းနည္းေၾကကြဲဖြယ္ေကာင္းတဲ့ အျဖစ္အပ်က္တစ္ခုပါပဲ။

မၽွေဝသူ ေသာင္းေက်ာ္ရွိတာေၾကာင့္ ဒီသတင္းဟာ အြန္လိုင္းေပၚမွာ အခုလို ပ်ံႏွံ့သြားခဲ့တာပဲျဖစ္ၿပီး အိမ္ေမြးေခြးေလးေတြသာမက အလွေမြး ေၾကာင္ေလးတြ၊ ႂကြက္ေလးေတြလည္း အနည္းနဲ႔ အမ်ားေသဆုံးမွုေတြရွိေနတယ္လို႔သိရပါတယ္။

စစ္ခ်က္ေတြအရ အပူရွိန္လြန္ကဲမွုေၾကာင့္ ေခြးေတြဟာ ေအးျမတဲ့ ေနရာေတြမွာ လိုက္လံေနၿပီး တခါတေလမွာ ေရထဲ ဆင္းေနတတ္ၾကပါတယ္။ ေသဆုံးသူ ေခြးပိုင္ရွင္ရဲ့ စကားသံအရ သူတို႔ရဲ့ ေခြးဟာ အပူဒဏ္ကို မခံနိုင္တဲ့အတြက္ ေရကန္ထဲ ခဏခဏဆင္းေနတတ္ၿပီး သိပ္မၾကာခင္ရက္ပိုင္းမွာပဲ ႏွလုံးခုန္မမွန္တာေတြ၊ ေသြးအန္၊ ေသြးယိုတာေတြ၊ ဝမ္းေလၽွာတာေတြျဖစ္ၿပီး ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ကားထဲမွာ ဖုန္းထိုင္သုံးေနတဲ့ ထိုင္းအမ်ိဳးသမီးတစ္ဦး ဖုန္းေပါက္ကြဲမွုတစ္ခုျဖစ္ပြားခဲ့တယ္လို The Nation သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။ ဖုန္းေပါက္ကြဲမွုေၾကာင့္ သူမရဲ့ ကားအေရွ႕မွန္တစ္ခုလုံး မီးဟက္ခံရၿပီး ကၽြမ္းက်င္သူေတြရဲ့ အဆိုအရေတာ့ အပူရွိန္ျမင့္တက္မွုေၾကာင့္ ျဖစ္တယ္လို႔ ယူဆၾကပါတယ္။

အာဏာပိုင္ေတြအေနနဲ႔လည္း Heatstoke အေၾကာင္း အမ်ားအျပားကို သတိေပးထုတ္ျပန္ခဲ့ၿပီး အပူရွိန္မ်ားတဲ့ အခ်ိန္ ေနပူထဲမွာ လွုပ္လွုပ္ရွားရွား မသြားလာၾကဖို႔ရယ္၊ အရိပ္ထဲမွာပဲ ေအးေအးေဆးေဆး အလုပ္လုပ္ဖို႔ရယ္ အႀကံေပး ႏွိုးေဆာ္ထားပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here