ထာဝရ FA ဖြစ်ဖို့ ဇာတာပါလာတဲ့ လူ ၁၀ မျို

0
1131

တချို့သူတွေဟာ ရုပ်ရည်နဲ့အရည်အချင်းမှာ ပြောစရာမရှိသော်လည်း relationship တစ်ခု တည်ဆောက်ဖို့အတွက်တော့ ဘယ်လိုမှစွမ်းဆောင်နိုင်စွမ်း မရှိကြပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်ရဲ့ အချစ်ကိုရခဲ့ရင်တောင်မှ ဘယ်လောက်မှမကြာခင် ထုံးစံအတိုင်း FA ပြန်ဖြစ်သွားတတ်ကြပါတယ်။ တကယ်တော့ FA(forever alone) နဲ့ Single ဟာကွဲပြားပါတယ်။ Single ဆိုတာဟာ relationship တစ်ခုမရှိခင်ကြားကာလဖြစ်ပြီး FA ကတော့ Relationship တိုင်းနဲ့ သဟဇာတမဖြစ်တဲ့သူတွေပါ။ အဆိုပါ FA ဖြစ်ဖို့ ဇာတာပါလာတဲ့ လူတွေရဲ့ စရိုက်လက္ခဏာတွေကို လေ့လာကြည့်ရအောင်။

၁။သားလိမ္မာကလေး
ကျောင်းပြီးတာကြာနေပေမယ့် အခုချိန်ထိ အမေ့စကားအတိုင်းလိုက်လုပ်တတ်သူ၊ ကိုယ့်ဘာသာဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိ မိဘရဲ့အမှီအခိုမကင်းသူ၊ အခုချိန်ထိ မိဘလျှော်ပေးတဲ့အဝတ်ကိုဝတ်ပြီး မိဘကအိပ်ကပ်ထဲ မုန့်ဖိုးထည့်ပေးနေရတဲ့သူ၊ ထိုသူမျိုးဟာ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် တွဲလို့ရနိုင်ပေမယ့် ခင်ပွန်းကောင်းတစ်ယောက်တော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။

၂။ Fan
ဝါသနာတစ်ခုအတွက် အရာရာကိုစတေးတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့သူ၊ ဘဝရဲ့အရေးကြီးတဲ့ အရာတွေအားလုံးကို မေ့လျော့နေပြီး အာရုံမှာဒီတစ်ခုထဲရှိတဲ့သူတစ်ယောက်ဖြစ်နေရင်လည်း ထာဝရ FA ဖြစ်ဖို့ ဇာတာပါလာတဲ့သူ ဖြစ်နိုင်ပါတယ်။ ကိုယ်နှစ်သက်ရာကို အားပေးတာကောင်းပေမယ့်လည်း ဘဝတစ်ခုလုံးမြှပ်နှံရတဲ့အထိ ရူးသွပ်တာတော့ ကောင်းမှာမဟုတ်ပါဘူး။

၃။ ပန်းပုဆရာလိုလူ
ထိုသူမျိုးကတော့ ကိုယ့်ရဲ့လက်တွဲဖော်ကို ကင်းဗတ်စအလွတ်တစ်ခုလို မြင်နေပြီး သူ့ဘဝနဲ့ အံဝင်ဂွင်ကျဖြစ်စေဖို့ အမြဲတမ်းပုံသွင်းထုဆစ်ဖို့ ကြိုးစားနေသူတွေဖြစ်ပါတယ်။ ဒါကြောင့် အခြားသူတွေနဲ့သင့်ကို အမြဲနှိုင်းယှဉ်ပြီး ပြောင်းလဲဖို့ကြိုးစားနေတဲ့အတွက် သူ့ရှေ့မှာရှိနေရတာဟာ ကိုယ့်ကိုယ်ကို ပုံမသွင်းရသေးတဲ့ သစ်သားတုံးတစ်ခုလိုမျိုး ခံစားနေရပါလိမ့်မယ်။ ဒါပေမယ့်သူ့မှာရှိတဲ့ အပြစ်အနာအ ဆာတွေအတွက်တော့ သူကိုယ်သူအဆင်ပြေတယ်လို့ ခံစားတတ်သူတွေပါ။

၄။ ဂျိုကာ
ထိုသူမျိုးကတော့ သူရဲ့စိတ်ဝင်စားစရာဇာတ်လမ်းပေါင်းမြောက်များစွာကို သင်နားထောင်ချင်သည်ဖြစ်စေ နားမထောင်ချင်သည်ဖြစ်စေ တရစပ်ပြောနေတတ်သူတွေဖြစ်ပါတယ်။ ချစ်သူနဲ့ချိန်းတွေ့တဲ့အချိန်မှာတောင် ရိုမန်တစ်ဆန်တဲ့စကားတွေအစား ရယ်စရာအတိုအထွာတွေ၊ ရယ်စရာမကောင်းတဲ့ဟာသတွေ ကိုပြောနေတတ်သူပါ။ ဒါ့အပြင်အခြားသူတွေ ပြောတာကိုလည်း နားမထောင်တတ်ပါဘူး။ သူ့ရဲ့လေကြောကို ဖြတ်ဖို့အတွက် သင်ကတစ်ခုခုပြောရင်တောင်မှ သင်နဲ့စကားလုပြောပြီး သူပြောတာတွေကိုသာ နားထောင်ဖို့ ကြိုးစားပါလိမ့်မယ်။ ကဲ ဒါဆိုရင် သူနဲ့နောက်တခေါက် ချိန်းတွေ့ဖို့ သင်စိတ်ကူးသေးရဲ့လား။

၅။ Single မဟုတ်သူ
ရည်းစားနဲ့ အဆင်မပြေချိန်မှာ နောက်တစ်ယောက်ကိုချိတ်ပြီး တညနေခင်းလုံး Ex အကြောင်းကို ပြောနေတတ်သူဟာ သူ့ရဲ့ဇာတ်လမ်းကောင်းခဲ့သည်ဖြစ်စေ၊ မကောင်းခဲ့သည်ဖြစ်စေ သူ့ရဲ့စိတ်ပြတ်ဆဲခြင်းမရှိသလို အခြေအနေတွေလည်း မတည်ငြိမ်သေးပါဘူး။ ဒီလိုလူမျိုးနဲ့တွဲဖို့ဆိုတာ ကိုယ့်ရှူးကိုယ်ပြန်ပတ်မယ့် ကိစ္စဖြစ်လို့ ဘယ်သူမှလက်သင့်ခံမှာ မဟုတ်ပါဘူး။

၆။ လက်ဖွာသူ
ဒီလိုလူမျိုးဟာ မိန်းကလေးတစ်ယောက်ကို တကယ့်ဈေးကြီးပြီးအဆင့်မြင့်တဲ့ ဆိုင်တစ်ခုမှာ တန်ဖိုးကြီးအစားအစာတွေ မှာကြွေးဖို့ ဝန်မလေးတတ်သူပါ။ ဒါပေမယ့် နောက်တစ်ခေါက်မှာတော့ သင့်ဆီကပိုက်ဆံအနည်းငယ်လောက် ပြန်ချေးပါလိမ့်မယ်။ လက်ဖွာတဲ့မိန်းကလေးတွေကတော့ အချေးအငှားထူခြင်း၊ မိဘရဲ့ပိုက်ဆံနဲ့ နောက်ဆုံးပေါ် iphone၊ တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ခြင်း စတဲ့အလေ့အထတွေရှိပါတယ်။

၇။ ရန်ပွဲဖန်တီးတတ်သူ
မှာထားတ့အစားအစာအေးနေလို့၊ နွားနို့က ရက်လွန်နေလို့၊ ဟိုတယ်အခန်းထဲမှာ အမှိုက်တွေ့လို့ စသဖြင့် အရာရာတိုင်းကို ပြဿနာရှာပြီး ပြောဆိုတတ်တဲ့သူတွေပါ။ တကယ်လို့ ဝန်ဆောင်မှုအားလုံးပြီးပြည့်စုံနေရင်တောင်မှ အပြစ်အနာအဆာကိုမရမကရှာပြီး ပြဿနာရှာဖို့ ဝန်မလေးတတ်သူတွေဖြစ်ပါတယ်။ ဘေးကချစ်သူကတော့ သူမရဲ့လုပ်ဆောင်ချက်ကို ချီးကျူးဖို့နေနေသာသာ ရှက်လို့ခေါင်းတောင်ဖော်ရဲမှာ မဟုတ်ပါဘူး။

၈။ ဖုန်းလူသား
အမြဲတမ်းဖုန်းနဲ့လူနဲ့ ခွာမရပဲ ငယ်ငယ်ကခွေးလေးပျောက်သွားတဲ့အကြောင်းကနေ အဖွားဆုံးတဲ့အချိန်ထိ ဒရာမာအဆန်ဆုံးအကြောင်းတွေကို ဖေ့ဘွတ်မှာအမြဲတမ်းတင်နေတတ်ပြီး စားသာက်ချိန်၊ အနားယူချိန်ပါမကျန် ဖုန်းတစ်လုံးနဲ့ပဲအလုပ်ရှုပ်နေရင် relationship ကိုအပြင်မှာရှာတာထက် အချစ်ဆိုတာကို ဆိုရှယ်မီဒီယာမှာပဲ ရှာနေတာက သူအတွက်ပိုကောင်းကြောင်း သင်သဘောပေါက်သင့်ပါတယ်။

၉။ ကပ်စေးနှဲသူ
သူမှာ ယခု ၂၀၁၉ အချိန်ထိ စမတ်ဖုန်းတစ်လုံးတောင် မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Nokia 3310 ကီးပတ်ဖုန်းလေးက အခုထိအလုပ်လုပ်နေသေးလိုပါပဲ။ အဝတ်အစားတွေဆိုရင်လည်း ကြာနိုင်သလောက်ကြာအောင် ဆွေးမြေ့တဲ့အချိန်ထိ ဝတ်ဆင်တတ်သူတွေပါ။ သူ့မှာ ပိုက်ဆံဘယ်လောက်ပဲရှိရှိ ဝယ်စရာဘယ်တော့မှ မတွေ့သလို ကိုယ့်ပုံစံဘာဖြစ်ဖြစ် ဂရုမစိုက်တတ်ပါဘူး။ ဒီလိုကပ်စေးနဲတစ်ယောက်နဲ့ ဘယ်သူကတွဲချင်ပါ့မလဲ။

၁၀။ ထင်ရာစိုင်းတတ်သူ
ထိုသူမျိုးဟာ ကိုယ်ထင်ရာကိုစွတ်လုပ်ဖို့ ကြိုးစားနေတဲ့အတွက် ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ကောင်မလေးကိုကလေးဘယ်နှစ်ယောက် လိုချင်လဲ၊ စသဖြင့်မိမိဘယ်လောက်ထိအလေးအနက်ထားကြောင်း သရုပ်ဖော်နေတတ်သူတွေဖြစ်ပါတယ်။ ယခုလိုပဲ အမြဲမဆီလျှော်မှုတွေကို ပြုလုပ်နေတတ်သူတွေပါ။ မိန်းကလေးဆိုရင်လည်း ကောင်လေးတစ်ယောင်နဲပ ရည်စားဖြစ်တာသုံးရက်ပဲရှိသေးတယ်၊ မိဘတွေနဲ့မိတ်ဆက်ပေးဖို့အထိ ရူးကြောင်ကြောင်ဆောင်ရွက်တတ်သူတွေဖြစ်ပါတယ်။


Lifestyle_Myanmar
LM_Naung_Naung

အမျိုးသမီးတွေကို အရွယ်မတိုင်မီအိုမင်းစေတဲ့ ဟော်မုန်း (၆)မျို

LEAVE A REPLY

Please enter your comment!
Please enter your name here