ထာဝရစိတ်ချမ်းသာဖို့အတွက် အခြားသူတွေဆီက မမျှော်လင့်ထားသင့်တဲ့ အရာ (၁၀)ချက်

0
147

အခြားသူတွေကို မျက်စိဒေါက်ထောက်ပြီးကြည့်လေ့ရှိခြင်းနဲ့ သူတို့အပေါ် အကြောင်းပြချက်မရှိ မျှော်လင့်ချက်တွေထားတတ်ခြင်းဟာ ကိုယ်ကိုယ်တိုင် မလိုအပ်တဲ့စိတ်ဖိစီးမှုတွေ စိတ်ညစ်မှုတွေကို ခံစားရနိုင်ပါတယ်။ လူတိုင်းဟာ မတူညီတဲ့နေရာတွေကို အသီးသီးခရီးထွက် နေကြတဲ့အတွက် သူတို့ရဲ့စကားတွေ လုပ်ဆောင်မှုတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် တူညီကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ဘဝကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့နဲ့ စိတ်ရှုပ်စရာကိစ္စတွေကို ရှောင်ရှားနိုင်ဖို့အတွက် ယခုဖော်ပြတဲ့အရာတွေကို အခြားသူတွေဆီကနေ မမျှော်လင့်မိအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

-Advertisement-

၁။ ကိုယ့်ရဲ့စံနှုန်းကို အခြေခံပြီး မှန်ကန်တဲ့အရာဖြစ်ကြောင်း အခြားသူတွေဆီက မမျှာ်လင့်ပါနဲ့
လူရဲ့ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဟာ ထိုသူရဲ့ ယဥ်ကျေးမှု၊ ဘာသာစတာတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ကြတာကြောင့် သူတို့ဟာ သင်နဲ့အလွန် ကွဲပြားနေတတ်ပါတယ်။ တချို့နိုင်ငံတွေမှာ ခွေးကိုစားစရာအဖြစ်စားကြပေမယ့် တချို့နိုင်ငံတွေမှာတော့ ဒါကိုစက်ဆုပ်စရာကိစ္စ စ်ကြောင်း ထင်မြင်ကြပါလိမ်မယ်။

သူများကို ပြီးပြည့်စုံသူတွေ ဖြစ်စေဖို့ မမျှော်လင့်ပါနဲ့
မပြည့်စုံမှုတွေကို ပြီးပြည့်စုံမှုတွေအဖြစ် သင်ကမြင်ကြည့်တဲ့အခါ သင့်ကိုအမြဲတမ်း စိတ်ပျက်စေပါလိမ့်မယ်။ ဒီလိုပဲ အခြားသူတွေရဲ့ နမော်နမဲ့နိုင်မှုနဲ့ မှားယွင်းမှုတွေကို သင်ကအမြဲတမ်းသတိထားကြည့်နေတတ်ပြီး ခံစားနေပါက သင့်ကိုစိတ်ဆင်းရဲရသလို ဆက်ဆံရေးကိုပါ ပျက်ပြားစေနိုင်ပါတယ်။ လူတိုင်းဟာ အမှားမကင်းသလိုပဲ လူတိုင်းကို အမှားတွေပြုလုပ်ခွင့် ပေးသင့်ပြီး အမှန်တွေကိုပြန်လည်သင်ယူပါ။

၃။ သင်ပြောသမျှ စကားတိုင်းကို သဘောတူဖို့ မမျှော်လင့်ပါနဲ့
ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်းတောင်မှ သင်ပြောသမျှစကားတိုင်းကို သဘောတူချင်မှ တူပါလိမ့်မယ်။ ဒါကြောင့် အခြားသူတွေသင်ပြောတဲ့အရာကို အခြားသူတွေက ကန့်ကွက်ရင် စိတ်ဆင်းရဲနေစရာမလိုပါဘူး။ သူတို့မှာလည်း ကွဲပြားတဲ့အမြင်တွေ ရှိတယ်ဆိုတာကို နားလည်ပေးပါ။ တကယ်လိုသာ ကမ္ဘာကြီးမှာ လူအားလုံးက သဘာထားအတူတူတွေပဲဆိုရင် တကယ့်ကိုပျင်းစရာကောင်းပြီး တိုးတက်မှာလည်း မဟုတ်ပါဘူး။

၄။ သင့်ကိုစိတ်ကို ဖတ်ဖို့မမျှော်လင့်ပါနဲ့
တခါတစ်လေမှာ ကိုယ့်ရဲ့အပြုအမူထက် ကိုယ့်ရဲ့စိတ်ကိုခန့်မှန်းပြီး တုံ့ပြန်မှုတွေကို လိုချင်တောင့်တတတ်ကြပါတယ်။ တကယ်တော့ကိုယ့်ကိုယ်ကိုထက် အခြားသူတွေရဲ့စိတ်ကို နားလည်ပေးဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ဘာကိုပဲဖြစ်ဖြစ်ပွင့်လင်စွာဆက်ဆံပြီး ဆက်ဆံရေးကို ခိုင်မြဲအောင်ကြိုးစားပါ။

၅။ သင်လဲကျတဲ့အချိန်တိုင်း ထူပေးဖို့ သူတို့ဆီက မမျှော်လင့်ပါနဲ့
အကောင်းဆုံးသူငယ်ချင်းနဲ့ မိသားစုတွေဆိုရင် သင်ဒုက္ခကြုံတွေ့နေတဲ့ အချိန်တိုင်း ကူညီကောင်းကူညီနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုလုံးဝကူညီရမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ မထားပါနဲ့။ သူတို့မှာလည်း ကိုယ်ပိုင်ဒုက္ခတွေကို ထမ်းထားရတဲ့အချိန်လည်း ရှိနေမှာပါ။ ဒီလိုအချိန်မှာ သင့်ရဲ့ဒုက္ခတွေကို ကူထမ်းပေးဖို့ ခက်ခဲနိုင်ပါတယ်။

၆။ သင့်ကိုနားလည်ပေးဖို့ မမျှော်လင့်ပါနဲ့
သင်ရဲ့ဘဝအခြေအနေနဲ့ သင်သွားနေတဲ့ခရီးအကြောင်းကို သင့်လောက်ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ သင့်ကိုနားလည်မပေးကြတဲ့အပေါ် စိတ်ဆင်းရဲခံပြီးမျှော်လင့်နေတာထက်စာရင် ကိုယ်တိုင်အကောင်းဆုံးကြိုးစားနေခြင်းက ပိုကောင်းပါတယ်။

၇။ သင်ပေးခဲ့သလောက် ပြန်ပေးရမယ်ဆိုတဲ့ မျှော်လင့်ချက်မထားပါနဲ့
လူတိုင်းက ရွှေရောင်စည်းမျည်းတွေကို လိုက်နာချင်လိုက်နာနိုင်ပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးက ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးမဟုတ်ပါဘူး။ ကိုယ်ကကူညီခဲ့ပေမယ့်လည်း ကိုယ်လိုအပ်တဲ့အချိန် သူတို့ကပြန်လည်ကူညီချင်နိုင်မှ ကူညီနိုင်ပါလိမ့်မယ်။ အရာရာတိုင်းကို မျှော်လင့်ချက်ထားပြီး ပေးနေခြင်းက သင့်ရဲ့စိတ်ကို ပင်ပန်းစေပါတယ်။

၈။ အချိန်ကြာတဲ့အထိ အရင်တုန်းကသူလိုမျိုး မမျှော်လင့်ပါနဲ့
လူတွေဟာ အချိန်ရယ် သူတို့ရဲ့အတွေ့အကြုံရယ်အပေါ် အခြေခံပြီး အမြဲတမ်းပြောင်းလဲနေတတ်ကြပါတယ်။ ဒါကြောင့်လူတိုင်းကို အရင်တုန်းကသူအတိုင်း မျှော်လင့်နေခြင်းဟာ အထင်နဲ့အမြင်လွဲမှားမှုတွေ ကြုံတွေ့နိုင်ပါတယ်။

၉။ ကိုယ်နဲ့ထာဝရ အတူတူရှိနေမယ်လို့ မမျှော်လင့်ပါနဲ့
ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ သင်္ခါရကမ္ဘာကြီးပါ။ ဘယ်အရာမှမတည်မြဲပါဘူး။ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်း၊ လက်တွဲဖော်စတာတွေဟာ မထင်မှတ်ထားတဲ့အချိန်မှာပဲ ခွဲခွာသွားနိုင်ပါတယ်။ ဒါကြောင့်ကိုယ်နဲ့ထာဝရရှိနေမယ်လို့ ယုံကြည်နေခြင်းက သင့်ရဲ့စိတ်အတွက် အန္တရာယ်ကြီးပါတယ်။

၁၀။ ကိုယ့်ကိုယ်ကိုမချစ်နိုင်ပဲနဲ့ အခြားသူတွေရဲ့အချစ်ကို မမျှော်လင့်ပါနဲ့
relationship တွေအားလုံးဟာ သင်နဲ့စပြီး သင်နဲ့ပဲဆုံးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုတောင် သူ့လောက်မချစ်ဖူးဆိုတာ လက်တွေ့မဆန်တဲ့ စကားလုံးဖြစ်ပါတယ်။ အရင်ဆုံးကိုယ့်ကိုယ်ကိုချစ်မှသာ အခြားသူတွေရဲ့ချစ်ခြင်းကို ခံရမှာပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထာမှသာ အခြားသူတွေရဲ့ တန်ဖိုးထားမှုကို ခံရမှာပါ။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here