ထမင်းစားနှေးလို့ ဆိုပြီး ရိုက်ခဲ့တဲ့ မိထွေးကြောင့် သေဆုံးသွားတဲ့ ၇နှစ်အရွယ် သမီးငယ်

0
546
မိထွေးရဲ့ ရက်စက်မှု

တရုတ်နိုင်ငံ ရှန်းဒေါင်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေကွဲဖွယ် အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အကြောင်းအရာကတော့ ထမင်းစားနှေးလို့ ဆိုပြီး မိထွေးဖြစ်သူက ရိုက်နှက်ဆုံးမမှုကြောင့် ၇နှစ်အရွယ် သမီးလေးတစ်ယောက် ဆုံးပါးသွားခဲ့လို့ပဲဖြစ်ပါတယ်။ အိမ်ဆောက်တဲ့နေရာမှာအသုံးပြုတဲ့ သံချောင်းလုံးနဲ့ ရိုက်နှက်မှုကြောင့် ပြင်းထန်တဲ့ ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဖခင်ဖြစ်သူ ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

တရုတ်စာနယ်ဇင်းတစ်ခုက ဖော်ပြထားတာတော့ မိထွေးဖြစ်သူ တရာခံအမျိုးသမီးရဲ့ နာမည်ဟာ Guo Mou လို့ သိရပြီး မိသားစုအတူတူ နေ့လယ်စာ စားနေရင်း အခုလို အခင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နေ့လယ်စာ စားနေချိန်မှာတော့ ကလေးမလေးကို ထမင်းစားတာ နှေးလို့ ဆိုပြီးမိထွေးဖြစ်သူက ဆူပူကြိမ်းမောင်းခဲ့ပါတယ်။ အဲ့ဒီနောက် ဒေါသထွက်ကာ ကလေးမလေးကို အခန်းထဲ ခေါ်ထည့်ပြီး တံခါးပိတ် ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူကလည်း ဝင်ရောက် ဟန့်တားခြင်းမရှိဘဲ အခန်းအပြင်ဘက်မှာ ဆေးလိပ်သောက်ရင်း နေနေခဲ့ပါတယ်။ ရိုက်နှက်လို့ ပြီးမှ အခန်းတံခါး သွားဖွင့်ကြည့်တဲ့ အခါမှာတော့ သမီးဖြစ်သူမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေကို မြင်ခဲ့ရပါတယ်။ ဘယ်ဖခင်ကမှ ကိုယ့်သွေးသားအရင်းချာကို သွေးထွက်သံယို မြင်ချင်ကြမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် မိန်းမဖြစ်သူနဲ့ ဒေါသထွက် ရန်ဖြစ်ခဲ့ရပါတယ်။

သမီးဖြစ်သူကို ကြည့်ပြီး စိုးရိမ်းရတဲ့အတွက် ဆေးရုံကို အမြန် ပို့ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ သမီးလေးကတော့ မိနစ်အနည်းငယ်သာ အသက်ရှင်ခဲ့ရပါတယ်။ သေဆုံးသွားတဲ့ သမီးကို ယခင်ကတည်းက မကြာခဏ ရိုက်နှက်မှုရှိပေမဲ့ အခုလောက်ထိ ဆိုးရွာလာလိမ့်မယ်လို့ မထင်ထားမိပါဘူး။ တရာခံဖြစ်သူ သူမကိုယ်တိုင်လည်း ကလေးမွေးထားတာ ၂လပဲရှိပါသေးတယ်။

သေဆုံးသွားတဲ့ သမီးလေးဟာ ဖခင်ဖြစ်သူရဲ့ ဖအေတူ မအေကွဲ ကလေးအပေါ် သံယောဇဉ်ရှိပေမဲ့ မိထွေးက အခုလို ရက်စက်ခဲ့တာ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ လက်ရှိအခြေအနေမှာတော့ တရားခံဖြစ်သူ မိထွေးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပြီး ပစ်ဒဏ်ချမှတ်ဖို့ကိုတော့ အသေးစိတ် မစစ်ဆေးရသေးတဲ့ အတွက် အတိတကျမသိရသေးပါဘူး။

#Lifestyle_Myanmar

#Thar_Nage

သမီးအဖြစ် အယောင်ဆောင်ပြီး ထောင်ဖောက်ပြေးဖို့ ကြိုးစားတဲ့ အကျဉ်းသားအဖမ်းခံရ

Zawgyi Fonts

ထမင္းစားေႏွးလို႔ ဆိုၿပီး ရိုက္ခဲ့တဲ့ မိေထြးေၾကာင့္ ေသဆုံးသြားတဲ့ ၇ႏွစ္အရြယ္ သမီးငယ္
တ႐ုတ္နိုင္ငံ ရွန္းေဒါင္းျပည္နယ္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေၾကကြဲဖြယ္ အျဖစ္အပ်က္တစ္ခုနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။ အေၾကာင္းအရာကေတာ့ ထမင္းစားေႏွးလို႔ ဆိုၿပီး မိေထြးျဖစ္သူက ရိုက္ႏွက္ဆုံးမမွုေၾကာင့္ ၇ႏွစ္အရြယ္ သမီးေလးတစ္ေယာက္ ဆုံးပါးသြားခဲ့လို႔ပဲျဖစ္ပါတယ္။ အိမ္ေဆာက္တဲ့ေနရာမွာအသုံးျပဳတဲ့ သံေခ်ာင္းလုံးနဲ႔ ရိုက္ႏွက္မွုေၾကာင့္ ျပင္းထန္တဲ့ ဒဏ္ရာမ်ားစြာ ရရွိခဲ့ၿပီး ဖခင္ျဖစ္သူ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။

တ႐ုတ္စာနယ္ဇင္းတစ္ခုက ေဖာ္ျပထားတာေတာ့ မိေထြးျဖစ္သူ တရာခံအမ်ိဳးသမီးရဲ့ နာမည္ဟာ Guo Mou လို႔ သိရၿပီး မိသားစုအတူတူ ေန႔လယ္စာ စားေနရင္း အခုလို အခင္းျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေန႔လယ္စာ စားေနခ်ိန္မွာေတာ့ ကေလးမေလးကို ထမင္းစားတာ ေႏွးလို႔ ဆိုၿပီးမိေထြးျဖစ္သူက ဆူပူႀကိမ္းေမာင္းခဲ့ပါတယ္။ အဲ့ဒီေနာက္ ေဒါသထြက္ကာ ကေလးမေလးကို အခန္းထဲ ေခၚထည့္ၿပီး တံခါးပိတ္ ရိုက္ႏွက္ခဲ့တာျဖစ္ပါတယ္။

ဖခင္ျဖစ္သူကလည္း ဝင္ေရာက္ ဟန္႔တားျခင္းမရွိဘဲ အခန္းအျပင္ဘက္မွာ ေဆးလိပ္ေသာက္ရင္း ေနေနခဲ့ပါတယ္။ ရိုက္ႏွက္လို႔ ၿပီးမွ အခန္းတံခါး သြားဖြင့္ၾကည့္တဲ့ အခါမွာေတာ့ သမီးျဖစ္သူမွာ ျပင္းထန္တဲ့ ဒဏ္ရာေတြကို ျမင္ခဲ့ရပါတယ္။ ဘယ္ဖခင္ကမွ ကိုယ့္ေသြးသားအရင္းခ်ာကို ေသြးထြက္သံယို ျမင္ခ်င္ၾကမွာမဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ မိန္းမျဖစ္သူနဲ႔ ေဒါသထြက္ ရန္ျဖစ္ခဲ့ရပါတယ္။

သမီးျဖစ္သူကို ၾကည့္ၿပီး စိုးရိမ္းရတဲ့အတြက္ ေဆး႐ုံကို အျမန္ ပို႔ေခၚသြားခဲ့ပါတယ္။ ဒါေပမဲ့ စိတ္မေကာင္းစြာပဲ သမီးေလးကေတာ့ မိနစ္အနည္းငယ္သာ အသက္ရွင္ခဲ့ရပါတယ္။ ေသဆုံးသြားတဲ့ သမီးကို ယခင္ကတည္းက မၾကာခဏ ရိုက္ႏွက္မွုရွိေပမဲ့ အခုေလာက္ထိ ဆိုးရြာလာလိမ့္မယ္လို႔ မထင္ထားမိပါဘူး။ တရာခံျဖစ္သူ သူမကိုယ္တိုင္လည္း ကေလးေမြးထားတာ ၂လပဲရွိပါေသးတယ္။

ေသဆုံးသြားတဲ့ သမီးေလးဟာ ဖခင္ျဖစ္သူရဲ့ ဖေအတူ မေအကြဲ ကေလးအေပၚ သံေယာဇဥ္ရွိေပမဲ့ မိေထြးက အခုလို ရက္စက္ခဲ့တာ တကယ့္ကို ဝမ္းနည္းစရာပါပဲ။ လက္ရွိအေျခအေနမွာေတာ့ တရားခံျဖစ္သူ မိေထြးကို ရဲက ဖမ္းဆီးထိန္းသိမ္းထားၿပီး ပစ္ဒဏ္ခ်မွတ္ဖို႔ကိုေတာ့ အေသးစိတ္ မစစ္ေဆးရေသးတဲ့ အတြက္ အတိတက်မသိရေသးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here