ထစ်ခနဲရှိ ကလေးတွေကို အပြစ်ပေးတာရပ်တန်းကရပ်ပြီး ဘယ်လိုမျိုးပြုမူပေးရမလဲ

0
82

ကလေးတွေက လူရှေ့သူရှေ့လည်းမရှောင်ဘဲ ဆိုးချင်တိုင်းဆိုးနေတာမျိုးကို ကြာလာတော့ မိဘအနေနဲ့ ဒေါသဖြစ်လာကြပါတယ်။ ဒီအခါမှာ သူတို့ကိုဆုံးမဖို့၊ သွန်သင်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အပြစ်ပေးခြင်းပါပဲ။ အခန်းထဲမှာသွားနေခိုင်းခြင်း၊ သူတို့ရဲ့အကြိုက်ဆုံးအရုပ်တွေကို သိမ်းလိုက်ခြင်း၊ သို့မဟုတ် ရိုက်လိုက်ခြင်း စတဲ့ ပုံစံမျိုးစုံနဲ့ အပြစ်ပေးခြင်းက သူတို့မဆိုးတော့အောင် တားဆီးလိုက်တယ်လို့ တွေးထင်မိပေမယ့်လည်း စိတ်ပညာရှင်များပြောစကားအရ အခုလိုလုပ်လိုက်ခြင်းဟာ ခဏတာရလဒ်ကိုပဲ ရရှိစေနိုင်တာြဖစ်ပါတယ်။ ဒါကြောင့် အခုလိုအပြစ်ပေးမယ့်အစား ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အဖြေရှာကြည့်လိုက်ရအောင်ပါ။

အပြစ်ပေးခြင်းက မိဘနဲ့သားသမီးအတွက် ဘာလို့ဆိုးရွားတာလဲ

၁။ အပျင်းကြီးတဲ့အပြုအမူ

သားသမီးနဲ့ ပြောဆိုဆက်ဆံဖို့ အလွယ်ကူဆုံးပုံစံက အပြစ်ပေးခြင်းပါပဲ။ ကိုယ်မကြိုက်တာသူလုပ်တယ်၊ သူမကြိုက်တာကိုလည်း ကိုယ်ပြန်လုပ်တယ် ဒီလိုမျိုးက ဘာညှိနှိုင်းဖြေရှင်းချက်မှမရှိတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်ကို ထိန်းကျောင်းပျိုးထောင်နိုင်ဖို့အတွက် ဒီအချက်က ဘယ်လိုနည်းနဲ့မှ နည်းလမ်းကောင်းမဖြစ်နိုင်ပါဘူး။

၂။ အမှားအမှန်သုံးသပ်တတ်တဲ့အကျင့်ကို ရပ်တန့်မိစေခြင်း

သားသမီးကို မကြာခဏ အပြစ်ပေးပြီးတော့ သူတို့လုပ်တဲ့အမှားတွေရဲ့ နောက်ဆက်တွဲနဲ့ပတ်သက်လို့ သေချာပြောမပြ၊ မရှင်းပြဘူးဆိုရင်တော့ အနာဂါတ်မှာ သူတို့ကိုယ်ပိုင်ဥာဏ်စွမ်းကို အသုံးပြုပြီး ဘယ်ဟာမှန်တယ်၊ မှားတယ်ဆိုပြီးတော့ နားလည်ခွဲခြားနိုင်စွမ်းရှိမှာမဟုတ်တော့ပါဘူး။

၃။ ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့နည်းလာခြင်း

အခြေအနေအများစုမှာ အပြစ်ပေးခံရတဲ့ကလေးတွေ တွေးတတ်ကြတာက “ငါ့မိဘတွေက ငါ့ကိုမချစ်ကြဘူး။ ငါ့မှာဘယ်လိုအမှားတွေရှိနေလဲမသိပါဘူး” ဆိုပြီးတော့ ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။ မိဘအနေနဲ့ ကိုယ့်သားသမီးကို ဒီလိုတွေးပါစေဆိုပြီး ရည်ရွယ်ချက်နဲ့ ပြုမူလိုက်တာတော့မဟုတ်ပေမယ့် ဒီလိုဖြစ်သွားနိုင်ပါတယ်။

၄။ ကြောက်စိတ်ဝင်သွားစေခြင်း

သားသမီးကိုနောက်တစ်ကြိမ်အပြစ်မပေးခင်မှာ “ငါ့ကိုအမြဲကြောက်သွားစေချင်လား” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်ပြန်မေးလိုက်ပါ။ သေချာတဲ့အဖြေကတော့ “မလိုချင်ဘူး” ဆိုတာပါပဲ။ ထစ်ခနဲရှိ အပြစ်ပေးတတ်ခြင်းဖြင့် အမှားသေးသေးလေးပြုလုပ်မိရင်တောင်မှ မိဘက သူတို့ကိုဘာလုပ်တော့မလဲမသိဘူး ဆိုတဲ့ ကြောက်စိတ်ကို ဖြစ်သွားစေနိုင်ပါတယ်။

၅။ ရန်လိုမှုကိုဖြစ်လာစေခြင်း

ကလေးက အမှားတစ်ခုခုလုပ်မိတဲ့အခါ သူတို့ရဲ့အမှားအပေါ် အပြစ်ရှိစိတ်ခံစားတတ်ပြီး ပိုကောင်းအောင် ပြောင်းလဲချင်တတ်တဲ့ စိတ်ဓာတ်လေးကို မွေးမြူစေချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာဘဲ သားသမီးတွေက ကိုယ်အပြစ်ပေးလိုက်တဲ့အတွက် ကိုယ့်အပေါ်အမုန်းတရားတွေဖြစ်လာကာ ပိုပြီးဆိုးရွားတဲ့အပြုအမူတွေကို လုပ်လာနိုင်ပါတယ်။

ဒါဆိုရင် အပြစ်ပေးမယ့်အစား ဘာလုပ်ရမလဲ

နည်းလမ်းကျကျစဥ်းစားပါ။ ။ အကယ်လို့ ကိုယ့်သားသမီးက ဈေးဝယ်ထွက်နေချိန်မှာ ဂနာငြိမ်မနေတတ်ဘူးဆိုရင် မုန့်လေးတွေနဲ့ သူတို့အာရုံကိုလွှဲထားတာမျိုး လုပ်လိုက်ပါ။

ဘာလို့ဒီလိုပြုမူတာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာပါ။ ။ ကလေးတွေစိတ်ကောင်းဝင်နေချိန်မှာ သူတို့ဘာလို့ ဒီလိုဆိုးတာလဲဆိုပြီးတော့ မေးကြည့်လိုက်ပါ။ ကိုယ်က နားထောင်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင် ကလေးတွေကလည်း လိုလိုလားလား ပြောပြပေးပါလိမ့်မယ်။

တောင်းပန်တတ်အောင်သင်ပေးပါ။ ။ ကလေးကဆိုးသွမ်းနေချိန်မှာ ဒေါသထိန်းနိုင်စွမ်းလွတ်သွားပြီး မကောင်းတဲ့စကားလုံးတွေ သုံးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုဆူတာ လွန်သွားပြီလို့ ခံစားမိပြီဆိုရင်တော့ အသက်ပြင်းပြင်းရှူရှူလိုက်ပြီး ကိုယ့်အမှားအတွက် တောင်းပန်လိုက်ပါ။ လူတိုင်းကအမှားလုပ်တတ်ကြကြောင်းကို ပြသပြီး ထိုအမှားအတွက် တောင်းပန်တတ်အောင် သင်ကြားပေးဖို့က အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။

Lifestyle_Myanmar

#Thinzar
Source-brightside

Zawgyi

ထစ္ခနဲရွိ ကေလးေတြကို အျပစ္ေပးတာရပ္တန္းကရပ္ၿပီး ဘယ္လိုမ်ိဳးျပဳမူေပးရမလဲ

ကေလးေတြက လူေရွ႕သူေရွ႕လည္းမေရွာင္ဘဲ ဆိုးခ်င္တိုင္းဆိုးေနတာမ်ိဳးကို ၾကာလာေတာ့ မိဘအေနနဲ႔ ေဒါသျဖစ္လာၾကပါတယ္။ ဒီအခါမွာ သူတို႔ကိုဆုံးမဖို႔၊ သြန္သင္ဖို႔ အလြယ္ကူဆုံးနည္းလမ္းကေတာ့ အျပစ္ေပးျခင္းပါပဲ။ အခန္းထဲမွာသြားေနခိုင္းျခင္း၊ သူတို႔ရဲ႕အႀကိဳက္ဆုံးအ႐ုပ္ေတြကို သိမ္းလိုက္ျခင္း၊ သို႔မဟုတ္ ႐ိုက္လိုက္ျခင္း စတဲ့ ပုံစံမ်ိဳးစုံနဲ႔ အျပစ္ေပးျခင္းက သူတို႔မဆိုးေတာ့ေအာင္ တားဆီးလိုက္တယ္လို႔ ေတြးထင္မိေပမယ့္လည္း စိတ္ပညာရွင္မ်ားေျပာစကားအရ အခုလိုလုပ္လိုက္ျခင္းဟာ ခဏတာရလဒ္ကိုပဲ ရရွိေစႏိုင္တာျဖစ္ပါတယ္။ ဒါေၾကာင့္ အခုလိုအျပစ္ေပးမယ့္အစား ဘယ္လိုမ်ိဳးကိုင္တြယ္ေျဖရွင္းမလဲဆိုတဲ့ နည္းလမ္းေလးေတြကို အေျဖရွာၾကည့္လိုက္ရေအာင္ပါ။

အျပစ္ေပးျခင္းက မိဘနဲ႔သားသမီးအတြက္ ဘာလို႔ဆိုး႐ြားတာလဲ

၁။ အပ်င္းႀကီးတဲ့အျပဳအမူ

သားသမီးနဲ႔ ေျပာဆိုဆက္ဆံဖို႔ အလြယ္ကူဆုံးပုံစံက အျပစ္ေပးျခင္းပါပဲ။ ကိုယ္မႀကိဳက္တာသူလုပ္တယ္၊ သူမႀကိဳက္တာကိုလည္း ကိုယ္ျပန္လုပ္တယ္ ဒီလိုမ်ိဳးက ဘာညႇိႏႈိင္းေျဖရွင္းခ်က္မွမရွိတဲ့ အျပဳအမူမ်ိဳးျဖစ္ပါတယ္။ ေပ်ာ္႐ႊင္က်န္းမာတဲ့ ကေလးတစ္ေယာက္ကို ထိန္းေက်ာင္းပ်ိဳးေထာင္ႏိုင္ဖို႔အတြက္ ဒီအခ်က္က ဘယ္လိုနည္းနဲ႔မွ နည္းလမ္းေကာင္းမျဖစ္ႏိုင္ပါဘူး။

၂။ အမွားအမွန္သုံးသပ္တတ္တဲ့အက်င့္ကို ရပ္တန႔္မိေစျခင္း

သားသမီးကို မၾကာခဏ အျပစ္ေပးၿပီးေတာ့ သူတို႔လုပ္တဲ့အမွားေတြရဲ႕ ေနာက္ဆက္တြဲနဲ႔ပတ္သက္လို႔ ေသခ်ာေျပာမျပ၊ မရွင္းျပဘူးဆိုရင္ေတာ့ အနာဂါတ္မွာ သူတို႔ကိုယ္ပိုင္ဥာဏ္စြမ္းကို အသုံးျပဳၿပီး ဘယ္ဟာမွန္တယ္၊ မွားတယ္ဆိုၿပီးေတာ့ နားလည္ခြဲျခားႏိုင္စြမ္းရွိမွာမဟုတ္ေတာ့ပါဘူး။

၃။ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ေလ်ာ့နည္းလာျခင္း

အေျခအေနအမ်ားစုမွာ အျပစ္ေပးခံရတဲ့ကေလးေတြ ေတြးတတ္ၾကတာက “ငါ့မိဘေတြက ငါ့ကိုမခ်စ္ၾကဘူး။ ငါ့မွာဘယ္လိုအမွားေတြရွိေနလဲမသိပါဘူး” ဆိုၿပီးေတာ့ ျပန္လည္တုန႔္ျပန္တတ္ၾကပါတယ္။ မိဘအေနနဲ႔ ကိုယ့္သားသမီးကို ဒီလိုေတြးပါေစဆိုၿပီး ရည္႐ြယ္ခ်က္နဲ႔ ျပဳမူလိုက္တာေတာ့မဟုတ္ေပမယ့္ ဒီလိုျဖစ္သြားႏိုင္ပါတယ္။

၄။ ေၾကာက္စိတ္ဝင္သြားေစျခင္း

သားသမီးကိုေနာက္တစ္ႀကိမ္အျပစ္မေပးခင္မွာ “ငါ့ကိုအၿမဲေၾကာက္သြားေစခ်င္လား” ဆိုတဲ့ ေမးခြန္းကို ကိုယ့္ကိုယ္ကို အရင္ျပန္ေမးလိုက္ပါ။ ေသခ်ာတဲ့အေျဖကေတာ့ “မလိုခ်င္ဘူး” ဆိုတာပါပဲ။ ထစ္ခနဲရွိ အျပစ္ေပးတတ္ျခင္းျဖင့္ အမွားေသးေသးေလးျပဳလုပ္မိရင္ေတာင္မွ မိဘက သူတို႔ကိုဘာလုပ္ေတာ့မလဲမသိဘူး ဆိုတဲ့ ေၾကာက္စိတ္ကို ျဖစ္သြားေစႏိုင္ပါတယ္။

၅။ ရန္လိုမႈကိုျဖစ္လာေစျခင္း

ကေလးက အမွားတစ္ခုခုလုပ္မိတဲ့အခါ သူတို႔ရဲ႕အမွားအေပၚ အျပစ္ရွိစိတ္ခံစားတတ္ၿပီး ပိုေကာင္းေအာင္ ေျပာင္းလဲခ်င္တတ္တဲ့ စိတ္ဓာတ္ေလးကို ေမြးျမဴေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ကိုယ္ေမွ်ာ္လင့္ထားသလိုျဖစ္မလာဘဲ သားသမီးေတြက ကိုယ္အျပစ္ေပးလိုက္တဲ့အတြက္ ကိုယ့္အေပၚအမုန္းတရားေတြျဖစ္လာကာ ပိုၿပီးဆိုး႐ြားတဲ့အျပဳအမူေတြကို လုပ္လာႏိုင္ပါတယ္။

ဒါဆိုရင္ အျပစ္ေပးမယ့္အစား ဘာလုပ္ရမလဲ

နည္းလမ္းက်က်စဥ္းစားပါ။ ။ အကယ္လို႔ ကိုယ့္သားသမီးက ေဈးဝယ္ထြက္ေနခ်ိန္မွာ ဂနာၿငိမ္မေနတတ္ဘူးဆိုရင္ မုန႔္ေလးေတြနဲ႔ သူတို႔အာ႐ုံကိုလႊဲထားတာမ်ိဳး လုပ္လိုက္ပါ။

ဘာလို႔ဒီလိုျပဳမူတာလဲဆိုတဲ့ အေၾကာင္းအရင္းကို ရွာပါ။ ။ ကေလးေတြစိတ္ေကာင္းဝင္ေနခ်ိန္မွာ သူတို႔ဘာလို႔ ဒီလိုဆိုးတာလဲဆိုၿပီးေတာ့ ေမးၾကည့္လိုက္ပါ။ ကိုယ္က နားေထာင္ဖို႔အဆင္သင့္ျဖစ္ေနၿပီဆိုရင္ ကေလးေတြကလည္း လိုလိုလားလား ေျပာျပေပးပါလိမ့္မယ္။

ေတာင္းပန္တတ္ေအာင္သင္ေပးပါ။ ။ ကေလးကဆိုးသြမ္းေနခ်ိန္မွာ ေဒါသထိန္းႏိုင္စြမ္းလြတ္သြားၿပီး မေကာင္းတဲ့စကားလုံးေတြ သုံးမိလိုက္ႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ကိုဆူတာ လြန္သြားၿပီလို႔ ခံစားမိၿပီဆိုရင္ေတာ့ အသက္ျပင္းျပင္းရႉရႉလိုက္ၿပီး ကိုယ့္အမွားအတြက္ ေတာင္းပန္လိုက္ပါ။ လူတိုင္းကအမွားလုပ္တတ္ၾကေၾကာင္းကို ျပသၿပီး ထိုအမွားအတြက္ ေတာင္းပန္တတ္ေအာင္ သင္ၾကားေပးဖို႔က အေရးႀကီးဆုံး အခ်က္ပဲျဖစ္ပါတယ္။

Lifestyle_Myanmar

#Thinzar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here