တရုတ်နိုင်ငံမှာသာ မြင်တွေ့နိုင်တဲ့ သူတို့ရဲ့ ထူးထူးခြားခြားအမူအကျင့်များ

0
814
တရုတ်နိုင်ငံ
တရုတ်နိုင်ငံ

၁။ ဈေးရုံထဲမှာ ရောင်းချလေ့ရှိတဲ့ အစားအစာ

-Advertisement-


များသောအားဖြင့် အသားငါးတွေကို ခုတ်ထစ်ပြီး ရောင်းချလေ့ရှိပေမဲ့ တရုတ်နိုင်ငံရဲ့ အသားငါး ရောင်းချတဲ့ ဆိုင်တွေမှာတော့ ငါးမန်နဲ့ မိကျောင်းကို အကောင်လိုက်ရောင်းချလေ့ရှိပါတယ်။

၂။ ခွေးအစား ဘဲငန်းကို အစားထိုး


တရုတ်နိုင်ငံရဲ့ တချို့ဒေသတွေမှာ ရဲတပ်ဖွဲ့ဝင်တွေအသုံးပြုလေ့ရှိတဲ့ ခွေးနေရာမှာ ဘဲငန်းကို အစားထိုးပြီး အသုံးပြုလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ ဘဲငန်းရဲ့ အပြုအမူဟာ အမြဲလိုလို ရန်လိုတဲ့ အပြုအမူတွေရှိတာကြောင့်လို့ ဆိုပါတယ်။

၃။ ဂဏန်းရောင်းစက်


များသောအားဖြင့် မုန့်တို့ အအေးဗူးတို့သာ ရောင်းသူမဲ့ စက်တွေနဲ့ ရောင်းချတာတွေ့ရပေမဲ့ တရုတ်နိုင်ငံရဲ့ မြေအောက်ဘူတာရုံတွေမှာတော့ ဂဏန်းကို ရောင်းသူမဲ့ စက်တွေထဲ ထည့်ပြီး ရောင်းချနေတာတွေ့ရမှာဖြစ်ပါတယ်။

၎။ ဝန်ထမ်းတွေ အဆောက်အဦးပေါ်မှာ ခုန်ချပြီး သတ်မသေအောင်


တခါတလေ စီးပွားရေးလုပ်ငန်များကြောင့် စိတ်ဖိစီးမှုများပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားသူတွေရန်မှ ကာကွယ်နိုင်အောင် အဆောက်အဦးရဲ့ အပြင်ဘက်တွေမှာ ပိုက်ကွန်တွေ တပ်ဆင်ထားကြပါတယ်။

၅။ တစ္ဆေဖြင့် လက်ထပ်ထိမ်းမြားခြင်း


တရုတ်နိုင်ငံမှာ ငယ်ငယ်ရွယ်ရွယ် လက်မထပ်ရသေးဘဲ သေဆုံးသွားတဲ့ ရုပ်အလောင်းကို ဆွေမျိုးသားချင်းတွေဆီက ဒေါ်လာ ၅၀၀၀ ဖြင့် မှောင်ခိုဝယ်ယူပြီး လက်ထပ်ထိမ်းမြားကြပါတယ်။

၆။ ပိုးဟပ်မွေးမြူရေး


အဆိုပါ အင်းဆက်ပိုးမွှားတွေဟာ တရုတ်ဆေးပညာရပ်မှာ များစွာအသုံးဝင်တာကြောင့် စီးပွားရေးတစ်ခုအဖြင့် ရင်းနှီးမြှုပ်နှံပြီး မွေးမြူမှုရေးတွေ ပြုလုပ်ကြပါတယ်။

၇။ နှစ်ပေါင်း သန်း ၂၇၀ ရှိတဲ့ ကျောက်သစ်တော


နှစ်ပေါင်း သန်း ၂၇၀ ရှိပြီး ကျောက်သားတွေနဲ့ သဘာဝအလျှောက်ဖွဲ့စည်းထားတဲ့ တောအုပ်ကြီးဟာ ကမ္ဘာ့ရှေးအကျဆုံးအမွေအနှစ်တစ်ခုလို့ ပြောလို့ရပါတယ်။

၈။ တရုတ်စစ်တပ်က အမျိုးသမီး


စစ်မှုထမ်းအမျိုးသမီးတွေ နိုင်ငံတကာမှာရှိတာ ပုံမှန်ဖြစ်နေပေမဲ့ တရုတ်စစ်တပ်မှာ ယူနီဖောင်းဝတ်ထားတဲ့ အလွန်ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေဆို နာမည်ဆိုးနဲ့ပဲ လူသိများကြပါတယ်။

#Lifestyle_Myanmar

ဟောလိုးဝင်းပွဲတော်အကြောင်း သိကောင်းစရာအချို့

LEAVE A REPLY

Please enter your comment!
Please enter your name here