တွန်းလှည်းလေးနဲ့လမ်းဘေးစျေးရောင်းရင်း ကလေးတွေကို အခမဲ့ စာပြပေးတဲ့ ၆၆နှစ်အရွယ်အဖိုး

0
0
ဖိလစ်ပိုင်နိုင်ငံ
ဖိလစ်ပိုင်နိုင်ငံ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အရှေ့မြောက်ဘက်မှာရှိ Quezon မြို့ရဲ့ EDSA လမ်းနဲ့ Mapagmahal လမ်းတွေမှာ အမြဲလိုလို လက်တွန်းလှည်းတစ်ခုဖြင့် စျေးရောင်းနေတဲ့ အသက် ၆၆နှစ်အရွယ် အဖိုးအိုကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ထိုလမ်းမတွေမှာ စျေးရောင်းရင်း နေ့လယ်ခင်း ထမင်းစားဆင်းချိန် စာသင်ကျောင်းနားကို ရောက်လာပြီဆိုရင်တော့ သူ့ရဲ့ လက်တွန်းလှည်းလေးမှာ ကျောင်းသားတွ အုန်းအုန်းသဲသဲနဲ့ အဖိုးအိုအနားကို ရောက်လာကြပါတယ်။ ကျောင်းသားတွေက စျေးဝယ်လာကြတာလားလို့ သေချာကြည့်ကြည့်တော့လည်း စျေးလာဝယ်ကြတာလည်း မဟုတ်ပါဘူး။ ဒါနဲ့ ဒီအကြောင်းကို သိချင်တဲ့ Jj Felipe Desanjose Faigmani ဆိုသူ facebook အကောင့်ပိုင်ရှင်က ကျောင်းသားတစ်ယောက်ကို မေးမြန်းပြီး သူ့ရဲ့ facebook အကောင့်မှာ အခုလိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။

အဖိုးအိုဟာ ကျောင်းနားကို ရောက်လာပြီဆိုရင်တော့ ကလေးတွကို သူတို့ မသိ နားမလည်တဲ့ အင်္ဂလိပ်စာတွေ၊ အဓိပ္ပာယ်တွေ၊ အသံထွက်တွေ စတဲ့ စာပေတွေကို သင်ကြားပေးပြီး အမြဲလိုလို ဗဟုသုတရစရာ အကြောင်းတွေနဲ့ ဆုံးမသြဝါဒ ပေးတတ်ပါတယ်။ ကျောင်းသားတွေ လစဥ်စာမေးပွဲ ဖြေဆိုခါနီးရက်ပိုင်းဆို အဖိုးအိုရဲ့ တွန်းလှည်းနားမှာ ကျောင်းသားတွ ပြည့်ကျပ်နေတတ်ပါတယ်။ စာကိုလည်း အခမဲ့ သင်ကြားပေးရုံသာမက စာရွက်စာတမ်းတွေ၊ ဘောပင်၊ ခဲတံကအစ စာရေးကိရိယာ မရှိတဲ့သူတွေကိုလည်း ရံဖန်ရံခါ ထောက်ပံ့ပေးလေ့ရှိပါတယ်။

ဒီလို စိတ်ထားမြင့်မြတ်တဲ့အဖိုးအိုရဲ့ ဘဝကတော့ တကယ့်ကို သနားစရာကောင်းပါတယ်။ သူဟာ ပညာရေးမှာ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပေမဲ့ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရဘဲ အထက်တန်းလောက်နဲ့ ရပ်တန့်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အထက်တန်းကျောင်းတက်တဲ့အရွယ်မှာပဲ မီးလောင်မှုကြောင့် မိဘနှစ်ပါးစလုံးဆုံးသွားတဲ့အတွက် ကျောင်းဆက်တက်ခွင့် အခွင့်အလမ်းနဲ့ လွဲချော်ခဲ့ရပါတယ်။ အိုးမဲ့ အိမ်မဲ့အခြေအနေကို တစ်ကောင်ကြွက်ဘဝနဲ့ ရုန်းကန်လာခဲရပြီး လက်ရှိကလေးတွေကိုလည်း သူ့လိုပညာရေး တစ်ပိုင်းတစ်စ မဖြစ်အောင် အခုလိုအလုပ်မျိုးကို တက်နိုင်သလောက် လိုက်လုပ်ပေးနေတာပဲဖြစ်ပါတယ်။

ပလတ်စတစ်ပုလင်းတွေ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ခဲ့တဲ့ ဆန်ဖရန်စစ္စကို

#Lifestyle_Myanmar

#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here