တွင်းထဲမှာ ၃၇နာရီကြာပိတ်မိနေပေမဲ့ ရွှံ့ရည်သောက်ပြီး အသက်ရှင်ခဲ့တဲ့ ၇၀အရွယ်အဖိုး

0
654
စားအုန်းဆီ စိုက်ခင်း
စားအုန်းဆီ စိုက်ခင်း

အသက် ၇၀အရွယ် မလေးရှားအဖိုးအိုတစ်ယောက်ဟာ စားအုန်းဆီစိုက်ခင်းကို သွားရင်း အနက် ၁၃ပေရှိတဲ့ တွင်းထဲကို ကျပြီး ၃၇နာရီကြာအောင် တွင်းထဲမှာ နေထိုင်ခဲ့ရပါတယ်။ အဆိုပါ အဖိုးဟာ ပြီးခဲ့တဲ့ မေလ ၂၃ရက်နေ့ နံနက်ပိုင်းက စားအုန်းဆီစိုက်ခင်းထဲ အသီးခူးဖို့သွားရင်း မတော်တဆ တွင်းထဲကို ကျသွားခဲ့ဖြစ်ပါတယ်။

အဆိုပါတွင်းဟာ အနက် ၁၃ပေရှိပြီး ကျောက်စည်ပိုင်းနဲ့ ကာထားတဲ့ တွင်းကြီးပါ။ နံနက် ၉နာရီပိုင်းလောက်မှာ တွင်းထဲကို ပြုတ်ကျသွားတာဖြစ်ပြီး တွင်းရဲ့ နံရံပတ်ပတ်လည်မှာ ရေညှိတွေတက်နေတာကြောင့် အပေါ်ကို ပြန်တက်ဖို့ အဖြစ်နိုင်ခဲ့ပါဘူး။ နေ့လည်ပိုင်း ထမင်းစားချိန် ပြန်မလာလို့ မိန်းမဖြစ်သူက စိုက်ခင်းထဲ လာရှာပေမဲ့ ကံမကောင်းစွာပဲ အဖိုးကို ရှာမတွေ့ခဲ့ပါဘူး။ စိုက်ခင်းဖြစ်တာကြောင့် လူသွားလူလာနည်းပါပြီး အကူအညီတောင်းဖို့အတွက်လည်း တော်တော်နဲ့ မဖြစ်နိုင်ပါဘူး။

နောက်ဆုံးတော့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီရှာဖွေပေးခဲ့တာကြောင့် မေလ ၂၄ရက်နေ့ ညပိုင်း ၉နာရီနဲ့ မိနစ် ၄၀မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တွင်းထဲကနေ လုံလုံခြုံခြုံ ကယ်တင်နိုင်ခဲ့ပြီး ၂ရက်နီးပါးကြာအောင် ပိတ်မိနေတာကြောင့် ရေနဲ့ အစာဆာလောင်တဲ့ ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ရေနဲ့ ပေါင်မုန့်အချို့ကို ကျွေးပြီး အနီးနားရှိ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရပါတယ်။

တွင်းထဲကျနေတဲ့အချိန် ရေဆာတဲ့အခါ တွင်းထဲမှာရှိတဲ့ ဗွက်ရည်ကို သောက်ခဲ့ရပြီး စားစရာအတွက် တွင်းထဲကျတဲ့ ဖားကို စားခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က အချိန်မှီရောက်လာခဲ့လို့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ရတာပါ။ တနင်္ဂနွေနေ့မှ သူ့ကို ရှာတွေ့ခဲ့ရင် တွင်းထဲမှာပဲ အစာရေဆာ ငတ်ပြတ်ပြီး သေဆုံးနေလောက်ပြီလို့ အဖိုးအိုက ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

စီးလာတဲ့ဖိနပ်ကို လမ်းဘေးကလေးကို ပေးပြီး ခြေဗလာနဲ့ လမ်းလျှောက်တဲ့ ၂နှစ်အရွယ်ကလေး

Zawgyi fonts

တြင္းထဲမွာ ၃၇နာရီၾကာပိတ္မိေနေပမဲ့ ရႊံ့ရည္ေသာက္ၿပီး အသက္ရွင္ခဲ့တဲ့ အသက္ ၇၀အရြယ္အဖိုး
အသက္ ၇၀အရြယ္ မေလးရွားအဖိုးအိုတစ္ေယာက္ဟာ စားအုန္းဆီစိုက္ခင္းကို သြားရင္း အနက္ ၁၃ေပရွိတဲ့ တြင္းထဲကို က်ၿပီး ၃၇နာရီၾကာေအာင္ တြင္းထဲမွာ ေနထိုင္ခဲ့ရပါတယ္။ အဆိုပါ အဖိုးဟာ ၿပီးခဲ့တဲ့ ေမလ ၂၃ရက္ေန႔ နံနက္ပိုင္းက စားအုန္းဆီစိုက္ခင္းထဲ အသီးခူးဖို႔သြားရင္း မေတာ္တဆ တြင္းထဲကို က်သြားခဲ့ျဖစ္ပါတယ္။

အဆိုပါတြင္းဟာ အနက္ ၁၃ေပရွိၿပီး ေက်ာက္စည္ပိုင္းနဲ႔ ကာထားတဲ့ တြင္းႀကီးပါ။ နံနက္ ၉နာရီပိုင္းေလာက္မွာ တြင္းထဲကို ျပဳတ္က်သြားတာျဖစ္ၿပီး တြင္းရဲ့ နံရံပတ္ပတ္လည္မွာ ေရညႇိေတြတက္ေနတာေၾကာင့္ အေပၚကို ျပန္တက္ဖို႔ အျဖစ္နိုင္ခဲ့ပါဘူး။ ေန႔လည္ပိုင္း ထမင္းစားခ်ိန္ ျပန္မလာလို႔ မိန္းမျဖစ္သူက စိုက္ခင္းထဲ လာရွာေပမဲ့ ကံမေကာင္းစြာပဲ အဖိုးကို ရွာမေတြ႕ခဲ့ပါဘူး။ စိုက္ခင္းျဖစ္တာေၾကာင့္ လူသြားလူလာနည္းပါၿပီး အကူအညီေတာင္းဖို႔အတြက္လည္း ေတာ္ေတာ္နဲ႔ မျဖစ္နိုင္ပါဘူး။

ေနာက္ဆုံးေတာ့ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးအဖြဲ႕ေတြက ဝိုင္းဝန္းကူညီရွာေဖြေပးခဲ့တာေၾကာင့္ ေမလ ၂၄ရက္ေန႔ ညပိုင္း ၉နာရီနဲ႔ မိနစ္ ၄၀မွာ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ တြင္းထဲကေန လုံလုံျခဳံျခဳံ ကယ္တင္နိုင္ခဲ့ၿပီး ၂ရက္နီးပါးၾကာေအာင္ ပိတ္မိေနတာေၾကာင့္ ေရနဲ႔ အစာဆာေလာင္တဲ့ ဒဏ္ကိုေတာ့ ခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ေရနဲ႔ ေပါင္မုန္႔အခ်ိဳ႕ကို ေကၽြးၿပီး အနီးနားရွိ ေဆး႐ုံကို အျမန္ဆုံး ပို႔ေဆာင္ေပးခဲ့ရပါတယ္။

တြင္းထဲက်ေနတဲ့အခ်ိန္ ေရဆာတဲ့အခါ တြင္းထဲမွာရွိတဲ့ ဗြက္ရည္ကို ေသာက္ခဲ့ရၿပီး စားစရာအတြက္ တြင္းထဲက်တဲ့ ဖားကို စားခဲ့ရပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕က အခ်ိန္မွီေရာက္လာခဲ့လို႔ ကံေကာင္းေထာက္မစြာ အသက္ရွင္ခဲ့ရတာပါ။ တနဂၤေႏြေန႔မွ သူ႔ကို ရွာေတြ႕ခဲ့ရင္ တြင္းထဲမွာပဲ အစာေရဆာ ငတ္ျပတ္ၿပီး ေသဆုံးေနေလာက္ၿပီလို႔ အဖိုးအိုက ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here