တောမီးကြောင့် မီးလောင်ပြီး သေဆုံးသွားတဲ့ အရှည် ၃၂ပေ ရှိတဲ့ စပါးအုံးမြွေကြီး

0
735

အင်ဒိုနီးရှားမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် လေထုအတော်လေး ညစ်ညမ်းခဲ့ရပြီး တောရိုင်းတိရိစ္ဆာန်အများအပြားနဲ့ သစ်တောအများအပြား ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အနီးနားက နေအိမ်တွေလည်း မီးထဲ ပါသွားခဲ့ပြီး လူမှု့ကွန်ယက်ပေါ်ဖြန့်ဝေခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဧရာမတွားသွား သတ္တဝါတွေ အများအပြားလည်း သေကြေပျက်စီးခဲ့တာတွေ့ရပါတယ်။

အဆိုပါ အင်ဒိုနီးရှားတောမီးကြောင့် မလေးရှားမှာ ပြီးခဲ့တဲ့ ၁၇ရက်နေ့က လေထုညစ်ညမ်းမှု ညွှန်ကိန်း ၅၀၀ထက်ကျော်ကြောင်း National Disaster Management အေဂျင်စီရဲ့ အရေးပေါ် ကြေညာချက်တွေအရ သိခဲ့ရပါတယ်။ မီးခိုးဒဏ်ကို မလေးရှားက ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာ ၁၈ရက်နေ့ BOS ဖောင်ဒေးရှင်းက မျှဝေခဲ့တဲ့ ပို့စ်ထဲမှာ အဆိုပါတောမီးလောင်မှုကြောင့် အရှည် ၁၀မီတာ ကြီးမားရှည်လျားတဲ့ စပါးအုံးမြွေကြီးလည်း မီးလောင်းကျွမ်သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် သူရဲ့ မိသားစုဝင်တွေလို့ ထင်ရတဲ့ အခြားမြွေတွေလည်း အဆိုပါ မြွေကြီးရဲ့ အနီးနားမှာ အစုလိုက် အပြုံလိုက် မီးလောင်ကျွမ်းနေတာတွေ့ရပါတယ်။ အရှည် ၃၂ပေဆိုတဲ့ အရွယ်အစားဟာ ဆိတ်တို့ နွားတို့ကို အလွယ်တကူ မျိုချနိုင်လောက်အောင် ကြီးမားတဲ့ အရွယ်အစားပါ။ မြွေကြီးဟာ မီးတောထဲက လွတ်မြောက်အောင် ကြိုးစားခဲ့ဟန်တူပေမဲ့ စိတ်မကောင်းစွာပဲ မလွတ်မြောက်ခဲ့ရပါဘူး။

Wildlife not have time when fire come. Some of them can fly and run faster will survive, but how about wildlife like this ? Can they run more faster then fire ?

Gepostet von CAN Borneo am Sonntag, 15. September 2019

တောမီးငြိမ်းသွားတဲ့ အချိန်မှာတော့ အဆိုပါ မြွေကြီး အပါအဝင် အခြား မြွေပေါက်လေးတွေရော အကုန်းလုံး မီးကျွမ်းနေပါပြီ။ လက်ရှိအခြေအနေမှာ Borneo Orangutan Suvival (BOS) ဖောင်ဒေးရှင်းက ဘေးကင်းလုံခြုံဖို့အတွက် လူအင်အားအပါအဝင်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ရေစုတ်စက်တွေ၊ မီးဘေးအန္တရာယ် ကြိုတင်ကွယ်ရေးစနစ်တွေ တည်ဆောက်ဖို့ ပြုလုပ်နေပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

ေတာမီးေၾကာင့္ မီးေလာင္ၿပီး ေသဆုံးသြားတဲ့ အရွည္ ၃၂ေပ ရွိတဲ့ စပါးအုံးေႁမြႀကီး
မေလးရွားမွာ ေလာင္ကၽြမ္းခဲ့တဲ့ ေတာမီးေၾကာင့္ ေလထုအေတာ္ေလး ညစ္ညမ္းခဲ့ရၿပီး ေတာရိုင္းတိရိစၧာန္အမ်ားအျပားနဲ႔ သစ္ေတာအမ်ားအျပား ပ်က္စီးဆုံးရွုံးမွုေတြျဖစ္ေပၚခဲ့ပါတယ္။ ဒါ့အျပင္ အနီးနားက ေနအိမ္ေတြလည္း မီးထဲ ပါသြားခဲ့ၿပီး လူမွု႔ကြန္ယက္ေပၚျဖန္႔ေဝခဲ့တဲ့ ဗီဒီယိုထဲမွာေတာ့ ဧရာမတြားသြား သတၱဝါေတြ အမ်ားအျပားလည္း ေသေၾကပ်က္စီးခဲ့တာေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ၁၇ရက္ေန႔က ေလထုညစ္ညမ္းမွု ညႊန္ကိန္းဟာ ၅၀၀ထက္ေက်ာ္လြန္ခဲ့တာေၾကာင့္ National Disaster Management ေအဂ်င္စီက အေရးေပၚ ေၾကညာခ်က္ေတြေတာင္ ထုတ္ျပန္ခဲ့ရပါတယ္။ စက္တင္ဘာ ၁၈ရက္ေန႔ BOS ေဖာင္ေဒးရွင္းက မၽွေဝခဲ့တဲ့ ပို႔စ္ထဲမွာ အဆိုပါေတာမီးေလာင္မွုေၾကာင့္ အရွည္ ၁၀မီတာ ႀကီးမားရွည္လ်ားတဲ့ စပါးအုံးေႁမြႀကီးလည္း မီးေလာင္းကၽြမ္ေသဆုံးေနတာ ေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္ သူရဲ့ မိသားစုဝင္ေတြလို႔ ထင္ရတဲ့ အျခားေႁမြေတြလည္း အဆိုပါ ေႁမြႀကီးရဲ့ အနီးနားမွာ အစုလိုက္ အျပဳံလိုက္ မီးေလာင္ကၽြမ္းေနတာေတြ႕ရပါတယ္။ အရွည္ ၃၂ေပဆိုတဲ့ အရြယ္အစားဟာ ဆိတ္တို႔ ႏြားတို႔ကို အလြယ္တကူ မ်ိဳခ်နိုင္ေလာက္ေအာင္ ႀကီးမားတဲ့ အရြယ္အစားပါ။ ေႁမြႀကီးဟာ မီးေတာထဲက လြတ္ေျမာက္ေအာင္ ႀကိဳးစားခဲ့ဟန္တူေပမဲ့ စိတ္မေကာင္းစြာပဲ မလြတ္ေျမာက္ခဲ့ရပါဘူး။

ေတာမီးၿငိမ္းသြားတဲ့ အခ်ိန္မွာေတာ့ အဆိုပါ ေႁမြႀကီး အပါအဝင္ အျခား ေႁမြေပါက္ေလးေတြေရာ အကုန္းလုံး မီးကၽြမ္းေနပါၿပီ။ လက္ရွိအေျခအေနမွာ Borneo Orangutan Suvival (BOS) ေဖာင္ေဒးရွင္းက ေဘးကင္းလုံျခဳံဖို႔အတြက္ လူအင္အားအပါအဝင္လိုအပ္တဲ့ ပစၥည္းကိရိယာေတြ၊ ေရစုတ္စက္ေတြ၊ မီးေဘးအႏၲရာယ္ ႀကိဳတင္ကြယ္ေရးစနစ္ေတြ တည္ေဆာက္ဖို႔ ျပဳလုပ္ေနပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here