တူ၊ တူမလေးတို့ရဲ့ ကောင်းမွန်စွာကြီးပြင်းမှုအတွက် အရမ်းအရေးကြီးတဲ့ တီလေးတို့အကြောင်း

0
185

ကလေးတွေရဲ့ ကောင်းမွန်စွာကြီးပြင်းလာမှုနဲ့ ဘဝပျော်ရွင်မှုအတွက် မိဘတွေရဲ့အုပ်ထိန်းမှုက အရေးကြီးသလိုပဲ တီလေးတို့ရဲ့ အခန်းကဏ္ဍကလည်း တမူထူးခြားတဲ့ နေရာကနေပါဝင်နေပါတယ်။ တချို့အန်တီတွေဆိုရင် တူ၊ တူမလေးတို့အတွက် အဒေါ်နေရာသာမက၊ ဒုတိယအမေ၊ ဆရာမ၊ သူငယ်ချင်းတစ်ယောက်လို တာဝန်တွေ ထမ်းဆောင်ပေးတတ်ကြပါတယ်။ ဒါကြောင့် အန်တီတွေရဲ့ ထူးခြားချက်နဲ့ အရေးကြီးပုံကို ဖော်ပြပေးချင်ပါတယ်။

၁။ မိဘတွေကို မမျှဝေပေးနိုင်တဲ့ကိစ္စတွေကို အန်တီတွေက နားထောင်ပေးတယ်
တူ၊ တူမလေးတို့မှာ လမ်းညွှန်ချက်တွေ၊ အကြံပေးမှုတွေ လိုအပ်နေရင် အန်တီတွေကအမြဲတမ်း ကူညီဖို့အသင့်ရှိနေတာကြောင့် မိဘတွေကိုမပြောနိုင်တဲ့ ကိစ္စတွေကိုတောင်မှ အန်တီတွေကိုရင်ဖွင့်တိုင်ပင်တတ်ကြပါတယ်။ ပြီးတော့ အန်တီတွေဟာ နှုတ်လုံပြီး လှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးတတ်သူတွေဖြစ်တာကြောင့် တူ၊ တူမလေးတို့အတွက် ရင်ဖွင့်စရာအကောင်းဆုံးလူတွေ ဖြစ်နေရတာပါ။

၂။ အန်တီတွေဟာ ကလေးအမှားတွေလုပ်ရင်တောင်မှ ကြင်နာတတ်သူတွေပါ
ဘယ်လိုကိစ္စမျိုးနဲ့ ပြဿနာမျိုးပဲရှိပါစေ မိဘတွေနဲ့ယှဉ်ရင် အန်တီတွေက ပိုမိုဖြေလျှော့ပေးသလို၊ ပိုပြီးလည်းကြင်နာတတ်ကြပါတယ်။ အန်တီတွေဟာ နားထောင်တတ်တယ်၊ အမှားရဲ့အကြောင်းကိုကောင်းမွန်စွာ ရှင်းပြတတ်တယ်၊ မှားနေရင်တောင် ဘယ်တော့မှအပြစ်မပေးပဲ အလိုလိုက်တယ်။
တူ၊ တူမတွေ လုပ်ဆောင်ချက်မှန်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ ပြုပြင်ပေးမယ့်သူတွေ ဖြစ်ကြပါတယ်။

၃။ ဘဝရဲ့အမြင် ကွဲပြားမှုတွေကို အန်တီကပေးတတ်တယ်
မိဘတွေက အလုပ်ရှုပ်ကြတဲ့အတွက် ကလေးတို့ရဲ့ပြဿနာသေးသေးလေးတွေ အိမ်စာတွေ အားလုံးကို လိုက်လံဖြေရှင်းပေးဖို့ စိတ်ရှည်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အန်တီတွေကတော့ သူ့တို့ဘဝရဲ့ အချစ်ဆုံးတူ၊ တူမလေးတို့အတွက် ကူညီပေးမယ့်လက်တစုံက အသင့်ရှိနေပြီး အိမ်စာတွေသာမက အရာအားလုံးကို ကူညီပေးကြမှာပါ။

၄။ အန်တီတွေဟာ သူတို့ရဲ့အချစ်ဆုံး တူ၊ တူမလေးတွေနဲ့ အချိန်ဖြုန်းရတာကို လက်လွတ်မခံတတ်ဖူး
တူ၊ တူမလေးတွေနဲ့ အချိန်းဖြုန်းနေရခြင်းကို အန်တီတွေဟာ အမြဲတမ်းပျော်ရွင်နေတတ်ကြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ ပွဲတော်တွေ၊ ဖျော်ဖြေရေးတွေ၊ ကစားကွင်းတွေ၊ ပြတိုက်တွေဆီ တူ၊ တူမလေးတွေကို ခေါ်သွားတတ်ကြပြီး ပျော်စရာကောင်းတဲ့ ကစားပွဲတွေအတွက်လည်း သူတို့ဟာ အသင့်ရှိနေသူတွေဖြစ်ကြပါတယ်။

၅။ ကလေးတွေကို ဂရုစိုက်ရတာကို နှစ်သက်ကြတယ်
အခြားသူတွေ ဘယ်လိုပဲအလုပ်များနေပါစေ အန်တီတွေကတော့ သူတို့ရဲ့တူ၊ တူမလေးတွေကို ဂရုစိုက်ပြီး ပြုစုနေရရင် ပျော်ရွင်နေကြသူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့်ပဲ အန်တီတွေဟာ ကလေးတိုင်းရဲ့ အထူးပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီး ဦးလေးတွေအကြောင်းမဖော်ပြပေမယ့် ဦးလေးတွေလည်း တူ၊ တူမတွေအပေါ် အန်တီတွေနဲ့ ထပ်တူချစ်ကြသူတွေ ဖြစ်ကြပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ဟာ National Aunt& Uncle Day အဖြစ်သတ်မှတ်ထားပြီး ဒီနေ့မှအန်တီနဲ့ ဦးလေးတို့ဆီ အလည်သွားရောက်ခြင်းဖြင့် ဂုဏ်ပြုကြရအောင်။

LM_Naung_Naung
Lifestyle_Myanmar

စစ်တမ်းတွေအရ မောင်နှမထဲမှာ အငယ်ဆုံးကလေးရဲ့ ထူးခြားချက်လေးများ

LEAVE A REPLY

Please enter your comment!
Please enter your name here