တရုတ်နှင့် ကိုရီးယား တီဗီစီးရီးတွေကို ပြန်ရိုက်ထားတဲ့ ထိုင်းတီဗီဇာတ်လမ်းတွဲ (၁၀)ကား

0
153

ယခုဖော်ပြပေးမှာကတော့ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်နှင့် ကိုရီးယား တီဗီဇာတ်လမ်းတွဲများကို ပြန်လည်ဆန်းသစ်ထားတဲ့ ထိုင်းတီဗီဒရမ်မာ ၁၀ ကား ဖြစ်ပါတယ်။

-Advertisement-

၁။ ‘Voice’ (TRUE 4U)

‘Voice’ဇာတ်လမ်းတွဲဟာ ၂၀၁၇မှာ ကြည့်ရှုသူအများဆုံး ကိုရီးယားတီဗီ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ထိုင်းဗားရှင်းအနေနဲ့ ဒီဒရမ်မာမှာ ထိုင်းသရုပ်ဆောင် အင်ဒရူးဂရက်ဆင်နှင့် ပန်ကိတ်ကင်မ်နစ်တို့က ပြန်လည် သရုပ်ဆောင်မှာ ဖြစ်ပြီး ၂၀၁၉ နိုဝင်လာ ၄ရက်နေ့တွင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

၂။ Turn Left Turn Right (GMM 25)

ဒီဒရမ်မာဟာ ၂၀၀၃ခုနှစ် ဟောင်ကောင်- စင်ကာပူရုပ်ရှင်မှ ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းဗားရှင်းအနေနဲ့ Singto Prachaya နဲ့ Pat Chayanit တို့က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

၃။ Boss & Me’(ONE 31)

Boss & Me’ ဇာတ်ကားဟာ ၂၀၁၄ခုနှစ် တရုတ်တီဗီဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဒရမ်မာကို Dj Push နဲ့ Aom Sushar တို့က ထိုင်းဗားရှင်းအဖြစ် ရိုက်ကူးထားပါတယ်။

၄။ Another Miss Oh (TRUE 4U)

‘Another Miss Oh’ ဇာတ်ကားဟာ ၂၀၁၆ ကိုရီးယားစီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီဒရမ်မာကို TRUE CJ Creations (ထိုင်း-ကိုရီးယားပူးပေါင်းပြီး) သရုပ်ဆောင် Yong Anusorn နှင့် Green Ausadaporn တို့က ထိုင်းဗားရှင်းဖြင့် ပြန်လည်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

၅။ In Time With You (PPTV)

In Time With You ဇာတ်ကားဟာ ၂၀၁၁ခုနှစ်က နာမည်ကြီးခဲ့တဲ့ ထိုင်ဝမ်တီဗီစီးရီးဖြစ်ပါတယ်။ ထိုင်းဗားရှင်းအဖြစ် Pae Arak နဲ့ Mo Monchanok တို့က အဓိက သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

၆။ Deja Vu (ONE 31)

‘Deja Vu’ဇာတ်ကားကို ထိုင်းသရုပ်ဆောင် Pong Nawat နှင့် Esther Supreeleela တို့က ထိုင်းဗားရှင်းဖြင့် ပြန်လည်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ မူရင်းဗားရှင်းကို ၂၀၁၃ခုနှစ်တွင် ထိုင်ဝမ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

၇။ Chun Cheu Bussaba (ONE 31)

ဒီဒရမ်မာဟာ ၂၀၀၅ခုနှစ်က ပြသခဲ့တဲ့ ကိုရီးယား တီဗီစီးရီး ‘My Lovely Sam Soon’ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းသရုပ်ဆောင် Bee Namthip နှင့် Film Thanapat တို့က ပြန်လည်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

၈။ My Sassy Girl (TRUE 4U)

‘My Sassy Girl’ ကို Halo Entertainmen t က ထိုင်း တီဗီဒရမ်မာ အနေဖြင့် ပြန်လည်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Kaew Jarinya နှင့် Best Nathasit တို့ဖြစ်ပါတယ်။ မူရင်းဗားရှင်းက ၂၀၀၁ခုနှစ်မှာ လူကြိုက်များခဲ့တဲ့ ကိုရီးယားရုပ်ရှင်ဖြစ်ပါတယ်။

၉။ Let’s Fight Ghost (TRUE 4U)

ဒီဒရမ်မာဟာ ၂၀၁၅ခုနှစ် ကိုရီးယားတီဗီဇာတ်လမ်းတွဲ ‘Bring It On, Ghost’ ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုင်းဗားရှင်းအတွက် သရုပ်ဆောင် Saint Suppapong နှင့် BNK48’s Orn တို့က အဓိကဇာတ်ကောင်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

၁၀။ Who Are You: Tur Kon Nun Keu Chan Eek Kon (GMM 25)

မူရင်းဗားရှင်းက ကိုရီးယားသရုပ်ဆောင် Nam Joo Hyuk, Kim So Hyun, နဲ့ Yook Sung Jae တို့သရုပ်ဆောင်ထားတဲ့ ၂၀၁၅ခုနှစ် ကိုရီးယားတီဗီ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ထိုင်းဗားရှင်းအဖြစ် Krist Perawat, Kay Lertsittichai, နှင့် Namtan Tipnaree တို့ကပြန်လည်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source_thaiupdate

LEAVE A REPLY

Please enter your comment!
Please enter your name here