တရုတ္နာမည္ႀကီးမင္းသား Feng Shaofengႏွင့္ မင္းသမီး Zhao Liying တို႔ရဲ႕အခ်စ္ေရးေကာလဟာလသတင္းေတြ မၾကာေသးမီက ထြက္ေပၚလာခဲ့ပါတယ္။ တရုတ္ႏိုင္ငံရဲ႕မိုက္ကရိုဘေလာ့ဂ္ ပလက္ေဖာင္းျဖစ္တဲ့ Weiboမွာ စက္တင္ဘာလ ၁ရက္ေန႔က သူတို႔ရဲ႕လက္ထပ္မွတ္ပံုတင္တစ္စံုဆိုၿပီး ေကာလဟာလမ်ား ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
သူတို႔ ခ်ိန္းေတြ႕တဲ့ ေကာလဟာလက The Monkey King(ေမ်ာက္ဘုရင္စြန္းဝူခုန္း) (3)မွာ တြဲဖက္သရုပ္ေဆာင္ၿပီးေနာက္ ဒီႏွစ္မွာ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ဗုဒၶဘာသာဘုန္းေတာ္ႀကီး Tang Sanzang (Feng) ႏွင့္ မိန္းမတိုင္းျပည္ရဲ႕ဘုရင္မ (Zhao) တို႔အၾကားက အခ်စ္ဇာတ္လမ္း ျဖစ္ပါတယ္။
ဒီႏွစ္ေယာက္ဟာ တကယ့္ဘဝမွာလည္း ခ်စ္ေနၾကၿပီလား?
အသက္ ၃၀ရွိၿပီျဖစ္တဲ့ Zhao ႏွင့္ အသက္ ၄၀ရွိၿပီျဖစ္တဲ့ Fengတို႔ႏွစ္ေယာက္ဟာ ပရိတ္သတ္ေရွ႕မွာ အႀကိမ္ေတာ္ေတာ္မ်ားမ်ား လက္ခ်င္းခ်ိတ္ထားတာကို သတိထားမိခဲ့ၾကပါတယ္။ Zhao Liying နဲ႔ Feng Shaofeng တို႔ကို ေလယာဥ္ေပၚမွာေတြ႕ခဲ့တယ္ဆိုတဲ့ ဓါတ္ပံုမ်ားထြက္လာခဲ့ပါတယ္။ ဓါတ္ပံုေတြက ေဘးဘက္၊ အေနာက္ဘက္ကပဲ ရိုက္ကူးခဲ့ရတာေၾကာင့္ ရွင္းလင္းျပတ္သားတဲ့ပံုမရွိတာေၾကာင့္ ဘယ္သူဆိုတာ ခြဲျခားဖို႔ ခက္ခဲတယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္ အင္တာနက္သံုးသူတစ္ခ်ိဳ႕ကလည္း သူတို႔ႏွစ္ေယာက္ ေဟာင္ေကာင္မွာ ေစ်းဝယ္ထြက္ေနတဲ့ ပံုေတြကို အမိအရရိုက္ကူးခဲ့တယ္လို႔ဆိုပါတယ္။ ဒီေကာလဟာလနဲ႔ ပတ္သတ္ၿပီး ပရိတ္သတ္ေတြရဲ႕ သိခ်င္စိတ္က ႀကီးထြားေနပါတယ္။ ဒီသတင္းကို ျငင္းပယ္မွာလား၊ အတည္ျပဳမွာလားဆိုတာ မၾကာခင္မွာ ေၾကညာခ်က္ထုတ္ျပန္မယ္လို႔ ထင္ရပါတယ္။ Zhao ကို နာမည္ႀကီး တရုတ္ဒရမ္မာ The Journey of Flower ႏွင့္ လူသိမ်ားခဲ့ၿပီး Fengကိုေတာ့ တရုတ္ဒရမ္မာ Prince of Lan Ling၊ Ice Fantasy ႏွင့္ Wolf ဇာတ္ကားမွာ လူသိမ်ားခဲ့ပါတယ္။
#Lifestyle_Myanmar
Source-asiaone
Unicode
တရုတ်စတား Zhao Liying နဲ့ Feng Shaofeng တို့ လျှို့ဝှက်စွာ လက်ထပ်ခဲ့တာလား?
တရုတ်နာမည်ကြီးမင်းသား Feng Shaofengနှင့် မင်းသမီး Zhao Liying တို့ရဲ့အချစ်ရေးကောလဟာလသတင်းတွေ မကြာသေးမီက ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့မိုက်ကရိုဘလော့ဂ် ပလက်ဖောင်းဖြစ်တဲ့ Weiboမှာ စက်တင်ဘာလ ၁ရက်နေ့က သူတို့ရဲ့လက်ထပ်မှတ်ပုံတင်တစ်စုံဆိုပြီး ကောလဟာလများ ပျံ့နှံ့ခဲ့ပါတယ်။ သူတို့ ချိန်းတွေ့တဲ့ ကောလဟာလက The Monkey King (3)မှာ တွဲဖက်သရုပ်ဆောင်ပြီးနောက် ဒီနှစ်မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး Tang Sanzang (Feng) နှင့် မိန်းမတိုင်းပြည်ရဲ့ဘုရင်မ (Zhao) တို့အကြားက အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။
ဒီနှစ်ယောက်ဟာ တကယ့်ဘဝမှာလည်း ချစ်နေကြပြီလား?
အသက် ၃ဝရှိပြီဖြစ်တဲ့ Zhao နှင့် အသက် ၄ဝရှိပြီဖြစ်တဲ့ Fengတို့နှစ်ယောက်ဟာ ပရိတ်သတ်ရှေ့မှာ အကြိမ်တော်တော်များများ လက်ချင်းချိတ်ထားတာကို သတိထားမိခဲ့ကြပါတယ်။ Zhao Liying နဲ့ Feng Shaofeng တို့ကို လေယာဉ်ပေါ်မှာတွေ့ခဲ့တယ်ဆိုတဲ့ ဓါတ်ပုံများထွက်လာခဲ့ပါတယ်။ ဓါတ်ပုံတွေက ဘေးဘက်၊ အနောက်ဘက်ကပဲ ရိုက်ကူးခဲ့ရတာကြောင့် ရှင်းလင်းပြတ်သားတဲ့ပုံမရှိတာကြောင့် ဘယ်သူဆိုတာ ခွဲခြားဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အင်တာနက်သုံးသူတစ်ချို့ကလည်း သူတို့နှစ်ယောက် ဟောင်ကောင်မှာ စျေးဝယ်ထွက်နေတဲ့ ပုံတွေကို အမိအရရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ဒီကောလဟာလနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေရဲ့ သိချင်စိတ်က ကြီးထွားနေပါတယ်။ ဒီသတင်းကို ငြင်းပယ်မှာလား၊ အတည်ပြုမှာလားဆိုတာ မကြာခင်မှာ ကြေညာချက်ထုတ်ပြန်မယ်လို့ ထင်ရပါတယ်။ Zhao ကို နာမည်ကြီး တရုတ်ဒရမ်မာ The Journey of Flower နှင့် လူသိများခဲ့ပြီး Fengကိုတော့ တရုတ်ဒရမ်မာ Prince of Lan Ling၊ Ice Fantasy နှင့် Wolf ဇာတ်ကားမှာ လူသိများခဲ့ပါတယ်။
#Lifestyle_Myanmar
Source-asiaone