တည္ၿငိမ္တဲ့ relationship ေတြကို ရွာေဖြေတြ႕ရွိဖို႔အတြက္ အေကာင္းဆံုးနည္းလမ္း

0
36

relationship တိုင္း ျပႆနာတစ္စံုတစ္ရာ မရွိပဲ တည္ၿငိမ္ေနရင္ ဘဝမွာေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြပဲ ျဖစ္ေနမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ကို ေပ်ာ္ရြင္ေအာင္လုပ္ေပးမယ့္ သူတစ္ေယာက္ကို ဒီအတိုင္းပဲ ေစာင့္ဆိုင္းေနဖို႔ မလိုအပ္ပါဘူး။ အျခားသူတစ္ေယာက္က ကိုယ့္ကို ျမတ္ႏိုးစြာနဲ႔ တန္ဖိုးထားခံရဖို႔ဆိုတာ အရင္ဆံုးကိုယ့္ကိုယ္ကို ခ်စ္ဖို႔အေရးႀကီးပါတယ္။ အေႏွးနဲ႔အျမန္ဆိုသလို ကၽြန္ေတာ္တို႔စိတ္ကူးယဥ္ ထားတဲ့အေဖာ္ကို ကၽြန္ေတာ္တို႔ေတြ ရွာေဖြခ်င္ၾကမွာပါ။ ဒီလိုတည္ၿငိမ္တဲ့အခ်စ္ကို ရွာေဖြေတြ႕ရွိဖို႔အတြက္ ယခုေဖာ္ျပမယ့္အခ်က္ေတြက ကူညီေပးပါလိမ့္မယ္။
ယခုေဖာ္ျပတဲ့ အၾကံေပးမႈေတြဟာ ခ်စ္သူ၊ သူငယ္ခ်င္း၊ မိသားစု စတဲ့ relationship အားလံုးနဲ႔ သက္ဆိုင္ပါတယ္။


၁။ သင့္ရဲ႕စိတ္ကို တက္ၾကြေနပါေစ
ပ်င္းရိတဲ့စိတ္ဟာ ကိုယ့္ကိုယ္ကိုေလးစားမႈအတြက္ အႏၱရာယ္မ်ားတဲ့ ရန္သူျဖစ္ပါတယ္။ စိတ္ကိုတက္ၾကြစြာထားၿပီး ေလ့က်င့္ထားျခင္းဟာ အသိပညာအသစ္ေတြ၊ ကၽြမ္းက်င္မႈေတြနဲ႔ အဖိုးတန္မႈေတြကို ရရွေစႏိုင္ပါတယ္။ အခ်စ္ဟာသူ႔အလိုလိုေပၚေပါက္လာယံုသက္သက္ မဟုတ္ဖူးဆိုတာကို မေမ့ပါနဲ႔။ လူတစ္ေယာက္က အျခားတစ္ေယာက္ကို စိတ္ဝင္စားျခင္းဟာ သူ႔ရဲ႕ခံစားခ်က္၊ စကားလံုးေတြ၊ ေတြးေခၚမႈနဲ႔ ႐ႈျမင္တဲ့အျမင္ေၾကာင့္ ျဖစ္ပါတယ္။
စိတ္ခံစားခ်က္နဲ႔ ဥာဏ္ပိုင္းဆိုင္ရာ ဝိေသသလကၡဏာေတြေၾကာင့္ အခ်စ္ကိုျဖစ္ေပၚလာေစတာပါ။ ကိုယ့္ကိုယ္ကိုခ်စ္ခင္ေစဖို႔အတြက္ စိတ္ရဲ႕တက္ၾကြမႈ လိုအပ္ၿပီး သင့္ရဲ႕ေကာင္းျခင္းေတြကို လက္တြဲေဖာ္ကသတိျပဳမိဖို႔အတြက္ စိတ္ကိုအျမဲတမ္းတက္ၾကြေနေအာင္ ေလ့က်င့္ဖို႔လိုအပ္ပါတယ္။

၂။ အလွ်င္မလိုပါနဲ႔
လူတိုင္းဟာ သူတို႔ရဲ႕ကိုယ္ပိုင္ စိတ္ခံစားခ်က္ေျပာင္းလဲမႈေတြ၊ အရသာေတြနဲ႔ ဦးစားေပးမႈေတြ ရွိၾကပါတယ္။ ဒါေၾကာင့္ အျခားတစ္ေယာက္အေပၚသင့္ရဲ႕ ခံစားခ်က္ေတြ အလံုးစံုပံုအပ္ဖို႔ ၿပီးျပည့္စံုတဲ့အခ်ိန္ေတြဟာလည္း မရွိႏိုင္ပါဘူး။ ဒီလိုခံစားဖို႔အတြက္ အတင္းလုပ္ယူၿပီး ကိုယ့္ကိုယ္ကိုမေက်မနပ္ ျဖစ္မေနပါနဲ႔။ သင့္ကိုယ္သင္အခ်ိန္ေပးၿပီး အလွ်င္မလိုပါနဲ႔။ ေကာင္းမြန္တဲ့ relationship တစ္ခုပိုင္ဆိုင္ဖို႔အတြက္ သင့္ရဲ႕ဘဝတစ္ခုလံုးကို ရင္းႏွီးျမွပ္ႏွံစရာ မလိုပါဘူး။

၃။ ေန႔စဥ္ သင့္ကိုယ္သင္ဂ႐ုစုိက္ဖို႔အတြက္ အခ်ိန္အနည္းငယ္ေပးပါ
သင့္ကိုယ့္သင္ ဂ႐ုစိုက္ဖို႔အတြက္ မၾကာခဏဆိုသလို ခက္ခဲႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုကိုယ့္ကိုယ္ကိုဂ႐ုစိုက္ဖို႔ အစီအစဥ္ဆြဲထားရင္ေတာ့ အစဦးဆံုး တစ္ရက္ကိုအနည္းဆံုး ၁၅မိနစ္ေလာက္ ကိုယ့္ရဲ႕ခႏၶာကုိယ္နဲ႔စိတ္ကို သံုးသပ္ဆင္ျခင္ၿပီး လိုအပ္တာေတြကို ဂ႐ုစိုက္ေပးပါ။ ဒီလိုစိတ္ထားဟာ သင့္ရဲ႕ကိုယ့္ကိုယ္ကိုတန္ဖိုးထားမႈကုိ ပိုမိုတိုးတက္ေစၿပီး သင္ရဲ႕အတြင္းေရာအျပင္ပါ ပိုၿပီးလွပလာပါလိမ့္မယ္။ ဒါေၾကာင့္ သင္အႀကိဳက္ဆံုးသီခ်င္းေတြနားေထာင္တာ၊ ႏွစ္သက္တဲ့ဇာတ္ကားေတြၾကည့္တာ၊ အလွျပင္တာနဲ႔ သက္ေတာင့္သက္သာျဖစ္ေအာင္ အနားယူတာေတြကို ျပဳလုပ္ေပးသင့္ပါတယ္။

၄။ လူမႈေရးကၽြမ္းက်င္မႈဟာခြန္အားျဖစ္ေစပါတယ္
ကၽြန္ေတာ္တို႔ရ႕ဲ လူမႈေရးကၽြမ္းက်င္မႈဟာ အျခားသူေတြနဲ႔ ခ်စ္ခင္စြာေနဖို႔၊ အလုပ္နဲ႔ အခ်စ္မွာပါ သက္ဆိုင္ေနပါတယ္။ လူမႈေရးကၽြမ္းက်င္မႈေၾကာင့္ သင့္ရဲ႕ relationship အားလံုးဟာလည္း တည္ၿငိမ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ကိုယ္သင္စိတ္တက္ၾကြေစဖို႔ အားေပးၿပီး ေနရာအသစ္ေတြကိုအလည္သြားဖို႔၊ ယဥ္ေက်းမႈအသစ္ေတြကိုေလ့လာဖို႔၊ မတူညီတဲ့သူငယ္ခ်င္းအသစ္ေတြနဲ႔ မိတ္ဖြဲ႕ဖို႔ ျပဳလုပ္ေနသင့္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

relationship တိုင်း ပြဿနာတစ်စုံတစ်ရာ မရှိပဲ တည်ငြိမ်နေရင် ဘဝမှာပျော်စရာကောင်းတဲ့ အချိန်တွေပဲ ဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ကို ပျော်ရွင်အောင်လုပ်ပေးမယ့် သူတစ်ယောက်ကို ဒီအတိုင်းပဲ စောင့်ဆိုင်းနေဖို့ မလိုအပ်ပါဘူး။ အခြားသူတစ်ယောက်က ကိုယ့်ကို မြတ်နိုးစွာနဲ့ တန်ဖိုးထားခံရဖို့ဆိုတာ အရင်ဆုံးကိုယ့်ကိုယ်ကို ချစ်ဖို့အရေးကြီးပါတယ်။ အနှေးနဲ့အမြန်ဆိုသလို ကျွန်တော်တို့စိတ်ကူးယဉ် ထားတဲ့အဖော်ကို ကျွန်တော်တို့တွေ ရှာဖွေချင်ကြမှာပါ။ ဒီလိုတည်ငြိမ်တဲ့အချစ်ကို ရှာဖွေတွေ့ရှိဖို့အတွက် ယခုဖော်ပြမယ့်အချက်တွေက ကူညီပေးပါလိမ့်မယ်။
ယခုဖော်ပြတဲ့ အကြံပေးမှုတွေဟာ ချစ်သူ၊ သူငယ်ချင်း၊ မိသားစု စတဲ့ relationship အားလုံးနဲ့ သက်ဆိုင်ပါတယ်။
၁။ သင့်ရဲ့စိတ်ကို တက်ကြွနေပါစေ
ပျင်းရိတဲ့စိတ်ဟာ ကိုယ့်ကိုယ်ကိုလေးစားမှုအတွက် အန္တရာယ်များတဲ့ ရန်သူဖြစ်ပါတယ်။ စိတ်ကိုတက်ကြွစွာထားပြီး လေ့ကျင့်ထားခြင်းဟာ အသိပညာအသစ်တွေ၊ ကျွမ်းကျင်မှုတွေနဲ့ အဖိုးတန်မှုတွေကို ရရှစေနိုင်ပါတယ်။ အချစ်ဟာသူ့အလိုလိုပေါ်ပေါက်လာယုံသက်သက် မဟုတ်ဖူးဆိုတာကို
မမေ့ပါနဲ့။ လူတစ်ယောက်က အခြားတစ်ယောက်ကို စိတ်ဝင်စားခြင်းဟာ သူ့ရဲ့ခံစားချက်၊ စကားလုံးတွေ၊ တွေးခေါ်မှုနဲ့ ရှုမြင်တဲ့အမြင်ကြောင့် ဖြစ်ပါတယ်။
စိတ်ခံစားချက်နဲ့ ဉာဏ်ပိုင်းဆိုင်ရာ ဝိသေသလက္ခဏာတွေကြောင့် အချစ်ကိုဖြစ်ပေါ်လာစေတာပါ။ ကိုယ့်ကိုယ်ကိုချစ်ခင်စေဖို့အတွက် စိတ်ရဲ့တက်ကြွမှု လိုအပ်ပြီး သင့်ရဲ့ကောင်းခြင်းတွေကို လက်တွဲဖော်ကသတိပြုမိဖို့အတွက် စိတ်ကိုအမြဲတမ်းတက်ကြွနေအောင် လေ့ကျင့်ဖို့လိုအပ်ပါတယ်။

၂။ အလျှင်မလိုပါနဲ့
လူတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင် စိတ်ခံစားချက်ပြောင်းလဲမှုတွေ၊ အရသာတွေနဲ့ ဦးစားပေးမှုတွေ ရှိကြပါတယ်။ ဒါကြောင့် အခြားတစ်ယောက်အပေါ်သင့်ရဲ့ ခံစားချက်တွေ အလုံးစုံပုံအပ်ဖို့ ပြီးပြည့်စုံတဲ့အချိန်တွေဟာလည်း မရှိနိုင်ပါဘူး။ ဒီလိုခံစားဖို့အတွက် အတင်းလုပ်ယူပြီး ကိုယ့်ကိုယ်ကိုမကျေမနပ် ဖြစ်မနေပါနဲ့။ သင့်ကိုယ်သင်အချိန်ပေးပြီး အလျှင်မလိုပါနဲ့။ ကောင်းမွန်တဲ့ relationship တစ်ခုပိုင်ဆိုင်ဖို့အတွက် သင့်ရဲ့ဘဝတစ်ခုလုံးကို ရင်းနှီးမြှပ်နှံစရာ မလိုပါဘူး။

၃။ နေ့စဉ် သင့်ကိုယ်သင်ဂရုစိုက်ဖို့အတွက် အချိန်အနည်းငယ်ပေးပါ
သင့်ကိုယ့်သင် ဂရုစိုက်ဖို့အတွက် မကြာခဏဆိုသလို ခက်ခဲနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ အစီအစဉ်ဆွဲထားရင်တော့ အစဦးဆုံး တစ်ရက်ကိုအနည်းဆုံး ၁၅မိနစ်လောက် ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို သုံးသပ်ဆင်ခြင်ပြီး လိုအပ်တာတွေကို ဂရုစိုက်ပေးပါ။ ဒီလိုစိတ်ထားဟာ သင့်ရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို ပိုမိုတိုးတက်စေပြီး သင်ရဲ့အတွင်းရောအပြင်ပါ ပိုပြီးလှပလာပါလိမ့်မယ်။ ဒါကြောင့် သင်အကြိုက်ဆုံးသီချင်းတွေနားထောင်တာ၊ နှစ်သက်တဲ့ဇာတ်ကားတွေကြည့်တာ၊ အလှပြင်တာနဲ့ သက်တောင့်သက်သာဖြစ်အောင် အနားယူတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

၄။ လူမှုရေးကျွမ်းကျင်မှုဟာခွန်အားဖြစ်စေပါတယ်
ကျွန်တော်တို့ရဲ့ လူမှုရေးကျွမ်းကျင်မှုဟာ အခြားသူတွေနဲ့ ချစ်ခင်စွာနေဖို့၊ အလုပ်နဲ့ အချစ်မှာပါ သက်ဆိုင်နေပါတယ်။ လူမှုရေးကျွမ်းကျင်မှုကြောင့် သင့်ရဲ့ relationship အားလုံးဟာလည်း တည်ငြိမ်နေပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုယ်သင်စိတ်တက်ကြွစေဖို့ အားပေးပြီး နေရာအသစ်တွေကိုအလည်သွားဖို့၊ ယဉ်ကျေးမှုအသစ်တွေကိုလေ့လာဖို့၊ မတူညီတဲ့သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ဖို့ ပြုလုပ်နေသင့်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here