တစ်သက်လုံးနောင်တမရဖို့အတွက် Relationship တစ်ခုမှာ သည်းမခံသင့်တဲ့ လုပ်ရပ်များ

0
465
- Advertisement -

အချစ်ရေးအကြောင်း စဉ်းစားတဲ့အခါတိုင်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး ပျော်ရွင်နေကြတဲ့ စုံတွဲပုံရိပ်ကို သင့်စိတ်ထဲမြင်ယောင် မိပါလိမ့်မယ်။ ဒီလိုပျော်ရွင်ဖွယ် အတိပြီးတဲ့ relationship တစ်ခုကို လူတိုင်းပိုင်ဆိုင်လိုကြပေမယ့် အကောင်းဆုံး relationship lifestyle တစ်ခုဖြစ်ဖို့အတွက် နှစ်ယောက်စလုံးရှောင်ရှားသင့်တဲ့လုပ်ရပ်တွေနဲ့ သည်းမခံသင့်တဲ့ကိစ္စတွေကိုတော့ သတိမထားတတ်ကြပါဘူး။ ဒါကြောင့်ပဲ သည်းမခံသင့်တဲ့ တချို့ကိစ္စတွေမှာ တချို့တွေဟာ စိတ်ဆင်းရဲခံပြီး အရေးမကြီးသယောင် ကျိတ်မှိတ်နေတတ်ကြပါတယ်။ ဒီလိုနေခြင်းဟာ ပြဿနာကိုဖြေရှင်းခြင်းနည်းလမ်း မဟုတ်တာကိုတော့ သိထားသင့်ပါတယ်။

-Advertisement-

၁။ တဲ့တိုးနဲ့ ရိုင်းစိုင်းစွာပြောဆိုတတ်ခြင်း
လူတွေဟာအများအားဖြင့် စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ရိုင်းစိုင်းလာတတ်ကြပါတယ်။ ဒါပေမယ့် စိတ်တိုစရာမရှိပဲလည်း ရိုင်းစိုင်းစွာပြောဆိုတတ်ပြီး အရာရာကိုတဲ့တိုးပြောဆိုတတ်ပါက relationship အတွင်းသည်းမခံသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ တဲ့တိုးပြောဆိုဝေဖန်ခြင်းဟာ ပွင့်လင်းမှုရှိသယောင် လူတွေအထင်မှားတတ်ပြီး တကယ်တော့ မတူညီတဲ့အရာနှစ်ခုဖြစ်ပါတယ်။ ဥပမာ မြန်မာဇာတ်ကားတစ်ခုမှာ ကောလိပ်ဂျင်နေဝင်းက ဇနီးဖြစ်သူအိမ်ပြန်နောက်ကျတဲ့အတွက် “ဘယ်နှစ်နာရီရှိပြီလဲ ခင် လို့ ဧည့်ခန်းမှာထိုင်နေရင်း မေးလိုက်ပါတယ်။ ဧည့်ခန်းမှာနာရီအကြီးကြီးရှိတဲ့အတွက် ဒါဟာအချိန်ကိုမေးတာမဟုတ်ပဲ ဘာကိုဆိုလိုတယ်ဆိုတာ ဇနီးဖြစ်သူရော ရုပ်ရှင်ကြည့်နေသူတွေရော အလိုလိုနားလည်တဲ့စကားလုံးမျိုးဖြစ်ပါတယ်။ ဒီလိုစကားလုံးမျိုးကို မသုံးပဲ “ဘယ်လင်ငယ်နဲ့ နေနေလို့ ဒီလောက်နောက်ကျနေတာလဲ” ဆိုတဲ့အကြောင်းအရင်းမခိုင်လုံပဲ ရိုင်းစိုင်းတဲ့့စကားမျိုးသာ သုံးခဲ့ရင် အခြေအနေတွေနဲ့ ရလာဒ်တွေအားလုံး ဆန့်ကျင်ဖက်ပြောင်းလဲသွားပါလိမ့်မယ်။

This image has an empty alt attribute; its file name is blunt-and-rude-communication_20171031041339.jpg

၂။ သင့်ကိုနှိမ်ချရင်
သင့်ရဲ့လက်တွဲဖော်ဟာ သင့်ကိုသိမ်ငယ်အောင်ပြုလုပ်တတ်ခြင်း အဆက်မပြတ်စော်ကားပြောဆိုမှုများ ရှိခဲ့ရင် သူ့အတွက်သတိပေးမှု တစ်ခုတော့လုပ်ဆောင်သင့်ပါတယ်။ ဒီလိုထေ့လုံးငေါ့လုံး စကားမျိုးတွေကို တစ်ယောက်ကိုတစ်ယောက်ပြောဆိုတဲ့အခါတွေတိုင်း လက်နက်တစ်ခုလို အသုံးချနေခြင်းကို သည်းခံတာဟာ မှန်ကန်မှုမရှိပါဘူး။ သင်နဲ့သင့်အလုပ်အပေါ်မှာလည်း အလွန်အကျွံဝေဖန်မခံပါနဲ့။ ဒီလိုစကားမျိုးကိုတွေကို သင်လက်မခံဘူးဆိုတာကို သူသိစေပြီး ဘယ်လိုအရာတွေကိုတော့ သင်လက်ခံနိုင်တယ် ဆိုတာသူသိပါစေ။

၃။ မနာလိုမှု
မနာလိုငြူစူစိတ်ဟာ relationship တိုင်းအတွက်တော့ သည်းမခံသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့လက်တွဲဖော်က သင့်ရဲ့အောင်မြင်မှုတွေနဲ့ သင့်ကိုယ်ပိုင်တခြားအရာတွေအပေါ်မှာ မနာလိုဖြစ်နေပါက ဒါဟာ သင်တို့နှစ်ယောက်ကြားမှာ အပေါ်ယံဆက်ဆံရေးပဲ ရှိတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုမနာလိုမှုတွေကို သင့်အနေနဲ့ဖော်ထုတ်ဖို့ ကြိုးစားသင့်ပြီး သင့်အနေနဲ့လက်မခံနိုင်ကြောင်း သူသိပါစေ။ သင့်အတွက်အကောင်းဆုံးအရာတွေကို ရွေးချယ်ဖို့အတွက် တွန့်ဆုတ်မနေပါနဲ့။

၄။ အကြမ်းဖက်မှု
စိတ်တိုတဲ့အချိန်ဆို လက်ပါတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တတ်ခြင်းဟာ ဆိုးရွားတဲ့ ဗီဇတစ်ခုဖြစ်ပါတယ်။ ဒီလိုပြုလုပ်တတ်သူနဲ့ တစ်ဘဝလုံးလက်တွဲခြင်းဟာ သင့်အတွက်ဆိုးကျိုးတွေနဲ့ စိတ်ထိခိုက်စရာတွေပဲ ကြုံနိုင်တာကြောင့် ယခုလိုအကြမ်းဖက်မှုတွေကို လုံးဝလက်သင့်မခံကြောင်း ပြသမှရပါလိမ့်မယ်။

This image has an empty alt attribute; its file name is violence_20171031042504.jpg

၅။ ရုပ်ပိုင်းဆိုင်ရာနှီးနှောဖို့ အတင်းအကျပ်ပြုလုပ်ခြင်း
ရုပ်ပိုင်းဆိုင်ရာ နှီးနှောခြင်းဟာ ရိုမန်တစ်ဆန်တဲ့ relationship တွေအတွက် ကြာရှည်တည်မြဲဖို့ ပုံမှန်အရာသာဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရမဟုတ်ပါပဲ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်သကဲ့သို့ အတင်းအကျပ်နှီးနှောဖို့ ကြိုးစားခြင်းကတော့ ပုံမှန်အရာမဟုတ်တော့ပါဘူး။ သင်တို့ရဲ့ relationship ဟာဘယ်လောက်ပဲ ရင်းနှီးခဲ့ပါစေ တစ်ယောက်ရဲ့ဆန္ဒကိုတစ်ယောက်က လေးစားရမှာဖြစ်ပြီး မုဒိန်းကျင့်သလို ပြုလုပ်ခြင်းကိုတော့ သည်းမခံသင့်ပါဘူး။

၆။ ငွေရေးကြေးရေး တောင်းဆိုမှုများ
ချစ်သူပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ငွေရေးကြေးရေးနဲ့ ပတ်သတ်လာရင် နှစ်ယောက်စလုံးကြိုးစားမှုနှင့် အစီအစဉ်တွေဟာ အတူတူပဲ ဖြစ်နေသင့်ပါတယ်။ ဒါပေမယ့် သင့်ရဲ့လက်တွဲဖော်က အလုပ်မလုပ်ပဲ သူ့ရဲ့ငွေကြေးလိုအပ်မှုတွေကို အဆက်မပြတ်တောင်းဆိုနေတတ်ရင်တော့ သင့်အနေနဲ့စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တချို့တွေက ချစ်သူဘဝကို ချူစားဖို့သက်သက် အသုံးချတတ်ကြပြီး အိမ်ထောင်ကျပြီးတာတောင်မှ လက်ကျောမတင်းပဲ မှီခိုပြီးသုံးဖြုန်းနေတတ်သူတွေ ပတ်ဝန်းကျင်မှာ များစွာရှိလို့ပါပဲ။

၇။ စိတ်ပိုင်းဆိုင်ရာ ကစားပွဲ
တစ်ယောက်ကိုတစ်ယောက်လှို့ဝှက်ချက်တွေထားပြီး စိတ်ထဲမှာကစားဖို့အတွက် အစီအစဉ်တွေဆွဲနေခြင်းဟာ ပျော်ရွင်စရာကောင်းတဲ့ relationship အတွက် ကောင်းတဲ့လက္ခဏာတွေတော့ မဟုတ်ပါဘူး။ တချို့တွေက ချစ်သူအရှေ့မှာတော့ မပြစ်ကင်းသယောင် ဟန်ဆောင်နေတတ်ကြပြီး နောက်ကွယ်မှာသင့်ကိုသူဘယ်လို လှည့်ဖျားခဲ့ကြောင်း၊ တော်ကီတွေနဲ့ချုပ်ခဲ့ကြောင်း စသဖြင့်ဖောက်သည်ချပြီး သူ့ရဲ့သူငယ်ချင်းတွေကို ကြွားဝါတတ်ကြပါတယ်။ ယခုလိုအပြုအမူတွေကို သည်းမခံသင့်ပဲ တုံ့ပြန်မှုတစ်ခုခု ပြုလုပ်သင့်ပါတယ်။

This image has an empty alt attribute; its file name is cheating-boyfriend_20171031044424.jpg

၈။ ဘာတစ်ခုမှမကူညီရင်
အိမ်ထောင်တစ်ခုမှာ နှစ်ဦးစလုံးက တာဝန်တွေဝေမျှပြီး အရာရာတိုင်းကို အတူတကွလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အကူအညီမပေးတဲ့အပြင် အမိန့်တွေပေးပြီး ကျွန်တစ်ယောက်လို ခိုင်းစေနေတတ်ရင်တော့ စကားမများချင်တာတစ်ခုတည်းနဲ့ သည်းမခံသင့်ပါဘူး။ ယခုလိုအလုပ်တွေဟာ သူနဲ့လည်းသက်ဆိုင်ကြောင်း သင်ဟာသူ့ရဲ့အခိုင်းခံရဖို့ မွေးဖွားလာတာမဟုတ်ကြောင်း သိပါစေ။

This image has an empty alt attribute; its file name is Untitled-2.jpg

၉။ လူကြားထဲအရှက်ခွဲတတ်ရင်
ဘယ်လို relationship ပဲဖြစ်ဖြစ် အမှားတစ်ခုခု သို့မဟုတ် ပြဿနာတစ်ခုခုနဲ့ ကြံုရလို့ နှစ်ယောက်သားရှင်းလင်းဖို့ ကြိုးစားတဲ့အခါ နှစ်ယောက်ပဲရှိတဲ့အချိန်မှာပဲ ဖြေရှင်းသင့်ပြီး လူကြားထဲမှာပြောဆိုခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ သင့်ရဲ့အမှားကို အခြားသူတွေဟာလိုက်လံပြောဆိုခြင်း၊ လူကြားထဲကြမှအပြစ်တင်ပြောဆိုခြင်း၊ အရှက်ကွဲအောင်ပြုလုပ်ခြင်းတို့ကိုတော့ သင်ဘယ်လောက်မှားပါစေ ကိုယ်ပိုင်သိက္ခာအရ သည်းမခံသင့်ပါဘူး။

This image has an empty alt attribute; its file name is public-humiliation_20171031044853.jpeg

၁၀။ လိမ်လည်ခြင်းနှင့် ဖောက်ပြန်ခြင်း
ယုံကြည်မှုဟာ relationship တိုင်းအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ချစ်သူက ဖောက်ပြန်မှုတွေ လိမ်ညာမှုတွေကို ခဏခဏကျူးလွန်တတ်ရင်တော့ သင်ဘယ်လောက်ချစ်ချစ် သည်းမခံသင့်ပါဘူး။ သင်သည်းခံလိုက်ရင် အမြဲတမ်းသင့်အပေါ် လှည့်ဖျားဖို့ကြိုးစားနိုင်ပါတယ်။

This image has an empty alt attribute; its file name is c.jpg

LM_Naung_Naung

Lifestyle_Myanmar

Source-Troab

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here