သင်ကိုယ်တိုင်က တစ်ယောက်တည်းသီးသန့်နေရတာကြိုက်တဲ့သူတွေလား။ လူတွေအများကြီးနဲ့ ပါတီတက်ရမှာထက် တစ်ယောက်တည်း အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ချင်သူလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားသူတွေနဲ့ ဟေးလားဝါးလား လျှောက်သွားနေတာထက် တိတ်ဆိတ် အေးဆေးတဲ့နေရာမှာ စာဖတ်တာကြိုက်ရတဲ့သူလည်း ဖြစ်ချင်ဖြစ်မှာပါ။ တခြားသူတွေက သင့်ကိုကြည့်လိုက်ရင် ပျင်းစရာကောင်းတဲ့ သူတစ်ယောက်လို့ ထင်ချင်ထင်မိနိုင်ပေမယ့် တကယ်တော့ တစ်ယောက်တည်းသီးသန့်နေတတ်တဲ့သူတွေဟာ အေးချမ်းတဲ့စိတ်နေသဘာထားရှိပါတယ်။
သူတို့ဟာ လူတွေကိုသဘောကျပါတယ်။
တစ်ယောက်တည်းသီးသန့်နေရတာ ကြိုက်တဲ့သူတွေဟာ တခြားသူတွေကို သဘောမကျဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့တွေဟာ တခါတလေ ပေါင်းရခက်တယ်လို့ထင်ရပေမယ့် သူတို့ကိုတကယ်ခင်ပြီး နားလည်တဲ့သူနဲ့ တွေ့တဲ့အခါမှာတော့ တကယ်ကိုရင်းနှီးသွားပြီး အရမ်းလည်း ခင်မင်တတ်တဲ့သူတွေပါ။

ပွင့်လင်းပါတယ်။
တစ်ယောက်တည်းနေတတ်တဲ့သူတွေဟာ မပွင့်လင်းဘူးလို့ တခြားသူတွေက ထင်မိကြပါတယ်။ ဒါပေမယ့် အခုလို လူကန့်လန့်လို့ တခြားသူတွေတွေးထားတဲ့သူတို့လေးတွေဟာ သင်ထင်ထားတာထက် ပိုပြီးပွင့်လင်းကြပါတယ်။

အေးချမ်းတဲ့သူတွေဖြစ်တယ်။
တစ်ယောက်တည်းသီးသန့်နေတတ်လို့ သူတို့လေးတွေဟာ စိတ်ဖိစီးမှုများတဲ့သူ စိုးရိမ်တတ်တဲ့သူ ကြောက်တတ်တဲ့သူတွေမဟုတ်ပါဘူး။ သူတို့လေးတွေရဲ့ အတွင်းစိတ်ဟာ သိပ်ကိုအေးချမ်းပါတယ်။

နားထောင်ပေးတတ်တယ်။
တစ်ယောက်တည်း သီးသန့်ပဲနေတတ်တဲ့သူတွေ တစ်ယောက်တည်းသီးသန့်နေရတာ ကြိုက်တဲ့သူတွေဟာ သင်ရင်ဖွင့်တာကို ကောင်းကောင်းလေး သေချာနားထောင်ပေးတတ်သူပါ။ သင်ဝမ်းနည်းနေတဲ့အချိန် ငိုစရာပုခုံးတစ်ဖက်ပေးမယ့်သူတွေဖြစ်သလို သင်အားငယ်နေတဲ့အချိန် သင်ရင်ဖွင့်သမျှကို နားထောင်ပေးတတ်တဲ့သူတွေပါ။

Lifestyle_Myanmar
ref-goodmenproject