တစ်ပတ်တစ်ကြိမ်လောက်တော့ အမျိုးသမီးတိုင်း စားသုံးပေးသင့်တဲ့ အစားအစာများ

0
347

ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုအစားအသောက်တွေကို စားပေးရမလဲဆိုပြီး အဖြေရှာရတာဟာ အင်မတန်ခေါင်းကိုက်စရာကိစ္စပါ။ အစားအသောက်၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြောပြ၊ ရှင်းပြပေးထားတဲ့ အချက်အလက်တွေက အများကြီးရှိပေမယ့်လည်း ရိုးရိုးရှင်းရှင်းနဲ့ နားလည်ရလွယ်တာက ရှားပါးလှပါတယ်။

-Advertisement-

ကျန်းကျန်းမာမာ ရပ်တည်နိုင်ရန်အတွက် မိန်းကလေးအများစုဟာ ဗီတာင်မင်တွေ၊ သတ္တုဓာတ်တွေလိုမျိုး တူညီမျှတတဲ့ အခြေခံအာဟာရဓာတ်တွေကို လိုအပ်ပါတယ်။ ဒီကွန်ပေါင်းတွေက အမျိုးသမီးတွေကို အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာနေစေရန်၊ ရင်သားကင်ဆာတိုက်ဖျက်ရန်နှင့် ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်တို့မှာ ကူညီပေးပါတယ်။

လိုအပ်တဲ့အာဟာရဓာတ်တွေကို ဆေးဝါးတွေသောက်သုံးခြင်းဖြင့် မှီဝဲဖြည့်တင်းနိုင်ပေမယ့်လည်း ဆေးတွေဖြစ်တဲ့အတွက် သောက်တိုင်းမကောင်းပါဘူး။ ထိုအစား မှန်ကန်သင့်တော်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ ပိုပြီးတော့တောင် ကျန်းမာရေးနဲ့ညီညွတ်မှာဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးကိုစားသုံးခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကို ခန္ဓာကိုယ်အား ဖြည့်တင်းပေးရာရောက်သည့်အတွက် နှလုံးကျန်းမာရေးနှင့် အခြားသောဖျားနာခြင်းတို့ကို တိုက်ဖျက်နိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေပြီး အမျိုးသမီးအများစုဆီမှာ လစ်ဟာနေသည့် ဖောလစ်ပမာဏကောင်းကောင်းကို ထောက်ပံ့ပေးပါတယ်။

ငှက်ပျောသီး

မနက်ခင်းမှာပဲစားစား၊ အဆာပြေအနေနဲ့ပဲစားစား ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးကို စားသုံးပေးခြင်းက ဆိုဒီယမ်ပမာဏမြင့်မားမှုတွေကို ခန္ဓာကိုယ်မှ ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို လျော့ကျစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အစားအစာတွေထဲမှာ ပိုတက်ဆီယမ်ကို ထည့်သွင်းစားသုံးပေးခြင်းပါပဲ။

ပဲများ

ပရိုတင်း၊ ဖိုက်ဘာတို့ အပြည့်ပါဝင်ပြီးတော့ ရင်သားကင်ဆာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကိုကျန်းမာစေကာ ကိုလက်စထရောကိုလည်း လျော့ချပေးပြီး သံဓာတ်နှင့် ဗီတာမင်ဘီတို့လို အရေးကြီးတဲ့ အာဟာရဓာတ်တွေ စားသုံးခြင်းကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ထိုအာဟာရဓာတ်တွေဟာ အမျိုးသမီးအများစုဆီမှာ ချို့တဲ့တာကြောင့် ထမင်းစားတဲ့အခါ ပဲတွေကို ထည့်ပြီးစားသုံးပေးသင့်ပါတယ်။

ပေါင်မုန့်

Whole-grain ပေါင်မုန့်တွေက ဖိုက်ဘာပါဝင်တာကြောင့် သွေးအတွင်းရှိ Estrogen ပမာဏကို လျော့ချပေးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အစာခြေအားကောင်းဖို့ကိုလည်း ကူညီပေးပြီး ဝမ်းချုပ်ခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။

ကြက်ဥ

ကြက်ဥဈေးနှုန်းတွေကတော့ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲနေပေမယ့်လည်း သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ လျော့ကျသွားခြင်းမရှိပါဘူး။ အားအင်မြှင့်တင်ပေးခြင်း၊ ဆံသားအားဖြည့်ပေးခြင်း၊ အသားအရေလှစေခြင်း၊ နှလုံးရောဂါကာကွယ်ပေးခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ ကြက်ဥအနှစ်မှာ Choline လို့ခေါ်တဲ့ အာဟာရဓာတ်တစ်မျိုးပါဝင်လို့ ရင်သားကင်ဆာမဖြစ်အောင် တားဆီးပေးပါတယ်။

ကြက်သွန်ဖြူ

စားသုံးပြီးနောက် အနံ့အသက်တော့ကောင်းကောင်းမကျန်ရစ်ခဲ့နိုင်ပေမယ့် ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးတွေကို သိပြီးရင်တော့ စားဖို့အတွက် တွန့်ဆုတ်နေမှာမဟုတ်တော့ပါဘူး။ ကြက်သွန်ဖြူများများစားသုံးပေးခြင်းက သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ အမျိုးသမီးများအနေနဲ့ အထူးစားသုံးပေးသင့်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- thedailymeal

LEAVE A REPLY

Please enter your comment!
Please enter your name here