တစ်နှစ်တာရဲ့ အချို့သောအချိန်မှာသာ မြင်တွေ့နိုင်တဲ့ သဘာဝဖြစ်ရပ်များ

0
219

သူ့တို့ဘာသာသူတို့ သွားလာနေတဲ့ ကျောက်တုံးတွေ၊ ပန်းတွေပွင့်နေတဲ့ သဲကန္တရ၊ ဂြိုလ်သားနှင့် တူတဲ့ ရေကန်၊ ဘယ်တော့မှ မဝင်တဲ့ နေရောင်ခြည်။ ဒါတွေအားလုံးက စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းလို့ ထင်ရပေမယ့် ရာသီဥတုပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုလ်ပေါ်မှာ တကယ်ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကို ခရီးသွားဖို့ ကြိုတင်စီစဉ်ထားရင် ထူးဆန်းတဲ့ ဒီသဘာဝဖြစ်ရပ်တွေ အကြောင်းကို လေ့လာသွားပါ။ ခရီးသွားတဲ့အခါ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

-Advertisement-

၁။ ဇန်နဝါရီလ -Abraham ရေကန်အောက်က အေးခဲနေတဲ့ ပူစီဖောင်းတွေ

နွေရာသီမှာ Abraham ရေကန်ဟာ ကျွန်တော်တို့ ကမ္ဘာဂြိုလ်ပေါ်က တခြားရေကန်တွေလိုပါပဲ။ ဆောင်းရာသီမှာတော့ ယခုတွေ့မြင်ရသလို မှော်ဆန်ဆန်ပါပဲ။ အိုင်ရဲ့အောက်ခြေမှာ နေထိုင်တဲ့ ဘက်တီးရီးယားများဟာ အိုင်ရဲ့ ကြည်လင်နေတဲ့ မျက်နှာပြင်အောက်ရှိ ဘဲဥပုံတိုင်တွေထဲသို့ အေးခဲစေသော မီသိန်းဓါတ်ငွေ့အမြောက်အများကို ထုတ်လွှတ်ပါတယ်။

နေရာ- Abraham ရေကန်၊ အယ်လ်ဘာတာ၊ ကနေဒါ
အချိန်- ဒီဇင်ဘာလ- ဖေဖော်ဝါရီလ

၂။ ဖေဖော်ဝါရီ – Yosemite Horsetail မီးတံခွန်

ကျွန်မတို့အားလုံးဟာ ရေတံခွန်တွေပဲ သိကြ၊ မြင်ဘူးကြပါတယ်။ မီးတံခွန်ဆိုတာကော ဘယ်လိုမျိုးလဲ၊ မီးတံခွန်ဆိုတာ ရှိပါတယ်နော်။ မီးတံခွန်တစ်ခုကတော့ Yosemite အမျိုးသားဥယျာဉ်မှာ တည်ရှိပါတယ်။ Horsetail ဆိုတဲ့ မီးတံခွန်ဆိုတာ တင်စားခေါ်နေကြခြင်းသာဖြစ်ပြီး အမှန် စင်စစ်ကတော့ ရေတံခွန်ဘဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ နေဝင်သွားတဲ့ နေရောင်ခြည်များဟာ တောင်ပေါ်ကနေ အောက်ကို မီးလျှံတွေ ကျဆင်းသလို အလင်းရောင်တွေ ရောင်ပြန်ဟပ်နေတာ ဖြစ်ပါတယ်။
နေရာ- Yosemite ချိုင့်ဝှမ်း၊ Yosemite အမျိုးသားဥယျာဉ်၊ ကယ်လီဖိုးနီးယား၊ အမေရိကန်နိုင်ငံ
အချိန်- ဖေဖော်ဝါရီလရဲ့ ဒုတိယလဝက်

၃။ မတ်လ- ကျွဲဆက်ရက်တွေ စုစည်းချိန်

ကျွဲဆက်ရက်တွေဟာ အကောင်လေးတွေ သေးငယ်ပေမယ့် အံ့သြဖွယ်ကောင်းအောင် စည်းလုံးမှု အရမ်းရှိတဲ့ ငှက်တွေပါ။ ကျွမ်းကျင်သူများအဆိုအရ ကျွဲဆက်ရက်ငှက်တွေဟာ သတင်းအချက်အလက်တွေ ဖလှယ်ဖို့နှင့် သူတို့ရဲ့(hypnotizing ) စိတ်ညှိ့လှုပ်ရှားမှုတွေနဲ့ သားရဲတိရိစ္ဆာန်တွေကို လှည့်စားဖို့အတွက် လေထဲမှာ အံ့သြဖွယ်ကောင်းတဲ့ ပုံစံဖွဲ့စည်းခြင်းတွေကို ယခုလို အစုလိုက် လုပ်ဆောင်တတ်ကြပါတယ်။
နေရာ- ဗြိတိန်နိုင်ငံအနှံ့
အချိန်- ဇန်နဝါရီလ- မတ်လ

၄။ ဧပြီလ – Wisteria ပန်းပွင့်ချိန်

ဂျပန်နိုင်ငံက ချယ်ရီပန်းပွဲတော်တွေအကြောင်းကို သင်ကြားခဲ့ဖူးမှာပါနော်။ ဂျပန်နိုင်ငံမှာ ချယ်ရီပန်းလိုပဲ Wisteria ပန်းတွေ ပွင့်ချိန်ဆိုတာ ရှိပါတယ်။ ပန်းပွင့်ရာသီဟာ ဂျပန်လူမျိုးတွေ တန်ဖိုးထားရတဲ့ အချိန်ဖြစ်ပါတယ်။ နွေဦးရာသီ တစ်လလုံးမှာဆိုရင် ရာနင့်ချီတဲ့ အပင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မှော်ဆန်ဆန် Wisteria ဥမင်လိုဏ်ခေါင်းတွေကိုဖြတ်ပြီး လမ်းလျှောက်နိုင်ပါတယ်။ သူတို့ရဲ့အရောင်တွေက အနီရောင်၊ ခရမ်းရောင်မှ အဝါရောင်၊ အဖြူရောင်အထိ ရောင်စုံပွင့်တတ် ကြပါတယ်။
နေရာ- ဂျပန်နိုင်ငံအနှံ့
အချိန်- ဧပြီလလယ်- မေလလယ်

၅။ မေလ- ပိုးစုန်းကြူးတွေ တစ်ပြိုင်နက်တည်း တောက်ပချိန်

ပိုးစုန်းကြူးတွေရဲ့ အလင်းရောင် တစ်ပြိုက်နက်တည်း တောက်ပတာကို ကျွန်တော်တို့ ကမ္ဘာဂြိုလ်ပေါ်က အနည်းငယ်သော နေရာတွေမှာသာ တွေ့နိုင်ပါတယ်။ ထောင်နှင့် ချီသော ပိုးစုန်းကြူးများဟာ တလက်လက်တောက်ပတဲ့ display တစ်ခုအဖြစ် စုရုံးနေကြတာဖြစ်ပြီး စက္ကန့်အနည်းငယ်တိုင်းမှာ တစ်ပြိုင်နက်တည်း လင်းလက်ကြတာ ဖြစ်ပါတယ်။
နေရာ- အမေရိကန်နိုင်ငံ၊ Great Smoky တောင်တန်းအမျိုးသားဥယျာဉ်
အချိန်- မေလ – ဇွန်လ

၆။ ဇွန်လ – ဆိတ်တွေ သစ်ပင်တတ်ချိန်

ဆိတ်တွေ သစ်ပင်ပေါ်တတ်တာက အရမ်းအံ့သြဖို့ ကောင်းပေမယ့်လည်း ဒီထူးဆန်းတဲ့ သဘာဝဖြစ်စဉ်မှာ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ရှိပါတယ်။ ထိုဆိတ်တွေဟာ ကြုံရာသစ်ပင်တတ်တာ မဟုတ်ပါဘူး။ အဲဒီ့ သစ်ပင်တွေဟာ အာဂန်ထရက်ပင်တွေဖြစ်ပြီး ဇွန်လတစ်ဝိုက်မှာ အသီးတွေ မှည့်ပါတယ်။ ဆာလောင်နေတဲ့ ဆိတ်တွေကို ဒီအစားအစာတွေက ဆွဲဆောင်နေပါတယ်။ တစ်ခါတရံမှာ သစ်ပင်တစ်ပင်တည်းမှာ တစ်ဒါဇင်လောက် တွဲလောင်းခိုနေတာကို တွေ့နိုင်ပါတယ်။
နေရာ -မော်ရိုကို
အချိန် – ဇွန်လ

၇။ ဇွန်လ- သန်းခေါင်ယံနေမဝင်တဲ့အချိန်

သန်းခေါင်ယံနေဟာ အန္တာတိက စက်ဝိုင်းရဲ့တောင်ဘက်နှင့် အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်မှာရှိသော ဘယ်နေရာမှာမဆို နွေရာသီအတွင်းမှာ မြင်နိုင်တဲ့ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ နော်ဝေနိုင်ငံဟာ သင်နှစ်သက်တဲ့ နေရာများထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ဝင်ရိုးစွန်းနှင့် နီးတဲ့အတွက် နွေရာသီတွေမှာ နေက မိုးကုတ်စက်ဝိုင်းအောက်ကို ဘယ်တော့မှ မဝင်သွားပါဘူး။
နေရာ- နော်ဝေ
အချိန် – ဇွန်လ -သြဂုတ်လ

၈။ သြဂုတ်လ- Osoyoos အစက်အပြောက်ရေကန်

နွေရာသီမှာ အပူချိန်က အရမ်းပူလာရင် ဒီရေကန်ရဲ့ အရောင်နှင့် ပုံသဏ္ဍာန်က ပြောင်းလဲသွားပါတယ်။ ရေက အငွေ့ပျံသွားတာနှင့်အမျှ ကန်ထဲမှာ ဆားနှင့် ဓါတ်သတ္တုတွေသာ ကျန်ခဲ့ပြီး အရောင်မျိုးစုံလင်လှတဲ့ အကွက်ငယ်လေးတွေအဖြစ် ဖြစ်ပေါ်နေစေပါတယ်။၎င်းက ကျားသစ်ကွက်နှင့် ဆင်တူပါတယ်။ နွေရာသီမှာ ရေကန်ဟာ အဖြူရောင်လုံးလုံး ဖြစ်လာနိုင်ပါတယ်။
နေရာ – ကနေဒါနိုင်ငံ၊ ဘရစ်တစ် ကိုလံဘီယာ
အချိန် – ဇူလိုင်လ -သြဂုတ်လ

၉။ စက်တင်ဘာ – ယူချန်ဆားရေကန်

တရုတ်နိုင်ငံရှိ ဒီရေကန်ရဲ့ရေဟာ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် နှင့် ခရမ်းရောင်ဆိုပြီးအရောင်အမျိုးမျိုး ပြသနိုင်ပါတယ်။ ရေကန်ထဲမှာ ပွင့်နေတဲ့ ရေညှိအမျိုးမျိုးကြောင့် ဒီအရာတွေအားလုံး ဖြစ်လာတာပါ။ ရေကန်ဟာ အမြဲတမ်း အံ့သြဖို့ကောင်းပါတယ်။ သွားကြည့်ဖို့ အကောင်းဆုံး အချိန်ကတော့ အရောင်တွေ အတောက်ပဆုံးဖြစ်တဲ့ ဆောင်းဦးရာသီ ဖြစ်ပါတယ်။
နေရာ- ယူချန်၊ တရုတ်နိုင်ငံ
အချိန် – စက်တင်ဘာလ -အောက်တိုဘာလ

၁၀။ အောက်တိုဘာလ – Cano Cristales ရဲ့ သက်တံ့ရည်

ရင်သပ်ရှုမောဖွယ် ဒီရှုခင်းကတော့ ရေညှိတွေ ပွင့်တာကြောင့် ဖြစ်လာရတာပါ။ Cano Cristales ဟာ အစိမ်းရောင်၊ အနီရောင်ကနေ အပြာရောင်၊ အနက်ရောင်အထိ အမျိုးမျိုး ပြသနိုင်တဲ့ သက်တန့်ရည်နှင့်တူသော ကိုလံဘီယာရှိ မြစ်တစ်စင်း ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို မေလမှ ဒီဇင်ဘာလအထိ သင်သွားကြည့်နိုင်ပါတယ်။ တောက်ပတဲ့ အရောင်တွေကိုတော့ ဆောင်းဦးရာသီမှာ တွေ့မြင်နိုင်ပါတယ်။
နေရာ- ကိုလံဘီယာ
အချိန် – အောက်တိုဘာ -နိုဝင်ဘာလ

၁၁။ နိုဝင်ဘာလ – Atacama သဲကန္တရ ပန်းပွင့်ချိန်

သဲကန္တရဆိုလို့ မျက်လုံးထဲမှာ ခြောက်သွေ့ပူပြင်းပြီး အပင်တစ်ပင်မှ မရှိတဲ့နေရာကို မြင်ကြမှာပါ။ သို့သော် သဲကန္တရအားလုံးအတွက်တော့ မမှန်ပါဘူး။ ဒီနေရာက အရမ်းခြောက်သွေ့ပေမယ့် မိုးသည်းထန်စွာ ရွာသွန်းပြီးရင် နေ့ချင်းညချင်း ပန်းခင်းကြီးအဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။ သို့သော် ဒီသဲကန္တာရမှာ ၅နှစ် (သို့) ၄နှစ်မှသာ တစ်ကြိမ်ပွင့်တာ ဖြစ်ပြီး နောက်ဆုံးအကြိမ်က ၂၀၁၇ မှာ ပွင့်ခဲ့တာ ဖြစ်ပါတယ်။
နေရာ- ချီလီနိုင်ငံ
အချိန် -စက်တင်ဘာ -နိုဝင်ဘာလ

၁၂။ ဒီဇင်ဘာလ – ရွက်လွှင့်နေသော ကျောက်တုံးတွေ

Death Valley မှာရှိတဲ့ ကျောက်တုံးတွေဟာ ရံဖန်ရံခါမှာ ကြိုးတွေနဲ့ တွဲထားတာလည်းမရှိ၊ စွမ်းအားလည်းမရှိဘဲ သူတို့ဘာသာသူတို့ ကန္တရကိုဖြတ်ပြီး လျှောဆင်းနေကြပါတယ်။ ရွက်လွှင့်နေတဲ့ ကျောက်တုံးတွေကို ၁၉၀၀ခုနှစ်ကတည်းက လေ့လာခဲ့ကြပြီး သိပ္ပံပညာရှင်များက ဒီကျောက်တုံးတွေရဲ့ ထူးဆန်းတဲ့ ရွှေ့လျားမှုဟာ ဆောင်းရာသီမှာ ဖြစ်ပေါ်တဲ့ ရေ၊ ရေခဲနှင့် လေတို့ရဲ့ ညီမျှမှုကြောင့်လို့ ယုံကြည်ကြပါတယ်။ ကျောက်တုံးအောက်မှာရှိတဲ့ ရေခဲအလွှာပါးက လေပြင်းတိုက်တဲ့အခါမှာ ရှေ့ကိုတွန်းပို့တာကြောင့်လို့ ယုံကြည်ကြပါတယ်။
နေရာ – Death Valley ၊ ကယ်လီဖိုးနီးယား၊ အမေရိကန်နိုင်ငံ
အချိန် – ဒီဇင်ဘာလ -ဖေဖော်ဝါရီလ

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

တစ္ႏွစ္တာရဲ႕ အခ်ိဳ႕ေသာအခ်ိန္မွာသာ ျမင္ေတြ႕ႏိုင္တဲ့ သဘာဝျဖစ္ရပ္မ်ား
သူ႔တို႔ဘာသာသူတို႔ သြားလာေနတဲ့ ေက်ာက္တုံးေတြ၊ ပန္းေတြပြင့္ေနတဲ့ သဲကႏၲရ၊ ၿဂိဳလ္သားႏွင့္ တူတဲ့ ေရကန္၊ ဘယ္ေတာ့မွ မဝင္တဲ့ ေနေရာင္ျခည္။ ဒါေတြအားလုံးက စိတ္ကူးယဥ္႐ုပ္ရွင္ဇာတ္လမ္းလို႔ ထင္ရေပမယ့္ ရာသီဥတုေပၚ မူတည္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ကမာၻၿဂိဳလ္ေပၚမွာ တကယ္ျဖစ္ပ်က္ေနတာ ျဖစ္ပါတယ္။ ဒီႏိုင္ငံေတြကို ခရီးသြားဖို႔ ႀကိဳတင္စီစဥ္ထားရင္ ထူးဆန္းတဲ့ ဒီသဘာဝျဖစ္ရပ္ေတြ အေၾကာင္းကို ေလ့လာသြားပါ။ ခရီးသြားတဲ့အခါ အသုံးဝင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။

ဇန္နဝါရီလ -Abraham ေရကန္ေအာက္က ေအးခဲေနတဲ့ ပူစီေဖာင္းေတြ

ေႏြရာသီမွာ Abraham ေရကန္ဟာ ကြၽန္ေတာ္တို႔ ကမာၻၿဂိဳလ္ေပၚက တျခားေရကန္ေတြလိုပါပဲ။ ေဆာင္းရာသီမွာေတာ့ ယခုေတြ႕ျမင္ရသလို ေမွာ္ဆန္ဆန္ပါပဲ။ အိုင္ရဲ႕ေအာက္ေျခမွာ ေနထိုင္တဲ့ ဘက္တီးရီးယားမ်ားဟာ အိုင္ရဲ႕ ၾကည္လင္ေနတဲ့ မ်က္ႏွာျပင္ေအာက္ရွိ ဘဲဥပုံတိုင္ေတြထဲသို႔ ေအးခဲေစေသာ မီသိန္းဓါတ္ေငြ႕အေျမာက္အမ်ားကို ထုတ္လႊတ္ပါတယ္။

ေနရာ- Abraham ေရကန္၊ အယ္လ္ဘာတာ၊ ကေနဒါ
အခ်ိန္- ဒီဇင္ဘာလ- ေဖေဖာ္ဝါရီလ

၂။ ေဖေဖာ္ဝါရီ – Yosemite Horsetail မီးတံခြန္

ကြၽန္မတို႔အားလုံးဟာ ေရတံခြန္ေတြပဲ သိၾက၊ ျမင္ဘူးၾကပါတယ္။ မီးတံခြန္ဆိုတာေကာ ဘယ္လိုမ်ိဳးလဲ၊ မီးတံခြန္ဆိုတာ ရွိပါတယ္ေနာ္။ မီးတံခြန္တစ္ခုကေတာ့ Yosemite အမ်ိဳးသားဥယ်ာဥ္မွာ တည္ရွိပါတယ္။ Horsetail ဆိုတဲ့ မီးတံခြန္ဆိုတာ တင္စားေခၚေနၾကျခင္းသာျဖစ္ၿပီး အမွန္ စင္စစ္ကေတာ့ ေရတံခြန္ဘဲျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ ေနဝင္သြားတဲ့ ေနေရာင္ျခည္မ်ားဟာ ေတာင္ေပၚကေန ေအာက္ကို မီးလွ်ံေတြ က်ဆင္းသလို အလင္းေရာင္ေတြ ေရာင္ျပန္ဟပ္ေနတာ ျဖစ္ပါတယ္။
ေနရာ- Yosemite ခ်ိဳင့္ဝွမ္း၊ Yosemite အမ်ိဳးသားဥယ်ာဥ္၊ ကယ္လီဖိုးနီးယား၊ အေမရိကန္ႏိုင္ငံ
အခ်ိန္- ေဖေဖာ္ဝါရီလရဲ႕ ဒုတိယလဝက္

၃။ မတ္လ- ကြၽဲဆက္ရက္ေတြ စုစည္းခ်ိန္

ကြၽဲဆက္ရက္ေတြဟာ အေကာင္ေလးေတြ ေသးငယ္ေပမယ့္ အံ့ၾသဖြယ္ေကာင္းေအာင္ စည္းလုံးမႈ အရမ္းရွိတဲ့ ငွက္ေတြပါ။ ကြၽမ္းက်င္သူမ်ားအဆိုအရ ကြၽဲဆက္ရက္ငွက္ေတြဟာ သတင္းအခ်က္အလက္ေတြ ဖလွယ္ဖို႔ႏွင့္ သူတို႔ရဲ႕(hypnotizing ) စိတ္ညႇိ႔လႈပ္ရွားမႈေတြနဲ႔ သားရဲတိရိစာၦန္ေတြကို လွည့္စားဖို႔အတြက္ ေလထဲမွာ အံ့ၾသဖြယ္ေကာင္းတဲ့ ပုံစံဖြဲ႕စည္းျခင္းေတြကို ယခုလို အစုလိုက္ လုပ္ေဆာင္တတ္ၾကပါတယ္။
ေနရာ- ၿဗိတိန္ႏိုင္ငံအႏွံ႔
အခ်ိန္- ဇန္နဝါရီလ- မတ္လ

၄။ ဧျပီလ – Wisteria ပန္းပြင့္ခ်ိန္

ဂ်ပန္နိုင္ငံက ခ်ယ္ရီပန္းပြဲေတာ္ေတြအေၾကာင္းကို သင္ၾကားခဲ့ဖူးမွာပါေနာ္။ ဂ်ပန္နိုင္ငံမွာ ခ်ယ္ရီပန္းလိုပဲ Wisteria ပန္းေတြ ပြင့္ခ်ိန္ဆိုတာ ရွိပါတယ္။ ပန္းပြင့္ရာသီဟာ ဂ်ပန္လူမ်ိဳးေတြ တန္ဖိုးထားရတဲ့ အခ်ိန္ျဖစ္ပါတယ္။ ေႏြဦးရာသီ တစ္လလုံးမွာဆိုရင္ ရာနင့္ခ်ီတဲ့ အပင္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ေမွာ္ဆန္ဆန္ Wisteria ဥမင္လိုဏ္ေခါင္းေတြကိုျဖတ္ၿပီး လမ္းေလွ်ာက္နိုင္ပါတယ္။ သူတို႔ရဲ႕အေရာင္ေတြက အနီေရာင္၊ ခရမ္းေရာင္မွ အဝါေရာင္၊ အျဖဴေရာင္အထိ ေရာင္စုံပြင့္တတ္ ၾကပါတယ္။
ေနရာ- ဂ်ပန္ႏိုင္ငံအႏွံ႔
အခ်ိန္- ဧၿပီလလယ္- ေမလလယ္

၅။ ေမလ- ပိုးစုန္းၾကဴးေတြ တစ္ၿပိဳင္နက္တည္း ေတာက္ပခ်ိန္
ပိုးစုန္းၾကဴးေတြရဲ႕ အလင္းေရာင္ တစ္ၿပိဳက္နက္တည္း ေတာက္ပတာကို ကြၽန္ေတာ္တို႔ ကမာၻၿဂိဳလ္ေပၚက အနည္းငယ္ေသာ ေနရာေတြမွာသာ ေတြ႕ႏိုင္ပါတယ္။ ေထာင္ႏွင့္ ခ်ီေသာ ပိုးစုန္းၾကဴးမ်ားဟာ တလက္လက္ေတာက္ပတဲ့ display တစ္ခုအျဖစ္ စု႐ုံးေနၾကတာျဖစ္ျပီး စကၠန႔္အနည္းငယ္တိုင္းမွာ တစ္ၿပိဳင္နက္တည္း လင္းလက္ၾကတာ ျဖစ္ပါတယ္။
ေနရာ- အေမရိကန္ႏိုင္ငံ၊ Great Smoky ေတာင္တန္းအမ်ိဳးသားဥယ်ာဥ္
အခ်ိန္- ေမလ – ဇြန္လ

၆။ ဇြန္လ – ဆိတ္ေတြ သစ္ပင္တတ္ခ်ိန္
ဆိတ္ေတြ သစ္ပင္ေပၚတတ္တာက အရမ္းအံ့ၾသဖို့ ေကာင္းေပမယ့္လည္း ဒီထူးဆန္းတဲ့ သဘာဝျဖစ္စဥ္မွာ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ ရွင္းျပခ်က္တစ္ခု ရွိပါတယ္။ ထိုဆိတ္ေတြဟာ ႀကဳံရာသစ္ပင္တတ္တာ မဟုတ္ပါဘူး။ အဲဒီ့ သစ္ပင္ေတြဟာ အာဂန္ထရက္ပင္ေတြျဖစ္ၿပီး ဇြန္လတစ္ဝိုက္မွာ အသီးေတြ မွည့္ပါတယ္။ ဆာေလာင္ေနတဲ့ ဆိတ္ေတြကို ဒီအစားအစာေတြက ဆြဲေဆာင္ေနပါတယ္။ တစ္ခါတရံမွာ သစ္ပင္တစ္ပင္တည္းမွာ တစ္ဒါဇင္ေလာက္ တြဲေလာင္းခိုေနတာကို ေတြ႕ႏိုင္ပါတယ္။
ေနရာ -ေမာ္႐ိုကို
အခ်ိန္ – ဇြန္လ

၇။ ဇြန္လ- သန္းေခါင္ယံေနမဝင္တဲ့အခ်ိန္

သန္းေခါင္ယံေနဟာ အႏၲာတိက စက္ဝိုင္းရဲ႕ေတာင္ဘက္ႏွင့္ အာတိတ္စက္ဝိုင္းရဲ႕ ေျမာက္ဘက္မွာရွိေသာ ဘယ္ေနရာမွာမဆို ေႏြရာသီအတြင္းမွာ ျမင္ႏိုင္တဲ့ ထူးျခားျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။ ေနာ္ေဝႏိုင္ငံဟာ သင္ႏွစ္သက္တဲ့ ေနရာမ်ားထဲက တစ္ခုျဖစ္ႏိုင္ပါတယ္။ ဝင္႐ိုးစြန္းႏွင့္ နီးတဲ့အတြက္ ေႏြရာသီေတြမွာ ေနက မိုးကုတ္စက္ဝိုင္းေအာက္ကို ဘယ္ေတာ့မွ မဝင္သြားပါဘူး။
ေနရာ- ေနာ္ေဝ
အခ်ိန္ – ဇြန္လ -ၾသဂုတ္လ

၈။ ၾသဂုတ္လ- Osoyoos အစက္အေျပာက္ေရကန္

ေႏြရာသီမွာ အပူခ်ိန္က အရမ္းပူလာရင္ ဒီေရကန္ရဲ႕ အေရာင္ႏွင့္ ပုံသ႑ာန္က ေျပာင္းလဲသြားပါတယ္။ ေရက အေငြ႕ပ်ံသြားတာႏွင့္အမွ် ကန္ထဲမွာ ဆားႏွင့္ ဓါတ္သတၱဳေတြသာ က်န္ခဲ့ၿပီး အေရာင္မ်ိဳးစုံလင္လွတဲ့ အကြက္ငယ္ေလးေတြအျဖစ္ ျဖစ္ေပၚေနေစပါတယ္။၎က က်ားသစ္ကြက္ႏွင့္ ဆင္တူပါတယ္။ ေႏြရာသီမွာ ေရကန္ဟာ အျဖဴေရာင္လုံးလုံး ျဖစ္လာႏိုင္ပါတယ္။
ေနရာ – ကေနဒါႏိုင္ငံ၊ ဘရစ္တစ္ ကိုလံဘီယာ
အခ်ိန္ – ဇူလိုင္လ -ၾသဂုတ္လ

၉။ စက္တင္ဘာ – ယူခ်န္ဆားေရကန္

တ႐ုတ္ႏိုင္ငံရွိ ဒီေရကန္ရဲ႕ေရဟာ အစိမ္းေရာင္၊ အဝါေရာင္၊ အနီေရာင္ ႏွင့္ ခရမ္းေရာင္ဆိုၿပီးအေရာင္အမ်ိဳးမ်ိဳး ျပသႏိုင္ပါတယ္။ ေရကန္ထဲမွာ ပြင့္ေနတဲ့ ေရညႇိအမ်ိဳးမ်ိဳးေၾကာင့္ ဒီအရာေတြအားလုံး ျဖစ္လာတာပါ။ ေရကန္ဟာ အၿမဲတမ္း အံ့ၾသဖို႔ေကာင္းပါတယ္။ သြားၾကည့္ဖို႔ အေကာင္းဆုံး အခ်ိန္ကေတာ့ အေရာင္ေတြ အေတာက္ပဆုံးျဖစ္တဲ့ ေဆာင္းဦးရာသီ ျဖစ္ပါတယ္။
ေနရာ- ယူခ်န္၊ တ႐ုတ္ႏိုင္ငံ
အခ်ိန္ – စက္တင္ဘာလ -ေအာက္တိုဘာလ

၁၀။ ေအာက္တိုဘာလ – Cano Cristales ရဲ႕ သက္တံ့ရည္

ရင္သပ္ရႈေမာဖြယ္ ဒီရႈခင္းကေတာ့ ေရညႇိေတြ ပြင့္တာေၾကာင့္ ျဖစ္လာရတာပါ။ Cano Cristales ဟာ အစိမ္းေရာင္၊ အနီေရာင္ကေန အျပာေရာင္၊ အနက္ေရာင္အထိ အမ်ိဳးမ်ိဳး ျပသႏိုင္တဲ့ သက္တန္႔ရည္နွင့္တူေသာ ကိုလံဘီယာရွိ ျမစ္တစ္စင္း ျဖစ္ပါတယ္။ ဒီျမင္ကြင္းကို ေမလမွ ဒီဇင္ဘာလအထိ သင္သြားၾကည့္ႏိုင္ပါတယ္။ ေတာက္ပတဲ့ အေရာင္ေတြကိုေတာ့ ေဆာင္းဦးရာသီမွာ ေတြ႕ျမင္ႏိုင္ပါတယ္။
ေနရာ- ကိုလံဘီယာ
အခ်ိန္ – ေအာက္တိုဘာ -ႏိုဝင္ဘာလ

၁၁။ ႏိုဝင္ဘာလ – Atacama သဲကႏၲရ ပန္းပြင့္ခ်ိန္

သဲကႏၲရဆိုလို႔ မ်က္လုံးထဲမွာ ေျခာက္ေသြ႕ပူျပင္းၿပီး အပင္တစ္ပင္မွ မရွိတဲ့ေနရာကို ျမင္ၾကမွာပါ။ သို႔ေသာ္ သဲကႏၲရအားလုံးအတြက္ေတာ့ မမွန္ပါဘူး။ ဒီေနရာက အရမ္းေျခာက္ေသြ႕ေပမယ့္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီးရင္ ေန႔ခ်င္းညခ်င္း ပန္းခင္းႀကီးအျဖစ္ကို ေျပာင္းလဲႏိုင္ပါတယ္။ သို႔ေသာ္ ဒီသဲကႏၲာရမွာ ၅ႏွစ္ (သို႔) ၄ႏွစ္မွသာ တစ္ႀကိမ္ပြင့္တာ ျဖစ္ၿပီး ေနာက္ဆုံးအႀကိမ္က ၂၀၁၇ မွာ ပြင့္ခဲ့တာ ျဖစ္ပါတယ္။
ေနရာ- ခ်ီလီနိုင္ငံ
အခ်ိန္ -စက္တင္ဘာ -နိုဝင္ဘာလ

၁၂။ ဒီဇင္ဘာလ – ႐ြက္လႊင့္ေနေသာ ေက်ာက္တုံးေတြ

Death Valley မွာရွိတဲ့ ေက်ာက္တုံးေတြဟာ ရံဖန္ရံခါမွာ ႀကိဳးေတြနဲ႔ တြဲထားတာလည္းမရွိ၊ စြမ္းအားလည္းမရွိဘဲ သူတို႔ဘာသာသူတို႔ ကႏၲရကိုျဖတ္ၿပီး ေလွ်ာဆင္းေနၾကပါတယ္။ ႐ြက္လႊင့္ေနတဲ့ ေက်ာက္တုံးေတြကို ၁၉၀၀ခုႏွစ္ကတည္းက ေလ့လာခဲ့ၾကၿပီး သိပၸံပညာရွင္မ်ားက ဒီေက်ာက္တုံးေတြရဲ႕ ထူးဆန္းတဲ့ ေ႐ႊ႕လ်ားမႈဟာ ေဆာင္းရာသီမွာ ျဖစ္ေပၚတဲ့ ေရ၊ ေရခဲႏွင့္ ေလတို႔ရဲ႕ ညီမွ်မႈေၾကာင့္လို႔ ယုံၾကည္ၾကပါတယ္။ ေက်ာက္တုံးေအာက္မွာရွိတဲ့ ေရခဲအလႊာပါးက ေလျပင္းတိုက္တဲ့အခါမွာ ေရွ႕ကိုတြန္းပို႔တာေၾကာင့္လို႔ ယုံၾကည္ၾကပါတယ္။
ေနရာ – Death Valley ၊ ကယ္လီဖိုးနီးယား၊ အေမရိကန္ႏိုင္ငံ
အခ်ိန္ – ဒီဇင္ဘာလ -ေဖေဖာ္ဝါရီလ

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here