တစ်နေ့ကို အရက် ၁လီတာ သောက်သုံးခဲ့လို့ ဆိုးရွားတဲ့ အဖြစ်နဲ့ ကြုံတွေ့နေရတဲ့ တရုတ်အမျိုးသား

0
306
အရက်
အရက်

တရုတ်နိုင်ငံ ပင်စင်စားတစ်ဦးဖြစ်တဲ့ surnamed Tan အမည်ရှိ တရုတ်အမျိုးသားတစ်ဦးဟာ အရက်ကို ကြိုက်နှစ်သက်ခဲ့တာကြောင့် ယခုအခါ လည်ပင်းနဲ့ ပခုံးနေရာတစ်ဝှိုက်မှာ အဆီအိတ်ကြီးတွေတည်နေတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေရပါတယ်။ များသောအားဖြင့် အရက်သောက်တဲ့သူတွေရဲ့ လက္ခဏာလို ပုံမှန်ဖောရောင်တာမျိုးမဟုတ်ဘဲ ထူးခြားတဲ့ရောဂါမျိုးဖြစ်ပေါ်နေတာဖြစ်ပါတယ်။

Tan ဟာ အသက် ၄၀ အရွယ်ကနေ အသက် ၆၆နှစ်ထိ နေ့တိုင်း အားပြင်းတဲ့ တရုတ်ဆန်အရက်ကို အနည်းဆုံး ၁လီတာ သောက်သုံးခဲ့တယ်လို့ တရုတ်မီဒီယာအချို့ကို ပြောပါတယ်။ ယခုအချိန်မှာတော့ သူ့အသက်ဟာ ၆၈နှစ်ရှိနေပါပြီ။ ကြီးမားတဲ့ လည်ပင်းက အဆီအကျိတ်ကြီးကြောင့် အသက်ရှူရ အလွန်ခက်ခဲခဲ့ပါတယ်။ ဒါ့ကြောင့် Changsha ပြည်နယ်ရှိ Hunan Provincial ဆေးရုံမှာ ကုသမှု ခံယူခဲ့ပါတယ်။

Tan ရဲ့ ရောဂါဟာ Lipoma လို့ လူသိများတဲ့ ခန္ဓာကိုယ်အရေပြားအောက်မှာဖြစ်ပေါ်တဲ့ အဆီကျိတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ပေမဲ့ Tan မှာဖြစ်တဲ့ အကျိတ်ဟာ တဖြည်းဖြည်းကြီးထွားနိုင်လာပြီး ပျော့ပျောင်တဲ့ သွင်ပြင်လက္ခဏာရှိတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ၂၆နှစ်လုံးလုံး သောက်သုံးခဲ့ပြီး ၂၀၁၆ ခုနှစ်ရောက်မှ အရက်ကို စဖြတ်ခဲ့ပါတယ်။ သူနေ့စဉ်သောက်သုံးတဲ့ အရက်ဟာ တရုတ်အရက်ဖြူအမျိုးအစားဖြစ်ပြီး ပျမ်းမျှအားဖြင့် အရက် ၅၂ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။

အခု Tan ဖြစ်မှာဖြစ်တဲ့ရောဂါမျိုးဟာ လူလတ်ပိုင်းမှာ အဖြစ်များပြီး လူအရောက် ၂၅၀၀၀မှာ ၁ယောက်လောက်သာ ဖြစ်ပေါ်လေ့ရှိတဲ့ ရှားပါးရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Mr Tan ရဲ့ အခြေအနေဟာ ခွဲစိတ်ကုသမှုတွေအပြင်၊ သွေးသွင်း၊ အောက်စီဂျင်ပေး ပြုလုပ်နေရပြီး နေ့စဉ်ဆေးကုသမှုစရိတ်တွေကြောင့် စီးပွားရေးအခြေအနေ ကျဆင်းခြင်းနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ (၁၄)မျိုး

Zawgyi Fonts

တစျနေ့ကို အရကျ ၁လီတာ သောကျသုံးခဲ့လို့ ဆိုးရှားတဲ့ အဖွစျနဲ့ ကွုံတှေ့နရေတဲ့ တရုတျအမြိုးသား



LEAVE A REPLY

Please enter your comment!
Please enter your name here