တစ်နေ့ကို အချိန် ၅ မိနစ်စာလောက်ပဲပေးပြီး ရက် (၃၀) တိတိ Plank ထောက်နိုင်ပါသလား။ ကိုယ့်ကိုယ့်ကို စိန်ခေါ်ကြည့်လိုက်ပါ။ သင့်အတွက် မရေတွက်နိုင်တဲ့အကျိုးကျေးဇူးတွေ ရရှိမှာပဲဖြစ်ပါတယ်။ ရက် (၃၀) အတွင်းမှာ သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။
ကယ်လိုရီများ လောင်ကျွမ်းပေးခြင်း
တစ်ရက်ကို ၅ မိနစ်ခန့် Plank ထောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး ကယ်လိုရီများလောင်ကျွမ်းများ အဆီပိုများကိုလျော့ချပေးနိုင်ပါတယ်။

ခန္ဓာကိုယ် အနေအထားမှန်စေခြင်း
မတ်တပ်ရပ်တဲ့အခါပဲဖြစ်ဖြစ်၊ ထိုင်တဲ့အခါပဲဖြစ်ဖြစ် ခါးကိုင်းနေမယ်၊ လက်ပြင်ကုန်းနေမယ်ဆိုရင် စမတ်ကျတဲ့ပုံမပေါက်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ကင်းမဲ့စေပါတယ်။ Plank ထောက်ခြင်းကြောင့် အရပ်ပိုရှည်တယ်လို့ ထင်ရပြီး မိမိကိုယ်ကို ယုံကြည်ချက်ရှိစေမှာပါ။
နာကျင်ကိုက်ခဲဝေဒနာများမှ ကာကွယ်ပေးခြင်း
ဒူးနာခြင်း၊ ခါးနာခြင်းတို့ကို သက်သက်ပျောက်ကင်းချင်တယ်ဆိုရင်တော့ တစ်နေ့ကို ၅ မိနစ်စီ Plank ထောက်ပေးလိုက်ပါ။

စိတ်ဖိစီးမှုကို လျော့ချပေးခြင်
Plank ထောက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကဘဲ စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးပြီး စိတ်ခံစားချက်ကောင်းတွေ ခံစားနိုင်အောင် ပြုလုပ်ပေးပါတယ်။
စွမ်းအင်ပမာဏကို မြှင့်တင်ပေးခြင်း
ကြွက်သားတွေကို ကျစ်လျစ်တောင့်တင်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့အပြင် စွမ်းအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေအောင်လည်း ကူညီပေးပါတယ်။

ဘယ်နေရာမှာမဆို လေ့ကျင့်ခန်းပြုလုပ်နိုင်ခြင်း
လေ့ကျင့်ခန်းပြုလုပ်မယ့် ဖျာတစ်ချပ်ရှိရုံနဲ့တင် အိပ်ခန်းထဲမှာပဲပြုလုပ်ချင်သလား၊ အိမ်ရှေ့ဧည့်ခန်းမှာပဲပြုလုပ်ချင်သလား။ မိမိစိတ်ကြိုက်နေရာမှာ ပြုလုပ်ပေးနိုင်ပါတယ်။ ပစ္စည်းကိရိယာတွေလည်း မလိုအပ်တဲ့အပြင် နေရာအကျယ်အဝန်းလည်း အများကြီးမလိုအပ်တဲ့အတွက်ကြောင့် Plank လေ့ကျင့်ခန်းကို ရက် (၃၀) တိတိပြုလုပ်ဖို့ မိမိကိုယ့်ကို စိန်ခေါ်လိုက်ရအောင်။
Lifestyle_Myanmar
ref-healthline