တစ်စုံတစ်ယောက်က သားကောင်အဖြစ် ဟန်ဆောင်ကစားနေတဲ့ လက္ခဏာများ

0
157
- Advertisement -

သားကောင်ကစားတဲ့သူတွေဟာ များသောအားဖြင့် အဆိုးမြင်၀ါဒီသမားတွေဖြစ်တတ်ကြပြီး သူတို့ရဲ့ပြဿနာတွေဟာ အခြားသူတွေကြောင့် ဖြစ်ရတယ်လို့ သူတို့ကိုယ်သူတို့ယုံကြည်နေကြပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်လုပ်ရပ်တွေက သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုအကူအညီမှ မပေးနိုင်တာသေချာပါတယ်။

-Advertisement-

ကျွန်တော်တို့ရဲ့ နေ့စဥ်ဘ၀တွေမှာ သူတို့ကို ပေါင်းသင့်ဆက်ဆံတယ်၊ သူတို့ကို စာနာသနားတယ်၊ ကူညီချင်တယ် ဒါပေမယ့် ကျွန်တော်တို့သတိမထားမိခင်မှာ သူတို့က ကျွန်တော်တို့ကို လုပ်ငန်းစဥ်မှာ အသုံးချခံရမိလျက်သားဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ဒီလိုလူတွေကို ရှောင်နိုင်ဖို့ သူတို့ရဲ့လက္ခဏာလေးတွေကို မျှ၀ေပေးချင်ပါတယ်။

၁။ သူတို့က သူတို့အတွက်စိတ်မကောင်းကြဘူး

ကမ္ဘာကြီးဟာ ရက်စက်ကြမ်းကြုတ်တယ်။ နောက်ပြီးတော့ အဲ့ဒီ့အရာနဲ့ပတ်သက်ပြီးတော့ တစ်ခုခုပြောင်းလဲပစ်ဖို့ သူတို့က အရမ်းအားနည်းတယ်။ ဒါဟာ သူတို့ သူတို့ကိုယ်သူတို့အမြင်နှင့် ကမ္ဘာကြီးကိုပုံဖော်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ဒီကိစ္စကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် သူတို့ဟာအမြဲစိတ်မကောင်းဖြစ်ပြီးတော့ အခြားသူတွေကို ထပ်တူခံစားရစေဖို့ ကြိုးစားကြတယ်။ အမြဲတမ်းအားမလိုအားမရဖြစ်နေကြတယ်၊ တစ်ခြားသူတွေကိုလည်း အဲ့လိုဖြစ်စေချင်တယ်။

၂။ သူတို့က ကြိုးကိုင်ကြတယ်

သင့်ရဲ့ သနားကြင်နာမှုကို ရရှိဖို့နှင့် စာနာမှု၊ ထောက်မမှုတွေကို ရရှိဖို့ သူတို့က စွမ်းအားမဲ့တဲ့အပြုအမူတွေကို နှစ်သက်ကြတယ်။ ဆိုလိုတာက သင့်ရဲ့ခံစားချက်တွေနဲ့ ကစားစေပြီး သင့်ကိုထိန်းချုပ်မှာပါ။ ၎င်းတို့ကို သင်ပြုဖူးသမျှအားလုံးက သင့်ကိုအပြစ်ရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ နောက်ဆုံးမှာ သူတို့ဟာ ပိုပြီးအာရုံစိုက်ဖို့နှင့် လူတွေရဲ့စကားကို နားထောင်ဖို့သာလုပ်ပါလိမ့်မယ်။

၃။ သူတို့ဟာ စိတ်ခံစားချက်သွေးစုပ်ဖုတ်ကောင်များ

သားကောင်ကစားသူတွေဟာ အခြားသူတွေကို ပြဿနာတွေကိုဖြေရှင်းဖို့ သူတို့ကိုကူညီဖို့ ကြိုးစားနေကြတာကြောင့် အလွန်တွယ်ကပ်နေတတ်ကြပါတယ်။ သူတို့က လိုအပ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ လူတစ်ဦးရဲ့ ပုံသဏ္ဍာန်ကို ဖန်တီးကြတယ်။ ဘယ်လိုအရာအတွက်မဆို တာ၀န်ယူဖို့ငြင်းဆန်ကြတယ်။

နောက်ဆုံးမှာ ၎င်းတို့၀န်းကျင်မှာရှိတဲ့လူတွေကိုသာ မှီခိုကြပါတယ်။ အချိန်ကြာမြင့်စွာ သူတို့နဲ့အတူ ရှိနေပြီးနောက်မှာ သင့်ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်း၊ စွမ်းအင်နှင့် စိတ်လှုပ်ရှားမှုတွေကို သင့်ထံမှာ ချက်ချင်းစုပ်ယူနေသလို ခံစားလာရပါလိမ့်မယ်။

၄။ သူတို့ရဲ့ ကိုယ်ပိုင်ဘ၀မှာ ရပ်တန့်နေကြတယ်

သားကောင်တွေက များသောအားဖြင့်သူတို့ရဲ့အကူအညီမဲ့မှုကို သေချာသိတာကြောင့်၎င်းတို့က သူတို့ရဲ့ဘ၀တိုးတက်စေဖို့ နှင့် တစ်စုံတစ်ခုကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ဘယ်လိုကြိုးပမ်းမှုကို မပြုလုပ်ချင်ကြဘူး။ အခြေခံအားဖြင့် သူတို့က သူတို့ဘ၀တစ်လျှောက်လုံးမှာ ပျင်းရိခြင်းစွဲမြဲလာကြတယ်။ ပိုဆိုးတာက သူတို့ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ပြီးတော့ သူတို့ကိုကူညီဖို့ သင့်ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကို အစမှအဆုံးသတ်ပါလိမ့်မယ်။

၅။ သူတို့က အတားအဆီးတွေကို မုန်းတယ်

သူတို့က သင့်ရဲ့အပြုအမူနဲ့ သဘောထားတွေအကြောင်း သင်ပြောသမျှကို နားမထောင်ချင်ကြဘူး။ သူတို့ကအဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ အချက်တွေကို ရင်မဆိုင်ချင်ကြဘူး။ ဒီလိုဖြစ်ရင်လူတွေကို အဆက်အသွယ်ဖြတ်တောက်ပစ်ပါလိမ့်မယ်။ ဒီလို စိတ်ဓာတ်ပိုင်ရှင်တွေဟာ လူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ ပရမ်းပတာတွေလုပ်ပြီး သူတို့မှာတော့ ဘယ်တော့မှ အမှားမရှိပါဘူး။

၆။ သူတို့ဟာ မိမိကိုယ်ကို တစ်ခြားသူတွေနဲ့ အမြဲနှိုင်းယှဥ်ကြတယ်

သူတို့မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့တာကြောင့် သူတို့ဟာတခြားသူထက်ပိုကောင်းတယ် (သို့) ပိုဆိုးတယ်ဆိုတာအမြဲနှိုင်းယှဥ်နေတတ်ကြတယ်။ ပုံမှန်အားဖြင့် သူတို့ဟာ ကိုယ်ကိုယ့်ကိုအခြားသူတွေနဲ့ အပျက်သဘောနဲ့ နှိုင်းယှဥ်ပြီးတော့ စိတ်ဓာတ်ကျနေပါလိမ့်မယ်။ ဒီလို ကိုယ့်ကိုယ်ကို၀ေဖန်မှုက သားကောင်တွေနဲ့ သူတို့ပတ်၀န်းကျင်ကို ထိခိုက်စေပြီး သူတို့သနားခြင်းကို ရရှိဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် တကယ့်အဖြေမှန်က လူတိုင်းဘယ်သူမှ ပြီးပြည့်စုံခြင်းမရှိတာပါပဲ။

၇။ သူတို့ဘ၀မှာ မပျော်ကြဘူး

သူတို့ရဲ့ ဘ၀မှာ ဘယ်လောက်ပဲအပြုသဘောဆောင်တဲ့အရာတွေရှိနေပါစေ သူတို့ဟာ ကျေနပ်ရောင့်ရဲမှုမရှိသလို၊ ဒီအရာတွေအပေါ်မှာလည်း အလေးအနက်မထားကြဘူး။ အခြေခံအားဖြင့်တော့ သူတို့ဟာအဆုံးမဲ့ဘယ်တော့မှ မကျေနပ်ချက်ကို သံသရာမှာ ၀ဲလည်လည်ဖြစ်နေပါလိမ့်မယ်။

၈။ သူတို့က အလွယ်တကူရန်ဖြစ်လွယ်တယ်

မတူကွဲပြားတဲ့ထင်မြင်ချက်တွေ၊ ၀ေဖန်မှုတွေကို တိုက်ခိုက်ပါလိမ့်မယ်။ အဲ့ဒီ့လိုလူမျိုးတွေဟာ သဘောထားကွဲလွဲမှုကိုမဆို ပုဂ္ဂိုလ်ရေးစော်ကားမှုအဖြစ်မှတ်ယူပြီးတော့ တိုက်ခိုက်ဖို့ပဲဆုံးဖြတ်ပါလိမ့်မယ်။ သူတို့ပတ်၀န်းကျင်က လူတွေကသူတို့ကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေချင်တယ်လို့ ခံစားရပြီးတော့ သားကောင်တွေကတော့ အမြဲတမ်းJailထဲ၀င်ဖို့ အသင့်ရှိနေရပါမယ်။

၉။ သူတို့မှာ တာ၀န်ယူချင်စိတ်လုံး၀မရှိဘူး

ဒါဟာ အမြဲတမ်းတစ်စုံတစ်ဦးရဲ့ ပြဿနာပဲ။ သူတို့ရဲ့ မအောင်မြင်မှုတွေနဲ့ ပြဿနာတွေအတွက် အခြားသူတွေကိုအပြစ်တင်ဖို့ အမြဲတမ်းရှိတယ်။ သူတို့ဟာ ဘာမှမလုံလောက်ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေအတွက်တာ၀န်ယူရမှာ အရမ်းကြောက်ကြတယ်။ အဲ့ဒီ့လိုနည်းနဲ့ပဲ သူတို့က သူတို့ရဲ့ခံစားချက်တွေနဲ့ အတွေးတွေကနေ ထွက်ပြေးပြီးကျန်တဲ့သူတွေကို နေရာမှာထားပစ်ခဲ့ကြတယ်။

Lifestyle_Myanmar

Nyein_Thu

sources-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here