တစ်ကွေ့ကွေ့မှာ ကြုံကိုကြုံတွေ့လာရမယ့် ခရီးသွားခြင်းဆိုင်ရာ ပြဿနာများ

0
50

ခရီးသွားတယ်ဆိုတာဟာ နေရာသစ်တစ်ခုကို လေ့လာစူးစမ်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုဆိုပေမယ့်လည်း အခက်အခဲ၊ အတားအဆီးတွေမပါဘဲနဲ့ မပြီးစီးနိုင်ပါဘူး။ ကိုယ့်နေထိုင်ရာ အိမ်နဲ့အလှမ်းဝေးနေတဲ့အချိန်မှာ မတော်တဆ ကြုံတွေ့လာရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်နိုင်မလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

-Advertisement-

၁။ တည်းခိုမယ့်နေရာက သန့်ရှင်းမှုမရှိခြင်း

ပြဿနာ – ကိုယ်တည်းမယ့်နေရာလေးက ဘယ်လိုပုံစံလေးရှိမယ်ဆိုတာကို စိတ်ကူးထဲကပုံဖော်သွားပေမယ့် ရောက်လိုက်ချိန်မှာတော့ အစွန်းအထင်းတွေပေနေတဲ့ ကောဇောများ၊ ညစ်ပတ်နေတဲ့ ရေချိုးခန်းနဲ့ အိပ်ရာနားမှာ ပိုးဟပ်တွေလျှောက်သွားနေတာမျိုးကို ကြုံတွေ့လိုက်ရတာမျိုးဟာ အဆိုးတကာ့အဆိုးဆုံးပါပဲ။

၂။ နေထိုင်မကောင်းဖြစ်ခြင်း

ကိုယ့်မိသားစုဝင်တွေ၊ ချစ်ရသူတွေနဲ့ ကင်းကွာနေတဲ့နေရာကို ခရီးထွက်ချိန်ကျမှ နေထိုင်မကောင်းထဖြစ်ပါတယ်ဆိုတာက နီးနီးနားနားမှာ ပြစရာဆေးခန်း၊ ဝယ်သောက်စရာ ဆေးဆိုင်မရှိခြင်းက ကြောက်စရာအကောင်းဆုံးနဲ့ အထီးကျန်ဆန်ဆုံးပါပဲ။ ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြန်ရှင်းပြဖို့အတွက် ဘာသာစကားအခက်အခဲရှိရင်တော့ ကိုယ့်အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။

၃။ အထီးကျန်သလိုခံစားရခြင်း

ခရီးစထွက်ချိန်တုန်းကတော့ နေရာသစ်ကိုသွားရမှာမို့ ပျော်နေပေမယ့်လည်း တကယ်တမ်းထွက်ပြီလည်းဆိုရော အိမ်ကိုလွမ်းတဲ့စိတ်က လွှမ်းမိုးလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်မိသားစု၊ ကိုယ်ချစ်ရသူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ အခက်အခဲရှိချိန်ဆိုရင် ပိုလို့တောင် စိတ်တိုစိတ်ဆိုးမိပါသေးတယ်။

၄။ ဘာသာစကားအခက်အခဲ

တခြားနိုင်ငံကို ခရီးထွက်ပါတယ်ဆိုမှ သူတို့ဘာသာစကားကို နားမလည်ဘူးဆိုရင်တော့ ကိုယ်ထင်ထားတာတွေနဲ့ တက်တက်စင်အောင် လွဲနိုင်ပါတယ်။ ကိုယ်ပြောချင်တာကို သူနားမလည်ဘူးဆိုရင် စိမ်းကားသလိုလို စိတ်ရှုပ်လာသလိုလို ခံစားရနိုင်ပါတယ်။

၅။ ဥစ္စာပစ္စည်းပျောက်ဆုံးခြင်း

ကိုယ်က သတိလက်လွတ်နဲ့ ထားလိုက်မိရာကနေ အဖိုးတန်တဲ့ ဖုန်း၊ ပတ်စ်ပို့၊ ကင်မရာ စတဲ့ ပစ္စည်းတစ်ခုခုပျောက်သွားပြီဆိုရင်တော့ ခေါင်းမီးတောက်ရပါပြီ။ ဘယ်နားကိုသွားရှာလို့ရှာရမှန်းမသိ၊ ဘယ်သူယူသွားလို့သွားရမှန်းမသိ စသဖြင့် ပျာယာတွေကိုခတ်နေရပြီပေါ့။

၆။ လေယာဥ် သို့မဟုတ် ဘတ်စ်ကားလွတ်သွားခြင်း

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စီးရမယ့် လေယာဥ် သို့မဟုတ် ဘတ်စ်ကားလွတ်သွားလို့ လေဆိပ်၊ ကားဂိတ်မှာ သောင်တင်နေရတာမျိုးကို ဘယ်သူမှကြိုက်ကြမှာမဟုတ်ပါဘူး။ အခုလိုလွတ်သွားမယ်ဆိုရင် ကိုယ်စီစဥ်ထားသမျှ ပိုက်ဆံတွေကြိုပေးထားရသမျှအားလုံးကိုလည်း ဆုံးရှုံးလိုက်ရမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- liligo

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here