တစ်ကိုယ်တော် စက်ဘီးနဲ့ ခရီးထွက်ပေမဲ့ မထင်မှတ်ဘဲ အဖော်ရသွားတဲ့ အမျိုးသား

0
73
စက်ဘီးဖြင့် ကမ္ဘာပတ်သူ
စက်ဘီးဖြင့် ကမ္ဘာပတ်သူ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက အသက် ၃၁နှစ်အရွယ် Dean Nicholson ဆိုတဲ့ အမျိုးသားဟာ စိတ်ကူးတစ်ခု ပေါ်ပေါက်လာပါတယ်။ ဘာလဲဆိုတော့ သူ့ရဲ့စိတ်ကူးက စက်ဘီးတစ်စီးနဲ့ ကမ္ဘာပတ်ချင်ခဲ့တာပဲဖြစ်ပါတယ်။ သူဟာ စကော့တလန် Dunber မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဂဟေဆက်လုပ်ငန်းကိုလုပ်ကိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ဆန္ဒတွေ အကောင်အထည်ဖော်ဖို့ တစ်ကိုယ်တည်း စက်ဘီးဖြင့် ခရီးရှည်ထွက်ခဲ့ပါတယ်။ ကွဲပြားခြားနားတဲ့ နိုင်ငံ ၈နိုင်ငံကို ဖြတ်သန်းသွားလာခဲ့ပြီး ခရီစဥ်တစ်လျှောက် အတွေ့အကြုံတွေကိုလည်း အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။

ဒါပေမဲ့ ဘော့စနီးယားနယ်စပ်ကို ဖြတ်ပြီး မွန်တီနီဂရိုးထဲ သွားမဲ့ အချိန်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော် ခရီးစဥ်ကို ပြောင်းလဲပစ်ခဲ့ရပါတယ်။ သူဟာ တောင်ကုန်းတစ်ကုန်းပေါ်မှာ သီချင်းဖွင့်ပြီး အနားယူနေစဉ် အသံတစ်သံကို ကြားခဲ့ရပါတယ်။ ထိုအော်သံဟာ ကြောင်တစ်ကောင်ရဲ့ အော်သံဖြစ်ပြီး သွားကြည့်လိုက်တဲ့အခါမှာတော့ သေးငယ်တဲ့ ကြောင်မလေးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက် သူဟာ ကြောင်မလေးကို ပွတ်သပ်ပြီး ခရီးဆက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ကြောင်မလေးဟာ သူ့အနားကနေ ဘယ်မှ မခွာဘဲ သူ့နောက် တောက်လျှောက် လိုက်နေတာကြောင့် ဒီကြောင်မလေးကိုပါ သူ့ရဲ့ ခရီးစဥ်ထဲ ထည့်ခေါ်သွားဖို့ အစီစဥ်ပြောင်းလိုက်ရပါတယ်။

အစပိုင်းမှာ တစ်ကိုယ်တော် ခရီးထွက်ဖို့ ပြင်ဆင်ထားပေမဲ့ ကြောင်းမလေးမှာ ပိုင်ရှင်မဲ့နေတာရယ်၊ သူ့ကို ခင်တွယ်တတ်တာရယ်နဲ့ ကြောင်မလေးကို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူ့ကို Nala လို့ အမညးပေးလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဒီဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေထည့်တဲ့ အိတ်ကို လှယ်ပြီး ထိုအိတ်ထဲမှာ ကြောင်မလေးကို ထည့်လိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ စက်ဘီးရှေ့မှာ ထိုအိတ်ကို တင်ဆောင်ပြီး ခရီးဆက်ခဲ့ပါတယ်။ Nala လည်း သူနဲ့အတူ ခရီးထွက်ရတာ ကြိုက်တဲ့ပုံပါပဲ။ လမ်းခရီးတစ်လျှောက်လုံးကို စိတ်အေးလက်အေးနဲ့ လိုက်လာပြီး မအီမသာ လက္ခဏာလည်း ဖြစ်ပုံမပေါ်ပါဘူး။ တခါတလေမှာသာ ထည့်ထားတဲ့ အိတ်ထဲကနေ ခုန်ထွက်ပြီး Nicholson ရဲ့ ပုခုံးပေါ်မှာ တက်ထိုင်လေ့ရှိပါတယ်။

အဲ့ဒီနောက် ခရီးလမ်းတစ်လျှောက်ကို သူ့စိတ်ကြိုက် ခရီးဆက်လာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရာသီဥတုအခြေအနေအရ Nala လေးရဲ့ ကျန်းမာရေး ထိခိုက်မှာဆိုးတဲ့အတွက် ခရီးစဉ်ကို ရက်သတ္တပတ် တစ်ပတ်လောက် အနားယူပြီးမှ ခရီးထပ်ဆက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင် Nala နဲ့Nicholson ဟာ ခရီးတစ်လျှောက်မှာ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပေမဲ့ သံယောဇဉ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုပြီး အားကောင်းလာခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သူ့စက်ဘီးနဲ့ တိုက်မိလို့ သေသွားတဲ့ ကြက်လေးကိုဆေးရုံမှာ ဆေးကုပေးဖို့ အကူအညီလာတောင်းတဲ့ကလေးလေး

Zawgyi fonts





LEAVE A REPLY

Please enter your comment!
Please enter your name here