တစ်ကမ္ဘာလုံး ခရီးပတ်သွားရင်တောင် ဂျပန်မှာသာ မြင်တွေ့နိုင်တဲ့အရာ (၉)ခု

0
4747

ဂျပန် တီဗီစီးရီးတွေ၊ အန်နီမေးရှင်း ကာတွန်းကားတွေ မှတဆင့် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုကို သတိထားမိကြမှာပါ။ ဂျပန်လူမျိုးတွေဟာ ဆူရှီစားကြပြီး ဂျပန်အဆိုတော်တွေရဲ့ သီချင်းတွေကို နားထောင်ကြပါတယ်။ ကာရာအိုကေဆိုတာ အနောက်တိုင်းယဉ်ကျေးမှုလို့ ထင်ရပေမယ့် အမှန်တကယ်က ဂျပန်လူမျိုး ဂီတပညာရှင် Daisuke Inoue ကဂျပန်နိုင်ငံကိုဘေးမြို့မှာ ၁၉၇၁ခုနှစ်က စတင်တီထွင်ခဲ့တာပါ။ Kara နဲ့ okesutora ဆို​​သော ဂျပန်စကားလုံးနှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ဂျပန်က အစပြုတဲ့ ကာရာအိုကေ ယဉ်ကျေးမှုဟာ အာရှတိုက်သာမက ကမ္ဘာကို ပျံ့နှံ့သွားပေမယ့် တချို့အရာတွေကတော့ ဂျပန်နိုင်ငံမှာသာ တွေ့မြင်နိုင်ဆဲပါ။ ဒါတွေကတော့ ဂျပန်နိုင်ငံကလွဲရင် ဘယ်နိုင်ငံမှာမှ မြင်ရမှာ မဟုတ်တဲ့ ယဉ်ကျေးမှုတွေ ဖြစ်ပါတယ်။

၁။ နိုင်ငံတိုင်းမှာ လူကူးမျဉ်းကြားက ကူးတဲ့အခါ လမ်းကူးလို့ရပြီဆိုရင် သင်္ကေတအဖြစ် အစိမ်းရောင်လူပုံလေးကို ပြတတ်ကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက လမ်းကူးသင်္ကေတမှာ အစိမ်းရောင်လူပုံကို မြင်ရမှာမဟုတ်ပါဘူး။ အဲ့ဒီ့အစား Dutch children စာအုပ်ကို ရေးသားသူ Dick Bruna ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ခုဖြစ်သော Miffy ယုန်လေးကို မြင်ရပါလိမ့်မယ်။ ဒီဇာတ်ကောင်က ဂျပန်ယဉ်ကျေးမှုထဲကို ဘယ်လိုရောက်နေတာလဲ? အဖြေက ရိုးရှင်းပါတယ်။ Miffy က နာမည်ကြီး brand တစ်ခုဖြစ်သော Hello Kitty မျက်နှာနှင့် ဆင်တူလို့ပါ။

၂။ နိုင်ငံအတော်များများက ကော်ဖီဆိုင်တွေ၊ ဘားတွေမှာ ထိုင်ဖို့အတွက် ကုလားထိုင်မြင့်မြင့်တွေ၊ ရိုးရိုးကုလားထိုင်တွေကို သုံးကြပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေဟာ နေရာတိုင်းမှာ သက်တောင့်သက်သာဖြစ်မယ့် အမြင့်လောက်သာ သုံးကြပါတယ်။ ဒါ့ကြောင့် ဂျပန်လူမျိုးကော်ဖီဆိုင်တွေက ကုလားထိုင်များဟာ သင်လဲလျောင်းနိုင်တဲ့ လက်တင်ကုလားထိုင် အနိမ့်လေးတွေနဲ့ အများကြီး ပိုတူနေပါတယ်။

၃။ စိတ်ဖိစီးမှုကို လျော့ချဖို့နှင့် ခေါင်းကိုက်ခြင်းကို ဖယ်ရှားဖို့အတွက် ကျွန်တော်တို့ဟာ ရိုးရှင်းတဲ့ ဒီဇိုင်းဖြင့်ပြုလုပ်ထားတဲ့ အနှိပ်ကိရိယာတွေကို သုံးကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ရေဘဝဲပုံစံနဲ့တူသော လျှပ်စစ်ပစ္စည်းတွေကို သုံးကြပါတယ်။

၄။ Pringles အမှတ်တံဆိပ်ဟာ နိုင်ငံအတော်များများမှာ နှစ်ပေါင်းများစွာ ရေပန်းစားခဲ့ပါတယ်။ Pringles အမှတ်တံဆိပ် အာလူးကြော်ဘူးတွေကို လူတိုင်းကြိုက်ကြပါတယ်။ ဒါပေမယ့် Pringles ဟာ ဂျပန်နိုင်ငံမှာ ဂျပန်လူမျိုးတွေ စားတဲ့ ခေါက်ဆွဲ အမှတ်တံဆိပ်တစ်ခုသာ ဖြစ်ပါတယ်။

၅။ ကျွန်တော်တို့ နေ့လည်စာစားတဲ့အခါ တစ်ယောက်တည်း ထိုင်စားတာ(သို့) ကော်ဖီတစ်ခွက်သောက်ဖို့ အနီးနားကကော်ဖီဆိုင်ကို တစ်ယောက်တည်း သွားသောက်တာက သာမန်အရာတစ်ခုလို့ ထင်ရပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေရဲ့ ကော်ဖီဆိုင်များမှာ တစ်ယောက်တည်းလာတဲ့ ဧည့်သည်တွေကို ဝမ်းနည်းမှုမခံစားရအောင် ကြီးမားတဲ့ plush Moomins အရုပ်ကြီးတွေ ချထားပေးလေ့ရှိပါတယ်။

၆။ ကမ္ဘာတစ်လွှားက ကော်ဖီအရောင်းစက်တွေ အများစုမှာ ရိုးရာစက္ကူခွက်တွေနဲ့ သောက်စရာရွေးချယ်ဖို့အတွက် ခလုတ်အတော်များများဟာ ဆင်တူပါတယ်။ ဂျပန်နိုင်ငံမှာ အယ်ပလီကေးရှင်းတစ်ခုကနေ ကော်ဖီတစ်ခွက်မှာလို့ရတဲ့ ဝန်ဆောင်မှုနှင့် တချို့အချိန်တွေမှာ စတိုးဆိုင်ကနေ ကောက်သောက်လို့ရမယ့် ဝန်ဆောင်မှုတွေက အရမ်းလူကြိုက်များလာပါတယ်။ ပလတ်စတစ်ခွက်တွေ၊ စက္ကူခွက်တွေအစား သင်စိတ်ကြိုက်ရွေးနိုင်တဲ့ ရောင်စုံကာလာပုလင်းတွေ ရှိပါတယ်။

၇။ တိရိစ္ဆာန်ပုံ ကွက်ကီးလေးတွေ စားဖူးကြမှာပါ။ မိကျောင်းပုံ၊ ယုန်ပုံ၊ လိပ်ပုံလေးတွေစတဲ့
တိရိစ္ဆာန်ပုံ ကွက်ကီးလေးတွေကို စားရင်း ငယ်ငယ်တုန်းက ပျော်ဖူးခဲ့ကြပါတယ်။ ဂျပန်မှာတော့ ဒီလို ကွက်ကီးလေးတွေ ရှိပေမယ့် ပိုကီမွန်ပုံကို သုံးကြပါတယ်။

၈။ နိုင်ငံအတော်များများက လူတွေဟာ နယူးရီးယားလို၊ ခရစ်စမတ်လို အခါကြီးရက်ကြီးတွေမှာ အရသာရှိတဲ့ အစားအစာတွေအများကြီး ချက်ပြုတ်ပြီး ပါတီပွဲကြီးတွေ ကျင်းပကြပါတယ်။ ဒါက ပုံမှန် အစားအစာနဲ့ အထိမ်းအမှတ်ပွဲ တစ်ခုကို ခွဲခြားထားတဲ့သဘော ဖြစ်ပါတယ်။ ဒါက ထူးဆန်းပေမယ့် ဂျပန်လူမျိုးတွေဟာ ခရစ်စမတ်လိုညမျိုးမှာ သူများတွေလို ခရစ်စမတ် ကြက်ဆင်သားတွေအစား KFC ကြက်ကြော်ကိုသာ စားရတာ နှစ်သက်ကြပါတယ်။

၉။ ဆူရှီစားရင် ကြုံဖူးမှာပါ။ ဆူရှီကို တူနှင့်ကောက်ယူတာနဲ့ ငါးမှာကပ်ထားတဲ့ ထမင်းက ကျန်ခဲ့တာကို သတိပြုမိကြမှာပါ။ သို့သော် ဂျပန်လူမျိုးတွေဟာ ထမင်းကို ဆန်ရှာလကာရည်၊ ဆားနှင့် သကြားထည့်ထားတဲ့ ဆော့စ်နှင့်အတူ ရောလိုက်တာကြောင့် ဂျပန်မှာ ထိုကဲ့သို့သော ပြဿနာမရှိပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

တစ္ကမာၻလုံး ခရီးပတ္သြားရင္ေတာင္ ဂ်ပန္မွာသာ ျမင္ေတြ႕ႏိုင္တဲ့အရာ (၉)ခု
ဂ်ပန္ တီဗီစီးရီးေတြ၊ အန္နီေမးရွင္း ကာတြန္းကားေတြ မွတဆင့္ ဂ်ပန္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈကို သတိထားမိၾကမွာပါ။ ဂ်ပန္လူမ်ိဳးေတြဟာ ဆူရွီစားၾကၿပီး ဂ်ပန္အဆိုေတာ္ေတြရဲ႕ သီခ်င္းေတြကို နားေထာင္ၾကပါတယ္။ ကာရာအိုေကဆိုတာ အေနာက္တိုင္းယဥ္ေက်းမႈလို႔ ထင္ရေပမယ့္ အမွန္တကယ္က ဂ်ပန္လူမ်ိဳး ဂီတပညာရွင္ Daisuke Inoue ကဂ်ပန္ႏိုင္ငံကိုေဘးၿမိဳ႕မွာ ၁၉၇၁ခုႏွစ္က စတင္တီထြင္ခဲ့တာပါ။ Kara နဲ႔ okesutora ဆို​​ေသာ ဂ်ပန္စကားလုံးႏွစ္လုံးကို ေပါင္းစပ္ထားျခင္းျဖစ္ပါတယ္။ ဂ်ပန္က အစျပဳတဲ့ ကာရာအိုေက ယဥ္ေက်းမႈဟာ အာရွတိုက္သာမက ကမာၻကို ပ်ံ႕ႏွံ႔သြားေပမယ့္ တခ်ိဳ႕အရာေတြကေတာ့ ဂ်ပန္ႏိုင္ငံမွာသာ ေတြ႕ျမင္ႏိုင္ဆဲပါ။ ဒါေတြကေတာ့ ဂ်ပန္ႏိုင္ငံကလြဲရင္ ဘယ္ႏိုင္ငံမွာမွ ျမင္ရမွာ မဟုတ္တဲ့ ယဥ္ေက်းမႈေတြ ျဖစ္ပါတယ္။

၁။ ႏိုင္ငံတိုင္းမွာ လူကူးမ်ဥ္းၾကားက ကူးတဲ့အခါ လမ္းကူးလို႔ရၿပီဆိုရင္ သေကၤတအျဖစ္ အစိမ္းေရာင္လူပုံေလးကို ျပတတ္ၾကပါတယ္။ ဒါေပမယ့္ ဂ်ပန္ႏိုင္ငံက လမ္းကူးသေကၤတမွာ အစိမ္းေရာင္လူပုံကို ျမင္ရမွာမဟုတ္ပါဘူး။ အဲ့ဒီ့အစား Dutch children စာအုပ္ကို ေရးသားသူ Dick Bruna ဖန္တီးထားတဲ့ ဇာတ္ေကာင္တစ္ခုျဖစ္ေသာ Miffy ယုန္ေလးကို ျမင္ရပါလိမ့္မယ္။ ဒီဇာတ္ေကာင္က ဂ်ပန္ယဥ္ေက်းမႈထဲကို ဘယ္လိုေရာက္ေနတာလဲ? အေျဖက ႐ိုးရွင္းပါတယ္။ Miffy က နာမည္ႀကီး brand တစ္ခုျဖစ္ေသာ Hello Kitty မ်က္ႏွာႏွင့္ ဆင္တူလို႔ပါ။

၂။ ႏိုင္ငံအေတာ္မ်ားမ်ားက ေကာ္ဖီဆိုင္ေတြ၊ ဘားေတြမွာ ထိုင္ဖို႔အတြက္ ကုလားထိုင္ျမင့္ျမင့္ေတြ၊ ႐ိုး႐ိုးကုလားထိုင္ေတြကို သုံးၾကပါတယ္။ ဒါေပမယ့္ ဂ်ပန္လူမ်ိဳးေတြဟာ ေနရာတိုင္းမွာ သက္ေတာင့္သက္သာျဖစ္မယ့္ အျမင့္ေလာက္သာ သုံးၾကပါတယ္။ ဒါ့ေၾကာင့္ ဂ်ပန္လူမ်ိဳးေကာ္ဖီဆိုင္ေတြက ကုလားထိုင္မ်ားဟာ သင္လဲေလ်ာင္းႏိုင္တဲ့ လက္တင္ကုလားထိုင္ အနိမ့္ေလးေတြနဲ႔ အမ်ားႀကီး ပိုတူေနပါတယ္။

၃။ စိတ္ဖိစီးမႈကို ေလ်ာ့ခ်ဖို႔ႏွင့္ ေခါင္းကိုက္ျခင္းကို ဖယ္ရွားဖို႔အတြက္ ကြၽန္ေတာ္တို႔ဟာ ႐ိုးရွင္းတဲ့ ဒီဇိုင္းျဖင့္ျပဳလုပ္ထားတဲ့ အႏွိပ္ကိရိယာေတြကို သုံးၾကပါတယ္။ ဂ်ပန္ႏိုင္ငံမွာေတာ့ ေရဘဝဲပုံစံနဲ႔တူေသာ လွ်ပ္စစ္ပစၥည္းေတြကို သုံးၾကပါတယ္။

၄။ Pringles အမွတ္တံဆိပ္ဟာ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ႏွစ္ေပါင္းမ်ားစြာ ေရပန္းစားခဲ့ပါတယ္။ Pringles အမွတ္တံဆိပ္ အာလူးေၾကာ္ဘူးေတြကို လူတိုင္းႀကိဳက္ၾကပါတယ္။ ဒါေပမယ့္ Pringles ဟာ ဂ်ပန္ႏိုင္ငံမွာ ဂ်ပန္လူမ်ိဳးေတြ စားတဲ့ ေခါက္ဆြဲ အမွတ္တံဆိပ္တစ္ခုသာ ျဖစ္ပါတယ္။

၅။ ကြၽန္ေတာ္တို႔ ေန႔လည္စာစားတဲ့အခါ တစ္ေယာက္တည္း ထိုင္စားတာ(သို႔) ေကာ္ဖီတစ္ခြက္ေသာက္ဖို႔ အနီးနားကေကာ္ဖီဆိုင္ကို တစ္ေယာက္တည္း သြားေသာက္တာက သာမန္အရာတစ္ခုလို႔ ထင္ရပါတယ္။ ဒါေပမယ့္ ဂ်ပန္လူမ်ိဳးေတြရဲ႕ ေကာ္ဖီဆိုင္မ်ားမွာ တစ္ေယာက္တည္းလာတဲ့ ဧည့္သည္ေတြကို ဝမ္းနည္းမႈမခံစားရေအာင္ ႀကီးမားတဲ့ plush Moomins အ႐ုပ္ႀကီးေတြ ခ်ထားေပးေလ့ရွိပါတယ္။

၆။ ကမာၻတစ္လႊားက ေကာ္ဖီအေရာင္းစက္ေတြ အမ်ားစုမွာ ႐ိုးရာစကၠဴခြက္ေတြနဲ႔ ေသာက္စရာေ႐ြးခ်ယ္ဖို႔အတြက္ ခလုတ္အေတာ္မ်ားမ်ားဟာ ဆင္တူပါတယ္။ ဂ်ပန္ႏိုင္ငံမွာ အယ္ပလီေကးရွင္းတစ္ခုကေန ေကာ္ဖီတစ္ခြက္မွာလို႔ရတဲ့ ဝန္ေဆာင္မႈႏွင့္ တခ်ိဳ႕အခ်ိန္ေတြမွာ စတိုးဆိုင္ကေန ေကာက္ေသာက္လို႔ရမယ့္ ဝန္ေဆာင္မႈေတြက အရမ္းလူႀကိဳက္မ်ားလာပါတယ္။ ပလတ္စတစ္ခြက္ေတြ၊ စကၠဴခြက္ေတြအစား သင္စိတ္ႀကိဳက္ေ႐ြးႏိုင္တဲ့ ေရာင္စုံကာလာပုလင္းေတြ ရွိပါတယ္။

၇။ တိရိစာၦန္ပုံ ကြက္ကီးေလးေတြ စားဖူးၾကမွာပါ။ မိေက်ာင္းပုံ၊ ယုန္ပုံ၊ လိပ္ပုံေလးေတြစတဲ့
တိရိစာၦန္ပုံ ကြက္ကီးေလးေတြကို စားရင္း ငယ္ငယ္တုန္းက ေပ်ာ္ဖူးခဲ့ၾကပါတယ္။ ဂ်ပန္မွာေတာ့ ဒီလို ကြက္ကီးေလးေတြ ရွိေပမယ့္ ပိုကီမြန္ပုံကို သုံးၾကပါတယ္။

၈။ ႏိုင္ငံအေတာ္မ်ားမ်ားက လူေတြဟာ နယူးရီးယားလို၊ ခရစ္စမတ္လို အခါႀကီးရက္ႀကီးေတြမွာ အရသာရွိတဲ့ အစားအစာေတြအမ်ားႀကီး ခ်က္ျပဳတ္ၿပီး ပါတီပြဲႀကီးေတြ က်င္းပၾကပါတယ္။ ဒါက ပုံမွန္ အစားအစာနဲ႔ အထိမ္းအမွတ္ပြဲ တစ္ခုကို ခြဲျခားထားတဲ့သေဘာ ျဖစ္ပါတယ္။ ဒါက ထူးဆန္းေပမယ့္ ဂ်ပန္လူမ်ိဳးေတြဟာ ခရစ္စမတ္လိုညမ်ိဳးမွာ သူမ်ားေတြလို ခရစ္စမတ္ ၾကက္ဆင္သားေတြအစား KFC ၾကက္ေၾကာ္ကိုသာ စားရတာ ႏွစ္သက္ၾကပါတယ္။

၉။ ဆူရွီစားရင္ ႀကဳံဖူးမွာပါ။ ဆူရွီကို တူႏွင့္ေကာက္ယူတာနဲ႔ ငါးမွာကပ္ထားတဲ့ ထမင္းက က်န္ခဲ့တာကို သတိျပဳမိၾကမွာပါ။ သို႔ေသာ္ ဂ်ပန္လူမ်ိဳးေတြဟာ ထမင္းကို ဆန္ရွာလကာရည္၊ ဆားႏွင့္ သၾကားထည့္ထားတဲ့ ေဆာ့စ္ႏွင့္အတူ ေရာလိုက္တာေၾကာင့္ ဂ်ပန္မွာ ထိုကဲ့သို႔ေသာ ျပႆနာမရွိပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here