၁။ ဂျပန်နိုင်ငံကဆိုရင် သွားထပ်လေးတွေ၊ အစွယ်လေးတွေပါရယ် Sexy ကျတယ်၊ စွဲဆောင်မှုရှိတယ်လို့ မှတ်ယူကြပါတယ်။


၃။ ပလပ်စတစ်ခွဲစိတ်ကုသမှုကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ မျက်နှာပုံစံ Heart – shaped ပုံစံဖြစ်နေမှ စွဲဆောင်မှုရှိတယ်လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် တောင်ကိုရီယားလူမျိုးအများစုဟာ မျက်နှာကို heart-shaped ပုံစံခွဲစိတ်ပြုပြင်ကြပါတယ်။

၎။ မော်ရီတေးနီးယားနိုင်ငံက လူမျိုးတွေဟာ ကိုယ်အလေးချိန်တိုးတဲ့သူ/ ဝတဲ့သူ၊ ဗိုက်ခေါက်မှ အဆီရှိတဲ့သူမျိုးမှ စွဲဆောင်မှုရှိတယ်လို့ ယူဆကြပါတယ်။

၅။ အီရန်လူမျိုးတွေဟာ နှာခေါင်း ချွန်မှ စွဲဆောင်မှုရှိတယ်လို့ ယူဆတဲ့အတွက် နှာခေါင်းချွန်အောင်ပုံသွင်းပေးတဲ့ ကိရိယာလေးတွေကို အမြဲလိုလို တပ်ဆင်လေ့ရှိပါတယ်။

၆။ တရုတ်နဲ့ ထိုင်းလူမျိုးတွေဟာ အသားရောင် ဖျော့တဲ့သူ၊ ပုလဲရောင်အသားအရေပိုင်ဆိုင်တဲ့သူတွေဟာ ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြတဲ့အတွက် အမြဲလိုလို အသားအရေကို မပျက်စီးအောင် ထိန်းသိမ်းတတ်ကြပါတယ်။

၇။ အာဖရိကရှိ Fula လူမျိုးတွေဟာ နဖူးမောက်တဲ့သူမှ စွဲဆောင်မှုရှိတယ်လို့ ယူဆကြတဲ့အတွက် Fula အမျိုးသမီးတွေဟာ နဖူးစပ်က ဆံပင်ကို သိမ်းစည်းခြင်း၊ ရိတ်ခြင်းတို့ကို ပြုလုပ်တတ်ကြပါတယ်။

၈။ မြန်မာနိုင်ငံရှိ ကယန်းလူမျိုးတွေဟာ ရိုးရာဓလေ့အရလည်း ဖြစ်သလို လည်ပင်းရှည်မှပိုမိုလှပတယ်လို့ယုံကြည်ကြတဲ့အတွက် လည်ပင်းကို ကြေးဝါကွင်းတွေဆင်မြန်းကြပါတယ်။

၉။ မော်စီလူမျိုးတွေဟာ ရိုးရာအရ နှုတ်ခမ်းမှာ အပေါက်ဖောက်ပြီး disk အပြားကြီးတွေ တပ်ဆင်လေ့ရှိပြီး အဆိုပါ disk ကြီးကြီးတပ်ဆင်နိုင်တဲ့အမျိုးသမီးက လူမှုရေးအဆင့်အတန်းမြင့်မားတယ်လို့ ယူဆကြပါတယ်။ ဒါ့အပြင်အနီရောင်အသားအရေရှိတဲ့သူကို ပိုလှတယ်လို့ ရှုမြင်ကြပါတယ်။

၁၀။ တာဂျစ်ကစ္စတန်နိုင်ငံရှိ အမျိုးသမီးတွေဟာ မျက်ခုံးမွှေးထူမှ အလှတရားနဲ့ပြည့်စုံပြီး စွဲဆောင်မှုရှိတယ်လို့ မှတ်ယူကြပါတယ်။

#Lifestyle_Myanmar
#Thar_Nage