အမျိုးသမီးတွေရဲ့ စရိုက်သဘာဝဟာ လှို့ဝှက်ဆန်းကျယ် သလိုပဲ အမျိုးသားတွေဟာ တခါတလေထူးဆန်းတဲ့အရာတွေ လုပ်လေ့ရှိပါတယ်။ ဘယ်လောက်ပဲတည်ကြည်ရင့်ကျက်တဲ့ ယောက်ျားလေးတွေဖြစ်ဖြစ် တစ်ယောက်တည်းအိမ်မှာရှိနေတဲ့အချိန်တွေဆို ရယ်စရာအပြုအမူတွေ ကလေးဆန်ဆန်အတွေးတွေ ပေါ်လာတတ်ကြောင်းကို အောက်ပါ ပုံလေးတွေက ဖော်ကောင်လုပ်ပေးနေပါတယ်။ ဒီအထဲက ဘယ်နှချက်လောက်ကို လုပ်ဖူးလဲ? (Just Fun)
- အင်တာနက်က ဗဟုသုတစုစည်းရာတွေဆီကို နက်နက်နဲနဲ ၀င်ရောက်မွှေနှောက်တတ်တယ်
2. အိမ်ကမိန်းကလေးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို စမ်းသပ်ကြည့်တယ်
3. ဘယ်သူမှမရှိတုန်း ကိုရီးယား ဒရမ်မာကားတွေကြည့်ပြီး ကြေကွဲမယ်ဒါမှမဟုတ် ကာတွန်းကားကြည့်မယ်
4. ရေချိုးခန်းထဲမှာ တစ်ယောက်တည်း အစည်းအဝေးလည်းကျင်းပတတ်တယ်
5. မှန်ရှေ့မှာဆို မာဆယ်တွေက ကြီးလာသလိုပဲ
6. အိမ်မှာရှိသမျှအစားအစာတွေ မွှေနှောက်စားသောက်ပစ်တယ်
7. ရယ်စရာ ဆံပင်စတိုင်တွေ ဖန်တီးပြီး သဘောကျနေတတ်တယ်
8. အမေ့ဆီကိုဖုန်းဆက်ပြီးလည်း ရင်ဖွင့်တတ်သေးတယ်
9. သေချာရွှိုင်းပြီး ဆယ်ဖီဆွဲမယ်
10. အက်ရှင်ဇာတ်ကားတွေထဲက hero တွေလိုသရုပ်ဆောင်လိမ့်မယ်
#Lifestyle_Myanmar
#LM_Naung_Naung
Source-Brightside