0
403
၁။ မနက်အိပ်ရာနိုးချိန်
၂။ နေ့လယ်စာမစားခင်
၎။ အိပ်ရာမ၀င်ခင်
Lifestyle_Myanmar
LM_Nandar
Unicode
တစ်နေ့တာအတွင်း ရေသောက်ဖို့ အကောင်းဆုံးအချိန်
ရေဓါတ်က လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ လူ့ခန္ဓာကိုယ်ဟာ ရေပမာဏ များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ ဦးနှောက်မှာ ရ၄%၊ သွေးမှာ ၈၃%၊ ကြွက်သားမှာ ရ၅%၊ အရိုးမှာ ၂၂% စသည်ဖြင့် အသီးသီး ရေ ပါဝင်ဖွဲ့စည်းနေပါတယ်။ ရေဓါတ် လိုအပ်နေသော အချိန်များတွင် ရေသောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပိုမိုအကျိုးရှိစေပါတယ်။ဒါ့ကြောင့် တစ်နေ့တာအတွင်း ရေသောက်ဖို့ အကောင်းဆုံးအချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မနက်အိပ်ရာနိုးချိန်
အလုပ်မသွားခင် သွားတိုက်ဖို့မမေ့သလိုဘဲ နံနက်ခင်း အိပ်ရာနိုးချိန်မှာ ရေတစ်ခွက်သောက်ဖို့ မမေ့သင့်ပါဘူး။ နံနက်တိုင်း ကော်ဖီမသောက်ခင် ဒါမှမဟုတ် ကော်ဖီအစား ရေတစ်ဖန်ခွက်ို သောက်သုံးပေးပါ။ ဒီအရည်က သင့်အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်ရှင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၂။ နေ့လယ်စာမစားခင်
လူအများစုက သူတို့အလုပ်လုပ်နေစဉ်အတွင်း ရေသောက်ဖို့ မေ့လျော့နေတတ်ကြပြီး ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကိုသာ သောက်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ရေက အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲမှာ စုဆောင်းနေတဲ့အဆိပ်အတောက်များကို ရှင်းလင်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ နေ့လယ်စာမစားခင်မှာ မိနစ် ၂၀လောက်မှာ ရေတစ်ဖန်ခွက်သောက်ပေးခြင်းဖြင့် အစာစားချင်စိတ်ကို နှိုးဆွပေးပါတယ်။
၃။ အလုပ်မှ အိမ်သို့ ပြန်လာတဲ့အချိန်
အလုပ်မှပြန်လာတဲ့အချိန် ညနေပိုင်းမှာ (သို့) အလုပ်ပြီးနောက် အားကစားရုံကို သွားတဲ့အခါ ရေ ၁ဖန်ခွက် သို့ ၂ခွက်သောက်သင့်ပါတယ်။ ရေက စိတ်ဖိစီးမှုအခြေအနေများနှင့် ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်တာတွေကို ပြန်လည်လန်းဆန်းစေပါတယ်။
၄။ အိပ်ရာမဝင်ခင်
ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ သင့်ခန္ဓာကိုယ်က ရေဓါတ်စနစ်တကျ လိုအပ်ပါတယ်။အလုပ်လုပ်ပြီး အိပ်ရာမဝင်ခင် ၁နာရီလောက်မှာ ရေတစ်ဖန်ခွက်ကိုသောက်ပေးရပါမယ်။
ဒီအကြံပြုချက်များကို မှတ်သားပြီး သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် ရေသောက်ဖို့ မမေ့ပါနဲ့။
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here