
0
263



LM_Naung_Naung

Lifestyle_Myanmar

အမျိုးသာတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတွေ ဖွင့်မပြောဘဲ စိတ်ကောက်ရတဲ့အကြောင်းအရင်းအချို့

တစ်နေ့တာရဲ့ ဘယ်အချိန်က သင့်အတွက် ရေချိုးဖို့ အကောင်းဆုံးလဲ
ကျန်းမာစိုပြေပြီး လှပတဲ့အသားအရည် ရှိဖို့အတွက် မနက်ခင်း သို့မဟုတ် ညနေခင်းပိုင်းမှာ ရေချိုးသင့်တယ်ဆိုတဲ့ ဆွေးနွေးငြင်းခုန်မှုတွေ များစွာရှိပါတယ်။
ဒါပေမယ့် တကယ်တော့ ဒီအရာဟာ မတူညီတဲ့အချက်တွေအပေါ်မှာ မူတည်လျှက်ရှိပြီး သင့်ရဲ့အသားအရေအမျိုးအစား၊ အိပ်ပျော်ခြင်းမပျော်ခြင်း အပေါ်မှာ မူတည်လျှက်ရှိပါတယ်။
တကယ်လို့သင့်မှာ အဆီပြန်တဲ့အသားအရေရှိရင် မနက်ခင်းပိုင်းမှာ ရေချိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ညတာလုံးသင့်ရဲ့ ချွေးပေါက်တွေထဲမှာ သိုလှောင်ထားတတ်တဲ့ အဆီတွေကို သန့်စင်ပေးဖို့အတွက် ကူညီပေးနိုင်တာကြောင့်ဖြစ်ပါတယ်။

တကယ်လို့သင့်ရဲ့ အသားအရေက ခြောက်သွေ့ရင်တော့ ညနေပိုင်းမှာ ရေချိုးတဲ့အလေ့အကျင့်ကို ပြုလုပ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြောက်သွေ့တဲ့အသားအရေကြောင့် ကြီးမားပြီးများပြားတဲ့
အရေပြားဆဲလ်တွေကိုဖယ်ရှားခံရပြီး နေခင်းပိုင်းနဲ့ ညနေပိုင်းရေချိုးခြင်းကြောင့် သင့်ရဲ့ခန္ဓာကိုယ်မှာ ထိုဆဲလ်တွေကိုပြန်လည်သန့်စင်ဆေးကြောဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင်ဟာအိပ်စက်ဖို့ ခက်ခဲသူတစ်ယောက်ဆိုရင်လည်း ညနေခင်းပိုင်းမှာ ရေချိုးခြင်းကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကို အေးစေပြီး
အလိုလျှောက် သင့်ကိုအိပ်ငိုက်ခြင်းနဲ့အတူ လွယ်ကူစွာအိပ်ပျော်စေနိုင်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here