တစ္သက္လံုးေနာင္တမရဖို႔အတြက္ Relationship တစ္ခုမွာ သည္းမခံသင့္တဲ့ လုပ္ရပ္မ်ား

0
1038

အခ်စ္ေရးအေၾကာင္း စဥ္းစားတဲ့အခါတိုင္း တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကၿပီး ေပ်ာ္ရြင္ေနၾကတဲ့ စံုတြဲပံုရိပ္ကို သင့္စိတ္ထဲျမင္ေယာင္ မိပါလိမ့္မယ္။ ဒီလိုေပ်ာ္ရြင္ဖြယ္ အတိၿပီးတဲ့ relationship တစ္ခုကို လူတိုင္းပိုင္ဆိုင္လိုၾကေပမယ့္ အေကာင္းဆံုး relationship lifestyle တစ္ခုျဖစ္ဖို႔အတြက္ ႏွစ္ေယာက္စလံုးေရွာင္ရွားသင့္တဲ့လုပ္ရပ္ေတြနဲ႔ သည္းမခံသင့္တဲ့ကိစၥေတြကိုေတာ့ သတိမထားတတ္ၾကပါဘူး။ ဒါေၾကာင့္ပဲ သည္းမခံသင့္တဲ့ တခ်ိဳ႕ကိစၥေတြမွာ တခ်ိဳ႕ေတြဟာ စိတ္ဆင္းရဲခံၿပီး အေရးမႀကီးသေယာင္ က်ိတ္မွိတ္ေနတတ္ၾကပါတယ္။ ဒီလိုေနျခင္းဟာ ျပႆနာကိုေျဖရွင္းျခင္းနည္းလမ္း မဟုတ္တာကိုေတာ့ သိထားသင့္ပါတယ္။

၁။ တဲ့တိုးနဲ႔ ႐ိုင္းစိုင္းစြာေျပာဆိုတတ္ျခင္း
လူေတြဟာအမ်ားအားျဖင့္ စိတ္ဆိုး၊ ေဒါသထြက္တဲ့အခါ ႐ိုင္းစိုင္းလာတတ္ၾကပါတယ္။ ဒါေပမယ့္ စိတ္တိုစရာမရွိပဲလည္း ႐ိုင္းစိုင္းစြာေျပာဆိုတတ္ၿပီး အရာရာကိုတဲ့တိုးေျပာဆိုတတ္ပါက relationship အတြင္းသည္းမခံသင့္ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ တဲ့တိုးေျပာဆိုေ၀ဖန္ျခင္းဟာ ပြင့္လင္းမႈရွိသေယာင္ လူေတြအထင္မွားတတ္ၿပီး တကယ္ေတာ့ မတူညီတဲ့အရာႏွစ္ခုျဖစ္ပါတယ္။ ဥပမာ ျမန္မာဇာတ္ကားတစ္ခုမွာ ေကာလိပ္ဂ်င္ေန၀င္းက ဇနီးျဖစ္သူအိမ္ျပန္ေနာက္က်တဲ့အတြက္ “ဘယ္ႏွစ္နာရီရွိၿပီလဲ ခင္ လို႔ ဧည့္ခန္းမွာထိုင္ေနရင္း ေမးလိုက္ပါတယ္။ ဧည့္ခန္းမွာနာရီအႀကီးႀကီးရွိတဲ့အတြက္ ဒါဟာအခ်ိန္ကိုေမးတာမဟုတ္ပဲ ဘာကိုဆိုလိုတယ္ဆိုတာ ဇနီးျဖစ္သူေရာ ႐ုပ္ရွင္ၾကည့္ေနသူေတြေရာ အလိုလိုနားလည္တဲ့စကားလံုးမ်ိဳးျဖစ္ပါတယ္။ ဒီလိုစကားလံုးမ်ိဳးကို မသံုးပဲ “ဘယ္လင္ငယ္နဲ႔ ေနေနလို႔ ဒီေလာက္ေနာက္က်ေနတာလဲ” ဆိုတဲ့အေၾကာင္းအရင္းမခိုင္လံုပဲ ႐ိုင္းစိုင္းတဲ့့စကားမ်ိဳးသာ သံုးခဲ့ရင္ အေျခအေနေတြနဲ႔ ရလာဒ္ေတြအားလံုး ဆန္႔က်င္ဖက္ေျပာင္းလဲသြားပါလိမ့္မယ္။

၂။ သင့္ကိုႏွိမ္ခ်ရင္
သင့္ရဲ႕လက္တြဲေဖာ္ဟာ သင့္ကိုသိမ္ငယ္ေအာင္ျပဳလုပ္တတ္ျခင္း အဆက္မျပတ္ေစာ္ကားေျပာဆိုမႈမ်ား ရွိခဲ့ရင္ သူ႕အတြက္သတိေပးမႈ တစ္ခုေတာ့လုပ္ေဆာင္သင့္ပါတယ္။ ဒီလိုေထ့လံုးေငါ့လံုး စကားမ်ိဳးေတြကို တစ္ေယာက္ကိုတစ္ေယာက္ေျပာဆိုတဲ့အခါေတြတိုင္း လက္နက္တစ္ခုလို အသံုးခ်ေနျခင္းကို သည္းခံတာဟာ မွန္ကန္မႈမရွိပါဘူး။ သင္နဲ႔သင့္အလုပ္အေပၚမွာလည္း အလြန္အကၽြံေ၀ဖန္မခံပါနဲ႔။ ဒီလိုစကားမ်ိဳးကိုေတြကို သင္လက္မခံဘူးဆိုတာကို သူသိေစၿပီး ဘယ္လိုအရာေတြကိုေတာ့ သင္လက္ခံႏိုင္တယ္ ဆိုတာသူသိပါေစ။

၃။ မနာလိုမႈ
မနာလိုျငဴစူစိတ္ဟာ relationship တိုင္းအတြက္ေတာ့ သည္းမခံသင့္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ သင့္ရဲ႕လက္တြဲေဖာ္က သင့္ရဲ႕ေအာင္ျမင္မႈေတြနဲ႔ သင့္ကိုယ္ပိုင္တျခားအရာေတြအေပၚမွာ မနာလိုျဖစ္ေနပါက ဒါဟာ သင္တို႔ႏွစ္ေယာက္ၾကားမွာ အေပၚယံဆက္ဆံေရးပဲ ရွိတာကိုဆိုလိုျခင္းျဖစ္ပါတယ္။ ဒီလိုမနာလိုမႈေတြကို သင့္အေနနဲ႔ေဖာ္ထုတ္ဖို႔ ႀကိဳးစားသင့္ၿပီး သင့္အေနနဲ႔လက္မခံႏိုင္ေၾကာင္း သူသိပါေစ။ သင့္အတြက္အေကာင္းဆံုးအရာေတြကို ေရြးခ်ယ္ဖို႔အတြက္ တြန္႔ဆုတ္မေနပါနဲ႔။

၄။ အၾကမ္းဖက္မႈ
စိတ္တိုတဲ့အခ်ိန္ဆို လက္ပါတတ္ၿပီး ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္တတ္ျခင္းဟာ ဆိုးရြားတဲ့ ဗီဇတစ္ခုျဖစ္ပါတယ္။ ဒီလုိျပဳလုပ္တတ္သူနဲ႔ တစ္ဘ၀လံုးလက္တြဲျခင္းဟာ သင့္အတြက္ဆိုးက်ိဳးေတြနဲ႔ စိတ္ထိခိုက္စရာေတြပဲ ၾကံဳႏိုင္တာေၾကာင့္ ယခုလိုအၾကမ္းဖက္မႈေတြကို လံုး၀လက္သင့္မခံေၾကာင္း ျပသမွရပါလိမ့္မယ္။

၅။ ႐ုပ္ပိုင္းဆိုင္ရာႏွီးေႏွာဖို႔ အတင္းအက်ပ္ျပဳလုပ္ျခင္း
႐ုပ္ပိုင္းဆိုင္ရာ ႏွီးေႏွာျခင္းဟာ ႐ိုမန္တစ္ဆန္တဲ့ relationship ေတြအတြက္ ၾကာရွည္တည္ျမဲဖို႔ ပံုမွန္အရာသာျဖစ္ပါတယ္။ ဒါေပမယ့္ အေျခအေနအရမဟုတ္ပါပဲ ႐ုပ္ပိုင္းဆိုင္ရာအၾကမ္းဖက္သကဲ့သို႔ အတင္းအက်ပ္ႏွီးေႏွာဖို႔ ႀကိဳးစားျခင္းကေတာ့ ပံုမွန္အရာမဟုတ္ေတာ့ပါဘူး။ သင္တို႔ရဲ႕ relationship ဟာဘယ္ေလာက္ပဲ ရင္းႏွီးခဲ့ပါေစ တစ္ေယာက္ရဲ႕ဆႏၵကိုတစ္ေယာက္က ေလးစားရမွာျဖစ္ၿပီး မုဒိန္းက်င့္သလို ျပဳလုပ္ျခင္းကိုေတာ့ သည္းမခံသင့္ပါဘူး။

၆။ ေငြေရးေၾကးေရး ေတာင္းဆိုမႈမ်ား
ခ်စ္သူပဲျဖစ္ျဖစ္၊ အိမ္ေထာင္သည္ပဲျဖစ္ျဖစ္ ေငြေရးေၾကးေရးနဲ႔ ပတ္သတ္လာရင္ ႏွစ္ေယာက္စလံုးႀကိဳးစားမႈႏွင့္ အစီအစဥ္ေတြဟာ အတူတူပဲ ျဖစ္ေနသင့္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕လက္တြဲေဖာ္က အလုပ္မလုပ္ပဲ သူ႔ရဲ႕ေငြေၾကးလိုအပ္မႈေတြကို အဆက္မျပတ္ေတာင္းဆိုေနတတ္ရင္ေတာ့ သင့္အေနနဲ႔စဥ္းစားသင့္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ တခ်ိဳ႕ေတြက ခ်စ္သူဘ၀ကို ခ်ဴစားဖို႔သက္သက္ အသံုးခ်တတ္ၾကၿပီး အိမ္ေထာင္က်ၿပီးတာေတာင္မွ လက္ေက်ာမတင္းပဲ မွီခိုၿပီးသံုးျဖဳန္းေနတတ္သူေတြ ပတ္၀န္းက်င္မွာ မ်ားစြာရွိလို႔ပါပဲ။

45720021 – young woman asking a man for some cash money

၇။ စိတ္ပိုင္းဆိုင္ရာ ကစားပြဲ
တစ္ေယာက္ကိုတစ္ေယာက္လႈိ႕၀ွက္ခ်က္ေတြထားၿပီး စိတ္ထဲမွာကစားဖို႔အတြက္ အစီအစဥ္ေတြဆြဲေနျခင္းဟာ ေပ်ာ္ရြင္စရာေကာင္းတဲ့ relationship အတြက္ ေကာင္းတဲ့လကၡဏာေတြေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕ေတြက ခ်စ္သူအေရွ႕မွာေတာ့ မျပစ္ကင္းသေယာင္ ဟန္ေဆာင္ေနတတ္ၾကၿပီး ေနာက္ကြယ္မွာသင့္ကိုသူဘယ္လို လွည့္ဖ်ားခဲ့ေၾကာင္း၊ ေတာ္ကီေတြနဲ႔ခ်ဳပ္ခဲ့ေၾကာင္း စသျဖင့္ေဖာက္သည္ခ်ၿပီး သူ႕ရဲ႕သူငယ္ခ်င္းေတြကို ၾကြား၀ါတတ္ၾကပါတယ္။ ယခုလိုအျပဳအမူေတြကို သည္းမခံသင့္ပဲ တံု႕ျပန္မႈတစ္ခုခု ျပဳလုပ္သင့္ပါတယ္။

၈။ ဘာတစ္ခုမွမကူညီရင္
အိမ္ေထာင္တစ္ခုမွာ ႏွစ္ဦးစလံုးက တာ၀န္ေတြေ၀မွ်ၿပီး အရာရာတိုင္းကို အတူတကြလုပ္ေဆာင္ဖို႔ လုိအပ္ပါတယ္။ ဒီလိုမွမဟုတ္ပဲ အကူအညီမေပးတဲ့အျပင္ အမိန္႔ေတြေပးၿပီး ကၽြန္တစ္ေယာက္လို ခိုင္းေစေနတတ္ရင္ေတာ့ စကားမမ်ားခ်င္တာတစ္ခုတည္းနဲ႔ သည္းမခံသင့္ပါဘူး။ ယခုလိုအလုပ္ေတြဟာ သူနဲ႔လည္းသက္ဆိုင္ေၾကာင္း သင္ဟာသူ႔ရဲ႕အခိုင္းခံရဖို႔ ေမြးဖြားလာတာမဟုတ္ေၾကာင္း သိပါေစ။

၉။ လူၾကားထဲအရွက္ခြဲတတ္ရင္
ဘယ္လို relationship ပဲျဖစ္ျဖစ္ အမွားတစ္ခုခု သို႔မဟုတ္ ျပႆနာတစ္ခုခုနဲ႔ ၾကံဳရလို႔ ႏွစ္ေယာက္သားရွင္းလင္းဖို႔ ႀကိဳးစားတဲ့အခါ ႏွစ္ေယာက္ပဲရွိတဲ့အခ်ိန္မွာပဲ ေျဖရွင္းသင့္ၿပီး လူၾကားထဲမွာေျပာဆိုျခင္းကို ေရွာင္ရွားသင့္ပါတယ္။ ဒီလိုမဟုတ္ပဲ သင့္ရဲ႕အမွားကို အျခားသူေတြဟာလိုက္လံေျပာဆိုျခင္း၊ လူၾကားထဲၾကမွအျပစ္တင္ေျပာဆိုျခင္း၊ အရွက္ကြဲေအာင္ျပဳလုပ္ျခင္းတို႔ကိုေတာ့ သင္ဘယ္ေလာက္မွားပါေစ ကိုယ္ပိုင္သိကၡာအရ သည္းမခံသင့္ပါဘူး။

၁၀။ လိမ္လည္ျခင္းႏွင့္ ေဖာက္ျပန္ျခင္း
ယံုၾကည္မႈဟာ relationship တိုင္းအတြက္ အေရးပါတဲ့အရာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ခ်စ္သူက ေဖာက္ျပန္မႈေတြ လိမ္ညာမႈေတြကို ခဏခဏက်ဴးလြန္တတ္ရင္ေတာ့ သင္ဘယ္ေလာက္ခ်စ္ခ်စ္ သည္းမခံသင့္ပါဘူး။ သင္သည္းခံလိုက္ရင္ အျမဲတမ္းသင့္အေပၚ လွည့္ဖ်ားဖို႔ႀကိဳးစားႏိုင္ပါတယ္။

LM_Naung_Naung

Lifestylle_Myanmar

Source-Troab

Unicode

တစ်သက်လုံးနောင်တမရဖို့အတွက် Relationship တစ်ခုမှာ သည်းမခံသင့်တဲ့ လုပ်ရပ်များ
အချစ်ရေးအကြောင်း စဉ်းစားတဲ့အခါတိုင်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး ပျော်ရွင်နေကြတဲ့ စုံတွဲပုံရိပ်ကို သင့်စိတ်ထဲမြင်ယောင် မိပါလိမ့်မယ်။ ဒီလိုပျော်ရွင်ဖွယ် အတိပြီးတဲ့ relationship တစ်ခုကို လူတိုင်းပိုင်ဆိုင်လိုကြပေမယ့် အကောင်းဆုံး relationship lifestyle တစ်ခုဖြစ်ဖို့အတွက် နှစ်ယောက်စလုံးရှောင်ရှားသင့်တဲ့လုပ်ရပ်တွေနဲ့ သည်းမခံသင့်တဲ့ကိစ္စတွေကိုတော့ သတိမထားတတ်ကြပါဘူး။ ဒါကြောင့်ပဲ သည်းမခံသင့်တဲ့ တချို့ကိစ္စတွေမှာ တချို့တွေဟာ စိတ်ဆင်းရဲခံပြီး အရေးမကြီးသယောင် ကျိတ်မှိတ်နေတတ်ကြပါတယ်။ ဒီလိုနေခြင်းဟာ ပြဿနာကိုဖြေရှင်းခြင်းနည်းလမ်း မဟုတ်တာကိုတော့ သိထားသင့်ပါတယ်။

၁။ တဲ့တိုးနဲ့ ရိုင်းစိုင်းစွာပြောဆိုတတ်ခြင်း
လူတွေဟာအများအားဖြင့် စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ရိုင်းစိုင်းလာတတ်ကြပါတယ်။ ဒါပေမယ့် စိတ်တိုစရာမရှိပဲလည်း ရိုင်းစိုင်းစွာပြောဆိုတတ်ပြီး အရာရာကိုတဲ့တိုးပြောဆိုတတ်ပါက relationship အတွင်းသည်းမခံသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ တဲ့တိုးပြောဆိုဝေဖန်ခြင်းဟာ ပွင့်လင်းမှုရှိသယောင် လူတွေအထင်မှားတတ်ပြီး တကယ်တော့ မတူညီတဲ့အရာနှစ်ခုဖြစ်ပါတယ်။ ဥပမာ မြန်မာဇာတ်ကားတစ်ခုမှာ ကောလိပ်ဂျင်နေဝင်းက ဇနီးဖြစ်သူအိမ်ပြန်နောက်ကျတဲ့အတွက် “ဘယ်နှစ်နာရီရှိပြီလဲ ခင် လို့ ဧည့်ခန်းမှာထိုင်နေရင်း မေးလိုက်ပါတယ်။ ဧည့်ခန်းမှာနာရီအကြီးကြီးရှိတဲ့အတွက် ဒါဟာအချိန်ကိုမေးတာမဟုတ်ပဲ ဘာကိုဆိုလိုတယ်ဆိုတာ ဇနီးဖြစ်သူရော ရုပ်ရှင်ကြည့်နေသူတွေရော အလိုလိုနားလည်တဲ့စကားလုံးမျိုးဖြစ်ပါတယ်။ ဒီလိုစကားလုံးမျိုးကို မသုံးပဲ “ဘယ်လင်ငယ်နဲ့ နေနေလို့ ဒီလောက်နောက်ကျနေတာလဲ” ဆိုတဲ့အကြောင်းအရင်းမခိုင်လုံပဲ ရိုင်းစိုင်းတဲ့့စကားမျိုးသာ သုံးခဲ့ရင် အခြေအနေတွေနဲ့ ရလာဒ်တွေအားလုံး ဆန့်ကျင်ဖက်ပြောင်းလဲသွားပါလိမ့်မယ်။

၂။ သင့်ကိုနှိမ်ချရင်
သင့်ရဲ့လက်တွဲဖော်ဟာ သင့်ကိုသိမ်ငယ်အောင်ပြုလုပ်တတ်ခြင်း အဆက်မပြတ်စော်ကားပြောဆိုမှုများ ရှိခဲ့ရင် သူ့အတွက်သတိပေးမှု တစ်ခုတော့လုပ်ဆောင်သင့်ပါတယ်။ ဒီလိုထေ့လုံးငေါ့လုံး စကားမျိုးတွေကို တစ်ယောက်ကိုတစ်ယောက်ပြောဆိုတဲ့အခါတွေတိုင်း လက်နက်တစ်ခုလို အသုံးချနေခြင်းကို သည်းခံတာဟာ မှန်ကန်မှုမရှိပါဘူး။ သင်နဲ့သင့်အလုပ်အပေါ်မှာလည်း အလွန်အကျွံဝေဖန်မခံပါနဲ့။ ဒီလိုစကားမျိုးကိုတွေကို သင်လက်မခံဘူးဆိုတာကို သူသိစေပြီး ဘယ်လိုအရာတွေကိုတော့ သင်လက်ခံနိုင်တယ် ဆိုတာသူသိပါစေ။

၃။ မနာလိုမှု
မနာလိုငြူစူစိတ်ဟာ relationship တိုင်းအတွက်တော့ သည်းမခံသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့လက်တွဲဖော်က သင့်ရဲ့အောင်မြင်မှုတွေနဲ့ သင့်ကိုယ်ပိုင်တခြားအရာတွေအပေါ်မှာ မနာလိုဖြစ်နေပါက ဒါဟာ သင်တို့နှစ်ယောက်ကြားမှာ အပေါ်ယံဆက်ဆံရေးပဲ ရှိတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုမနာလိုမှုတွေကို သင့်အနေနဲ့ဖော်ထုတ်ဖို့ ကြိုးစားသင့်ပြီး သင့်အနေနဲ့လက်မခံနိုင်ကြောင်း သူသိပါစေ။ သင့်အတွက်အကောင်းဆုံးအရာတွေကို ရွေးချယ်ဖို့အတွက် တွန့်ဆုတ်မနေပါနဲ့။

၄။ အကြမ်းဖက်မှု
စိတ်တိုတဲ့အချိန်ဆို လက်ပါတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တတ်ခြင်းဟာ ဆိုးရွားတဲ့ ဗီဇတစ်ခုဖြစ်ပါတယ်။ ဒီလိုပြုလုပ်တတ်သူနဲ့ တစ်ဘဝလုံးလက်တွဲခြင်းဟာ သင့်အတွက်ဆိုးကျိုးတွေနဲ့ စိတ်ထိခိုက်စရာတွေပဲ ကြုံနိုင်တာကြောင့် ယခုလိုအကြမ်းဖက်မှုတွေကို လုံးဝလက်သင့်မခံကြောင်း ပြသမှရပါလိမ့်မယ်။

၅။ ရုပ်ပိုင်းဆိုင်ရာနှီးနှောဖို့ အတင်းအကျပ်ပြုလုပ်ခြင်း
ရုပ်ပိုင်းဆိုင်ရာ နှီးနှောခြင်းဟာ ရိုမန်တစ်ဆန်တဲ့ relationship တွေအတွက် ကြာရှည်တည်မြဲဖို့ ပုံမှန်အရာသာဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရမဟုတ်ပါပဲ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်သကဲ့သို့ အတင်းအကျပ်နှီးနှောဖို့ ကြိုးစားခြင်းကတော့ ပုံမှန်အရာမဟုတ်တော့ပါဘူး။ သင်တို့ရဲ့ relationship ဟာဘယ်လောက်ပဲ ရင်းနှီးခဲ့ပါစေ တစ်ယောက်ရဲ့ဆန္ဒကိုတစ်ယောက်က လေးစားရမှာဖြစ်ပြီး မုဒိန်းကျင့်သလို ပြုလုပ်ခြင်းကိုတော့ သည်းမခံသင့်ပါဘူး။

၆။ ငွေရေးကြေးရေး တောင်းဆိုမှုများ
ချစ်သူပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ငွေရေးကြေးရေးနဲ့ ပတ်သတ်လာရင် နှစ်ယောက်စလုံးကြိုးစားမှုနှင့် အစီအစဉ်တွေဟာ အတူတူပဲ ဖြစ်နေသင့်ပါတယ်။ ဒါပေမယ့် သင့်ရဲ့လက်တွဲဖော်က အလုပ်မလုပ်ပဲ သူ့ရဲ့ငွေကြေးလိုအပ်မှုတွေကို အဆက်မပြတ်တောင်းဆိုနေတတ်ရင်တော့ သင့်အနေနဲ့စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တချို့တွေက ချစ်သူဘဝကို ချူစားဖို့သက်သက် အသုံးချတတ်ကြပြီး အိမ်ထောင်ကျပြီးတာတောင်မှ လက်ကျောမတင်းပဲ မှီခိုပြီးသုံးဖြုန်းနေတတ်သူတွေ ပတ်ဝန်းကျင်မှာ များစွာရှိလို့ပါပဲ။

၇။ စိတ်ပိုင်းဆိုင်ရာ ကစားပွဲ
တစ်ယောက်ကိုတစ်ယောက်လှို့ဝှက်ချက်တွေထားပြီး စိတ်ထဲမှာကစားဖို့အတွက် အစီအစဉ်တွေဆွဲနေခြင်းဟာ ပျော်ရွင်စရာကောင်းတဲ့ relationship အတွက် ကောင်းတဲ့လက္ခဏာတွေတော့ မဟုတ်ပါဘူး။ တချို့တွေက ချစ်သူအရှေ့မှာတော့ မပြစ်ကင်းသယောင် ဟန်ဆောင်နေတတ်ကြပြီး နောက်ကွယ်မှာသင့်ကိုသူဘယ်လို လှည့်ဖျားခဲ့ကြောင်း၊ တော်ကီတွေနဲ့ချုပ်ခဲ့ကြောင်း စသဖြင့်ဖောက်သည်ချပြီး သူ့ရဲ့သူငယ်ချင်းတွေကို ကြွားဝါတတ်ကြပါတယ်။ ယခုလိုအပြုအမူတွေကို သည်းမခံသင့်ပဲ တုံ့ပြန်မှုတစ်ခုခု ပြုလုပ်သင့်ပါတယ်။

၈။ ဘာတစ်ခုမှမကူညီရင်
အိမ်ထောင်တစ်ခုမှာ နှစ်ဦးစလုံးက တာဝန်တွေဝေမျှပြီး အရာရာတိုင်းကို အတူတကွလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အကူအညီမပေးတဲ့အပြင် အမိန့်တွေပေးပြီး ကျွန်တစ်ယောက်လို ခိုင်းစေနေတတ်ရင်တော့ စကားမများချင်တာတစ်ခုတည်းနဲ့ သည်းမခံသင့်ပါဘူး။ ယခုလိုအလုပ်တွေဟာ သူနဲ့လည်းသက်ဆိုင်ကြောင်း သင်ဟာသူ့ရဲ့အခိုင်းခံရဖို့ မွေးဖွားလာတာမဟုတ်ကြောင်း သိပါစေ။

၉။ လူကြားထဲအရှက်ခွဲတတ်ရင်
ဘယ်လို relationship ပဲဖြစ်ဖြစ် အမှားတစ်ခုခု သို့မဟုတ် ပြဿနာတစ်ခုခုနဲ့ ကြံုရလို့ နှစ်ယောက်သားရှင်းလင်းဖို့ ကြိုးစားတဲ့အခါ နှစ်ယောက်ပဲရှိတဲ့အချိန်မှာပဲ ဖြေရှင်းသင့်ပြီး လူကြားထဲမှာပြောဆိုခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ သင့်ရဲ့အမှားကို အခြားသူတွေဟာလိုက်လံပြောဆိုခြင်း၊ လူကြားထဲကြမှအပြစ်တင်ပြောဆိုခြင်း၊ အရှက်ကွဲအောင်ပြုလုပ်ခြင်းတို့ကိုတော့ သင်ဘယ်လောက်မှားပါစေ ကိုယ်ပိုင်သိက္ခာအရ သည်းမခံသင့်ပါဘူး။

၁၀။ လိမ်လည်ခြင်းနှင့် ဖောက်ပြန်ခြင်း
ယုံကြည်မှုဟာ relationship တိုင်းအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ချစ်သူက ဖောက်ပြန်မှုတွေ လိမ်ညာမှုတွေကို ခဏခဏကျူးလွန်တတ်ရင်တော့ သင်ဘယ်လောက်ချစ်ချစ် သည်းမခံသင့်ပါဘူး။ သင်သည်းခံလိုက်ရင် အမြဲတမ်းသင့်အပေါ် လှည့်ဖျားဖို့ကြိုးစားနိုင်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

Source-Troab

LEAVE A REPLY

Please enter your comment!
Please enter your name here