တစ္ဘဝစာလံုး ေပ်ာ္စရာေကာင္းတဲ့ Relationship တစ္ခုကို ထိန္းသိမ္းထားႏိုင္ဖို႔ဆိုရင္

0
137

အျမဲတမ္း ေပ်ာ္စရာေတြျပည့္ႏွက္ေနတဲ့ Relationship တစ္ခုကို ထိန္းသိမ္းထားဖို႔ဆိုတာ သိပ္ေတာ့မလြယ္ကူလွပါဘူး။ ခ်စ္သူႏွစ္ဦးစလံုးက မ်ားျပားလွတဲ့ အားစိုက္ထုတ္မႈေတြနဲ႔ ထိန္းသိမ္းႏိုင္မွသာလွ်င္ ေကာင္းမြန္တဲ့ Relationship ကိုထိန္းသိမ္းထားႏိုင္မွာပါ။ တစ္ဘဝစာလံုး ေပ်ာ္စရာေကာင္းတဲ့ Relationship တစ္ခုကို ပိုင္ဆိုင္ႏိုင္ဖို႔ဆိုရင္ေတာ့

လက္ေတြ႕က်က်ခ်ဥ္းကပ္ပါ
သင္တို႔ႏွစ္ေယာက္ စခ်စ္ခါစတုန္းက ႏွစ္ဦးစလံုးတက္ၾကြေနၿပီး တစ္ေယာက္ကိုတစ္ေယာက္ အ႐ူးအမူးခ်စ္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ဘဝဆိုတာ အနိမ့္အျမင့္၊ အတက္အက်ရွိသလိုပဲ
relationship တစ္ခုမွာလည္း ဆက္ဆံေရးအတက္အက်ဆိုတာ ရွိေနပါတယ္။ ဒါေၾကာင့္ ဘယ္ေတာ့မွ ေနသာတဲ့လမ္းခရီးျဖစ္ေစဖို႔ မေမွ်ာ္လင့္သင့္ပဲ ဘယ္ေလာက္ပဲ မိုးသည္းပါေစ၊ လက္ေတြ႕က်က်ေတြးေတာသင့္ပါတယ္။ ဒါမွသာ relationship အတြင္းေျပာင္းလဲမႈေတြကို နားလည္လက္ခံႏိုင္မွာ ျဖစ္ပါတယ္။

ေကာင္းမြန္တဲ့အခ်ိန္ေလးေတြ
တခါတစ္ေလမွာ ႏွစ္ေယာက္တည္းၿပီးျပည့္စံုတဲ့ အခ်ိန္ေလးေတြ ဖန္တီးဖို႔အတြက္ လိုအပ္ပါတယ္။ ဒီလိုအခ်ိန္မွာ သင္တို႔ရဲ႕ကေလးေတြ၊ အိမ္ေမြးတိရိစာၦန္ေလးေတြကို ခဏေဘးခ်ိတ္ထားပါ။ ဒီလိုအခ်ိန္ေလးေတြ ဖန္တီးတာဟာ ဘဝမွာၾကံဳလာတဲ့ ခက္ခဲၾကမ္းတမ္းမႈေတြကို ျပင္ဆင္ဖာေထးႏိုင္ဖို႔နဲ႔ အတူရင္ဆိုင္ဖန္တီးႏိုင္ဖို႔ ကူညီေပးပါတယ္။ ဒီလိုအခ်ိန္ေလးေတြဖန္တီးတဲ့အခါ တီဗီြေရွ႕မွာေတာ့ မကုန္ဆံုးပါေစနဲ႔။ ႏွစ္ဦးစလံုးေပ်ာ္ရြင္ႏိုင္မယ့္ လႈပ္ရွားမႈေလးေတြကို ျပဳလုပ္ေပးပါ။ ဒီလိုအခ်ိန္မွာ အလုပ္အေၾကာင္းစိုးရိမ္တာေတြ အျခားတာဝန္ခံစရာကိစၥရပ္ေတြကို ခဏေလာက္ေတာ့ေခါက္ထားေပးပါ။

သီးျခားစီအခ်ိန္ျဖဳန္းပါ
သင္မွာ သီးျခားဝါသနာနဲ႔ လႈပ္ရွားမႈတစ္ခု ရွိေနသင့္ၿပီး ဒါဟာသင္တို႔ရဲ႕ relationship ကို ပိုမိုလတ္ဆတ္သစ္လြင္ေစပါတယ္။ ႏွစ္ဦးသားရဲ႕ အေတြ႕အၾကံဳေတြကိုလည္း အျပန္အလွန္ဖလွယ္ႏိုင္ပါတယ္။ သီးျခားစီအခ်ိန္ျဖဳန္းတာဟာ ဘယ္လို relationship အတြက္ကိုမဆို အေရးပါတဲ့အရာျဖစ္ပါတယ္။ လူတိုင္းဟာ ကိုယ္ပိုင္အခ်ိန္နဲ႔ ေနရာရွိဖို႔လိုအပ္ၿပီး အရာရာတိုင္းကို ရွင္းလင္းစြာေတြးေတာႏိုင္ဖို႔ ကူညီေပးပါတယ္။

ကိုယ့္ရဲ႕ လက္တြဲေဖာ္ကို ေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔
ကိုယ့္ရ႕လက္တြဲေဖာ္ကို ေျပာင္းလဲဖို႔ ႀကိဳးစားေနျခင္းဟာ တနည္းအားျဖင့္ သူ႔ကိုအျပစ္တင္ေနတဲ့ အဓိပၸာယ္ျဖစ္သြားေစႏိုင္ပါတယ္။ ဒီလိုသူ႔ရဲ႕စိတ္မွာယူဆရင္ အဆင္မေျပမႈေတြ ၾကံဳေတြလာႏိုင္ပါတယ္။ ဒါေၾကာင့္ သူ႔ကိုေျပာင္းလဲဖို႔ႀကိဳးစားေနမယ့္အစား မသိသာတဲ့ေျဖာင္းဖ်မႈေတြ အေလ့အက်င့္ေတြနဲ႔ အေကာင္းဆံုး ခ်ဥ္းကပ္ႏိုင္ပါတယ္။

အေျပာင္းအလဲေတြကို ေပါင္းစပ္ပါ
သင့္ရဲ႕လက္တြဲေဖာ္ေျပာသမွ်ကို ၾကားျဖတ္ေျပာျခင္း မရွိပဲ ဆံုးေအာင္နားေထာင္ေပးပါ။ တကယ္လို႔ သေဘာမတူတဲ့ အခ်က္ေတြပါရင္ေတာင္မွ သူ႔စိတ္ကိုစာနာမႈရွိၿပီး စိတ္ကူးကိုေလးစားဖို႔လိုပါတယ္။ ဒီလိုအမူအက်င့္ဟာ အေျဖရွာဖို႔အတြက္ ပိုမိုလြယ္ကူပါတယ္။ ၿပီးမွကိုယ့္ရဲ႕အျမင္ကို ေဆြးေႏြးၿပီး အေၾကာင္းအရာအေပၚ အတူတကြအေျဖထုတ္ပါ။ ယခုလိုအမူအက်င့္ေကာင္းေတြကို အားထုတ္ေနျခင္းျဖင့္ သင္တို႔ရဲ႕ relationship အတြင္းမွာ အေကာင္းဖက္ေဆာင္တဲ့ ရလာဒ္ေတြကို
ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ လက္ထပ္လိုစိတ္ ပိုျပင္းျပရျခင္းရဲ႕ အေၾကာင္းရင္း

အမြဲတမ်း ပျော်စရာတွေပြည့်နှက်နေတဲ့ Relationship တစ်ခုကို ထိန်းသိမ်းထားဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။ ချစ်သူနှစ်ဦးစလုံးက များပြားလှတဲ့ အားစိုက်ထုတ်မှုတွေနဲ့ ထိန်းသိမ်းနိုင်မှသာလျှင် ကောင်းမွန်တဲ့ Relationship ကိုထိန်းသိမ်းထားနိုင်မှာပါ။ တစ်ဘဝစာလုံး ပျော်စရာကောင်းတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့

လက်တွေ့ကျကျချဉ်းကပ်ပါ
သင်တို့နှစ်ယောက် စချစ်ခါစတုန်းက နှစ်ဦးစလုံးတက်ကြွနေပြီး တစ်ယောက်ကိုတစ်ယောက် အရူးအမူးချစ်ကြပါလိမ့်မယ်။ ဒါပေမယ့် ဘဝဆိုတာ အနိမ့်အမြင့်၊ အတက်အကျရှိသလိုပဲ relationship တစ်ခုမှာလည်း ဆက်ဆံရေးအတက်အကျဆိုတာ ရှိနေပါတယ်။ ဒါကြောင့် ဘယ်တော့မှ နေသာတဲ့လမ်းခရီးဖြစ်စေဖို့ မမျှော်လင့်သင့်ပဲ ဘယ်လောက်ပဲ မိုးသည်းပါစေ၊ လက်တွေ့ကျကျတွေးတောသင့်ပါတယ်။ ဒါမှသာ relationship အတွင်းပြောင်းလဲမှုတွေကို နားလည်လက်ခံနိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့အချိန်လေးတွေ
တခါတစ်လေမှာ နှစ်ယောက်တည်းပြီးပြည့်စုံတဲ့ အချိန်လေးတွေ ဖန်တီးဖို့အတွက် လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ သင်တို့ရဲ့ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ခဏဘေးချိတ်ထားပါ။ ဒီလိုအချိန်လေးတွေ ဖန်တီးတာဟာ ဘဝမှာကြုံလာတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ပြင်ဆင်ဖာထေးနိုင်ဖို့နဲ့ အတူရင်ဆိုင်ဖန်တီးနိုင်ဖို့ ကူညီပေးပါတယ်။ ဒီလိုအချိန်လေးတွေဖန်တီးတဲ့အခါ တီဗွီရှေ့မှာတော့ မကုန်ဆုံးပါစေနဲ့။ နှစ်ဦးစလုံးပျော်ရွင်နိုင်မယ့် လှုပ်ရှားမှုလေးတွေကို ပြုလုပ်ပေးပါ။ ဒီလိုအချိန်မှာ အလုပ်အကြောင်းစိုးရိမ်တာတွေ အခြားတာဝန်ခံစရာကိစ္စရပ်တွေကို ခဏလောက်တော့ခေါက်ထားပေးပါ။

သီးခြားစီအချိန်ဖြုန်းပါ
သင်မှာ သီးခြားဝါသနာနဲ့ လှုပ်ရှားမှုတစ်ခု ရှိနေသင့်ပြီး ဒါဟာသင်တို့ရဲ့ relationship ကို ပိုမိုလတ်ဆတ်သစ်လွင်စေပါတယ်။ နှစ်ဦးသားရဲ့ အတွေ့အကြုံတွေကိုလည်း အပြန်အလှန်ဖလှယ်နိုင်ပါတယ်။ သီးခြားစီအချိန်ဖြုန်းတာဟာ ဘယ်လို relationship အတွက်ကိုမဆို အရေးပါတဲ့အရာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ်ပိုင်အချိန်နဲ့ နေရာရှိဖို့လိုအပ်ပြီး အရာရာတိုင်းကို ရှင်းလင်းစွာတွေးတောနိုင်ဖို့ ကူညီပေးပါတယ်။

ကိုယ့်ရဲ့ လက်တွဲဖော်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့
ကိုယ့်ရ့လက်တွဲဖော်ကို ပြောင်းလဲဖို့ ကြိုးစားနေခြင်းဟာ တနည်းအားဖြင့် သူ့ကိုအပြစ်တင်နေတဲ့ အဓိပ္ပာယ်ဖြစ်သွားစေနိုင်ပါတယ်။ ဒီလိုသူ့ရဲ့စိတ်မှာယူဆရင် အဆင်မပြေမှုတွေ ကြုံတွေလာနိုင်ပါတယ်။ ဒါကြောင့် သူ့ကိုပြောင်းလဲဖို့ကြိုးစားနေမယ့်အစား မသိသာတဲ့ဖြောင်းဖျမှုတွေ အလေ့အကျင့်တွေနဲ့ အကောင်းဆုံး ချဉ်းကပ်နိုင်ပါတယ်။

အပြောင်းအလဲတွေကို ပေါင်းစပ်ပါ
သင့်ရဲ့လက်တွဲဖော်ပြောသမျှကို ကြားဖြတ်ပြောခြင်း မရှိပဲ ဆုံးအောင်နားထောင်ပေးပါ။ တကယ်လို့ သဘောမတူတဲ့ အချက်တွေပါရင်တောင်မှ သူ့စိတ်ကိုစာနာမှုရှိပြီး စိတ်ကူးကိုလေးစားဖို့လိုပါတယ်။ ဒီလိုအမူအကျင့်ဟာ အဖြေရှာဖို့အတွက် ပိုမိုလွယ်ကူပါတယ်။ ပြီးမှကိုယ့်ရဲ့အမြင်ကို ဆွေးနွေးပြီး အကြောင်းအရာအပေါ် အတူတကွအဖြေထုတ်ပါ။ ယခုလိုအမူအကျင့်ကောင်းတွေကို အားထုတ်နေခြင်းဖြင့် သင်တို့ရဲ့ relationship အတွင်းမှာ အကောင်းဖက်ဆောင်တဲ့ ရလာဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here