တစ္ကိုယ္ေရက်န္မာေရး နဲ႔ သန္႔ရွင္းေရးအတြက္ မျပဳလုပ္သင့္တဲ့ အမွားေတြ

0
233

၁။ လက္သည္းကိုက္တတ္ေသာ အက်င့္
တစ္ခါတေလမွာ စိတ္ခံစားမႈ ဒါမွမဟုတ္ စိတ္ပိုင္းဆိုင္ရာဖိစီးမႈေၾကာင့္ ျဖစ္ေပၚေသာခံစားခ်က္ကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ စဥ္းစားတဲ့အခါ၊ ေတြးမိတဲ့အခါ လက္သည္းကိုက္တဲ့အက်င့္ကို ျပဳလုပ္တတ္ၾကပါတယ္။ ထိုအျပဳအမူဟာ မိမိကိုယ္တိုင္း သတိမထားမိပဲ ထိုကဲ့သို႔ေသာ စိတ္ခံစားမႈမ်ားျဖစ္ေပၚတဲ့အခါမွာ မသိစိတ္ကေန ျဖစ္လာတဲ့ အက်င့္တစ္ခုပါ။
ဒီအျပဳအမူဟာ သင့္က်န္းမာေရးအတြက္ ဆိုးရြားတဲ့ အျပဳအမူျဖစ္တာေၾကာင့္ တက္ႏိုင္ဆုံး ေရွာင္ရွားဖို႔ လိုအပ္ပါတယ္။

-Advertisement-

၂။ အိမ္သာအသုံးျပဳတဲ့အခါ


အေပါ့သြားတာပဲျဖစ္ျဖစ္ အေလးသြားတာပဲျဖစ္ျဖစ္ အိမ္သာက ျပန္လာရင္ေတာ့ လက္ကို စင္ၾကယ္ေအာင္ သန္႔စင္ေပးရပါတယ္။ မ်ားေသာအားျဖင့္ အေပါ့သြားတဲ့အခါမွာ လက္ေဆးတဲ့အက်င့္ သိမ့္မရွိၾကပါဘူး။ ငါအေပါ့ပဲ သြားတာ လက္ေဆးစရာမလိုဘူးလို႔ ထင္ရေပမဲ့ က်န္းမာေရးအရေတာ့ အိမ္သာထဲဝင္ၿပီး ျပန္ထြက္တာနဲ႔ လက္ကို စင္ၾကယ္ေအာင္ ေဆးေၾကာေပးရမွာျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္သာထဲမွာရွိတဲ့ ပိုးမႊားေတြဟာ ၂မီတာအထိျပန္႔ႏွံ႕လြယ္တာေၾကာင့္ ႐ိုး႐ိုးယင္လုံအိမ္သာပဲျဖစ္ျဖစ္၊ ဘိုထိုင္အိမ္သာပဲျဖစ္ျဖစ္ အသုံးျပဳၿပီးတဲ့အခါမွာ အဖုံးကို လုံေအာင္ ဖုံးသင့္ပါတယ္။

၃။ သြားတိုက္တံ


သြားတိုက္တံကို အခ်ိန္ၾကာျမင့္စြာ အသုံးမျပဳသင့္သလို သိမ္းဆည္းတဲ့အခါမွာလဲ ျမန္ျမန္ဆန္ဆန္ ေျခာက္ေသြ႕လြယ္တဲ့ ေနရာမ်ိဳးေတြ သိမ္းဆည္းသင့္ပါတယ္။သြားတိုက္တံ တစ္ေခ်ာင္းကို အနည္းဆုံး ၃လထိသာ အသုံးျပဳသင့္ၿပီး ၃လေက်ာ္တဲ့အခါ အသစ္ကို ေျပာင္းလဲ အသုံးျပဳသင့္ပါတယ္။ ဒါ့အျပင္ သင့္သြားတိုက္တံဟာအၿမဲလိုလို စိုထိုင္းေနရင္ ဗိုင္းရပ္စ္ မ်ားခိုေအာင္းတတ္တာေၾကာင့္ ေျခာက္ေသြ႕လြယ္တဲ့ ေနရာမွာ ထားသင့္ပါတယ္။

၄။ သြားတိုက္နည္း


သြားကို စနစ္တက်မတိုက္တတ္တဲ့အခါမွာ သြားမ်ား ခိုင္ခံ့မႈမရွိျခင္း၊ သြားဖုံးၾကားမွ ေသြးယိုျခင္းမ်ားျဖစ္ေပၚတတ္ၿပီး ဆရာဝန္မ်ားရဲ႕ အႀကံျပဳခ်က္အရ သြားကို ၂မိနစ္ေလာက္ပဲတိုက္သင့္တယ္လို႔ ဆိုပါတယ္။

၅။ ေန႔စဥ္ထိေတြ႕ေသာ ပစၥည္းမ်ား


ကၽြန္ေတာ္တို႔ ေနစဥ္ထိေတြ႕ေနတဲ့ ပစၥည္းမ်ားကို သန္႔ရွင္းဖို႔ အရမ္းအေရးႀကီးပါတယ္။ ထိုပစၥည္းမ်ားကေနတစ္ဆင့္ ပိုးမႊားမ်ား အလြယ္တကူ ကူးစက္ႏိုင္တာေၾကာင့္ သင္အသုံးျပဳေနက်ကီးဘုတ္၊ စမတ္ဖုန္း၊ နားၾကပ္၊ တံခါးလက္ကိုင္၊ remote စတဲ့ ပစၥည္းမ်ားကို အရက္ျပန္ ျဖင့္ ေသခ်ာ သန္႔စင္ဖို႔ လိုအပ္ပါတယ္။

၆။ ေျခသည္းညွပ္တဲ့အခါ


ေျခသည္းညွပ္တဲ့အခါမွာ အရမ္းတိုေအာင္ မညွပ္သင့္ပါဘူး။ ညွပ္သင့္တဲ့ေနရာထက္ ေျခသည္းစကို အနည္းငယ္ခ်န္ၿပီးမွ ညွပ္သင့္ပါတယ္။ ဒါအျပင့္ ေဘးေထာင့္ခၽြန္းမ်ားကိုလည္း ေသခ်ာစြာဝိုက္ညွပ္သင့္ပါတယ္။ ေျခသည္းစကို ကုန္ေအာင္ညွပ္ျခင္း၊ ေထာင့္စြန္းမ်ားကို ေသခ်ာဝိုက္မညွပ္လွ်င္ ေျခစြယ္ငုပ္ျခင္း စတဲ့ နာက်င္ျခင္း ေဝဒနာကို ခံစားရမွာျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

Unicode

၁။ လက်သည်းကိုက်တတ်သော အကျင့်
တစ်ခါတလေမှာ စိတ်ခံစားမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာဖိစီးမှုကြောင့် ဖြစ်ပေါ်သောခံစားချက်ကို ကျော်လွှားနိုင်ဖို့အတွက် စဉ်းစားတဲ့အခါ၊ တွေးမိတဲ့အခါ လက်သည်းကိုက်တဲ့အကျင့်ကို ပြုလုပ်တတ်ကြပါတယ်။ ထိုအပြုအမူဟာ မိမိကိုယ်တိုင်း သတိမထားမိပဲ ထိုကဲ့သို့သော စိတ်ခံစားမှုများဖြစ်ပေါ်တဲ့အခါမှာ မသိစိတ်ကနေ ဖြစ်လာတဲ့ အကျင့်တစ်ခုပါ။
ဒီအပြုအမူဟာ သင့်ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အပြုအမူဖြစ်တာကြောင့် တက်နိုင်ဆုံး ရှောင်ရှားဖို့ လိုအပ်ပါတယ်။
၂။ အိမ်သာအသုံးပြုတဲ့အခါ
အပေါ့သွားတာပဲဖြစ်ဖြစ် အလေးသွားတာပဲဖြစ်ဖြစ် အိမ်သာက ပြန်လာရင်တော့ လက်ကို စင်ကြယ်အောင် သန့်စင်ပေးရပါတယ်။ များသောအားဖြင့် အပေါ့သွားတဲ့အခါမှာ လက်ဆေးတဲ့အကျင့် သိမ့်မရှိကြပါဘူး။ ငါအပေါ့ပဲ သွားတာ လက်ဆေးစရာမလိုဘူးလို့ ထင်ရပေမဲ့ ကျန်းမာရေးအရတော့ အိမ်သာထဲဝင်ပြီး ပြန်ထွက်တာနဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်သာထဲမှာရှိတဲ့ ပိုးမွှားတွေဟာ ၂မီတာအထိပြန့်နှံ့လွယ်တာကြောင့် ရိုးရိုးယင်လုံအိမ်သာပဲဖြစ်ဖြစ်၊ ဘိုထိုင်အိမ်သာပဲဖြစ်ဖြစ် အသုံးပြုပြီးတဲ့အခါမှာ အဖုံးကို လုံအောင် ဖုံးသင့်ပါတယ်။
၃။ သွားတိုက်တံ
သွားတိုက်တံကို အချိန်ကြာမြင့်စွာ အသုံးမပြုသင့်သလို သိမ်းဆည်းတဲ့အခါမှာလဲ မြန်မြန်ဆန်ဆန် ခြောက်သွေ့လွယ်တဲ့ နေရာမျိုးတွေ သိမ်းဆည်းသင့်ပါတယ်။သွားတိုက်တံ တစ်ချောင်းကို အနည်းဆုံး ၃လထိသာ အသုံးပြုသင့်ပြီး ၃လကျော်တဲ့အခါ အသစ်ကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် သင့်သွားတိုက်တံဟာအမြဲလိုလို စိုထိုင်းနေရင် ဗိုင်းရပ်စ် များခိုအောင်းတတ်တာကြောင့် ခြောက်သွေ့လွယ်တဲ့ နေရာမှာ ထားသင့်ပါတယ်။

၄။ သွားတိုက်နည်း
သွားကို စနစ်တကျမတိုက်တတ်တဲ့အခါမှာ သွားများ ခိုင်ခံ့မှုမရှိခြင်း၊ သွားဖုံးကြားမှ သွေးယိုခြင်းများဖြစ်ပေါ်တတ်ပြီး ဆရာဝန်များရဲ့ အကြံပြုချက်အရ သွားကို ၂မိနစ်လောက်ပဲတိုက်သင့်တယ်လို့ ဆိုပါတယ်။

၅။ နေ့စဉ်ထိတွေ့သော ပစ္စည်းများ
ကျွန်တော်တို့ နေစဉ်ထိတွေ့နေတဲ့ ပစ္စည်းများကို သန့်ရှင်းဖို့ အရမ်းအရေးကြီးပါတယ်။ ထိုပစ္စည်းများကနေတစ်ဆင့် ပိုးမွှားများ အလွယ်တကူ ကူးစက်နိုင်တာကြောင့် သင်အသုံးပြုနေကျကီးဘုတ်၊ စမတ်ဖုန်း၊ နားကြပ်၊ တံခါးလက်ကိုင်၊ remote စတဲ့ ပစ္စည်းများကို အရက်ပြန် ဖြင့် သေချာ သန့်စင်ဖို့ လိုအပ်ပါတယ်။

၆။ ခြေသည်းညှပ်တဲ့အခါ
ခြေသည်းညှပ်တဲ့အခါမှာ အရမ်းတိုအောင် မညှပ်သင့်ပါဘူး။ ညှပ်သင့်တဲ့နေရာထက် ခြေသည်းစကို အနည်းငယ်ချန်ပြီးမှ ညှပ်သင့်ပါတယ်။ ဒါအပြင့် ဘေးထောင့်ချွန်းများကိုလည်း သေချာစွာဝိုက်ညှပ်သင့်ပါတယ်။ ခြေသည်းစကို ကုန်အောင်ညှပ်ခြင်း၊ ထောင့်စွန်းများကို သေချာဝိုက်မညှပ်လျှင် ခြေစွယ်ငုပ်ခြင်း စတဲ့ နာကျင်ခြင်း ဝေဒနာကို ခံစားရမှာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here