တင္းပါးၾကြက္သားတင္းရင္းလွပေစဖို႔ အပ္ေပါင္း ၁၀၀ ေက်ာ္နဲ႔ ကုသလိုက္တဲ့ မင္းသမီး Marcela Iglesias

0
6949
Marcela Iglesias
Marcela Iglesias

အသက္အရြယ္မေရြးျဖစ္တတ္တဲ့ တင္ပါးအေရျပား တြဲက်မႈကို ကာကြယ္ဖို႔အတြက္ ပင့္ကူအိမ္ပုံသ႑ာန္ အပ္စိုက္ကုထုံးကို အသုံးျပဳလာၾကပါၿပီ။ သ႐ုပ္ေဆာင္မင္းသမီးတစ္လတ္ျဖစ္တဲ့ Marcela Iglesias ဟာလည္း သူ႔ရဲ႕ တင္ပါးၾကြက္သားေတြ တင္မားမႈမရွိဘဲ တြဲက်ေနတာကို ျပဳျပင္ဖို႔အတြက္ အပ္ေပါင္း ၁၀၀ ေက်ာ္ထိုးသြင္းၿပီး ဒီကုထုံးနဲ႔ ကုသခဲ့ပါတယ္။ ထိုအပ္စိုက္ကုထုံးဟာ ေကာ္လာဂ်င္ကို လႈံ႕ေဆာ္ေပးႏိုင္ၿပီး တင္ပါးၾကြက္သားကို တင္းမာေစပါတယ္။

က်န္းမာေရးအရ ပုံမွန္ ေသြးစုတ္ေမွ်ာ့ျဖင့္ ကုသတဲ့ ကုထုံးနဲ႔ယွဥ္ရင္ဒီနည္းလမ္းဟာ နာက်င္မႈလည္း မရွိဘဲ လူကို အႏၱာရာယ္လည္း မျဖစ္ေစပါဘူးလို႔ဆိုပါတယ္။ ဒီလိုကုသလိုက္တဲ့အတြက္ သူမဟာ အရင္ကထက္ပိုၿပီး အသက္ငယ္ငယ္ေလးလို လွလွပပ ျပန္ျဖစ္သြားမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ လူေတြဟာ သူမရဲ႕ အသက္အစစ္အမွန္နဲ႔ ၁၇ႏွစ္အရြယ္သားတစ္ေယာက္ရွိတယ္ဆိုတာကို မယုံၾကပါဘူး။ သူမရဲ႕ ငယ္ရြယ္ႏုပ်ိဳတဲ့ အသားအေရကို ဆက္လက္ထိန္းသိမ္းဖို႔အတြက္လြန္ခဲ့တဲ့ ငါးႏွစ္ထဲက အသားနဲ႔ ဆိုဒါ စားသုံးျခင္းကို ျဖတ္ပစ္ခဲ့ၿပီး သူမရဲ႕ ခႏၶာကိုယ္ကိုထိန္းသိမ္းေစာင့္ေရွာင္ဖို႔အတြက္ ေသြးစုတ္ေမွ်ာ့ျဖင့္ ကုသမႈေတြ သုေတသနေတြနဲ႔ အမ်ားႀကီးလုပ္ခဲ့ရပါတယ္။

သူမယခုကုသေနတဲ့ ပင့္ကူအိမ္ပုံသ႑ာန္အပ္စိုက္ကုထုံးဟာ ၾကြက္သားေတြကို တင္းရင္းေစၿပီး ေကာ္လဂ်င္ကိုလႈံ႕ေဆာ္ေပးပါတယ္။ သူမကိုယ္တိုင္က ခြဲစိတ္ကုသရမွာ ေၾကာက္တဲ့အတြက္ ဒီနည္းလမ္းကို ေရြးခ်ယ္ကုသခဲ့တာျဖစ္ပါတယ္။ က်န္းမာေရးအရ ဒီနည္းလမ္းဟာ စိုးရိမ္စရာမရွိတဲ့ ကုသနည္းတစ္မ်ိဳးျဖစ္ၿပီး သူမကို ငယ္ရြယ္ႏုပ်ိဳေစတဲ့အတြက္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိလာတယ္လို႔ ခံစားရပါတယ္။ သူမဟာ ခႏၶာကိုယ္ကို ခြဲစိတ္ျပဳျပင္စရာမလိုဘဲ ငယ္ရြယ္ႏုပ်ိဳေစမဲ့ နည္းလမ္းအသစ္ေတြကို ရွာေဖြေနသူလည္း ျဖစ္ပါတယ္။ အခု သူမကုသထားတဲ့ ပင့္ကူအိမ္အပ္စိုက္ကုထုံးကေတာ့ ကုန္က်စရိတ္ ေဒၚလာ ၃ေထာင္ရွိပါတယ္လို႔ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

တစ္ေန႔ကို ၈နာရီထက္ပိုအိပ္တဲ့အခါ ျဖစ္ေပၚတတ္တဲ့ က်န္းမာေရးျပႆနာ ၆မ်ိဳး


Unicode

တင်းပါးကြွက်သားတင်းရင်းလှပစေဖို့ အပ်ပေါင်း ၁၀၀ ကျော်နဲ့ ကုသလိုက်တဲ့ မင်းသမီး Marcela Iglesias
အသက်အရွယ်မရွေးဖြစ်တတ်တဲ့ တင်ပါးအရေပြား တွဲကျမှုကို ကာကွယ်ဖို့အတွက် ပင့်ကူအိမ်ပုံသဏ္ဍာန် အပ်စိုက်ကုထုံးကို အသုံးပြုလာကြပါပြီ။ သရုပ်ဆောင်မင်းသမီးတစ်လတ်ဖြစ်တဲ့ Marcela Iglesias ဟာလည်း သူ့ရဲ့ တင်ပါးကြွက်သားတွေ တင်မားမှုမရှိဘဲ တွဲကျနေတာကို ပြုပြင်ဖို့အတွက် အပ်ပေါင်း ၁၀၀ ကျော်ထိုးသွင်းပြီး ဒီကုထုံးနဲ့ ကုသခဲ့ပါတယ်။ ထိုအပ်စိုက်ကုထုံးဟာ ကော်လာဂျင်ကို လှုံ့ဆော်ပေးနိုင်ပြီး တင်ပါးကြွက်သားကို တင်းမာစေပါတယ်။

ကျန်းမာရေးအရ ပုံမှန် သွေးစုတ်မျှော့ဖြင့် ကုသတဲ့ ကုထုံးနဲ့ယှဉ်ရင်ဒီနည်းလမ်းဟာ နာကျင်မှုလည်း မရှိဘဲ လူကို အန္တာရာယ်လည်း မဖြစ်စေပါဘူးလို့ဆိုပါတယ်။ ဒီလိုကုသလိုက်တဲ့အတွက် သူမဟာ အရင်ကထက်ပိုပြီး အသက်ငယ်ငယ်လေးလို လှလှပပ ပြန်ဖြစ်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။ လူတွေဟာ သူမရဲ့ အသက်အစစ်အမှန်နဲ့ ၁၇နှစ်အရွယ်သားတစ်ယောက်ရှိတယ်ဆိုတာကို မယုံကြပါဘူး။ သူမရဲ့ ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ဆက်လက်ထိန်းသိမ်းဖို့အတွက်လွန်ခဲ့တဲ့ ငါးနှစ်ထဲက အသားနဲ့ ဆိုဒါ စားသုံးခြင်းကို ဖြတ်ပစ်ခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ကိုထိန်းသိမ်းစောင့်ရှောင်ဖို့အတွက် သွေးစုတ်မျှော့ဖြင့် ကုသမှုတွေ သုတေသနတွေနဲ့ အများကြီးလုပ်ခဲ့ရပါတယ်။

သူမယခုကုသနေတဲ့ ပင့်ကူအိမ်ပုံသဏ္ဍာန်အပ်စိုက်ကုထုံးဟာ ကြွက်သားတွေကို တင်းရင်းစေပြီး ကော်လဂျင်ကိုလှုံ့ဆော်ပေးပါတယ်။ သူမကိုယ်တိုင်က ခွဲစိတ်ကုသရမှာ ကြောက်တဲ့အတွက် ဒီနည်းလမ်းကို ရွေးချယ်ကုသခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးအရ ဒီနည်းလမ်းဟာ စိုးရိမ်စရာမရှိတဲ့ ကုသနည်းတစ်မျိုးဖြစ်ပြီး သူမကို ငယ်ရွယ်နုပျိုစေတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်လို့ ခံစားရပါတယ်။ သူမဟာ ခန္ဓာကိုယ်ကို ခွဲစိတ်ပြုပြင်စရာမလိုဘဲ ငယ်ရွယ်နုပျိုစေမဲ့ နည်းလမ်းအသစ်တွေကို ရှာဖွေနေသူလည်း ဖြစ်ပါတယ်။ အခု သူမကုသထားတဲ့ ပင့်ကူအိမ်အပ်စိုက်ကုထုံးကတော့ ကုန်ကျစရိတ် ဒေါ်လာ ၃ထောင်ရှိပါတယ်လို့ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here