တခြားနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့အခါ အရိပ်အမြွက်မသိဘဲ မပြုလုပ်သင့်တဲ့ အရာများ

0
84

ခရီးသွားတယ်ဆိုတာဟာ တချို့လူတွေအတွက်တော့ အလုပ်ခွင်က စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကနေ ခဏတာအနားယူချင်ကြတာဖြစ်ပြီးတော့ တစ်ချို့အတွက်ကျတော့ အတွေ့အကြုံအသစ်တွေကို ရှာချင်၊ တွေ့ချင်၊ မြင်ချင်ကြလို့ပါ။ သို့သော်လည်း နေရာသစ်ကို သွားရောက်လည်ပတ်ပြီး ရိုးရာအသစ်၊ လူသစ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ မလုပ်သင့်တဲ့အရာလေးတွေကို သိထားသင့်ပါတယ်။

ဒါကြောင့် ကိုယ်နဲ့မရင်းနှီးတဲ့နေရာကို သွားမယ်ဆိုတဲ့အခါ ပြဿနာတွေမကြုံရလေအောင် မသွားခင်ကတည်းက ကြိုတင်သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်ရပါတယ်။

၁။ ရုရှားရောက်ရင် စုံဂဏန်းအရေအတွက်နဲ့ ပန်းစည်းမပေးပါနဲ့

အရှေ့ဥရောပနိုင်ငံအများစုဟာ စုံဂဏန်း ပန်းအရေအတွက်နဲ့ ပန်းစည်းပေးခြင်းက အရမ်းကိုစော်ကားရာကျပြီးတော့ မသင့်လျော်တဲ့ အပြုအမူဖြစ်ပါတယ်။ စုံဂဏန်းဆိုတာဟာ ဈာပနတွေမှာသာလျှင် အသုံးပြုတဲ့အတွက်ကြောင့် သူတစ်ပါးကို စိတ်မဆိုးစေချင်ဘူးဆိုရင် မဂဏန်းနဲ့ ပန်းစည်းကိုသာပေးလိုက်ပါ။

၂။ တရုတ်ရောက်ရင် မျက်စိတည့်တည့်ကြည့်ခြင်းကို ရှောင်ပါ

တရုတ်နိုင်ငံမှာ မျက်လုံးတည့်တည့်ကြည့်ခြင်းက တစ်ဖက်သားအပေါ် မလေးစားတဲ့လက္ခဏာအဖြစ် ယူဆကြပါတယ်။ တရုတ်လူမျိုးတွေဟာ တစ်စုံတစ်ယောက်အပေါ် အရမ်းဒေါသထွက်၊ စိတ်ဆိုးတဲ့အခါ ဒီလိုပြုမူတဲ့အတွက် သူတို့နဲ့ဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် သတိထားပါ။

၃။ ထိုင်းနိုင်ငံက တော်ဝင်မျိုးနွယ်တွေကို ဘယ်လိုနည်းနဲ့မှ မရိုင်းပျမိပါစေနဲ့

သူတို့နဲ့ပတ်သက်လို့ ဟာသလေးနည်းနည်းလောက်ပြောလိုက်ရင်ကို ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ထိုင်းပိုက်ဆံကို ခြေထောက်နဲ့နင်းခြေမိပါက ရာဇဝတ်သားအဖြစ် ဆက်ဆံခံရနိုင်ပါတယ်။

၄။ နော်ဝေးမှာ ဘုရားကျောင်းသွားကြောင်း မပြောပါနဲ့

နော်ဝေးကိုရောက်ခဲ့ရင် ဘုရားကျောင်းသွားမသွား မေးခြင်းကို ရှောင်ကြဥ်ပါ။ လူဦးရေအနည်းငယ်သာလျှင် ဘုရားကျောင်းသွားကြတဲ့အတွက် ထိုအကြောင်းအရာကို ပြောလိုက်ခြင်းက ရိုင်းစိုင်းရာကျတာကြောင့် မပြောမိအောင် သတိထားပါ။

၅။ အိန္ဒိယဘုရားကျောင်း သို့မဟုတ် အိမ်တွေထဲကို ဝင်တဲ့အခါ ဖိနပ်မစီးပါနဲ့

ဘုရားကျောင်း သို့မဟုတ် တခြားလူရဲ့ အိမ်ထဲကို ဝင်တော့မယ်ဆိုရင် ဖိနပ်ကိုအရင်ချွတ်ပြီးမှ ဝင်ပါ။

၆။ စင်ကာပူနိုင်ငံမှာ အိမ်မွေးတိရစ္ဆာန်တွေကို ခွင့်မပြုပါဘူး

အချို့သော အန္တရာယ်ရှိတယ်လို့သတ်မှတ်ထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စင်ကာပူနိုင်ငံမှာ ခွင့်မပြုပါဘူး။ ဒါကြောင့် ကိုယ်က ကိုယ့်ခွေးလေးနဲ့ ခရီးအတူထွက်ချင်တယ်ဆိုရင် စင်ကာပူနိုင်ငံတော့ သွားလို့ဖြစ်မှာမဟုတ်ပါဘူး။

၇။ အမေရိကားမှာ စည်းကမ်းမရှိ လမ်းလျှောက်တာမျိုး ခွင့်မပြုပါဘူး

United States မှာ သတ်မှတ်ထားတဲ့စည်းမျဥ်းအတိုင်း မလိုက်နာဘဲ စည်းမရှိကမ်းမရှိ လမ်းလျှောက်ခြင်းက ဥပဒေနဲ့ဆန့်ကျင်ရာကျပါတယ်။ ဒါကြောင့် ပြဿနာမတက်မိအောင် လူကူးမျဥ်းကြားကနေ လမ်းကူးပါ။

၈။ ဆွစ်ဇာလန်နိုင်ငံမှာ ချွန်ထက်တဲ့ပစ္စည်းတွေကို လက်ဆောင်မပေးပါနဲ့

ဆွစ်ဇာလန်နိုင်ငံအပြင် ဂျာမနီ၊ ဘရာဇီးနှင့် အီဂျစ်တို့လို နိုင်ငံတွေမှာလည်း ချွန်ထက်တဲ့ပစ္စည်းတွေကို လက်ဆောင်ပေးခြင်းက ကျင့်ဝတ်ထုံးတမ်းနဲ့မညီတာကြောင့် နှစ်ဦးကြားဆက်ဆံရေးကို အဆုံးသတ်သွားစေနိုင်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside

Zawgyi

တျခားႏိုင္ငံေတြကို သြားေရာက္လည္ပတ္တဲ့အခါ အရိပ္အႁမြက္မသိဘဲ မျပဳလုပ္သင့္တဲ့ အရာမ်ား

ခရီးသြားတယ္ဆိုတာဟာ တခ်ိဳ႕လူေတြအတြက္ေတာ့ အလုပ္ခြင္က စိတ္ညစ္စရာ၊ စိတ္ရႈပ္စရာေတြကေန ခဏတာအနားယူခ်င္ၾကတာျဖစ္ၿပီးေတာ့ တစ္ခ်ိဳ႕အတြက္က်ေတာ့ အေတြ႕အႀကဳံအသစ္ေတြကို ရွာခ်င္၊ ေတြ႕ခ်င္၊ ျမင္ခ်င္ၾကလို႔ပါ။ သို႔ေသာ္လည္း ေနရာသစ္ကို သြားေရာက္လည္ပတ္ၿပီး ႐ိုးရာအသစ္၊ လူသစ္ေတြနဲ႔ ေတြ႕ဆုံတဲ့အခါမွာေတာ့ မလုပ္သင့္တဲ့အရာေလးေတြကို သိထားသင့္ပါတယ္။

ဒါေၾကာင့္ ကိုယ္နဲ႔မရင္းႏွီးတဲ့ေနရာကို သြားမယ္ဆိုတဲ့အခါ ျပႆနာေတြမႀကဳံရေလေအာင္ မသြားခင္ကတည္းက ႀကိဳတင္သိထားသင့္တဲ့ အခ်က္ေလးေတြကို ေျပာျပေပးလိုက္ရပါတယ္။

၁။ ႐ုရွားေရာက္ရင္ စုံဂဏန္းအေရအတြက္နဲ႔ ပန္းစည္းမေပးပါနဲ႔

အေရွ႕ဥေရာပႏိုင္ငံအမ်ားစုဟာ စုံဂဏန္း ပန္းအေရအတြက္နဲ႔ ပန္းစည္းေပးျခင္းက အရမ္းကိုေစာ္ကားရာက်ၿပီးေတာ့ မသင့္ေလ်ာ္တဲ့ အျပဳအမူျဖစ္ပါတယ္။ စုံဂဏန္းဆိုတာဟာ ဈာပနေတြမွာသာလွ်င္ အသုံးျပဳတဲ့အတြက္ေၾကာင့္ သူတစ္ပါးကို စိတ္မဆိုးေစခ်င္ဘူးဆိုရင္ မဂဏန္းနဲ႔ ပန္းစည္းကိုသာေပးလိုက္ပါ။

၂။ တ႐ုတ္ေရာက္ရင္ မ်က္စိတည့္တည့္ၾကည့္ျခင္းကို ေရွာင္ပါ

တ႐ုတ္ႏိုင္ငံမွာ မ်က္လုံးတည့္တည့္ၾကည့္ျခင္းက တစ္ဖက္သားအေပၚ မေလးစားတဲ့လကၡဏာအျဖစ္ ယူဆၾကပါတယ္။ တ႐ုတ္လူမ်ိဳးေတြဟာ တစ္စုံတစ္ေယာက္အေပၚ အရမ္းေဒါသထြက္၊ စိတ္ဆိုးတဲ့အခါ ဒီလိုျပဳမူတဲ့အတြက္ သူတို႔နဲ႔ဆက္ဆံေရးအဆင္ေျပခ်င္တယ္ဆိုရင္ သတိထားပါ။

၃။ ထိုင္းႏိုင္ငံက ေတာ္ဝင္မ်ိဳးႏြယ္ေတြကို ဘယ္လိုနည္းနဲ႔မွ မ႐ိုင္းပ်မိပါေစနဲ႔

သူတို႔နဲ႔ပတ္သက္လို႔ ဟာသေလးနည္းနည္းေလာက္ေျပာလိုက္ရင္ကို ဒုကၡေရာက္သြားႏိုင္ပါတယ္။ ဒါ့အျပင္ ထိုင္းပိုက္ဆံကို ေျခေထာက္နဲ႔နင္းေျခမိပါက ရာဇဝတ္သားအျဖစ္ ဆက္ဆံခံရႏိုင္ပါတယ္။

၄။ ေနာ္ေဝးမွာ ဘုရားေက်ာင္းသြားေၾကာင္း မေျပာပါနဲ႔

ေနာ္ေဝးကိုေရာက္ခဲ့ရင္ ဘုရားေက်ာင္းသြားမသြား ေမးျခင္းကို ေရွာင္ၾကဥ္ပါ။ လူဦးေရအနည္းငယ္သာလွ်င္ ဘုရားေက်ာင္းသြားၾကတဲ့အတြက္ ထိုအေၾကာင္းအရာကို ေျပာလိုက္ျခင္းက ႐ိုင္းစိုင္းရာက်တာေၾကာင့္ မေျပာမိေအာင္ သတိထားပါ။

၅။ အိႏၵိယဘုရားေက်ာင္း သို႔မဟုတ္ အိမ္ေတြထဲကို ဝင္တဲ့အခါ ဖိနပ္မစီးပါနဲ႔

ဘုရားေက်ာင္း သို႔မဟုတ္ တျခားလူရဲ႕ အိမ္ထဲကို ဝင္ေတာ့မယ္ဆိုရင္ ဖိနပ္ကိုအရင္ခြၽတ္ၿပီးမွ ဝင္ပါ။

၆။ စင္ကာပူႏိုင္ငံမွာ အိမ္ေမြးတိရစာၦန္ေတြကို ခြင့္မျပဳပါဘူး

အခ်ိဳ႕ေသာ အႏၲရာယ္ရွိတယ္လို႔သတ္မွတ္ထားတဲ့ အိမ္ေမြးတိရစာၦန္ေတြကို စင္ကာပူႏိုင္ငံမွာ ခြင့္မျပဳပါဘူး။ ဒါေၾကာင့္ ကိုယ္က ကိုယ့္ေခြးေလးနဲ႔ ခရီးအတူထြက္ခ်င္တယ္ဆိုရင္ စင္ကာပူႏိုင္ငံေတာ့ သြားလို႔ျဖစ္မွာမဟုတ္ပါဘူး။

၇။ အေမရိကားမွာ စည္းကမ္းမရွိ လမ္းေလွ်ာက္တာမ်ိဳး ခြင့္မျပဳပါဘူး

United States မွာ သတ္မွတ္ထားတဲ့စည္းမ်ဥ္းအတိုင္း မလိုက္နာဘဲ စည္းမရွိကမ္းမရွိ လမ္းေလွ်ာက္ျခင္းက ဥပေဒနဲ႔ဆန႔္က်င္ရာက်ပါတယ္။ ဒါေၾကာင့္ ျပႆနာမတက္မိေအာင္ လူကူးမ်ဥ္းၾကားကေန လမ္းကူးပါ။

၈။ ဆြစ္ဇာလန္ႏိုင္ငံမွာ ခြၽန္ထက္တဲ့ပစၥည္းေတြကို လက္ေဆာင္မေပးပါနဲ႔

ဆြစ္ဇာလန္ႏိုင္ငံအျပင္ ဂ်ာမနီ၊ ဘရာဇီးႏွင့္ အီဂ်စ္တို႔လို ႏိုင္ငံေတြမွာလည္း ခြၽန္ထက္တဲ့ပစၥည္းေတြကို လက္ေဆာင္ေပးျခင္းက က်င့္ဝတ္ထုံးတမ္းနဲ႔မညီတာေၾကာင့္ ႏွစ္ဦးၾကားဆက္ဆံေရးကို အဆုံးသတ္သြားေစႏိုင္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here