တခြားတိုင်းပြည်တွေကို သွားတဲ့အခါ ကျွန်တော်တို့ မလုပ်သင့်တဲ့ စိတ်ကသိကအောက်ဖြစ်စရာများ

0
78
- Advertisement -

” ရောမရောက်ရင် ရောမလိုကျင့်ပါ” ဆိုတဲ့ ရှေးဟောင်းစကားပုံက နေရာတိုင်းမှာ မှန်ကန်နေဆဲပါ။ သင်ပြည်ပကို ခရီးသွားတဲ့အခါ လုံ့လဝီရိယထားပြီး ကိုယ်သွားတဲ့ တိုင်းပြည်ရဲ့ လုပ်ရမယ့်အရာ/မလုပ်ရမယ့်အရာတွေကို ရှာဖွေပါ။ မလုပ်ရမယ့် အရာတွေကို သိထားဖို့ ပိုအရေးကြီးပါတယ်။ ဗဟုသုတရှိထားခြင်းက အငြင်းပွားစရာနှင့် အရှက်ရစရာများကို ကင်းဝေးစေပြီး လုံခြုံစိတ်ချရတဲ့ ခရီးစဉ်ဖြစ်မှာ သေချာပါတယ်။ ဒါ့ကြောင့် Lifestyle Myanmar ပရိတ်သတ်တွေအတွက် ပြည်ပကို ခရီးသွားတဲ့အခါ မလုပ်သင့်တဲ့ အရာတွေကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

၁။ ဂျပန်မှာ ဘောက်ဆူးပေးခြင်း

ဂျပန်မှာ ဘောက်ဆူးမပေးဖို့ ဥပဒေပြဌာန်းထားတာ မရှိပေမယ့် တချို့ကိစ္စတွေမှာ ဒါက ရိုင်းစိုင်းတယ်လို့ ယူဆကြပါတယ်။ ဝန်ထမ်းတွေကို လစာအပြည့်အဝပေးထားတာကြောင့် ဘောက်ဆူးပေးဖို့ မလိုဘူးဟု ငွေတောင်းခံလွှာရဲ့အဆုံးမှာ ဖော်ပြထားတာကို သင်တွေ့ကောင်းတွေနိုင်ပါတယ်။

၂။ ပြင်သစ်မှာ ကျသင့်ငွေ မျှခံခြင်း

ပြင်သစ်နိုင်ငံမှာ သူငယ်ချင်းတစ်ယောက် (သို့) ချစ်သူနဲ့ အစားအသောက် စားတဲ့အခါ ကျသင့်ငွေ မျှခံခြင်းက ခေတ်မမီတော့လို့ ယူဆထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ပိုက်ဆံနှင့် ပတ်သတ်ပြီး မပြောချင်ကြတာကြောင့် ဖြစ်ပြီး သူငယ်ချင်းတွေကို အလှည့်ကျ ကျွေးရတာက ပြင်သစ်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သို့သော် အုပ်စုလိုက် လာပါက ထိုကုန်ကျငွေကို လူတိုင်းမျှခံဖို့ သင်ဆုံးဖြတ်နိုင်ပါတယ်။

၃။ ဂရိမှာ ဘယ်သူကို့မဆို လက်ဝှေ့ယမ်းပြခြင်း

ဂရိနိုင်ငံသားတွေအတွက် လက်ဝါးပြခြင်းက နှုတ်ခွန်းဆက်ခြင်းထက် ရိုင်းပြတယ်လို့ ယူဆကြပါတယ်။ ဒါက “I reject you” လို့ ပြောတာနဲ့ ပိုတူပါတယ်။

၄။ ယူအေအီးမှာ ခွင့်ပြုချက်မရှိဘဲ ဓါတ်ပုံရိုက်ခြင်း

၎င်းကို တိုင်းပြည်ရဲ့ ဆိုက်ဘာဥပဒေအရ ရာဇဝတ်မှုလို့ သတ်မှတ်ပါတယ်။ ထောင်ဒဏ် ၆လအထိ ကျစေနိုင်ပြီး အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ ဓါတ်ပုံများတင်ပါက AED ၅၀၀၀၀၀အထိ (ဒေါ်လာ ၁၃၆၁၃၀) အထိ ဒဏ်ငွေပေးရပါလိမ့်မယ်။

၅။ သြစတြေးလျမှာ ကျော်ပြီး တန်းစီခြင်း

သြစတြေးလျနှင့် အင်္ဂလန်နိုင်ငံမှာ ကျော်ပြီး တန်းစီခြင်းကို အမြဲတမ်း တားမြစ်ထားပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ စျေးတယ်စင်တာများ၊ အရက်ဆိုင်များနှင့် တခြားနေရာတွေမှာ ရှောင်ရမှာ ဖြစ်ပါတယ်။ အမြဲတမ်း ကိုယ့်အလှည့်ကို စောင့်ပါ။

၆။ တူရကီမှာ အိုကေဆိုတဲ့ လက်အမူအရာပြခြင်း

ဒါက လက်ခလယ် ထောင်ပြတာနဲ့ တူပါတယ်။ ဂျာမနီနှင့် ဘရာဇီးမှာလည်း အလားတူပဲဖြစ်ပါတယ်။

၇။ ဘူလ်ဂေးရီးယားနှင့် အယ်လ်ဘေးနီးယားမှာ ခေါင်းညိတ်၊ ခေါင်းခါခြင်း

များသောအားဖြင့် ခေါင်းညိတ်ခြင်းက “ဟုတ်တယ်” လို့ ဆိုလိုပြီး ခေါင်းခါခြင်းက “မဟုတ်ဘူး” လို့ ဆိုလိုပါတယ်။ ဘူဂေးရီးယားနှင့် အယ်လ်ဘေးနီးယားမှာ အတော်လေး ဆန့်ကျင်ဘက် ဖြစ်ကြောင်းကို သိဖို့ အရေးကြီးပါတယ်။

၈။ စင်္ကာပူမှာ ငှက်တွေကို အစာကျွေးခြင်း

လူသူကြားထဲမှာ ငှက်တွေကို အစာကျွေးခြင်း၊ နေရာမရွေး အမှိုက်ပစ်ချခြင်း နှင့် ပီကေဝါးခြင်းက စင်္ကာပူမှာ ဒဏ်ကြေးအမြင့်ဆုံး ဆောင်ရနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here