ယေန႕ေခတ္မွာ တက္တူးထိုးတဲ့ယဥ္ေက်းမႈေခတ္စားလာတာနဲ႕အမွ် လူေတြဟာတက္တူးေတြကိုပိုမိုႏွစ္သက္လာၾကၿပီး ေခတ္မွီေအာင္းဒီဇိုင္းအမ်ိဳးမ်ိဳးနဲ႕ ခႏၶာကိုယ္ေပၚမွာ အလွဆင္လာၾကပါတယ္။ တက္တူးထိုးသူေတြဟာ လူငယ္ေတြပိုမိုမ်ားျပားၿပီး ခႏၶာကိုယ္ေပၚကအႏုပညာတစ္ရပ္အျဖစ္ ယံုၾကည္ထားၾကပါတယ္။ ဒါေၾကာင့္တက္တူးႏွစ္သက္သူမ်ားအေနနဲ႕ ကိုယ့္ထိုးမယ့္ တက္တူးဒီဇိုင္းရဲ႕အဓိပၸာယ္၊ ထိုးမယ့္ေနရာကို အေသအခ်ာေရြးခ်ယ္ဖို႔လိုပါတယ္။ မွားယြင္းထိုးၿပီး မႀကိဳက္ပါက ေလဆာနဲ႕ျပန္ဖ်က္လို႔ရတယ္ဆိုေသာ္လည္း အေရျပားေပၚမွာအရာက်န္ျခင္း၊ ေငြကုန္ျခင္း၊ စ္ိတ္ဆင္းရဲျခင္းတို႔ကို ၾကံဳေတြ႔ရမွာျဖစ္ပါတယ္။
လူအမ်ားစုဟာ ငယ္ရြယ္စဥ္ကထိုးခဲ့တဲ့တက္တူးမ်ားကို အသက္အရြယ္ႀကီးလာတဲ့အခါ မႀကိဳက္ၾကတာမ်ားတာေၾကာင့္ စိတ္ကူးေပါက္ရာကိုထိုးမယ့္အစား အေသအခ်ာစဥ္းစားသင့္ပါတယ္။ သင္၁၅ ႏွစ္သားမွာထိုးခဲ့တဲ့ မစ္စကီေမာက္တက္တူးကို အသက္၁၈ေရာက္ရင္ႀကိဳက္မွာမဟုတ္ေတာ့ပါဘူး။ ဒါ့အျပင္အသက္ႀကီးလာတဲ့အခါ သင့္ရဲ႕အေရျပားဟာ တြန္႔လာျခင္း၊ ၀လာျခင္းတို႔ေၾကာင့္လည္း သင့္ရဲ႕တက္တူးဟာ ငယ္ငယ္တုန္္းကလိုမလွႏိုင္ေတာ့ပါဘူး။ တက္တတူးထိုးျခင္းဟာ လူတစ္ေယာက္စီတိုင္းရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ျဖစ္တာေၾကာင့္ မေ၀ဖန္ခ်င္ေသာ္လည္း တက္တူးထိုးျခင္းေၾကာင့္ ေရာဂါပိုးကူးစက္ခံရျခင္း၊ ဓါတ္မတည့္ျခင္းေၾကာင့္ အလာ့ဂ်စ္ျဖစ္ျခင္းတို႕ကို ခံစားရႏိုင္တာေၾကာင့္ အေသအခ်ာဂရုစိုက္ၿပီး စဥ္းစားေလ့လာသင့္ပါတယ္။
သင္တက္တူးထိုးၿပီး ၃ရက္ေက်ာ္ထိနာက်င္ေနျခင္း ဒါမွမဟုတ္ အေရျပားကနီရဲၿပီးေရာင္ရမ္းေနရင္ တက္တူးပညာရွင္ ဒါမွမဟုတ္အေရျပားဆရာ၀န္တို႕ဆီသြားေရာက္သင့္ပါတယ္။ ထို႔အျပင္ တက္တူးထိုးတဲ့အခါ HIV နဲ႔ အသဲေရာင္အသား၀ါေရာဂါပိုးေတြ ကူးစက္ႏိုင္ေျခမ်ားတာေၾကာင့္ တစ္ခါသံုးေဆးထိုးအပ္ကိုသံုးစြဲဖို႔ အလြန္အေရးႀကီးပါတယ္။ တက္တူးမွင္ဟာ iron oxide,mercury sulfide,ferric hydeate,alluminum နဲ႕ manganese တို႕လို ဓါတုပစၥည္းေတြပါတာေၾကာင့္ သင့္ရဲ႕အေရျပားနဲ႕ဓါတ္မတည့္တဲ့အခါ အလာ့ဂ်စ္ျဖစ္ပြားႏိုင္တာကိုလည္း သတိထားရပါမယ္။ တကယ္လို႔သင့္အေရျပားကေရာင္ရမ္းလာျခင္းအနီကြက္ထျခင္းတို႕ျဖစ္လာခဲ့ရင္ မေပါ့ဆပဲ ဆရာ၀န္ဆီကို အျမန္ဆံုးသြားေရာက္သင့္ပါတယ္။
သင္တက္တူးထိုးၿပီးတဲ့အခါ သန္႔ရွင္းဖို႔အတြက္ တက္တူးထိုးသူထံမွ အၾကံဥာဏ္ေတာင္းခံသင့္ပါတယ္။ သင့္ရဲ႕တက္တူးကိုေဆးေၾကာတဲ့အခါ ၂၄နာရီအတြင္းပထမဆံုး ေရေႏြးေႏြးနဲ႕ ညင္ညင္သာသာေဆးေၾကာဖို႕လိုအပ္ၿပီး အရည္အေသြးေကာင္းမြန္တဲ့ လိမ္းဆီကိုလူးေပးဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္အ၀တ္အစားၾကမ္းၾကမ္း၀တ္ျခင္းကိုႏွင့္ ေနေရာင္ကိုလည္းေရွာင္က်ဥ္ရပါမယ္။ ဒါ့ေၾကာင့္တက္တူးထိုးသူတိုင္း အေပၚကအခ်က္ေတြကိုဂရုစိုက္ဖို႔လိုအပ္ၿပီး သင္လိုခ်င္တဲ့တက္တူးဒီဇိုင္ကို အနာဂတ္မွာလည္း စိတ္ပ်က္မႈမျဖစ္ေအာင္ ေရြးခ်ယ္ဖို႔လိုအပ္သလို တက္တူးထိုးသူဟာလည္း လက္ရာေျမာက္စြာ ေရးဆြဲနိုင္မယ့္သူျဖစ္ဖို႕လိုအပ္ပါတယ္။ ဒါမွလည္းအနာဂတ္မွာ သင့္အတြက္ျပႆနာ တစ္စံုတစ္ရာၾကံဳေတြ႔ႏိုင္ျခင္းမွ ကင္းေ၀းမွာျဖစ္ပါတယ္။
ဗိုက္ထဲအစာမရွိခ်ိန္မွာ ဂ်င္းေဖ်ာ္ရည္ေသာက္ျခင္းေၾကာင့္ သင့္က်န္းမာေရးအတြက္ ဘယ္လိုေကာင္းက်ိဳးေတြ ရရွိေစမလဲ
#LM_Naung_Naung
Ref-socialifestylemag
တက်တူးမထိုးခင် ကြိုတင်စဉ်းစားမှုနဲ့အတူ အန္တရာယ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ယနေ့ခေတ်မှာ တက်တူးထိုးတဲ့ယဉ်ကျေးမှုခေတ်စားလာတာနဲ့အမျှ လူတွေဟာတက်တူးတွေကိုပိုမိုနှစ်သက်လာကြပြီး ခေတ်မှီအောင်းဒီဇိုင်းအမျိုးမျိုးနဲ့ ခန္ဓာကိုယ်ပေါ်မှာ အလှဆင်လာကြပါတယ်။ တက်တူးထိုးသူတွေဟာ လူငယ်တွေပိုမိုများပြားပြီး ခန္ဓာကိုယ်ပေါ်ကအနုပညာတစ်ရပ်အဖြစ် ယုံကြည်ထားကြပါတယ်။ ဒါကြောင့်တက်တူးနှစ်သက်သူများအနေနဲ့ ကိုယ့်ထိုးမယ့် တက်တူးဒီဇိုင်းရဲ့အဓိပ္ပာယ်၊
ထိုးမယ့်နေရာကို အသေအချာရွေးချယ်ဖို့လိုပါတယ်။ မှားယွင်းထိုးပြီး မကြိုက်ပါက လေဆာနဲ့ပြန်ဖျက်လို့ရတယ်ဆိုသော်လည်း အရေပြားပေါ်မှာအရာကျန်ခြင်း၊ ငွေကုန်ခြင်း၊ စ်ိတ်ဆင်းရဲခြင်းတို့ကို ကြုံတွေ့ရမှာဖြစ်ပါတယ်။
လူအများစုဟာ ငယ်ရွယ်စဉ်ကထိုးခဲ့တဲ့တက်တူးများကို အသက်အရွယ်ကြီးလာတဲ့အခါ မကြိုက်ကြတာများတာကြောင့် စိတ်ကူးပေါက်ရာကိုထိုးမယ့်အစား အသေအချာစဉ်းစားသင့်ပါတယ်။ သင်၁၅ နှစ်သားမှာထိုးခဲ့တဲ့ မစ်စကီမောက်တက်တူးကို အသက်၁၈ရောက်ရင်ကြိုက်မှာမဟုတ်တော့ပါဘူး။ ဒါ့အပြင်အသက်ကြီးလာတဲ့အခါ သင့်ရဲ့အရေပြားဟာ တွန့်လာခြင်း၊ ၀လာခြင်းတို့ကြောင့်လည်း သင့်ရဲ့တက်တူးဟာ ငယ်ငယ်တုန််းကလိုမလှနိုင်တော့ပါဘူး။ တက်တတူးထိုးခြင်းဟာ လူတစ်ယောက်စီတိုင်းရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တာကြောင့် မဝေဖန်ချင်သော်လည်း တက်တူးထိုးခြင်းကြောင့် ရောဂါပိုးကူးစက်ခံရခြင်း၊ ဓါတ်မတည့်ခြင်းကြောင့် အလာ့ဂျစ်ဖြစ်ခြင်းတို့ကို ခံစားရနိုင်တာကြောင့် အသေအချာဂရုစိုက်ပြီး စဉ်းစားလေ့လာသင့်ပါတယ်။
သင်တက်တူးထိုးပြီး ၃ရက်ကျော်ထိနာကျင်နေခြင်း ဒါမှမဟုတ် အရေပြားကနီရဲပြီးရောင်ရမ်းနေရင် တက်တူးပညာရှင် ဒါမှမဟုတ်အရေပြားဆရာဝန်တို့ဆီသွားရောက်သင့်ပါတယ်။ ထို့အပြင် တက်တူးထိုးတဲ့အခါ HIV နဲ့ အသဲရောင်အသားဝါရောဂါပိုးတွေ ကူးစက်နိုင်ခြေများတာကြောင့် တစ်ခါသုံးဆေးထိုးအပ်ကိုသုံးစွဲဖို့ အလွန်အရေးကြီးပါတယ်။ တက်တူးမှင်ဟာ iron oxide,mercury sulfide,ferric hydeate,alluminum နဲ့ manganese တို့လို ဓါတုပစ္စည်းတွေပါတာကြောင့် သင့်ရဲ့အရေပြားနဲ့ဓါတ်မတည့်တဲ့အခါ အလာ့ဂျစ်ဖြစ်ပွားနိုင်တာကိုလည်း သတိထားရပါမယ်။ တကယ်လို့သင့်အရေပြားကရောင်ရမ်းလာခြင်းအနီကွက်ထခြင်းတို့ဖြစ်လာခဲ့ရင် မပေါ့ဆပဲ ဆရာဝန်ဆီကို အမြန်ဆုံးသွားရောက်သင့်ပါတယ်။
သင်တက်တူးထိုးပြီးတဲ့အခါ သန့်ရှင်းဖို့အတွက် တက်တူးထိုးသူထံမှ အကြံဉာဏ်တောင်းခံသင့်ပါတယ်။ သင့်ရဲ့တက်တူးကိုဆေးကြောတဲ့အခါ ၂၄နာရီအတွင်းပထမဆုံး ရေနွေးနွေးနဲ့ ညင်ညင်သာသာဆေးကြောဖို့လိုအပ်ပြီး အရည်အသွေးကောင်းမွန်တဲ့ လိမ်းဆီကိုလူးပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင်အဝတ်အစားကြမ်းကြမ်းဝတ်ခြင်းကိုနှင့် နေရောင်ကိုလည်းရှောင်ကျဉ်ရပါမယ်။ ဒါ့ကြောင့်တက်တူးထိုးသူတိုင်း အပေါ်ကအချက်တွေကိုဂရုစိုက်ဖို့လိုအပ်ပြီး သင်လိုချင်တဲ့တက်တူးဒီဇိုင်ကို အနာဂတ်မှာလည်း စိတ်ပျက်မှုမဖြစ်အောင် ရွေးချယ်ဖို့လိုအပ်သလို တက်တူးထိုးသူဟာလည်း လက်ရာမြောက်စွာ ရေးဆွဲနိုင်မယ့်သူဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှလည်းအနာဂတ်မှာ သင့်အတွက်ပြဿနာ တစ်စုံတစ်ရာကြံုတွေ့နိုင်ခြင်းမှ ကင်းဝေးမှာဖြစ်ပါတယ်။
#LM_Naung_Naung
Ref-socialifestylemag