Home Funny တကယ့် အပြင်လောကမှာ ဖြစ်ပျက်နေတဲ့ မဖြစ်သင့်တဲ့ အလွဲအမှားတွေ

တကယ့် အပြင်လောကမှာ ဖြစ်ပျက်နေတဲ့ မဖြစ်သင့်တဲ့ အလွဲအမှားတွေ

0
1
မဖြစ်သင့်တဲ့ အလွဲအမှားတွေ
မဖြစ်သင့်တဲ့ အလွဲအမှားတွေ

၁။ တောင်အာဖရိကမှာရှိတဲ့ စူပါမားကတ်တစ်ခုမှာ အလျား ၄မီတာရှည်တဲ့ မြွေက ရေခဲသေတ္တာထဲ ဝင်ခွေနေတယ်ဆိုတာ တကယ့်ကို အံ့သြစရာကောင်းသလို လုံးဝကို မထင်ထားတဲ့ အဖြစ်အပျက်မျိုးပါ။

၂။ Avengers လို့ ရေးထားပြီး Avatar ဇာတ်ကောင်ထည့်ထားတာနဲ့က ဘာမှမဆိုင်ဘူးနော်။ တစ်ခုခုတော့ လွဲနေပြီ။

၃။ ၂နဲ့ ၂ပေါင်းတာ ၅ထွက်လာတယ်ဆိုတော့ ဒီဂဏန်းပေါင်းစက်ကို အသစ်လည်းသင့်နေပြီနော်။

၄။ ရန်သူကို အနံ့ခံလိုက်ဖို့ ခွေးကို မသုံးဘဲ ဝက်ကို အသုံးပြုတယ်ဆိုတော့…

၅။ သန့်စင်ခန်းမှာ ကျား/မ ခွဲခြားပြတဲ့ Sticker လေးက ခေါင်းပြုတ်နေတဲ့အခါ။

၆။ ကားကိုယ်ထည်က ကော်ကျွတ်နဲ့ လုပ်ထားလို့လား အက်ကြောင်းတွေနဲ့ အကုန် အက်ကွဲကုန်တာ။

၇။ ရေမြောင်းပေါက်သာ လုပ်ထားပေးတယ် အင်ဂျီနီယာက တော်လွန်းတော့ ရေက မြောင်းထဲ တစ်စက်မှ မဆင်းဘဲ လျှောက်လမ်းပေါ်မှာချည်းပဲ။

၈။ ပရော်ဖက်ရှင်နယ်တွေ ကန်တဲ့ ဘောလုံးကွင်းက စည်းဝိုင်းပေးထားတာကလည်း အရမ်းဝိုင်းနေတာပဲ။

၉။ ပြတင်းပေါက် လိုက်ကာ က တစ်ခုခုတော့လွဲနေပြီနော်။

၁၀။ တစ်နှစ်စာ ဘောလုံးပွဲကြည့်ခွင့် ပိတ်ပင်တားမြစ်ခြင်းခံရသူက ကရိန်းငှားပြီး ဘောလုံးပွဲပြင်ပကနေ ကရိန်းပေါ်တက်ပြီး ဘောလုံးပွဲလာအားပေး။

၁၁။ ပေဗူး အမှတ်အသားက ၂၀၀ ကနေ ၂၅၁ ကို တန်းဖြစ်သွားတယ်နော်။ ဒီ ပေဗူးနဲ့ တိုင်းပြီး အိမ်ဆောက်မိရင်တော့ မှားပြီ။

၁၂။ အသားကပ်ဘောင်းဘီ၀တ်ထားတာမဟုတ်ဘူး၊ တက်တူးထိုးထားတာတဲ့။

၁၃။ ရထားပေါ်ကလူတွေအားလုံး မျက်စိကျနေတဲ့ ကြက်ကိုယ်လုံးပုံစံခေါင်းစွပ်။

၁၄။ နှင်းတောထဲမှာ စကတ်တိုလေးတွေနဲ့ လေ့ကျင့်ရေးဆင်းနေရတယ်။ လေ့ကျင့်ရေးဆင်းခိုင်းတဲ့ ဆရာကတော့ တကယ့်ကို ကိုယ်ချင်းမစာတတ်သလိုပဲနော်။

၁၅။ ဒီလို ဂျင်းဘောင်းဘီကို ဒေါ်လာ ၁၆၈ ပေးပြီး ၀ယ်၀တ်ရမယ်ဆိုတော့ မဟုတ်သေးဘူးနော်။

၁၆။ ဆိုင်းဘုတ်တပ်တဲ့သူကပဲ တမင်သက်သက် လူတွေရဲ့အာရုံကို ဆွဲဆောင်ချင်လို့လားတော့ မသိဘူး။ ရေခဲမုန့် ကြော်ငြာကို ဇောက်ထိုးတပ်သွားတယ်။ မသိရင် ပုံထဲက အချွန်ကြီးက ကားပေါ်ြပုတ်ကျတော့မလိုနော်။

၁၇။ မသန်စွမ်းသူတွေတက်ဖို့ လှေကားတဲ့။ အဖြစ်လုပ်သွားတာလားမသိဘူး။ ဒီလှေကားနဲ့ ၀ှီးချဲး ဘယ်လိုတက်မလဲ။

၁၈။ လူကူးမျဥ်းကြားက အလန်းနော်။ ဘယ်လိုကူးရမလဲတောင်မသိတော့ဘူး။

၁၉။ လူသွားတဲ့ ပလက်ဖောင်းလမ်းမှာ ခုံတန်းလျားတွေကို ကန့်လန့်ကြီးတွေ ဆောက်ထားတယ်ဆိုတော့ ဘာရည်ရွယ်ချက်နဲ့ ဆောက်ထားတာလဲ စဥ်းစားမရဘူး။

#Lifestyle_Myanmar

Credit photo – Bright Side

ဘွဲ့ရ မရတော့မသိဘူး ကြီးလာရင် ပန်းချီဆရာဖြစ်မှာတော့ ကျိန်းသေတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here