ညီအစ်မရှိသူတိုင်းသာ ကြုံတွေ့ရတဲ့ ဒေါသပုန်ထစရာ နေ့စဉ်ဘဝ အဖြစ်အပျက်လေးတွေ

0
1925

ညီအစ်မတွေ ရှိတာက တိုင်ပင်ဖော်တိုင်ပင်ဖက် ရသလို ပျော်ဖို့လည်း ကောင်းပါတယ်နော်။ သင့်ကို ဘယ်တော့မှ အထီးမကျန်စေပါဘူး။ တစ်ခါတလေမှာ စိတ်ဆိုး၊ စိတ်ညစ်အောင်၊ ဒေါသဖြစ်အောင် လုပ်တတ်လေ့ရှိပေမယ့် ညီအစ်မဆိုတာ ကိုယ့်ရဲ့ အနီးဆုံးမှာရှိတဲ့ သူငယ်ချင်းပါပဲ။ ညီအစ်မတွေအတွက်တော့ တစ်ယောက်ကို တစ်ယောက် ပုံတူကူးခြင်း၊ အရာရာကို မျှဝေသုံးစွဲခြင်း၊ လိုက်နာခြင်းနှင့် ထေ့ငေါ့တဲ့ စကားလုံးတွေသုံးပြီး ပြောဆိုဆက်ဆံခြင်းတွေဟာ ဘဝမှာ ဘယ်တော့မှ မဆုံးတဲ့ သံသရာတစ်ခုဖြစ်ပါတယ်။

-Advertisement-

ငယ်ငယ်တုန်းက ဘယ်လောက်ပဲရန်ဖြစ်၊ စိတ်ဆိုးပါစေ အရွယ်ရောက်လာတာနှင့်အမျှ ညီအစ်မတွေအတွက်တော့ အထင်အမြင်သေးခြင်းဟာ အားကောင်းတဲ့ ချစ်ခြင်းမေတ္တာခံစားမှုအဖြစ် တိုးတတ်ပြောင်းလဲလာပါတယ်။ ဒါကအံ့သြစရာမဟုတ်ပါဘူး။ အချိန်အများကြီး အတူတကွ ဖြတ်သန်းလာတာကြောင့်ပါ။ အဆုံးသတ်မှာ သင့်ရဲ့ ထူးဆန်းတဲ့အရာအားလုံးကို နားလည်ပေးနိုင်တဲ့ သင့်အစ်မထက် ပိုကောင်းတဲ့သူဆိုတာ ဘယ်သူမှမရှိပါဘူးနော်။

ဒါ့ကြောင့် ညီအစ်မရှိသူတွေမှာသာ ကြုံရလေ့ရှိတဲ့ နေ့စဉ်ဘဝအကြောင်းတွေကို ချစ်စရာကောင်းအောင် ဖန်တီးထားသော ရုပ်ပြလေးတွေကို မျှဝေရင်း ညီအစ်မဆက်ဆံရေးက ဘယ်လိုအရာမျိုးလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ တစ်ယောက်အဝတ်အစား တစ်ယောက်ဝတ်ဖို့ ကြိုးစားကြပါတယ်

၂။ သင့်ရဲ့ထူးဆန်းတဲ့ အပြုအမှုတွေကို နားလည်နိုင်သူဟာ သူမတစ်ယောက်တည်း ရှိပါတယ်

၃။ တစ်ယောက်အပြုအမှုကို တစ်ယောက်က တုပတတ်ကြပါတယ်

၄။ သင့်အစ်မနှင့် ပြောဆိုဆက်သွယ်ဖို့ အဓိကနည်းလမ်း ၃ခုရှိပါတယ်

၅။ ချစ်ခြင်းမေတ္တာရဲ့ တစ်စတစ်စပြောင်းလဲတိုးတတ်မှု

၆။ တခါတရံမှာ မိခင်တွေက သူတို့ရဲ့ အငယ်ဆုံးလေးကို ပိုပြီးသစ္စာရှိလေ့ ရှိပါတယ်။

၇။ သူမက အမြဲတမ်း နောက်ဆုံးလက်ကျန်သာ ယူရတဲ့အခါ

၈။ သင့်အစ်မအကြောင်း တစ်ခုခု သူတို့ပြောတဲ့အခါ

၉။ တခါတလေမှာ လူတွေက သင့်အစ်မကြီးကြောင့်သာ သင့်ကို အသိအမှတ်ပြုနိုင်တာပါ

၁၀။ TV ရီမုဒ်လုပွဲမှာ သင်ရှုံးတဲ့အခါ

၁၁။ သင့်ကို ဘယ်လိုနှိုးရမလည်းဆိုတာ သူမကောင်းကောင်းသိပါတယ်

၁၂။ ခွင့်ပြုချက်မရှိဘဲ ပစ္စည်းတွေ ငှားသုံးလေ့ရှိပါတယ်

ချစ်တဲ့စာဖတ်ပရိတ်ကြီးမှာကော ညီအစ်တွေ ရှိပါသလား။ မောင်နှမတွေနဲ့ပတ်သတ်ပြီး ကြုံခဲ့ဖူးတဲ့ ရယ်စရာကောင်းတာလေးတွေကို မျှဝေပေးသွားပါဦးနော်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

ညီအစ်မရှိသူတိုင်းသာ ကြုံတွေ့ရတဲ့ ချစ်စရာကောင်းသော နေ့စဉ်ဘဝ အဖြစ်အပျက်လေးတွေ



LEAVE A REPLY

Please enter your comment!
Please enter your name here